ပြန်လည်မွေးဖွားလာသော အမြှောက်...

By CharmZoey

146K 17.7K 196

Name -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Rom... More

Description
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၁)
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)
အပိုင်း ၀၀၂ ။ ဒရာမာ
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၁)
အသက်ရှူမှားလောက်ဖွယ် (၂)
အကြံအစည်
အရည်အချင်းများကို ပြသခြင်း
မွေးနေ့ပွဲကျင်းပခြင်း
အအေးမိသွားပြီ
အတိတ်အကြောင်းများ
သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်
တွေ့ဆုံခြင်း
ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း
စကားဝိုင်း
ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်
မင်း ငါ့ကိုစိုးရိမ်ပေးနေတာလား?
လူရွေးပွဲ (၁)
လူရွေးပွဲ (၂)
ရိုက်ကူးရေး
ဝူမင်ဇာတ်ကောင်ပြီးဆုံး
လူရွေးပွဲအသစ်
မင်းရဲ့ဒေါသကိုပြကြည့်ပါဦး
ရိုက်ကွင်းသို့အလည်လာခြင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ငယ်သူငယ်ချင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ကူညီပါ!
လူကယ်ခြင်း
မိသားစုဝင်များရောက်ရှိလာခြင်း
အမှားဝန်ခံခြင်း
အိမ်ပြန်ခြင်း
အိမ်သစ်
အခန်းဖော်များ
အဖိုးကြီးစုန့်၏အတိတ်
အတိတ်ရန်ကြွေး
စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း
ကောလဟာလနှင့် Flynews
အစီအစဉ်များ
အငြင်းပွားမှု မီးစ
ကြိုဆိုညစာ
လော့ရှီနှင့်ပိတ်ရက်
အတူတကွ
Hမြို့သို့တစ်ခေါက်ပြန်လည်၍
ဖုန်းခေါ်ဆိုမှု
အပြန်အလှန်တိုင်ကြားခြင်း
မဟာဗျူဟာ
မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း
Attention Please!
ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း
စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်
အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း
Born to be Rebellious
ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း
ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော
ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း
လူတစ်ယောက်၏ လောကအမြင်အပေါ် သက်ရောက်မှု၊ အဓိကဇာတ်လိုက်ရောင်ဝါနှင့် တိုက်မိခြင်း
IQ နိမ့်ကျစေသည့်ရောင်ဝါအပေါ် .....
ထောင်မု
တန်ဆောင်တိုင် ပရိုမိုးရှင်း
မမျှော်လင့်ထားသော အမှားနှင့် စေတနာကောင်း ဖော်ပြခြင်း
Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု
ကြော်ငြာအစီအစဉ်နှင့် အမျိုးသမီးအဝတ်အစား
တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်
သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း
အပိုင်း ၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်
ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း
အပိုင်း ၀၆၁ ။ အိမ်ထောင်စုစာရင်းပြောင်းခြင်းနှင့် မိသားစုမျိုးဆက်သုံးဆက်
အပိုင်း ၀၆၂ ။ အိုဟောင်းသော အိမ်မက်
အပိုင်း ၀၆၃ ။ တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း
Black Pearl Team
အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း
အပိုင်း ၀၆၅ ။ ဘဝဟာ ပြဇာတ်တစ်ပုဒ်အလား
🔅Spring Dagu Promotion🔅
အပိုင်း ၀၆၆ ။ သံသယ
အပိုင်း ၀၆၇ ။ မြေး
အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ
အပိုင်း ၀၆၉ ။ နောက်ထပ်ထမင်းတစ်နပ်

အမြင်အာရုံချို့ယွင်းခြင်း

2.7K 379 3
By CharmZoey

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး

အပိုင်း ၀၁၁ ။ အမြင်အာရုံချို့ယွင်းခြင်း

ဝမ်ရှီကျင်းရဲ့ အဆိုပြုချက်ကိုငြင်းပြီးနောက် ထောင်မုက အဝတ်လဲခန်းထဲ သူဝတ်ရမည့်ဝတ်စုံကို လဲလိုက်သည် ။ ထို့နောက် ဆံပင်စုတင်ဖို့ စတိုင်လစ်ကို စောင့်နေလိုက်သည်။ ထောင်မုက အမျိုးသားဇာတ်လိုက်၏ လူစားထိုးဖြစ်သည်မို့ သူ့မျက်နှာကိုပြမည်မဟုတ်။ အဖွဲ့ကသုံးသည့် အလှကုန်များ၏အရည်အသွေးမကောင်းသည်ကို ထပ်ထည့်ပေါင်းတော့ ထောင်မုက မကြာခဏ မိတ်ကပ်ပင်မတင်တတ်ပေ။ မနာလိုဖြစ်စရာအကောင်းဆုံးကတော့ မိတ်ကပ်မလိမ်း၊ နေလောင်ခံခရင်မ်၏ကာကွယ်မှုမရှိဘူးဆိုလျှင်တောင် သူက အသားပင်ညိုခြောက်မသွား နေအပူဆုံးအချိန်ဆို သူ့အသားက အများဆုံးနီရုံသာနီလာလိမ့်မည်။ သို့ပေမဲ့ နေလောင်ခဲ့လျှင်တောင် ထိုအရာက ဆွဲဆောင်မှုရှိသည့် ရှက်သွေးဖြာမှုမျိုးသာ ဖြစ်နေမှာဖြစ်သည်။ ချွေးရွှဲလျက် ရမ္မက်ကြွဖွယ်ပုံစံက သူ့ကိုပိုလို့သာ ဆွဲဆောင်မှုရှိစေလေသည်။
သူ့ကို ပြင်ဆင်ပေးရသည့် ယန်မိန် က ဘယ်နှကြိမ်မြောက်မှန်းမသိ ပြောလာခဲ့ပြန်သည် "မင်းအသားအရည်က ကောင်းလွန်းနေတာမဟုတ်ဘူးလား? မင်းဘယ်လိုမှ နေမလောင်မှတော့ ဒီနှစ်အတွက် နေလောင်ကာခရင်မ် ဘယ်လောက်တောင်သက်သာသွားမလဲ။ ငါထင်တာတော့ အဲ့ဒီနာမည်ကြီးအလှကုန်တွေအနေနဲ့ မင်းကိုကြော်ငြာခိုင်းသင့်တယ်ထင်တာပဲ....."
ထောင်မုက တိတ်ဆိတ်နေသည်။ ရုတ်တရက် ယန်မိန်က ရေးကြီးခွင်ကျယ်ဖြစ်ကာ ထအော်တော့သည် "အာ့ ထောင်မု ဘာလို့ မင်းလက်က သွေးထွက်နေတာလဲ?"
ထောင်မု သတိပြန်ဝင်လာပြီး လက်ဖဝါးတွေကို ဖြန့်လိုက်သည်။ သူ့လက်ဖဝါးတွေကြည့်ရတာ သူ့လက်သည်းတွေနှင့် ထိုးဖောက်ခံထားရသလိုပင်။ သွေးစက်အနည်းငယ်က လက်ချောင်းတွေကြားကနေ စီးကျနေပြီး ဝတ်ဆုံကို စွန်းမိတော့မည့်နီးပါးဖြစ်နေသည်။
ထောင်မုက စားပွဲပေါ်က တစ်ရှူးဘူးကနေ တစ်ရှူးထုတ်လိုက်ပြီး သူ့ လက်ဖဝါးကို သုတ်လိုက်သည်။ သူ့လှုပ်ရှားမှုတွေက အတော်လေးဂရုမစိုက်ဘဲ ကြမ်းတမ်းလှသည်။ ယန်မိန်မှာ မျက်မှောင်ကြုံ့မိတော့သည် "အဲ့တာ နာလားဟင်?"
"ဘာမှမဖြစ်ပါဘူး" ထောင်မုက ပြန်မော့လာပြီး ပြုံးပြလိုက်ကာ ပြောသည် "ကျွန်တော် အခုလေးတင် မုဟွားထင်ကို မြင်လိုက်တာလေ။ သူ့ကိုဆွဲထိုးချင်နေတဲ့ စိတ်ကို ထိန်းရင်း မတော်တဆကိုယ့်ကိုယ်ကိုယ် ထိခိုက်မိသွားတာ"
ပြောနေရင်းနှင့် ထောင်မုသည် ရည်ရွယ်ချက်ရှိရှိပင် သူ့အသံကိုနိမ့်လိုက်သည်။ ယန်မိန်နား တိုးကပ်သွားရင်း မြူးရွှင်စွာ မျက်တောင်ခတ်လိုက်သည် "ဒါက ကျွန်တော်တို့ နှစ်ယောက်ကြားက လျှို့ဝှက်ချက်နော်။ ဘယ်သူ့ကိုမှမပြောနဲ့"
ထိုအပြုံးတွင် ယန်မိန် မျက်နှာက ရဲသွေးဖြာသွားသည်။ နောက် သူက မှင်သက်စွာနှင့်ခေါင်းညိတ်လိုက်သည်။ မနေ့က မုဟွားထင်သည် ရင်းနှီးမြှုပ်နှံသူနှင့် တစ်ဖွဲ့လုံးရှေ့ မဟုတ်မမှန်အလိမ်အညာတွေလုပ်ကြံပြောခဲ့ပြီး ထိုအရာက ထောင်မုကို သူမခံစားသင့်သည့်အရာကို ခံစားစေခဲ့ရသည်။ အကုန်လုံးက နောက်ကွယ်မှာ ထိုအကြောင်းကိုပြောကြသည်။ ယန်မိန်က သူ့အနေနှင့် ထောင်မု၏ စိတ်အခြေအနေကို နားလည်နိုင်သည်ဟုခံစားရသည်။ သူသာဆိုလည်း မုဟွားထင်ကို ဆွဲထိုးချင်မိမှာပဲ။
"မပူပါနဲ့။ ငါတကယ် ဘာမှပြန်မပြောပါဘူး" ခဏလောက်စဉ်းစားပြီး ယန်မိန်က နှစ်သိမ့်လိုက်သည်။ "ထောင်မု၊ ငါကတော့ မင်းနာမည်ကြီးလာမယ်လို့ထင်တယ်။ အရမ်းနာမည်ကြီးလာမှာ။ အဲ့အခါကျ မင်းအနေနဲ့ မုဟွားထင်လိုလူမျိုးကို အရေးလုပ်စရာမလိုတော့ဘူးပေါ့"
ထောင်မုက တည်ကြည်လေးနက်သည့်အမူအရာရှိနေသည့် အမျိုးသမီးငယ်လေးကို ကြည့်ကာ ပြုံးပြလိုက်သည်။
အဝတ်လဲခန်းထဲက ထွက်ပြီး ရိုက်ကွင်းကို ထောင်မု ပြန်ရောက်သည့်အချိန် ရှန်းမိသားစုကလူများ ပြန်သွားခဲ့နှင့်နေပြီ။
ဒါရိုက်တာချန်ဘေးက ပစ္စည်းသေတ္တာပေါ်ထိုင်နေသည့် ရှန်းယွီက မော်နီတာကို ကျယ်ပြန့်သည့်အပြုံးပွင့်များနှင့်ကြည့်ရင်း ခေါင်းကိုစောင်းလိုက်သည်။ ထောင်မုကိုမြင်လိုက်ပြီးနောက် သူ့မျက်ဝန်းတွေ တောက်ပသွားသည်။ မျက်ဝန်းထဲ အံ့အားသင့်သည့်အရိပ်အယောင်နှင့် ထောင်မုကို လက်ယမ်းပြလိုက်သည် "ဝိုး... ထောင်ထောင်၊ မင်းအရမ်းချောတာပဲ! လုံး၀နောက်ထပ်တစ်ဆင့်ရောက်နေတဲ့ ချောမောမှုမျိုး! "
ရိုက်ကွင်းရှိဝန်ထမ်းများကလည်း ထောင်မုကို ကြည့်လိုက်ကြသည်။ ရှန်းယွီ၏စကားကိုကြားလိုက်သည့်အခါတွင် အတင်းကာရော လိုက်ခေါင်းညိတ်ကြသည်။
စကားကတော့ မမှားပေ။ လွန်ခဲ့သည့်အပတ်ကစ ရိုက်ကူးရေးလုပ်ငန်းစဉ်၊ ရှေးခေတ်ဝတ်စုံပုံစံနှင့် ရင်းနှီးလာတာကြောင့်ဖြစ်မည်။ အခြားသူတွေအား ထောင်မု ပေးစွမ်းသည့် ခံစားမှုက တစ်ရက်ပြီးတစ်ရက် ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် ကင်မရာရှေ့၌ ကိုယ်နေဟန်ထားက ပိုမို ရှင်းလင်းတိကျလာပြီး လှုပ်ရှားမှုများက ပိုမို ချောမွေ့လာကာ အသွင်အပြင်မှာလည်း ယုံကြည်ချက်ရှိပြီး ကြော့ရှင်းလှသည်။ သည်ပြောင်းလဲမှုများက ထောင်မု သရုပ်ဆောင်သည့် ဇာတ်ရုပ်ကို ကင်မရာကဖမ်းယူရိုက်ကူးသောအခါ ပို၍အလွှာအထပ်ရှိသလို ပုံပေါ်စေသည်။ အကြိမ်ရေများများမှာ ကင်မရာက ထောင်မု၏မျက်နှာကို မတော်တဆ ရိုက်ကူးမိသည့်အခါ ပြည့်စုံသည့်ထိုသဘာ၀ အရှိန်ရောင်ဝါက ဒါရိုက်တာချန်ကိုတောင် မှင်သက်စေခဲ့သည်။ ကင်မရာရှေ့က သရုပ်ဆောင်က သရုပ်ဆောင်ပဲမဟုတ်ဘဲ အဓိကဇာတ်ကောင်တစ်ခုဟု သူတကယ်တွေးမိသည်။ ထောင်မုက လူစားထိုးတစ်ယောက်တင်ဖြစ်သည်ဆိုတာကို သူလုံး၀မေ့ပျောက်သွားသည်။
ပြီးတော့ ရိုးရိုးသားသားပြောရလျှင် ထောင်မုရဲ့သရုပ်ဆောင်ဖော်ပြခြင်းက အလားတူသရုပ်ဆောင်ခြင်းမှာလုံးဝအတွေ့အကြုံမရှိသည့် ရှန်းယွီထက် အတော်လေးပိုကောင်းသည်။ မြင်ရသည့် ပုံပန်းသွင်ပြင်မှာပဲဖြစ်ဖြစ် သရုပ်ဆောင်စွမ်းရည်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒိုင်ယာလော့တွေပြောတာပဲဖြစ်ဖြစ် ထောင်မုက ပိုမြင့်သည့် အဆင့်တစ်ခုတွင် ရှိနေသည်။
ထိုအရာတွေအကုန်လုံးက ဒါရိုက်တာချန်ကို တိတ်တိတ်လေး သက်ပြင်းချမိစေသည်။ ထောင်မုက ဒီထမင်းတစ်ပန်းကန်စားဖို့ မွေးဖွားလာတာပဲ။*
(ဤအတတ်ပညာအတွက် မွေးဖွားလာခြင်းကို ဆိုလို)
နှစ်စဉ် ဖျော်ဖြေရေးလုပ်ငန်းထဲ ဝင်လာကြသည့် လူသစ်များမှာ မြစ်ကိုဖြတ်ကူးနေကြသည့် ငါးကြင်းများလို အမြောက်အများပင်။သို့ပေမဲ့ အမှန်တကယ်ဖြစ်မြောက်အောင်လုပ်နိုင်သည့် ကံကောင်းသူကလေး်များကတော့ အများကြီးမရှိလှ။ အလွန့်အလွန်ချောမောကြည့်ကောင်းသည့် သွင်ပြင်၊ အံ့အားသင့်စရာကောင်းသည့် ကိုယ်ခံပညာ၊ အပြစ်အနာအဆာပင်မရှိသည့် ဇာတ်ညွှန်းပြောဆိုခြင်းနှင့် ထောင်မုကဲ့သို့ လူသစ်ကတော့ အတော်ရှားပါးသည်။
ပြီးတော့ ထောင်မုက ပေကျင်းရုပ်ရှင်အကယ်ဒမီကို ဝင်ခွင့်ရထားသည်ကိုလည်း မမေ့နှင့်။ ပညာရှင်အဆင့်လေ့ကျင့်ရေးနှင့် အထောက်အထားလက်မှတ်ကိုလည်း ရရှိဦးမှာပင်။ ကံကောင်းဦးမယ်ဆို သူ့အနေနှင့် ပေကျင်းလူမှုအဝန်းအဝိုင်းထဲသို့လည်း ဝင်ရောက်နိုင်သေးသည်။ ထိုသို့စဉ်းစားမိတော့ ချန်ယိချမ်၏နှလုံးက အနည်းငယ်ခုန်သွားသည်။ သူ၏ စိတ်ကောင်းစေတနာကိုဖော်ပြလိုသည့် ရည်ရွယ်ချက်များက ပို၍သိသာထင်ရှားလာသည်။
"ရှောင်မု၊ မနေ့က ဇာတ်ဝင်ခန်းအတွက် အနီးကပ်ရိုက်ချက်တွေ ရိုက်ရအောင်။ နေ့ခင်းကျ မင်းနဲ့ တတိယအမျိုးသားသရုပ်ဆောင်နဲ့ တိုက်ခိုက်ခန်းတစ်ခုရှိမယ်။ ငါတို့ရိုက်ကူးရေးပြီးရင် မင်းပြန်ပြီးနားလို့ရပြီ"
နာမည်မရှိသည့် လူစားထိုးကနေ ရင်းနှီးသည့် ရှောင်မု ဖြစ်သွားသည်က ဒါရိုက်တာချန် ဘာကို သိရှိစေချင်သည်လည်းဆိုသည်ကို တစ်ဖွဲ့သားလုံး နားလည်လိုက်ကြသည်။ ထို့ကြောင့် ထောင်မု နှင့်ဆက်ဆံရာတွင် သူတို့လည်း အနည်းငယ်ပြောင်းလဲလာခဲ့သည်။
ထောင်မုကတော့ အမြဲတမ်းရှိခဲ့သလို သူ့ပုံစံအတိုင်းပင်။ ထိုကဲ့သို့ တည်ငြိမ်ပြီး ဣန္ဒြေရသည့်သွင်ပြင်က အဖွဲ့ဆီကနေ အမြင်ကြည်မှုပိုရရှိဖို့ လှုံ့ဆော်ပေးနေသည်။
ရှန်းယွီ က သူ့ခေါင်းကိုစောင်းကာ မေးလာသည် "ထောင်ထောင်၊ မင်းရဲ့အက်ရှင်ခန်းတွေက အရမ်းကောင်းတယ်။ ငါ့ကိုသင်ပေးပါလား? တကယ်တော့ ငါလည်း ကင်မရာရှေ့ လုံးဝမိုက်တဲ့ကိုယ်ခံပညာအကွက်တွေအစုံလုပ်ချင်တယ်" ကံမကောင်းစွာနှင့် ရှန်းမိသားစုက သူ့ကို ခွင့်ပြုမည်မဟုတ်ပေ။ ရှန်းယွီက ဂရုတစိုက်နှင့် အလိုလိုက်ခံရပြီး ကြီးပြင်းလာခဲ့တာဖြစ်သည်။ ပထမဆုံး သူဝိုင်ယာပေါ်တက်တုန်းက သူ့ ပေါင်တွေနှင့်ကျောနှစ်ခုလုံး ပွန်းပဲ့ဒဏ်ရာတွေရကုန်သည်။ ရိုက်ကွင်းကို ရှန်းမိသားစုလာလည်ပြီး ရှန်းယွီ ထိခိုက်ထားကာ ဖူးရောင်နေသည်ကိုတွေ့တော့ ချက်ချင်း ရှန်းယွီ၏ "ကိုယ့်ကိုယ့်ကိုယ်ထိခိုက်အောင်လုပ်ခြင်း" အပြုအမူကို တားမြစ်လိုက်ကြသည်။
သရုပ်ဆောင်ခြင်းအတွက် မဆုတ်မနစ်သည့် စိတ်ထားမျိုး မဖြစ်ပေါ်သေးသည့် ရှန်းယွီက မိသားစုကိုလည်း စိတ်မပူစေချင်သည့်အတွက် ချက်ချင်းမဆိုင်း ရှန်းမိသားစု၏ တောင်းဆိုမှုကို လိုက်လျောခဲ့သည်။ ထိုသို့ကတိပြုထားခဲ့တယ်ဆိုပေမဲ့လည်း လူငယ်တွေက လူငယ်တွေပဲဖြစ်သည်လေ။ ချောမောကြည့်ကောင်းပြီး ခပ်မိုက်မိုက်ဖြစ်ချင်ကြသည်။ ကင်မရာရှေ့က ထောင်မု၏ ဖျော်ဖြေမှုက ချန်ယိချမ်နှင့် အခြားကျွမ်းကျင်ကိုယ်ခံပညာသရုပ်ဆောင်တွေကိုတောင် သိမ်းသွင်းနိုင်မှတော့ ရှန်းယွီသည်လည်း ချွင်းချက်မဟုတ်ပေ။
အရင်ဘဝတွင်လည်း ထောင်မုက လှပသည့်အက်ရှင်အခန်းတွေ ဖျော်ဖြေပြီးသည့်နောက် ရှန်းယွီသည် ဝိုင်ယာနှင့်ကိုယ်ခံပညာပြုလုပ်ပြသဖို့ တောင့်တခဲ့သည်။ လော့ယန်၏ အခက်အခဲတွေနှင့် ထောင်မု ကြုံတွေ့ရပြီးနောက် သူပျော်ရွှင်အောင်ဆိုပြီး ရှန်းယွီက အင်တာဗျူးအတွင်း ထောင်မုက သူ့ရဲ့အက်ရှင်အခန်းတွေအတွက် လူစားထိုးဖြစ်ကြောင်း ဦးဆုံးဖော်ထုတ်ခဲ့သည်။ အင်တာဗျူးပြီးသည့်နောက် ရှန်းယွီက ဝိုင်ယာပေါ်ဆွဲထားရင်း ဘယ်လိုခပ်မိုက်မိုက်အကွက်တွေ လုပ်ရမလဲကို သင်ပေးဖို့ ထောင်မုအား သီးသန့် တောင်းဆိုခဲ့ဖူးသည်။
ထိုအချိန်တုန်းက ထောင်မုသည် ရှန်းယွီကို အရမ်းကျေးဇူးတင်နေခဲ့သည်ကြောင့် တိတ်တိတ်ကလေး ရှန်းယွီကို သင်ပေးခဲ့ပြီး နည်းပေမဲ့ အသုံးဝင်သည့် လှည့်ကွက်တချို့ကိုတောင် ပြခဲ့သေးသည်။ သို့ပေမဲ့ မမျှော်လင့်ထားစွာ သူတို့ရဲ့ သီးသန့်ရီဟာဇယ်အတွင်း မတော်တဆတစ်ခုဖြစ်ခဲ့ပြီး နှစ်ယောက်သား ဆေးရုံအတူရောက်ခဲ့ကြသည်။
ထောင်မုသည် ဤဘဝတွင်တော့ ရှန်းမိသားစုနှင့် မပတ်သက်ချင်တော့သည့်အတွက်ကြောင့် ရှန်းယွီ၏တောင်းဆိုချက်ကို ငြင်းလိုက်သည် "ငါမသင်ပေးနိုင်ဘူး။ ဒါက သေချာသလောက် မွေးရာပါအရည်အချင်းမျိုးမို့လို့လေ"
ရှန်းယွီ : “……”
ဆက်တင်ချိန်ပြီး မီးထိုးသည့်ကိရိယာအစုံလည်း အဆင်သင့်ဖြစ်နေပြီမို့ ထောင်မု နေရာကထလိုက်ကာ ရိုက်ကွင်းထဲဝင်လိုက်သည်။ သူ့ရဲ့ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့ အသင့်ဖြစ်နေသည် ။
ဖျော်ဖြေရေးရပ်ဝန်းပြင်ပက ပရိသတ်နှင့် ဖရဲသီးစားသူများ၏ စိတ်ကူးယဉ်များမှအပ တကယ်တမ်းတွင် ရိုက်ကူးရေးဆိုသည်မှာ အတော့်ကိုပျင်းစရာကောင်းသည့်အရာတစ်ခုဖြစ်သည်။ တစ်နေ့မှာ သရုပ်ဆောင်တွေအများဆုံးလုပ်ရသည်က စောင့်ဆိုင်းခြင်းပင်။ မိတ်ကပ်အတွက် စောင့် ။ စက်အဖွဲ့ ရိုက်ကွင်းဆင်တာပြီးအောင် စောင့်၊ ကင်မရာအဖွဲ့ နှင့် မီးအလင်းအဖွဲ့ နေရာချသည်ကို စောင့်ရသည်။ ဒါရိုက်တာမှ အက်ရှင်အော်လို့ သရုပ်ဆောင်တွေနေရာယူပြီး အကယ်၍များ အရာအားလုံးချောချောမွေ့မွေ့ရှိမည်ဆို ဆယ်မိနစ်အတွင်းပြီးမည်ဖြစ်သည်။ ထို့နောက် နောက်ဇာတ်ဝင်ခန်းအတွက် မီးအလင်းချိန်ညှိခြင်းနေရာကျဖို့ ထပ်စောင့်ရမည်။ အကယ်၍ အဆင်ပြေပြေမဖြစ်ဘူးဆိုလျှင် သူတို့ ငြီးငွေ့ဖွယ်ကောင်းလှသည့်စကားတွေကို ဆက်ပြောနေရမှာဖြစ်သည်။ တီဗီစီးရီးအတွင်းက တိုတောင်းသော ၂မိနစ် ၃မိနစ် အပိုင်းလေးက ရိုက်ကွင်းတွင် ရိုက်ကူးဖို့ နာရီပေါင်းမြောက်များစွာ သို့မဟုတ် လပင်ကြာသည်အထိ အချိန်ယူနိုင်သည်။
အချိန်အများစုက စောင့်ဆိုင်းရခြင်းနှင့် ကုန်ရသည်ကြောင့် အနည်းငယ်နာမည်ရှိသည့် အနုပညာရှင်များက အဖွဲ့ထဲ RV မောင်းပြီး လာတတ်ကြသည်။ အထူးသဖြင့် စမတ်ဖုန်းများပေါ်ပေါက်လာပြီးနောက် အနုပညာရှင်တွေက RV ထဲ ဖုန်းသုံးရင်း သူတို့၏ ဇာတ်ဝင်ခန်းများကို စောင့်နေကြလိမ့်မည်။ Weibo ကို အပေါ်အောက်ဆွဲကြည့်၊ Selfies ရိုက်ရင်း၊ ချစ်စရာကောင်းသည့် edit ကလေးနှင့် ပုံကိုးပုံပြုလုပ်လိမ့်မည်။ သို့ပေမဲ့ အခုအချိန်ရှိ ဖျော်ဖြေရေးလုပ်ငန်းအနေနှင့် စမတ်ဖုန်းထဲနစ်မြှုပ်ပြီး ဦးညွှတ်အသိအမှတ်ပြုခြင်းရဲ့ဘုရင်ဖြစ်ဖို့ ကြိုးပမ်းကြသည့် စတူဒီယိုလေထုအငွေ့အသက်မျိုးပုံစံ မဟုတ်သေးသည့် အချိန်မို့ ဇာတ်ဝင်ခန်းအတွက် စောင့်ဆိုင်းနေစဉ် ပုံမှန်မြင်ရသည်က သူတို့ရဲ့ ဇာတ်ညွှန်းကော်ပီကို ကိုင်ပြီး စာသားတွေကို ကိုယ်တိုင်ရွတ်နေကြသည့်ပုံစံ သို့မဟုတ် တစ်ယောက်နှင့်တစ်ယောက် စာသားတွေ အတွဲညီနေကြသည့် သရုပ်ဆောင်အုပ်စုသာ ဖြစ်လိမ့်မည်။ နောက်ခံလူအုပ်စုတွေကတော့ မထင်ရှားသည့် ထောင့်တွေမှာ နှစ်ယောက်တစ်စု သုံးယောက်တစ်စုနှင့် လှုပ်ရှားမှုတွေ အရှိန်လျှော့ချထားကာ ပုန်းနေလိမ့်မည်။
ထောင်မုက ရိုက်ကွင်းရှေ့ရပ်လိုက်သည်။ ဝိုင်ယာဆင်ပေးသည့် စက်ဆရာက ဝိုင်ယာဝတ်ဖို့ ကူညီပေးနေပြီး ကိုယ်ခံပညာနည်းပြကလည်း သူ့ဘေးနားမှာ လှုပ်ရှားမှုတွေအကြောင်းပြောပြနေသည်။ တတိယအမျိုးသားသရုပ်ဆောင် မုဟွားထင်က သံသယရှိနေပုံ ပေါ်နေသည်။ ဖြစ်နိုင်သည်က မနေ့နေ့ခင်းက သူ့ရဲ့အမှားတွေကို နှစ်ယောက်သားထိပ်တိုက်ရင်ဆိုင်သည့်အခန်း ရိုက်နေစဉ်အတွင်း ထောင်မုမှ လက်စားချေလာမည်ကို စိုးရိမ်နေလို့ဖြစ်မည်။ သူက ဒါရိုက်တာချန်ဆီသွားပြီး နေ့လည်ဇာတ်ဝင်ခန်းအတွက် လူစားထိုးသုံးဖို့ ဆွေးနွေးလေသည်။
ထောင်မုဘက် အားလုံးက တိုးကပ်ကာ မရပ်မနားတတွတ်တွတ်ပြောနေရင်းနှင့် သူက လူတိုင်းအလိုရှိကြသည့် သခင်ငယ်လေးတစ်ယောက်ဖြစ်လာသည်။ ထောင်မုက မျက်လုံးပိတ်ထားရင်း သူ့ကို အာရုံမစိုက်ချင်နေပေ။ ရှန်းယွီက ထောင်မု ဘေးနားရပ်ရင်း အလစ်ရိုက်ချက်တစ်ခုယူဖို့ ဖုန်းကိုမြှောက်လိုက်သည်။ ပိုင်ရှင်က ကင်မရာရှေ့ သူ့မျက်နှာတစ်ဝက်ကိုပြပြီး အဲ့ဒါက သူ့နောက်က ဝိုင်ယာပေါ်တွင်ရှိနေသည့် ထောင်မုကိုလည်း ဖော်ပြလာသည်။ ဤသည်နှင့်ပင် မကျေနပ်သေးဘဲ သူက Weibo ပေါ် တိတ်တိတ်ကလေးတင်လိုက်သေးသည်။ ဤကဲ့သို့ မက်ဆေ့ချ်နှင့်ပင်.."ငါ့ရဲ့ လူစားထိုးဖြစ်တဲ့ အစ်ကိုသေးသေးလေး။ သူက ကြည့်ကောင်းတယ်မလား?"
၂၀၀၈ ခုနှစ်တွင် Weibo က အသစ်အဆန်းတစ်ခုဖြစ်နေသေးသည်။ ငယ်ရွယ်ပြီး ဖက်ရှင်ကျကြသည့် အနုပညာရှင်အသစ်ကလေးတွေက ပရိသတ်တွေနှင့် ထိတွေ့ဖို့ Weibo မှာ အကောင့်ဖွင့်ကြလိမ့်မည်။ အနည်းငယ်ပိုဝါကြီးသည့် အနုပညာရှင်များကတော့ ယခုထိ ရိုးရာအတိုင်း လျှို့ဝှက်ဆန်းကြယ်သည့်လမ်းစဉ်ကို ကျင့်သားရနေကြဆဲပင်။ ပြီးတော့ သူတို့က လက်လှမ်းမမီနိုင်သည့် ဆွဲဆောင်မှုမျိုနှင့် အဝေးကနေဆို ပို၍တပ်မက်ဖွယ်ဖြစ်သည့် အလှတရားမျိုးမှာ ကောင်းကောင်းကျွမ်းကျင်ပိုင်နိုင်ကြသည် ။
အလွန်ကြည့်ကောင်းသည့် ချမ်းသာသော သခင်လေးတစ်ယောက်အနေနှင့် ကောင်းမွန်သည့်အကျင့်စရိုက်ရှိပြီး ဖျော်ဖြေရေးရပ်ဝန်းထဲ အပျော်အနေနှင့် ဝင်လာသူ ရှန်းယွီက Weibo ပေါ် follower ၁၀၀,၀၀၀ နီးပါး စုဆောင်းမိနေပြီဖြစ်သည် ။ အရေးအကြီးဆုံးအချက်မှာ ဤ ပရိသတ် ၁၀၀,၀၀၀ လုံးက "အသက်ရှင်နေသည့်လူများ"ဖြစ်ကြပြီး နိုးကြားတက်ကြွကြကာ ရင်းရင်းနှီးနှီးပေါင်းသင်းဖို့ စိတ်ဝင်စားကြသူများဖြစ်သည်။ ရှန်းယွီ ပုံတင်လိုက်ပြီးနောက် like နှင့် မှတ်ချက်မျိုးစုံဝင်လာလေတော့သည်။ တချို့က ထောင်မုထက် ရှန်းယွီက ပိုချောကြောင်း၊ တချို့ကျ ထောင်မုက အမှန်တကယ်ချောမောကြောင်း သဘောတူပြီး ထောင်မု၏ ကိုယ်ရေးအချက်အလက်နှင့် Weibo အကောင့်ကို တောင်းကြလေသည်။ ဒေတာအချက်အလက်ကိုသာမကြည့်လျှင် လှုပ်ရှားမှုအဆင့်က နောင်နှစ်များအတွင်း ပရိသတ်နှင့် follower သန်းနှင့်ချီရှိသည့် အနုပညာရှင်များထက် မလျော့ကျပေ။
ထောင်မုက ကင်မရာရှေ့လာဖို့ အခေါ်ခံရချိန်တွင် ရှန်းယွီသည် သူ့ကိုယ်သူ ဆိုရှယ်မီဒီယာမှာ မွေ့လျော်နစ်မြုပ်နေစေသည်။
"တိမ်စိုင်ခရမ်းပြာ" အဖွဲ့က ထောင်မု၏ ဇာတ်ဝင်ခန်းတွေရိုက်ကူးဖို့ အတော်လေးလိုလားကြသည်။ အထူးသဖြင့် ပြီးခဲ့သည့်အပတ်ထဲမှာပေါ့။ ထိုလူငယ်လေးက လက်ထဲ လှည့်ကွက်အပြားကလေးရှိနေသလိုပင်။ ဘယ် NGကမှ သူ့ကိုယ်ပိုင်အကြောင်းပြချက်ကြောင့်မဟုတ်ပေ။ ဒါက ဒရာမာတစ်ခုလုံးရဲ့ ရှုတင်အခြေအနေတိုးတက်မှုကို တိုက်ရိုက်ချောမွေ့လျင်မြန်စေလေသည်။ မူလအစီအစဉ်မှာ အက်ရှင်ခန်းများကို ၂လခွဲရိုက်ကူးမည်ဖြစ်သော်လည်း လက်ရှိတိုးတက်မှုအခြေအနေအရ ခန့်မှန်းချက်အနေနှင့် ရိုက်ကူးရေးမှာ ၂လမတိုင်ခင်ပင် ပြီးလောက်နိုင်သည်။
နေ့လည်စားနားချိန်တွင် ယဲ့ယောင်၏ အေးဂျင့်နှင့် မုဟွားထင်၏ အေးဂျင့်တို့က သူ့ကိုရှာတွေ့ပြန်သည်။ ထောင်မုကို သိမ်းသွင်းစည်းရုံးဖို့ မုဟွားထင်၏ အေးဂျင့်က သူ့အား ရှကျီးရှင်းနှင့် စာချုပ်မချုပ်ရသေးသည်တောင် လူရွေးပွဲအခွင့်အရေးတစ်ခုကမ်းလှမ်းပေးလာလေသည်..လူရွေးပွဲက မော်ဒန်ခေတ် ကျောင်းအိုင်ဒေါဒရာမာအတွက်ဖြစ်ပြီး H စတူဒီယိုမြို့တော်မှာ ရိုက်ကူးရေးစတင်တော့မှာဖြစ်သည်။ ထောင်မုက ထိုဒရာမာထဲ စတုတ္ထအမျိုးသားသရုပ်ဆောင်အနေနှင့် ပါဝင်နိုင်သည်။
"ငါမင်းကို ဒုတိယဇာတ်လိုက်နေရာရအောင် ကူညီပေးချင်ပါတယ်။ ကံမကောင်းစွာနဲ့ မင်းက ကုမ္ပဏီရဲ့ အနုပညာရှင်မဟုတ်နေဘူးလေ။ ဒီတော့ ငါဘာမှမတတ်နိုင်ဘူး" မုဟွားထင်၏ အေးဂျင့်က ထောင်မုကို မဲဆွယ်စည်းရုံးဖို့မမေ့ ။ "ဒါပေမဲ့ နောက်မင်းသာ ကုမ္ပဏီကို ဝင်ချင်ရင် ဒုတိယအမျိုးသားနေရာမပြောနဲ့။ အမျိုးသားဇာတ်လိုက်နေရာဆိုရင်တောင် မင်းအဲ့ဒါအတွက် ကြိုးစားတဲ့နေရာ ငါကူညီပေးနိုင်တယ်"
ထောင်မုက တစ်ခါ အလေးပေးပြောပြန်သည် "အစ်ကိုကျောက်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ပြောခဲ့ပြီးသလို ကျွန်တော် ပေကျင်းရုပ်ရှင်အကယ်ဒမီကို ဝင်ခွင့်ရထားတယ်။ ဂျူနီယာစာသင်နှစ်မတိုင်ခင်ထိ ကျောင်းက ရိုက်ကူးရေးခွင့်မပြုဘူးလို့ သတ်မှတ်ထားတယ်" အခုက ဇူလိုင်လလယ်ရောက်နေပြီမို့ ဩဂုတ်လ ၂၆ရက်နေ့မှာ သူကျောင်းကို သတင်းပို့ရလိမ့်မည်။ တကယ်လို့ ကျောက်ခယ်ပင်း မိတ်ဆက်ပေးသည့် ဇာတ်ကောင်ကို ထောင်မု လက်ခံလိုက်မည်ဆိုလျှင် အချိန်ဇယားကြောင့် သူအချိန်မီသတင်းမပို့နိုင်လောက်ပေ။ ဤအရာက ထောင်မု၏ အနာဂတ်အစီအစဉ်တွေနှင့် မကိုက်ညီလှ။
"အဲ့လောက်လည်း မတင်းကြပ်ပါဘူး" ကျောက်ခယ်ပင်းက ပြောသည်။ "ငါတို့ကုမ္ပဏီက ပေကျင်းရုပ်ရှင်က ကျောင်းသားတစ်ယောက်နဲ့လည်း လက်မှတ်ထိုးထားတယ်။ မင်းကုမ္ပဏီဝင်ဖို့ စိတ်ဝင်စားရင် ငါတို့ ရှုတင်အချိန်စာရင်းကို ကျောင်းနဲ့ ဆွေးနွေးလို့ရပါတယ်"
ထောင်မု: "ကျွန်တော်ကတော့ ကျောင်းစည်းမျဉ်းတွေက အတော်လေးကောင်းတယ်လို့ထင်တယ်။ လူသစ်တွေ ပြီးတော့ ဒုတိယနှစ်တွေအနေနဲ့ သူတို့ရဲ့ အခြေခံအုတ်မြစ်ချဖို့ ကျောင်းစာမှာပဲ အာရုံစိုက်နိုင်တာပေါ့။ ကျွန်တော်တော့ ကျောင်းစည်းမျဉ်းတွေ မချိုးဖောက်ချင်ဘူး"
ဒါက နည်းနည်းတုံးအလွန်းတာပင်။
ကျောက်ခယ်ပင်း၏အပြုံးက နစ်မြုပ်သွားသည်။ ထောင်မုက သူ့ကိုကမ်းလာသည့် အခွင့်အရေးတွေကို လျစ်လျူရှူလွန်းသည်ဟု သူခံစားရသည် "လူငယ်တွေက ရိုးရိုးရှင်းရှင်းပဲတွေးကြတယ်။ မင်းအနေနဲ့ အခွင့်အရေးတွေအများကြီးက အမြဲတမ်းမရှိနေဘူးဆိုတာ သိထားရမယ်။ ဆိုရိုးအတိုင်း မင်းအနေနဲ့ စောစောနာမည်ကြီးလာရမယ်။ ဒါက ဖျော်ဖြေရေးလုပ်ငန်းထဲမှာလည်း မှန်တယ်။ စဉ်းစားကြည့်၊ မင်း ကျောင်းစည်းကမ်းတကယ်လိုက်နာမယ်ဆို နောက်ဆုံး သရုပ်ဆောင်အလုပ်တွေလက်ခံနိုင်ပြီဆိုတဲ့အချိန်ကျ မင်းက မင်းရဲ့ ၂၀အပိုင်းအခြားထဲရောက်နေပြီလေ။ မင်းအောင်မြင်လာလိမ့်မယ်လို့ ဘာ်လိုအာမခံနိုင်မှာလဲ?"
ထောင်မု တိတ်ဆိတ်နေမြဲဖြစ်သော်လည်း ပြုံးနေခဲ့သည်။
ကျောက်ခယ်ပင်းမှာ ဒေါသအပြည့်ဖြစ်လာရသော်လည်း ထောင်မုရဲ့ မျက်နှာကိုကြည့်ရင်း သူတကယ် ဤသို့အလားအလာရှိသည့် ကြယ်ပွင့်တစ်ပွင့်ကို လက်မလွှတ်နိုင်ပေ။ ဒါကြောင့် သူ့အနေနှင့် တပ်ခေါက်ဖို့သာလုပ်နိုင်လေသည် "မင်းဒါကို ထပ်တောင်းဆိုဖို့ကတော့ မဖြစ်နိုင်ဘူး။ ကုမ္ပဏီက ကျောင်းနဲ့ ညှိနှိုင်းပြီး အကြောင်းကြားစာတွေလည်း စီမံပေးနိုင်ပြီးတော့ ဆောင်းရာသီနဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ ဇာတ်ညွှန်းတွေလည်း စီစဉ်ပေးနိုင်တယ်။ နှစ်ဖက်လုံးအတွက် အကောင်းဆုံးပေါ့"
ကျောက်ခယ်ပင်းက ထောင်မုကို အမှန်တကယ် အကောင်းမြင်နေပြီး သူ့ရဲ့ စစ်မှန်မှုက အတော်လေးသိသာနေသည်။ ထောင်မုအနေနှင့် စီမံခန့်ခွဲမှုကုမ္ပဏီတွေထဲ မဝင်ဖို့ စိတ်ဆုံးဖြတ်ပြီးသားဖြစ်နေတာတောင် ထိုအခိုက်အတန့်မှာ ကျောက်ခယ်ပင်း ၏ ကြင်နာမှုကို ငြင်းဖို့ အနည်းငယ်အပြစ်ရှိသလို ခံစားခဲ့ရသေးသည်။ သူ အလိမ္မာသုံးကာသာ ပြောနိုင်လေသည် ""ဒါဆို ကျွန်တော် ထပ်စဉ်းစားကြည့်လိုက်ပါ့မယ်" ဂရုတစိုက်ရှိလှသည့် ထောက်ထားတွေးပေးမှုနောက် ငြင်းပယ်မှုသာပြန်လာသည်ဆို ကျောက်ခယ်ပင်း အနေနှင့် ထပ်တိုက်တွန်းတော့မှာမဟုတ်ဘူးဟု သူပုံဖော်မိသည်။
ထောင်မု၏ အခြေခံငြင်းပယ်မှုကို ကြားရတော့ ကျောက်ခယ်ပင်းက မျက်မှောင်ကြုံ့သွားသည်။ ဘာလို့ ထောင်မု ဒီလောက်ထိ တင်းခံနေမှန်း သူနားမလည်နိုင် "အဲ့ဒါက မုဟွားထင် ကြောင့်မို့လို့လား?"
သတိလက်လွတ်ဖြစ်နေသည့် မုဟွားထင်သည် ရုတ်တရက် ခေါ်ထုတ်ခံလိုက်ရချိန်တွင် သူ့ရင်ဘတ်ကို ဖိညစ်ခံလိုက်သလိုခံစားရပြီး အမူအရာကင်းမဲ့စွာနှင့် ထောင်မုကို ကြည့်လိုက်သည်
ထောင်မုက မုဟွားထင်၏ နည်းစနစ်တွေကို စိတ်ကုန်နေလင့်ကစား သူ့ကိုတော့ အပြစ်မဖို့ပေ။ သူခေါင်းကို ယမ်းလိုက်သည် "သူ့ကြောင့် မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ကုမ္ပဏီတစ်ခုကို လက်မှတ်ထိုးဖို့ အဆင်သင့်မဖြစ်သေးလို့ပါ"
တခဏတန့်သွားပြီးနောက် ထောင်မုက ရှင်းပြလာသည် "ကျွန်တော် တကယ် အိုင်ဒေါတစ်ယောက် မဖြစ်ချင်ဘူး" ကျွန်တော့်ကိုယ်ပိုင် သူဌေးတစ်ယောက်ပဲဖြစ်ချင်တာ
ဆိုလိုတာက သူက သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာလား? ရုတ်တရက် ကျောက်ခယ်ပင်း  သဘောပေါက်သွားသည်။ မြင့်မားသည့်ရည်မှန်းချက်တွေနှင့် များပြားလှသော လူသစ်တွေကို သူမြင်ခဲ့ဖူးပါသည်။ ထောင်မုက ပထမဆုံးလည်းမဟုတ်။ နောက်ဆုံးလည်းမဟုတ်သူပေါ့။
"ရှကျီးရှင်းအင်တာတိန်းမန့်က ရိကောနဲ့ ရိကျဲ* နှစ်ယောက်လုံးက ဆုရထားတဲ့ မင်းသား မင်းသမီးတွေ။ ငါမင်းကိုပြောပြမယ်။ မင်း သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တောင် မင်း သရုပ်ဆောင်တာသက်သက်ပဲလုပ်လို့မရဘူး။ အကောင်းဆုံးမင်းသားဆုအတွက်လိုမျိုး ယှဉ်ပြိုင်မယ်ဆို မင်းအနေနဲ့ လူထုဆက်ဆံရေးတွေလုပ်ဖို့ ကုမ္ပဏီရဲ့ အကူအညီလိုလာမှာ။ မင်းမှာ ရည်မှန်းချက်ရှိတာ ကောင်းတဲ့အရာပါ။ ဒါပေမဲ့ မင်းတစ်ယောက်တည်းလုပ်လို့မရဘူး။ ဒီလိုစဉ်းစားကြည့်၊ မင်းကုမ္ပဏီနဲ့လက်မှတ်ထိုးပြီးရင် ကုမ္ပဏီက ဇာတ်ညွှန်းကူစိစစ်ရွေးပေးပြီး အချိန်ဇယားလည်း စီစဉ်ပေးမယ်။ မင်းကတော့ ဇာတ်ညွှန်းကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ဇာတ်ကောင်ကိုကောင်းကောင်းသရုပ်ဆောင်နိုင်အောင် ကြိုးကြိုးစားစားအလုပ်လုပ်ရုံပဲ။ ကျန်တာ ငါဂရုစိုက်လိုက်မယ်။ ဒီနည်းလမ်းက ပိုမကောင်းဘူးလား?"
(*နံပါတ် ၁ အစ်ကို နှင့် နံပါတ် ၁ အစ်မ ဟု ဆိုလို ။ အေဂျင်စီတစ်ခုက အနုပညာရှင်တွေအထဲမှ ခေါင်းဆောင်များကို ရည်ညွှန်း။ ထိုသူများက အရင်းအမြစ်အများဆုံးရရှိပြီး စီနီယာအကျဆုံးအဆင့်ကို ရရှိသည်)
ကျောက်ခယ်ပင်းက ကျွမ်းကျင်စွာ အကွက်ကြီးကြီးဖော်လိုက်သည်။ တကယ်လို့ ထောင်မုက အမှန်တကယ်ကို အပျံသင်စလူသစ်ကလေးဆိုလျှင် သူနှင့်ဖက်ပြိုင်ပြီး. ကြန့်ကြာနေစေမည်မဟုတ်။
ခြေတစ်လှမ်းနောက်ကျသွားသည့် ဝမ်မေ့ဟုန်က စိုးရိမ်လာကာ အခြေအနေကို ဝင်နှောင့်ယှက်ဖို့ အလျင်လိုလိုက်သည်။ "ရှကျီးရှင်းအင်တာတိန်းမန့်မှာ ရုပ်ရှင်ဘုရင်နဲ့ ဘုရင်မ ရှိတာမှန်ပေမဲ့။ ပြတ်ပြတ်သားသားပြောရရင် အဲ့ဒါက သူတို့ ရိကောနဲ့ ရိကျဲက အခုအချိန်မှာ အရမ်းလူကြိုက်များနေလို့လေ။ ကုမ္ပဏီရဲ့ အကောင်းဆုံးအရင်းအမြစ်တွေက သူတို့ကို အရင်ပေးရမှာ။ အဲ့ဒါပြီးတော့ ကျန်တဲ့ဟာတွေပဲ ကောက်ပြီး မင်းကိုပေးမှာ။ ဒါပေမဲ့ အဲ့ဒါက ကျန်တဲ့အရင်းအမြစ်တွေ မင်းရနိုင်တယ်လို့မဆိုလိုဘူးနော်။ ပြောရရင် ရှကျီးရှင်းနဲ့ လက်မှတ်ထိုးထားတဲ့ Aအဆင့် နဲ့ Bအဆင့် အမျိုးသားကြယ်ပွင့်တွေက အများကြီး။ အဲ့လူတွေရဲ့ အေးဂျင့်တွေကလည်း သူတို့အနုပညာရှင် အရင်းအမြစ်အတွက် တိုက်ခိုက်ရာမှာ ကူညီရဦးမှာပဲ။ မင်းက နောက်ခံရော ပရိသတ်အင်အားရော မရှိသေးတဲ့ လူသစ်ကလေး။ ဒီလိုကုမ္ပဏီမျိုးမှာ နစ်မြုပ်ခံရဖို့လွယ်တယ်။ ဒီတော့ ချင်မင်းဆက် အင်တာတိန်းမန့်နဲ့လက်တွဲတာက ပိုကောင်းတယ်။ အနည်းဆုံးတော့ ချင်မင်းဆက် အင်တာတိန်းမန့် မှာက ရိကျဲပဲ ရှိတာ။ ရိကောမဟုတ်ဘူး။ မင်းသာ ချင်မင်းဆက်နဲ့ လက်တွဲဖို့ ဆန္ဒရှိတယ်ဆို မင်းအခြေအနေနဲ့ ကိုယ်သေချာပေါက် မင်းကို ရိကောလုပ်ပေးဖို့ ကုမ္ပဏီကို ဖျောင်းဖျနိုင်တယ်"
ကျောက်ခယ်ပင်းက ဒါကိုကြားချိန် နှာမှုတ်လိုက်သည် "မင်းတို့ ချင်မင်းဆက်အင်တာတိန်းမန့်က ထုတ်တဲ့ တီဗီဒရာမာတွေအကုန်လုံးက အဓိကအမျိုးသမီးဇာတ်လိုက်ဗဟိုပြုဒရာမာတွေချည်းပဲဆိုတာ ဘယ်သူက မသိလို့လဲ။ ချင်မင်းဆက် အင်တာတိန်းမန့်ကနေ ဘာလို့ ဝမ်မြောင်ထွက်သွားတာလဲ? အဲ့ဒါက သူ့လမ်းကြောင်းအတွက် အခွင့်အရေးနည်းလို့မဟုတ်ဘူးလား? အခု မင်းက ထောင်မုကို ရေအောက်ထဲဆွဲနှစ်ချင်သေးတယ်။ မင်းမှာ လူသစ်တွေရဲ့အနာဂတ်အတွက် စဉ်းစားပေးတာလေးတောင် မရှိဘူး"
ခေါင်းကိုက်နေရင်းနှင့် ထောင်မုသည် လက်ရှိတွင် ရက်စက်ကြမ်းတမ်းစွာ တိုက်ပွဲဝင်နေသည့် အေးဂျင့်နှစ်ယောက်ကို ကြည့်လိုက်ပြီး အိမ်သာသွားချင်သည်ဟုဟန်ဆောင်ကာ လစ်ထွက်လာခဲ့လိုက်သည်။
"ထောင်မု နေပါဦး။ ငါပြောစရာရှိလို့"
ထောင်မု တန့်သွားပြီး အိမ်သာထဲထိလိုက်လာသည့် ယဲ့ယောင်ကို ကြည့်လိုက်သည်။ မျက်ခုံးပင့်လိုက်ကာ တစ်ယောက်ကို မြန်မြန်ပြောဖို့ အမူအရာပြလိုက်သည်။
ယဲ့ယောင်က ရှက်သွေးဖြာနေသည် "မင်း.. မင်း ငါ့ကိုသဘောကျလား?"
ထောင်မု : “……???”
ယဲ့ယောင်က ရှက်ရွံ့နေပြီး တစ်ဖက်ကလည်း ပျော်ရွှင်ကြည်နူးနေသည်။ "ငါအခုလေးတင် သိလိုက်တာ။ မနေ့တုန်းက တို့အတွက် လော့ယန် ကို ရင်ဆိုင်ပေးဖို့ ဆန္ဒရှိခဲ့တယ်လေ။ မင်း ငါ့ကို ကြိုက်နေတာဖြစ်ရမယ် ။ မင်းကတော့ နှုတ်ကနေ မပြောပေမဲ့ပေါ့...."
"ရပ်! ရပ်!" ထောင်မုက အလောတကြီး တစ်ယောက်ရဲ့စကားလုံးတွေကို နှောင့်ယှက်လိုက်သည် "ကျွန်တော်ပြောမယ်။ ခင်ဗျား ကျွန်တော့်ကို တစ်ခါလောက် ကောင်းစေချင်တဲ့ဆန္ဒမရှိဘူးလား?"
ယဲ့ယောင်မှာ လက်မခံနိုင် "မင်းဘယ်လိုများပြောနိုင်ရတာလဲ။ ငါ့ကိုသဘောကျရတာ ဆိုးရွားတဲ့အရာမို့လို့လား?"
"ခင်ဗျားဘယ်လိုထင်လဲ?" ထောင်မုက သရော်လိုက်ပြီး သူ့ကိုနှင်ထုတ်ဖို့ လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်သည်။ "ကျွန်တော့်ကို ပြဿနာမရှာဘဲနဲ့ လော့ယန် ဆီသာ ပြန်သွားပါ။ ခင်ဗျား ဆက်တိုက်ခိုက်နေဦးမယ်ဆို ခင်ဗျားတို့နှစ်ယောက် တကယ်လမ်းခွဲရလိမ့်မယ်" ဘယ်သူမှ ခင်ဗျားကို ကာကွယ်ဖို့မရှိဘူးဆိုရင် ခင်ဗျားအများကြီး ခံစားရလိမ့်မယ်။ နောက် အမှောင်ခြမ်းကိုထုတ်ပြဖို့ တွန်းပို့ခံရလိမ့်မယ်။
"လမ်းခွဲတော့ရော ဘာဖြစ်လဲ!" ယဲ့ယောင်က မိုက်ရူးရဲဆန်စွာပြောသည် "ငါ သူနဲ့အစောကြီးကတည်းက လမ်းခွဲချင်ခဲ့တာ။ မနေ့က သူပြောတာနားထောင်လိုက်တော့ ငါကတော့ သူ့ကို ချစ်သူလိုသဘောထားထားတာလေ။ သူကတော့ ငါ့ကို ကစားစရာလေးတစ်ခုလိုသဘောထားနေတာ။ ဒီလိုလူမျိုးကိုသာ ငါဆက်ကြိုက်နေရင် ။ အဲ့ဒါက ငါ့ကို အမြင်မကောင်းတဲ့လူဖြစ်အောင် လုပ်မနေဘူးလား?"
ထောင်မု တစ်ယောက်တည်းတွေးလိုက်သည်။ ခင်ဗျားက အမြင်မကောင်းတာတင်မဟုတ်ဘူး ။ ခင်ဗျားသဘောကျတဲ့သူကလည်း ဆန်ကုန်မြေလေးစက်ဆုပ်ဖွယ်လူမဟုတ်ရင် ဂေးပါဖြစ်နေသေးတာ။ ဒါနဲ့တင် ဘယ်လောက် အမြင်အာရုံချို့ယွင်းနေမလဲ!
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ ကျွန်တော့်မှာ ခင်ဗျားဘယ်သူ့ကိုကြိုက်လဲ လိုက်ဂရုစိုက်ဖို့ အားမရှိဘူး။ ဒါပေမဲ့ ဒီအတိုင်း ကျွန်တော့်ကိုသာ သဘောမကျနဲ့"
ထောင်မုမှာ ခေါင်းကိုက်ဝေဒနာနှင့် ဗိုက်အောင့်သည့်ဝေဒနာရှိနေသည်။ ထိုအပိုင်းငယ်လေးက သူ့အရင်ဘဝမှာမဖြစ်ခဲ့ဖူးဘူးဆိုတာကိုလည်း ကိုယ့်ဟာကိုယ် တွေးမိသည်။ သို့သော်ငြား အဖြစ်အပျက်တွေပြောင်းလဲခြင်းကနေ မတူညီခြင်းတွေဖြစ်လာလိမ့်မယ်ဟု ထောင်မုပင် မမျှော်လင့်ထားခဲ့ပေ။ သူ့ယခင်ဘဝတွင် ထောင်မုက ရေပိုက်အောက် သူ့ဖျော်ဖြေမှုကိုကောင်းသွာမလုပ်ဆောင်နိုင်ခဲ့ဘဲ ရိုက်ကွင်းပေါ် ခွေးသေတစ်ကောင်လို အပစ်ခံရခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။ နောက်တော့ သူက လူအားလုံးရဲ့ ပြက်ရယ်ပြုစရာအရာတစ်ခုဖြစ်လာခဲ့သည်။ ငယ်ရွယ်သည့် မိန်းမပျိုလေးယဲ့ယောင်က သူ၏ ပထမဆုံး crush ကို တွေ့နေရတာဖြစ်သည်။ သူ့အနေနှင့် ရှက်ကိုးရှက်ကန်းဖြစ်နေခြင်းကို ခံစားနေရရင်းအလုပ်ရှုပ်နေလိမ့်မည်။ သူ ထောင်မုကို သဘောကျတယ်ဆိုတာကို ဝန်ခံဖို့ နေနေသာသာပေါ့။
သို့ပေမဲ့ ထပ်ရပ်မကြည့်နိုင်တော့သည့် ရှန်းယွီက သူ့အတွက် ရပ်တည်ပေးခဲ့သည်။ ရလဒ်အနေနှင့် သူတို့ရဲ့ မွေးဖွားမှု ဖြစ်စဉ်ပေါ်သွားပြီးသည့်နောက် ထောင်မုက ရှန်းယွီကို ရှန်းမိသားစုထဲက ထွက်ခွာဖို့ အတင်းအကျပ်တိုက်တွန်းတောင်းဆိုကာ ဖိအားပေးခဲ့သည်။ ထိုကိစ္စကြောင့် ရှန်းမိသားစုက သူ့ကို ဘယ်တော့မှ လက်မခံခဲ့ပေ။ သေချာပြန်စဉ်းစားကြည့်လျှင် အရင်ဘဝမှ သူရဲ့တချို့အပြုအမူတွေက အတော့်ကို ရှင်းပြနိုင်ဖွယ်မရှိဘဲ ပိုင်စိုးပိုင်နင်းရှိလှသည်။
လုံလောက်စွာပဲ ဤဘဝတွင်တော့ သူတို့နှင့် အဝေးဆုံးမှာနေတာက အကောင်းဆုံးအကြံဖြစ်လိမ့်မည်။ သူတို့က သဘောကောင်းချိုသာပြီး ပျော်ရွှင်စရာ အတူတကွရှိကြသည့် မိသားစုလေးဖြစ်သည်။ ပြီးတော့ သူ့လိုအပြင်လူအနေနှင့် ဝင်ပါစရာ အကြောင်းကိစ္စကို မရှိပေ။
***

[Zawgyi]
ျပန္လည္ေမြးဖြားလာေသာ အေျမႇာက္စာဇာတ္ေကာင္ေလး

အပိုင္း ၀၁၁ ။ အျမင္အာ႐ုံခ်ိဳ႕ယြင္းျခင္း

ဝမ္ရွီက်င္းရဲ႕ အဆိုျပဳခ်က္ကိုျငင္းၿပီးေနာက္ ေထာင္မုက အဝတ္လဲခန္းထဲ သူဝတ္ရမည့္ဝတ္စုံကို လဲလိုက္သည္ ။ ထို႔ေနာက္ ဆံပင္စုတင္ဖို႔ စတိုင္လစ္ကို ေစာင့္ေနလိုက္သည္။ ေထာင္မုက အမ်ိဳးသားဇာတ္လိုက္၏ လူစားထိုးျဖစ္သည္မို႔ သူ႔မ်က္ႏွာကိုျပမည္မဟုတ္။ အဖြဲ႕ကသုံးသည့္ အလွကုန္မ်ား၏အရည္အေသြးမေကာင္းသည္ကို ထပ္ထည့္ေပါင္းေတာ့ ေထာင္မုက မၾကာခဏ မိတ္ကပ္ပင္မတင္တတ္ေပ။ မနာလိုျဖစ္စရာအေကာင္းဆုံးကေတာ့ မိတ္ကပ္မလိမ္း၊ ေနေလာင္ခံခရင္မ္၏ကာကြယ္မႈမရွိဘူးဆိုလွ်င္ေတာင္ သူက အသားပင္ညိဳေျခာက္မသြား ေနအပူဆုံးအခ်ိန္ဆို သူ႔အသားက အမ်ားဆုံးနီ႐ုံသာနီလာလိမ့္မည္။ သို႔ေပမဲ့ ေနေလာင္ခဲ့လွ်င္ေတာင္ ထိုအရာက ဆြဲေဆာင္မႈရွိသည့္ ရွက္ေသြးျဖာမႈမ်ိဳးသာ ျဖစ္ေနမွာျဖစ္သည္။ ေခြၽး႐ႊဲလ်က္ ရမၼက္ႂကြဖြယ္ပုံစံက သူ႔ကိုပိုလို႔သာ ဆြဲေဆာင္မႈရွိေစေလသည္။
သူ႔ကို ျပင္ဆင္ေပးရသည့္ ယန္မိန္ က ဘယ္ႏွႀကိမ္ေျမာက္မွန္းမသိ ေျပာလာခဲ့ျပန္သည္ "မင္းအသားအရည္က ေကာင္းလြန္းေနတာမဟုတ္ဘူးလား? မင္းဘယ္လိုမွ ေနမေလာင္မွေတာ့ ဒီႏွစ္အတြက္ ေနေလာင္ကာခရင္မ္ ဘယ္ေလာက္ေတာင္သက္သာသြားမလဲ။ ငါထင္တာေတာ့ အဲ့ဒီနာမည္ႀကီးအလွကုန္ေတြအေနနဲ႔ မင္းကိုေၾကာ္ျငာခိုင္းသင့္တယ္ထင္တာပဲ....."
ေထာင္မုက တိတ္ဆိတ္ေနသည္။ ႐ုတ္တရက္ ယန္မိန္က ေရးႀကီးခြင္က်ယ္ျဖစ္ကာ ထေအာ္ေတာ့သည္ "အာ့ ေထာင္မု ဘာလို႔ မင္းလက္က ေသြးထြက္ေနတာလဲ?"
ေထာင္မု သတိျပန္ဝင္လာၿပီး လက္ဖဝါးေတြကို ျဖန္႔လိုက္သည္။ သူ႔လက္ဖဝါးေတြၾကည့္ရတာ သူ႔လက္သည္းေတြႏွင့္ ထိုးေဖာက္ခံထားရသလိုပင္။ ေသြးစက္အနည္းငယ္က လက္ေခ်ာင္းေတြၾကားကေန စီးက်ေနၿပီး ဝတ္ဆုံကို စြန္းမိေတာ့မည့္နီးပါးျဖစ္ေနသည္။
ေထာင္မုက စားပြဲေပၚက တစ္ရႉးဘူးကေန တစ္ရႉးထုတ္လိုက္ၿပီး သူ႔ လက္ဖဝါးကို သုတ္လိုက္သည္။ သူ႔လႈပ္ရွားမႈေတြက အေတာ္ေလးဂ႐ုမစိုက္ဘဲ ၾကမ္းတမ္းလွသည္။ ယန္မိန္မွာ မ်က္ေမွာင္ႀကဳံ႕မိေတာ့သည္ "အဲ့တာ နာလားဟင္?"
"ဘာမွမျဖစ္ပါဘူး" ေထာင္မုက ျပန္ေမာ့လာၿပီး ၿပဳံးျပလိုက္ကာ ေျပာသည္ "ကြၽန္ေတာ္ အခုေလးတင္ မုဟြားထင္ကို ျမင္လိုက္တာေလ။ သူ႔ကိုဆြဲထိုးခ်င္ေနတဲ့ စိတ္ကို ထိန္းရင္း မေတာ္တဆကိုယ့္ကိုယ္ကိုယ္ ထိခိုက္မိသြားတာ"
ေျပာေနရင္းႏွင့္ ေထာင္မုသည္ ရည္႐ြယ္ခ်က္ရွိရွိပင္ သူ႔အသံကိုနိမ့္လိုက္သည္။ ယန္မိန္နား တိုးကပ္သြားရင္း ျမဴး႐ႊင္စြာ မ်က္ေတာင္ခတ္လိုက္သည္ "ဒါက ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ၾကားက လွ်ိဳ႕ဝွက္ခ်က္ေနာ္။ ဘယ္သူ႔ကိုမွမေျပာနဲ႔"
ထိုအၿပဳံးတြင္ ယန္မိန္ မ်က္ႏွာက ရဲေသြးျဖာသြားသည္။ ေနာက္ သူက မွင္သက္စြာႏွင့္ေခါင္းညိတ္လိုက္သည္။ မေန႔က မုဟြားထင္သည္ ရင္းႏွီးျမႇဳပ္ႏွံသူႏွင့္ တစ္ဖြဲ႕လုံးေရွ႕ မဟုတ္မမွန္အလိမ္အညာေတြလုပ္ႀကံေျပာခဲ့ၿပီး ထိုအရာက ေထာင္မုကို သူမခံစားသင့္သည့္အရာကို ခံစားေစခဲ့ရသည္။ အကုန္လုံးက ေနာက္ကြယ္မွာ ထိုအေၾကာင္းကိုေျပာၾကသည္။ ယန္မိန္က သူ႔အေနႏွင့္ ေထာင္မု၏ စိတ္အေျခအေနကို နားလည္ႏိုင္သည္ဟုခံစားရသည္။ သူသာဆိုလည္း မုဟြားထင္ကို ဆြဲထိုးခ်င္မိမွာပဲ။
"မပူပါနဲ႔။ ငါတကယ္ ဘာမွျပန္မေျပာပါဘူး" ခဏေလာက္စဥ္းစားၿပီး ယန္မိန္က ႏွစ္သိမ့္လိုက္သည္။ "ေထာင္မု၊ ငါကေတာ့ မင္းနာမည္ႀကီးလာမယ္လို႔ထင္တယ္။ အရမ္းနာမည္ႀကီးလာမွာ။ အဲ့အခါက် မင္းအေနနဲ႔ မုဟြားထင္လိုလူမ်ိဳးကို အေရးလုပ္စရာမလိုေတာ့ဘူးေပါ့"
ေထာင္မုက တည္ၾကည္ေလးနက္သည့္အမူအရာရွိေနသည့္ အမ်ိဳးသမီးငယ္ေလးကို ၾကည့္ကာ ၿပဳံးျပလိုက္သည္။
အဝတ္လဲခန္းထဲက ထြက္ၿပီး ႐ိုက္ကြင္းကို ေထာင္မု ျပန္ေရာက္သည့္အခ်ိန္ ရွန္းမိသားစုကလူမ်ား ျပန္သြားခဲ့ႏွင့္ေနၿပီ။
ဒါ႐ိုက္တာခ်န္ေဘးက ပစၥည္းေသတၱာေပၚထိုင္ေနသည့္ ရွန္းယြီက ေမာ္နီတာကို က်ယ္ျပန္႔သည့္အၿပဳံးပြင့္မ်ားႏွင့္ၾကည့္ရင္း ေခါင္းကိုေစာင္းလိုက္သည္။ ေထာင္မုကိုျမင္လိုက္ၿပီးေနာက္ သူ႔မ်က္ဝန္းေတြ ေတာက္ပသြားသည္။ မ်က္ဝန္းထဲ အံ့အားသင့္သည့္အရိပ္အေယာင္ႏွင့္ ေထာင္မုကို လက္ယမ္းျပလိုက္သည္ "ဝိုး... ေထာင္ေထာင္၊ မင္းအရမ္းေခ်ာတာပဲ! လုံး၀ေနာက္ထပ္တစ္ဆင့္ေရာက္ေနတဲ့ ေခ်ာေမာမႈမ်ိဳး! "
႐ိုက္ကြင္းရွိဝန္ထမ္းမ်ားကလည္း ေထာင္မုကို ၾကည့္လိုက္ၾကသည္။ ရွန္းယြီ၏စကားကိုၾကားလိုက္သည့္အခါတြင္ အတင္းကာေရာ လိုက္ေခါင္းညိတ္ၾကသည္။
စကားကေတာ့ မမွားေပ။ လြန္ခဲ့သည့္အပတ္ကစ ႐ိုက္ကူးေရးလုပ္ငန္းစဥ္၊ ေရွးေခတ္ဝတ္စုံပုံစံႏွင့္ ရင္းႏွီးလာတာေၾကာင့္ျဖစ္မည္။ အျခားသူေတြအား ေထာင္မု ေပးစြမ္းသည့္ ခံစားမႈက တစ္ရက္ၿပီးတစ္ရက္ ေျပာင္းလဲလာခဲ့သည္။ အထူးသျဖင့္ ကင္မရာေရွ႕၌ ကိုယ္ေနဟန္ထားက ပိုမို ရွင္းလင္းတိက်လာၿပီး လႈပ္ရွားမႈမ်ားက ပိုမို ေခ်ာေမြ႕လာကာ အသြင္အျပင္မွာလည္း ယုံၾကည္ခ်က္ရွိၿပီး ေၾကာ့ရွင္းလွသည္။ သည္ေျပာင္းလဲမႈမ်ားက ေထာင္မု သ႐ုပ္ေဆာင္သည့္ ဇာတ္႐ုပ္ကို ကင္မရာကဖမ္းယူ႐ိုက္ကူးေသာအခါ ပို၍အလႊာအထပ္ရွိသလို ပုံေပၚေစသည္။ အႀကိမ္ေရမ်ားမ်ားမွာ ကင္မရာက ေထာင္မု၏မ်က္ႏွာကို မေတာ္တဆ ႐ိုက္ကူးမိသည့္အခါ ျပည့္စုံသည့္ထိုသဘာ၀ အရွိန္ေရာင္ဝါက ဒါ႐ိုက္တာခ်န္ကိုေတာင္ မွင္သက္ေစခဲ့သည္။ ကင္မရာေရွ႕က သ႐ုပ္ေဆာင္က သ႐ုပ္ေဆာင္ပဲမဟုတ္ဘဲ အဓိကဇာတ္ေကာင္တစ္ခုဟု သူတကယ္ေတြးမိသည္။ ေထာင္မုက လူစားထိုးတစ္ေယာက္တင္ျဖစ္သည္ဆိုတာကို သူလုံး၀ေမ့ေပ်ာက္သြားသည္။
ၿပီးေတာ့ ႐ိုး႐ိုးသားသားေျပာရလွ်င္ ေထာင္မုရဲ႕သ႐ုပ္ေဆာင္ေဖာ္ျပျခင္းက အလားတူသ႐ုပ္ေဆာင္ျခင္းမွာလုံးဝအေတြ႕အႀကဳံမရွိသည့္ ရွန္းယြီထက္ အေတာ္ေလးပိုေကာင္းသည္။ ျမင္ရသည့္ ပုံပန္းသြင္ျပင္မွာပဲျဖစ္ျဖစ္ သ႐ုပ္ေဆာင္စြမ္းရည္မွာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ ဒိုင္ယာေလာ့ေတြေျပာတာပဲျဖစ္ျဖစ္ ေထာင္မုက ပိုျမင့္သည့္ အဆင့္တစ္ခုတြင္ ရွိေနသည္။
ထိုအရာေတြအကုန္လုံးက ဒါ႐ိုက္တာခ်န္ကို တိတ္တိတ္ေလး သက္ျပင္းခ်မိေစသည္။ ေထာင္မုက ဒီထမင္းတစ္ပန္းကန္စားဖို႔ ေမြးဖြားလာတာပဲ။*
(ဤအတတ္ပညာအတြက္ ေမြးဖြားလာျခင္းကို ဆိုလို)
ႏွစ္စဥ္ ေဖ်ာ္ေျဖေရးလုပ္ငန္းထဲ ဝင္လာၾကသည့္ လူသစ္မ်ားမွာ ျမစ္ကိုျဖတ္ကူးေနၾကသည့္ ငါးၾကင္းမ်ားလို အေျမာက္အမ်ားပင္။သို႔ေပမဲ့ အမွန္တကယ္ျဖစ္ေျမာက္ေအာင္လုပ္ႏိုင္သည့္ ကံေကာင္းသူကေလး္မ်ားကေတာ့ အမ်ားႀကီးမရွိလွ။ အလြန္႔အလြန္ေခ်ာေမာၾကည့္ေကာင္းသည့္ သြင္ျပင္၊ အံ့အားသင့္စရာေကာင္းသည့္ ကိုယ္ခံပညာ၊ အျပစ္အနာအဆာပင္မရွိသည့္ ဇာတ္ၫႊန္းေျပာဆိုျခင္းႏွင့္ ေထာင္မုကဲ့သို႔ လူသစ္ကေတာ့ အေတာ္ရွားပါးသည္။
ၿပီးေတာ့ ေထာင္မုက ေပက်င္း႐ုပ္ရွင္အကယ္ဒမီကို ဝင္ခြင့္ရထားသည္ကိုလည္း မေမ့ႏွင့္။ ပညာရွင္အဆင့္ေလ့က်င့္ေရးႏွင့္ အေထာက္အထားလက္မွတ္ကိုလည္း ရရွိဦးမွာပင္။ ကံေကာင္းဦးမယ္ဆို သူ႔အေနႏွင့္ ေပက်င္းလူမႈအဝန္းအဝိုင္းထဲသို႔လည္း ဝင္ေရာက္ႏိုင္ေသးသည္။ ထိုသို႔စဥ္းစားမိေတာ့ ခ်န္ယိခ်မ္၏ႏွလုံးက အနည္းငယ္ခုန္သြားသည္။ သူ၏ စိတ္ေကာင္းေစတနာကိုေဖာ္ျပလိုသည့္ ရည္႐ြယ္ခ်က္မ်ားက ပို၍သိသာထင္ရွားလာသည္။
"ေရွာင္မု၊ မေန႔က ဇာတ္ဝင္ခန္းအတြက္ အနီးကပ္႐ိုက္ခ်က္ေတြ ႐ိုက္ရေအာင္။ ေန႔ခင္းက် မင္းနဲ႔ တတိယအမ်ိဳးသားသ႐ုပ္ေဆာင္နဲ႔ တိုက္ခိုက္ခန္းတစ္ခုရွိမယ္။ ငါတို႔႐ိုက္ကူးေရးၿပီးရင္ မင္းျပန္ၿပီးနားလို႔ရၿပီ"
နာမည္မရွိသည့္ လူစားထိုးကေန ရင္းႏွီးသည့္ ေရွာင္မု ျဖစ္သြားသည္က ဒါ႐ိုက္တာခ်န္ ဘာကို သိရွိေစခ်င္သည္လည္းဆိုသည္ကို တစ္ဖြဲ႕သားလုံး နားလည္လိုက္ၾကသည္။ ထို႔ေၾကာင့္ ေထာင္မု ႏွင့္ဆက္ဆံရာတြင္ သူတို႔လည္း အနည္းငယ္ေျပာင္းလဲလာခဲ့သည္။
ေထာင္မုကေတာ့ အၿမဲတမ္းရွိခဲ့သလို သူ႔ပုံစံအတိုင္းပင္။ ထိုကဲ့သို႔ တည္ၿငိမ္ၿပီး ဣေျႏၵရသည့္သြင္ျပင္က အဖြဲ႕ဆီကေန အျမင္ၾကည္မႈပိုရရွိဖို႔ လႈံ႕ေဆာ္ေပးေနသည္။
ရွန္းယြီ က သူ႔ေခါင္းကိုေစာင္းကာ ေမးလာသည္ "ေထာင္ေထာင္၊ မင္းရဲ႕အက္ရွင္ခန္းေတြက အရမ္းေကာင္းတယ္။ ငါ့ကိုသင္ေပးပါလား? တကယ္ေတာ့ ငါလည္း ကင္မရာေရွ႕ လုံးဝမိုက္တဲ့ကိုယ္ခံပညာအကြက္ေတြအစုံလုပ္ခ်င္တယ္" ကံမေကာင္းစြာႏွင့္ ရွန္းမိသားစုက သူ႔ကို ခြင့္ျပဳမည္မဟုတ္ေပ။ ရွန္းယြီက ဂ႐ုတစိုက္ႏွင့္ အလိုလိုက္ခံရၿပီး ႀကီးျပင္းလာခဲ့တာျဖစ္သည္။ ပထမဆုံး သူဝိုင္ယာေပၚတက္တုန္းက သူ႔ ေပါင္ေတြႏွင့္ေက်ာႏွစ္ခုလုံး ပြန္းပဲ့ဒဏ္ရာေတြရကုန္သည္။ ႐ိုက္ကြင္းကို ရွန္းမိသားစုလာလည္ၿပီး ရွန္းယြီ ထိခိုက္ထားကာ ဖူးေရာင္ေနသည္ကိုေတြ႕ေတာ့ ခ်က္ခ်င္း ရွန္းယြီ၏ "ကိုယ့္ကိုယ့္ကိုယ္ထိခိုက္ေအာင္လုပ္ျခင္း" အျပဳအမူကို တားျမစ္လိုက္ၾကသည္။
သ႐ုပ္ေဆာင္ျခင္းအတြက္ မဆုတ္မနစ္သည့္ စိတ္ထားမ်ိဳး မျဖစ္ေပၚေသးသည့္ ရွန္းယြီက မိသားစုကိုလည္း စိတ္မပူေစခ်င္သည့္အတြက္ ခ်က္ခ်င္းမဆိုင္း ရွန္းမိသားစု၏ ေတာင္းဆိုမႈကို လိုက္ေလ်ာခဲ့သည္။ ထိုသို႔ကတိျပဳထားခဲ့တယ္ဆိုေပမဲ့လည္း လူငယ္ေတြက လူငယ္ေတြပဲျဖစ္သည္ေလ။ ေခ်ာေမာၾကည့္ေကာင္းၿပီး ခပ္မိုက္မိုက္ျဖစ္ခ်င္ၾကသည္။ ကင္မရာေရွ႕က ေထာင္မု၏ ေဖ်ာ္ေျဖမႈက ခ်န္ယိခ်မ္ႏွင့္ အျခားကြၽမ္းက်င္ကိုယ္ခံပညာသ႐ုပ္ေဆာင္ေတြကိုေတာင္ သိမ္းသြင္းႏိုင္မွေတာ့ ရွန္းယြီသည္လည္း ခြၽင္းခ်က္မဟုတ္ေပ။
အရင္ဘဝတြင္လည္း ေထာင္မုက လွပသည့္အက္ရွင္အခန္းေတြ ေဖ်ာ္ေျဖၿပီးသည့္ေနာက္ ရွန္းယြီသည္ ဝိုင္ယာႏွင့္ကိုယ္ခံပညာျပဳလုပ္ျပသဖို႔ ေတာင့္တခဲ့သည္။ ေလာ့ယန္၏ အခက္အခဲေတြႏွင့္ ေထာင္မု ႀကဳံေတြ႕ရၿပီးေနာက္ သူေပ်ာ္႐ႊင္ေအာင္ဆိုၿပီး ရွန္းယြီက အင္တာဗ်ဴးအတြင္း ေထာင္မုက သူ႔ရဲ႕အက္ရွင္အခန္းေတြအတြက္ လူစားထိုးျဖစ္ေၾကာင္း ဦးဆုံးေဖာ္ထုတ္ခဲ့သည္။ အင္တာဗ်ဴးၿပီးသည့္ေနာက္ ရွန္းယြီက ဝိုင္ယာေပၚဆြဲထားရင္း ဘယ္လိုခပ္မိုက္မိုက္အကြက္ေတြ လုပ္ရမလဲကို သင္ေပးဖို႔ ေထာင္မုအား သီးသန္႔ ေတာင္းဆိုခဲ့ဖူးသည္။
ထိုအခ်ိန္တုန္းက ေထာင္မုသည္ ရွန္းယြီကို အရမ္းေက်းဇူးတင္ေနခဲ့သည္ေၾကာင့္ တိတ္တိတ္ကေလး ရွန္းယြီကို သင္ေပးခဲ့ၿပီး နည္းေပမဲ့ အသုံးဝင္သည့္ လွည့္ကြက္တခ်ိဳ႕ကိုေတာင္ ျပခဲ့ေသးသည္။ သို႔ေပမဲ့ မေမွ်ာ္လင့္ထားစြာ သူတို႔ရဲ႕ သီးသန္႔ရီဟာဇယ္အတြင္း မေတာ္တဆတစ္ခုျဖစ္ခဲ့ၿပီး ႏွစ္ေယာက္သား ေဆး႐ုံအတူေရာက္ခဲ့ၾကသည္။
ေထာင္မုသည္ ဤဘဝတြင္ေတာ့ ရွန္းမိသားစုႏွင့္ မပတ္သက္ခ်င္ေတာ့သည့္အတြက္ေၾကာင့္ ရွန္းယြီ၏ေတာင္းဆိုခ်က္ကို ျငင္းလိုက္သည္ "ငါမသင္ေပးႏိုင္ဘူး။ ဒါက ေသခ်ာသေလာက္ ေမြးရာပါအရည္အခ်င္းမ်ိဳးမို႔လို႔ေလ"
ရွန္းယြီ : “……”
ဆက္တင္ခ်ိန္ၿပီး မီးထိုးသည့္ကိရိယာအစုံလည္း အဆင္သင့္ျဖစ္ေနၿပီမို႔ ေထာင္မု ေနရာကထလိုက္ကာ ႐ိုက္ကြင္းထဲဝင္လိုက္သည္။ သူ႔ရဲ႕ဇာတ္ဝင္ခန္းေတြကို ႐ိုက္ကူးဖို႔ အသင့္ျဖစ္ေနသည္ ။
ေဖ်ာ္ေျဖေရးရပ္ဝန္းျပင္ပက ပရိသတ္ႏွင့္ ဖရဲသီးစားသူမ်ား၏ စိတ္ကူးယဥ္မ်ားမွအပ တကယ္တမ္းတြင္ ႐ိုက္ကူးေရးဆိုသည္မွာ အေတာ့္ကိုပ်င္းစရာေကာင္းသည့္အရာတစ္ခုျဖစ္သည္။ တစ္ေန႔မွာ သ႐ုပ္ေဆာင္ေတြအမ်ားဆုံးလုပ္ရသည္က ေစာင့္ဆိုင္းျခင္းပင္။ မိတ္ကပ္အတြက္ ေစာင့္ ။ စက္အဖြဲ႕ ႐ိုက္ကြင္းဆင္တာၿပီးေအာင္ ေစာင့္၊ ကင္မရာအဖြဲ႕ ႏွင့္ မီးအလင္းအဖြဲ႕ ေနရာခ်သည္ကို ေစာင့္ရသည္။ ဒါ႐ိုက္တာမွ အက္ရွင္ေအာ္လို႔ သ႐ုပ္ေဆာင္ေတြေနရာယူၿပီး အကယ္၍မ်ား အရာအားလုံးေခ်ာေခ်ာေမြ႕ေမြ႕ရွိမည္ဆို ဆယ္မိနစ္အတြင္းၿပီးမည္ျဖစ္သည္။ ထို႔ေနာက္ ေနာက္ဇာတ္ဝင္ခန္းအတြက္ မီးအလင္းခ်ိန္ညႇိျခင္းေနရာက်ဖို႔ ထပ္ေစာင့္ရမည္။ အကယ္၍ အဆင္ေျပေျပမျဖစ္ဘူးဆိုလွ်င္ သူတို႔ ၿငီးေငြ႕ဖြယ္ေကာင္းလွသည့္စကားေတြကို ဆက္ေျပာေနရမွာျဖစ္သည္။ တီဗီစီးရီးအတြင္းက တိုေတာင္းေသာ ၂မိနစ္ ၃မိနစ္ အပိုင္းေလးက ႐ိုက္ကြင္းတြင္ ႐ိုက္ကူးဖို႔ နာရီေပါင္းေျမာက္မ်ားစြာ သို႔မဟုတ္ လပင္ၾကာသည္အထိ အခ်ိန္ယူႏိုင္သည္။
အခ်ိန္အမ်ားစုက ေစာင့္ဆိုင္းရျခင္းႏွင့္ ကုန္ရသည္ေၾကာင့္ အနည္းငယ္နာမည္ရွိသည့္ အႏုပညာရွင္မ်ားက အဖြဲ႕ထဲ RV ေမာင္းၿပီး လာတတ္ၾကသည္။ အထူးသျဖင့္ စမတ္ဖုန္းမ်ားေပၚေပါက္လာၿပီးေနာက္ အႏုပညာရွင္ေတြက RV ထဲ ဖုန္းသုံးရင္း သူတို႔၏ ဇာတ္ဝင္ခန္းမ်ားကို ေစာင့္ေနၾကလိမ့္မည္။ Weibo ကို အေပၚေအာက္ဆြဲၾကည့္၊ Selfies ႐ိုက္ရင္း၊ ခ်စ္စရာေကာင္းသည့္ edit ကေလးႏွင့္ ပုံကိုးပုံျပဳလုပ္လိမ့္မည္။ သို႔ေပမဲ့ အခုအခ်ိန္ရွိ ေဖ်ာ္ေျဖေရးလုပ္ငန္းအေနႏွင့္ စမတ္ဖုန္းထဲနစ္ျမႇဳပ္ၿပီး ဦးၫႊတ္အသိအမွတ္ျပဳျခင္းရဲ႕ဘုရင္ျဖစ္ဖို႔ ႀကိဳးပမ္းၾကသည့္ စတူဒီယိုေလထုအေငြ႕အသက္မ်ိဳးပုံစံ မဟုတ္ေသးသည့္ အခ်ိန္မို႔ ဇာတ္ဝင္ခန္းအတြက္ ေစာင့္ဆိုင္းေနစဥ္ ပုံမွန္ျမင္ရသည္က သူတို႔ရဲ႕ ဇာတ္ၫႊန္းေကာ္ပီကို ကိုင္ၿပီး စာသားေတြကို ကိုယ္တိုင္႐ြတ္ေနၾကသည့္ပုံစံ သို႔မဟုတ္ တစ္ေယာက္ႏွင့္တစ္ေယာက္ စာသားေတြ အတြဲညီေနၾကသည့္ သ႐ုပ္ေဆာင္အုပ္စုသာ ျဖစ္လိမ့္မည္။ ေနာက္ခံလူအုပ္စုေတြကေတာ့ မထင္ရွားသည့္ ေထာင့္ေတြမွာ ႏွစ္ေယာက္တစ္စု သုံးေယာက္တစ္စုႏွင့္ လႈပ္ရွားမႈေတြ အရွိန္ေလွ်ာ့ခ်ထားကာ ပုန္းေနလိမ့္မည္။
ေထာင္မုက ႐ိုက္ကြင္းေရွ႕ရပ္လိုက္သည္။ ဝိုင္ယာဆင္ေပးသည့္ စက္ဆရာက ဝိုင္ယာဝတ္ဖို႔ ကူညီေပးေနၿပီး ကိုယ္ခံပညာနည္းျပကလည္း သူ႔ေဘးနားမွာ လႈပ္ရွားမႈေတြအေၾကာင္းေျပာျပေနသည္။ တတိယအမ်ိဳးသားသ႐ုပ္ေဆာင္ မုဟြားထင္က သံသယရွိေနပုံ ေပၚေနသည္။ ျဖစ္ႏိုင္သည္က မေန႔ေန႔ခင္းက သူ႔ရဲ႕အမွားေတြကို ႏွစ္ေယာက္သားထိပ္တိုက္ရင္ဆိုင္သည့္အခန္း ႐ိုက္ေနစဥ္အတြင္း ေထာင္မုမွ လက္စားေခ်လာမည္ကို စိုးရိမ္ေနလို႔ျဖစ္မည္။ သူက ဒါ႐ိုက္တာခ်န္ဆီသြားၿပီး ေန႔လည္ဇာတ္ဝင္ခန္းအတြက္ လူစားထိုးသုံးဖို႔ ေဆြးေႏြးေလသည္။
ေထာင္မုဘက္ အားလုံးက တိုးကပ္ကာ မရပ္မနားတတြတ္တြတ္ေျပာေနရင္းႏွင့္ သူက လူတိုင္းအလိုရွိၾကသည့္ သခင္ငယ္ေလးတစ္ေယာက္ျဖစ္လာသည္။ ေထာင္မုက မ်က္လုံးပိတ္ထားရင္း သူ႔ကို အာ႐ုံမစိုက္ခ်င္ေနေပ။ ရွန္းယြီက ေထာင္မု ေဘးနားရပ္ရင္း အလစ္႐ိုက္ခ်က္တစ္ခုယူဖို႔ ဖုန္းကိုေျမႇာက္လိုက္သည္။ ပိုင္ရွင္က ကင္မရာေရွ႕ သူ႔မ်က္ႏွာတစ္ဝက္ကိုျပၿပီး အဲ့ဒါက သူ႔ေနာက္က ဝိုင္ယာေပၚတြင္ရွိေနသည့္ ေထာင္မုကိုလည္း ေဖာ္ျပလာသည္။ ဤသည္ႏွင့္ပင္ မေက်နပ္ေသးဘဲ သူက Weibo ေပၚ တိတ္တိတ္ကေလးတင္လိုက္ေသးသည္။ ဤကဲ့သို႔ မက္ေဆ့ခ်္ႏွင့္ပင္.."ငါ့ရဲ႕ လူစားထိုးျဖစ္တဲ့ အစ္ကိုေသးေသးေလး။ သူက ၾကည့္ေကာင္းတယ္မလား?"
၂၀၀၈ ခုႏွစ္တြင္ Weibo က အသစ္အဆန္းတစ္ခုျဖစ္ေနေသးသည္။ ငယ္႐ြယ္ၿပီး ဖက္ရွင္က်ၾကသည့္ အႏုပညာရွင္အသစ္ကေလးေတြက ပရိသတ္ေတြႏွင့္ ထိေတြ႕ဖို႔ Weibo မွာ အေကာင့္ဖြင့္ၾကလိမ့္မည္။ အနည္းငယ္ပိုဝါႀကီးသည့္ အႏုပညာရွင္မ်ားကေတာ့ ယခုထိ ႐ိုးရာအတိုင္း လွ်ိဳ႕ဝွက္ဆန္းၾကယ္သည့္လမ္းစဥ္ကို က်င့္သားရေနၾကဆဲပင္။ ၿပီးေတာ့ သူတို႔က လက္လွမ္းမမီႏိုင္သည့္ ဆြဲေဆာင္မႈမ်ိဳႏွင့္ အေဝးကေနဆို ပို၍တပ္မက္ဖြယ္ျဖစ္သည့္ အလွတရားမ်ိဳးမွာ ေကာင္းေကာင္းကြၽမ္းက်င္ပိုင္ႏိုင္ၾကသည္ ။
အလြန္ၾကည့္ေကာင္းသည့္ ခ်မ္းသာေသာ သခင္ေလးတစ္ေယာက္အေနႏွင့္ ေကာင္းမြန္သည့္အက်င့္စ႐ိုက္ရွိၿပီး ေဖ်ာ္ေျဖေရးရပ္ဝန္းထဲ အေပ်ာ္အေနႏွင့္ ဝင္လာသူ ရွန္းယြီက Weibo ေပၚ follower ၁၀၀,၀၀၀ နီးပါး စုေဆာင္းမိေနၿပီျဖစ္သည္ ။ အေရးအႀကီးဆုံးအခ်က္မွာ ဤ ပရိသတ္ ၁၀၀,၀၀၀ လုံးက "အသက္ရွင္ေနသည့္လူမ်ား"ျဖစ္ၾကၿပီး ႏိုးၾကားတက္ႂကြၾကကာ ရင္းရင္းႏွီးႏွီးေပါင္းသင္းဖို႔ စိတ္ဝင္စားၾကသူမ်ားျဖစ္သည္။ ရွန္းယြီ ပုံတင္လိုက္ၿပီးေနာက္ like ႏွင့္ မွတ္ခ်က္မ်ိဳးစုံဝင္လာေလေတာ့သည္။ တခ်ိဳ႕က ေထာင္မုထက္ ရွန္းယြီက ပိုေခ်ာေၾကာင္း၊ တခ်ိဳ႕က် ေထာင္မုက အမွန္တကယ္ေခ်ာေမာေၾကာင္း သေဘာတူၿပီး ေထာင္မု၏ ကိုယ္ေရးအခ်က္အလက္ႏွင့္ Weibo အေကာင့္ကို ေတာင္းၾကေလသည္။ ေဒတာအခ်က္အလက္ကိုသာမၾကည့္လွ်င္ လႈပ္ရွားမႈအဆင့္က ေနာင္ႏွစ္မ်ားအတြင္း ပရိသတ္ႏွင့္ follower သန္းႏွင့္ခ်ီရွိသည့္ အႏုပညာရွင္မ်ားထက္ မေလ်ာ့က်ေပ။
ေထာင္မုက ကင္မရာေရွ႕လာဖို႔ အေခၚခံရခ်ိန္တြင္ ရွန္းယြီသည္ သူ႔ကိုယ္သူ ဆိုရွယ္မီဒီယာမွာ ေမြ႕ေလ်ာ္နစ္ျမဳပ္ေနေစသည္။
"တိမ္စိုင္ခရမ္းျပာ" အဖြဲ႕က ေထာင္မု၏ ဇာတ္ဝင္ခန္းေတြ႐ိုက္ကူးဖို႔ အေတာ္ေလးလိုလားၾကသည္။ အထူးသျဖင့္ ၿပီးခဲ့သည့္အပတ္ထဲမွာေပါ့။ ထိုလူငယ္ေလးက လက္ထဲ လွည့္ကြက္အျပားကေလးရွိေနသလိုပင္။ ဘယ္ NGကမွ သူ႔ကိုယ္ပိုင္အေၾကာင္းျပခ်က္ေၾကာင့္မဟုတ္ေပ။ ဒါက ဒရာမာတစ္ခုလုံးရဲ႕ ရႈတင္အေျခအေနတိုးတက္မႈကို တိုက္႐ိုက္ေခ်ာေမြ႕လ်င္ျမန္ေစေလသည္။ မူလအစီအစဥ္မွာ အက္ရွင္ခန္းမ်ားကို ၂လခြဲ႐ိုက္ကူးမည္ျဖစ္ေသာ္လည္း လက္ရွိတိုးတက္မႈအေျခအေနအရ ခန္႔မွန္းခ်က္အေနႏွင့္ ႐ိုက္ကူးေရးမွာ ၂လမတိုင္ခင္ပင္ ၿပီးေလာက္ႏိုင္သည္။
ေန႔လည္စားနားခ်ိန္တြင္ ယဲ့ေယာင္၏ ေအးဂ်င့္ႏွင့္ မုဟြားထင္၏ ေအးဂ်င့္တို႔က သူ႔ကိုရွာေတြ႕ျပန္သည္။ ေထာင္မုကို သိမ္းသြင္းစည္း႐ုံးဖို႔ မုဟြားထင္၏ ေအးဂ်င့္က သူ႔အား ရွက်ီးရွင္းႏွင့္ စာခ်ဳပ္မခ်ဳပ္ရေသးသည္ေတာင္ လူေ႐ြးပြဲအခြင့္အေရးတစ္ခုကမ္းလွမ္းေပးလာေလသည္..လူေ႐ြးပြဲက ေမာ္ဒန္ေခတ္ ေက်ာင္းအိုင္ေဒါဒရာမာအတြက္ျဖစ္ၿပီး H စတူဒီယိုၿမိဳ႕ေတာ္မွာ ႐ိုက္ကူးေရးစတင္ေတာ့မွာျဖစ္သည္။ ေထာင္မုက ထိုဒရာမာထဲ စတုတၳအမ်ိဳးသားသ႐ုပ္ေဆာင္အေနႏွင့္ ပါဝင္ႏိုင္သည္။
"ငါမင္းကို ဒုတိယဇာတ္လိုက္ေနရာရေအာင္ ကူညီေပးခ်င္ပါတယ္။ ကံမေကာင္းစြာနဲ႔ မင္းက ကုမၸဏီရဲ႕ အႏုပညာရွင္မဟုတ္ေနဘူးေလ။ ဒီေတာ့ ငါဘာမွမတတ္ႏိုင္ဘူး" မုဟြားထင္၏ ေအးဂ်င့္က ေထာင္မုကို မဲဆြယ္စည္း႐ုံးဖို႔မေမ့ ။ "ဒါေပမဲ့ ေနာက္မင္းသာ ကုမၸဏီကို ဝင္ခ်င္ရင္ ဒုတိယအမ်ိဳးသားေနရာမေျပာနဲ႔။ အမ်ိဳးသားဇာတ္လိုက္ေနရာဆိုရင္ေတာင္ မင္းအဲ့ဒါအတြက္ ႀကိဳးစားတဲ့ေနရာ ငါကူညီေပးႏိုင္တယ္"
ေထာင္မုက တစ္ခါ အေလးေပးေျပာျပန္သည္ "အစ္ကိုေက်ာက္ရဲ႕ ၾကင္နာမႈအတြက္ ေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ ေျပာခဲ့ၿပီးသလို ကြၽန္ေတာ္ ေပက်င္း႐ုပ္ရွင္အကယ္ဒမီကို ဝင္ခြင့္ရထားတယ္။ ဂ်ဴနီယာစာသင္ႏွစ္မတိုင္ခင္ထိ ေက်ာင္းက ႐ိုက္ကူးေရးခြင့္မျပဳဘူးလို႔ သတ္မွတ္ထားတယ္" အခုက ဇူလိုင္လလယ္ေရာက္ေနၿပီမို႔ ဩဂုတ္လ ၂၆ရက္ေန႔မွာ သူေက်ာင္းကို သတင္းပို႔ရလိမ့္မည္။ တကယ္လို႔ ေက်ာက္ခယ္ပင္း မိတ္ဆက္ေပးသည့္ ဇာတ္ေကာင္ကို ေထာင္မု လက္ခံလိုက္မည္ဆိုလွ်င္ အခ်ိန္ဇယားေၾကာင့္ သူအခ်ိန္မီသတင္းမပို႔ႏိုင္ေလာက္ေပ။ ဤအရာက ေထာင္မု၏ အနာဂတ္အစီအစဥ္ေတြႏွင့္ မကိုက္ညီလွ။
"အဲ့ေလာက္လည္း မတင္းၾကပ္ပါဘူး" ေက်ာက္ခယ္ပင္းက ေျပာသည္။ "ငါတို႔ကုမၸဏီက ေပက်င္း႐ုပ္ရွင္က ေက်ာင္းသားတစ္ေယာက္နဲ႔လည္း လက္မွတ္ထိုးထားတယ္။ မင္းကုမၸဏီဝင္ဖို႔ စိတ္ဝင္စားရင္ ငါတို႔ ရႈတင္အခ်ိန္စာရင္းကို ေက်ာင္းနဲ႔ ေဆြးေႏြးလို႔ရပါတယ္"
ေထာင္မု: "ကြၽန္ေတာ္ကေတာ့ ေက်ာင္းစည္းမ်ဥ္းေတြက အေတာ္ေလးေကာင္းတယ္လို႔ထင္တယ္။ လူသစ္ေတြ ၿပီးေတာ့ ဒုတိယႏွစ္ေတြအေနနဲ႔ သူတို႔ရဲ႕ အေျခခံအုတ္ျမစ္ခ်ဖို႔ ေက်ာင္းစာမွာပဲ အာ႐ုံစိုက္ႏိုင္တာေပါ့။ ကြၽန္ေတာ္ေတာ့ ေက်ာင္းစည္းမ်ဥ္းေတြ မခ်ိဳးေဖာက္ခ်င္ဘူး"
ဒါက နည္းနည္းတုံးအလြန္းတာပင္။
ေက်ာက္ခယ္ပင္း၏အၿပဳံးက နစ္ျမဳပ္သြားသည္။ ေထာင္မုက သူ႔ကိုကမ္းလာသည့္ အခြင့္အေရးေတြကို လ်စ္လ်ဴရႉလြန္းသည္ဟု သူခံစားရသည္ "လူငယ္ေတြက ႐ိုး႐ိုးရွင္းရွင္းပဲေတြးၾကတယ္။ မင္းအေနနဲ႔ အခြင့္အေရးေတြအမ်ားႀကီးက အၿမဲတမ္းမရွိေနဘူးဆိုတာ သိထားရမယ္။ ဆို႐ိုးအတိုင္း မင္းအေနနဲ႔ ေစာေစာနာမည္ႀကီးလာရမယ္။ ဒါက ေဖ်ာ္ေျဖေရးလုပ္ငန္းထဲမွာလည္း မွန္တယ္။ စဥ္းစားၾကည့္၊ မင္း ေက်ာင္းစည္းကမ္းတကယ္လိုက္နာမယ္ဆို ေနာက္ဆုံး သ႐ုပ္ေဆာင္အလုပ္ေတြလက္ခံႏိုင္ၿပီဆိုတဲ့အခ်ိန္က် မင္းက မင္းရဲ႕ ၂၀အပိုင္းအျခားထဲေရာက္ေနၿပီေလ။ မင္းေအာင္ျမင္လာလိမ့္မယ္လို႔ ဘာ္လိုအာမခံႏိုင္မွာလဲ?"
ေထာင္မု တိတ္ဆိတ္ေနၿမဲျဖစ္ေသာ္လည္း ၿပဳံးေနခဲ့သည္။
ေက်ာက္ခယ္ပင္းမွာ ေဒါသအျပည့္ျဖစ္လာရေသာ္လည္း ေထာင္မုရဲ႕ မ်က္ႏွာကိုၾကည့္ရင္း သူတကယ္ ဤသို႔အလားအလာရွိသည့္ ၾကယ္ပြင့္တစ္ပြင့္ကို လက္မလႊတ္ႏိုင္ေပ။ ဒါေၾကာင့္ သူ႔အေနႏွင့္ တပ္ေခါက္ဖို႔သာလုပ္ႏိုင္ေလသည္ "မင္းဒါကို ထပ္ေတာင္းဆိုဖို႔ကေတာ့ မျဖစ္ႏိုင္ဘူး။ ကုမၸဏီက ေက်ာင္းနဲ႔ ညႇိႏႈိင္းၿပီး အေၾကာင္းၾကားစာေတြလည္း စီမံေပးႏိုင္ၿပီးေတာ့ ေဆာင္းရာသီနဲ႔ ေႏြရာသီေက်ာင္းပိတ္ရက္ေတြမွာ ဇာတ္ၫႊန္းေတြလည္း စီစဥ္ေပးႏိုင္တယ္။ ႏွစ္ဖက္လုံးအတြက္ အေကာင္းဆုံးေပါ့"
ေက်ာက္ခယ္ပင္းက ေထာင္မုကို အမွန္တကယ္ အေကာင္းျမင္ေနၿပီး သူ႔ရဲ႕ စစ္မွန္မႈက အေတာ္ေလးသိသာေနသည္။ ေထာင္မုအေနႏွင့္ စီမံခန္႔ခြဲမႈကုမၸဏီေတြထဲ မဝင္ဖို႔ စိတ္ဆုံးျဖတ္ၿပီးသားျဖစ္ေနတာေတာင္ ထိုအခိုက္အတန္႔မွာ ေက်ာက္ခယ္ပင္း ၏ ၾကင္နာမႈကို ျငင္းဖို႔ အနည္းငယ္အျပစ္ရွိသလို ခံစားခဲ့ရေသးသည္။ သူ အလိမၼာသုံးကာသာ ေျပာႏိုင္ေလသည္ ""ဒါဆို ကြၽန္ေတာ္ ထပ္စဥ္းစားၾကည့္လိုက္ပါ့မယ္" ဂ႐ုတစိုက္ရွိလွသည့္ ေထာက္ထားေတြးေပးမႈေနာက္ ျငင္းပယ္မႈသာျပန္လာသည္ဆို ေက်ာက္ခယ္ပင္း အေနႏွင့္ ထပ္တိုက္တြန္းေတာ့မွာမဟုတ္ဘူးဟု သူပုံေဖာ္မိသည္။
ေထာင္မု၏ အေျခခံျငင္းပယ္မႈကို ၾကားရေတာ့ ေက်ာက္ခယ္ပင္းက မ်က္ေမွာင္ႀကဳံ႕သြားသည္။ ဘာလို႔ ေထာင္မု ဒီေလာက္ထိ တင္းခံေနမွန္း သူနားမလည္ႏိုင္ "အဲ့ဒါက မုဟြားထင္ ေၾကာင့္မို႔လို႔လား?"
သတိလက္လြတ္ျဖစ္ေနသည့္ မုဟြားထင္သည္ ႐ုတ္တရက္ ေခၚထုတ္ခံလိုက္ရခ်ိန္တြင္ သူ႔ရင္ဘတ္ကို ဖိညစ္ခံလိုက္သလိုခံစားရၿပီး အမူအရာကင္းမဲ့စြာႏွင့္ ေထာင္မုကို ၾကည့္လိုက္သည္
ေထာင္မုက မုဟြားထင္၏ နည္းစနစ္ေတြကို စိတ္ကုန္ေနလင့္ကစား သူ႔ကိုေတာ့ အျပစ္မဖို႔ေပ။ သူေခါင္းကို ယမ္းလိုက္သည္ "သူ႔ေၾကာင့္ မဟုတ္ပါဘူး။ ကြၽန္ေတာ္ကိုယ္တိုင္ ကုမၸဏီတစ္ခုကို လက္မွတ္ထိုးဖို႔ အဆင္သင့္မျဖစ္ေသးလို႔ပါ"
တခဏတန္႔သြားၿပီးေနာက္ ေထာင္မုက ရွင္းျပလာသည္ "ကြၽန္ေတာ္ တကယ္ အိုင္ေဒါတစ္ေယာက္ မျဖစ္ခ်င္ဘူး" ကြၽန္ေတာ့္ကိုယ္ပိုင္ သူေဌးတစ္ေယာက္ပဲျဖစ္ခ်င္တာ
ဆိုလိုတာက သူက သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ခ်င္တာလား? ႐ုတ္တရက္ ေက်ာက္ခယ္ပင္း  သေဘာေပါက္သြားသည္။ ျမင့္မားသည့္ရည္မွန္းခ်က္ေတြႏွင့္ မ်ားျပားလွေသာ လူသစ္ေတြကို သူျမင္ခဲ့ဖူးပါသည္။ ေထာင္မုက ပထမဆုံးလည္းမဟုတ္။ ေနာက္ဆုံးလည္းမဟုတ္သူေပါ့။
"ရွက်ီးရွင္းအင္တာတိန္းမန႔္က ရိေကာနဲ႔ ရိက်ဲ* ႏွစ္ေယာက္လုံးက ဆုရထားတဲ့ မင္းသား မင္းသမီးေတြ။ ငါမင္းကိုေျပာျပမယ္။ မင္း သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ေတာင္ မင္း သ႐ုပ္ေဆာင္တာသက္သက္ပဲလုပ္လို႔မရဘူး။ အေကာင္းဆုံးမင္းသားဆုအတြက္လိုမ်ိဳး ယွဥ္ၿပိဳင္မယ္ဆို မင္းအေနနဲ႔ လူထုဆက္ဆံေရးေတြလုပ္ဖို႔ ကုမၸဏီရဲ႕ အကူအညီလိုလာမွာ။ မင္းမွာ ရည္မွန္းခ်က္ရွိတာ ေကာင္းတဲ့အရာပါ။ ဒါေပမဲ့ မင္းတစ္ေယာက္တည္းလုပ္လို႔မရဘူး။ ဒီလိုစဥ္းစားၾကည့္၊ မင္းကုမၸဏီနဲ႔လက္မွတ္ထိုးၿပီးရင္ ကုမၸဏီက ဇာတ္ၫႊန္းကူစိစစ္ေ႐ြးေပးၿပီး အခ်ိန္ဇယားလည္း စီစဥ္ေပးမယ္။ မင္းကေတာ့ ဇာတ္ၫႊန္းကို ခြဲျခမ္းစိတ္ျဖာသုံးသပ္ၿပီး ဇာတ္ေကာင္ကိုေကာင္းေကာင္းသ႐ုပ္ေဆာင္ႏိုင္ေအာင္ ႀကိဳးႀကိဳးစားစားအလုပ္လုပ္႐ုံပဲ။ က်န္တာ ငါဂ႐ုစိုက္လိုက္မယ္။ ဒီနည္းလမ္းက ပိုမေကာင္းဘူးလား?"
(*နံပါတ္ ၁ အစ္ကို ႏွင့္ နံပါတ္ ၁ အစ္မ ဟု ဆိုလို ။ ေအဂ်င္စီတစ္ခုက အႏုပညာရွင္ေတြအထဲမွ ေခါင္းေဆာင္မ်ားကို ရည္ၫႊန္း။ ထိုသူမ်ားက အရင္းအျမစ္အမ်ားဆုံးရရွိၿပီး စီနီယာအက်ဆုံးအဆင့္ကို ရရွိသည္)
ေက်ာက္ခယ္ပင္းက ကြၽမ္းက်င္စြာ အကြက္ႀကီးႀကီးေဖာ္လိုက္သည္။ တကယ္လို႔ ေထာင္မုက အမွန္တကယ္ကို အပ်ံသင္စလူသစ္ကေလးဆိုလွ်င္ သူႏွင့္ဖက္ၿပိဳင္ၿပီး. ၾကန္႔ၾကာေနေစမည္မဟုတ္။
ေျခတစ္လွမ္းေနာက္က်သြားသည့္ ဝမ္ေမ့ဟုန္က စိုးရိမ္လာကာ အေျခအေနကို ဝင္ေႏွာင့္ယွက္ဖို႔ အလ်င္လိုလိုက္သည္။ "ရွက်ီးရွင္းအင္တာတိန္းမန႔္မွာ ႐ုပ္ရွင္ဘုရင္နဲ႔ ဘုရင္မ ရွိတာမွန္ေပမဲ့။ ျပတ္ျပတ္သားသားေျပာရရင္ အဲ့ဒါက သူတို႔ ရိေကာနဲ႔ ရိက်ဲက အခုအခ်ိန္မွာ အရမ္းလူႀကိဳက္မ်ားေနလို႔ေလ။ ကုမၸဏီရဲ႕ အေကာင္းဆုံးအရင္းအျမစ္ေတြက သူတို႔ကို အရင္ေပးရမွာ။ အဲ့ဒါၿပီးေတာ့ က်န္တဲ့ဟာေတြပဲ ေကာက္ၿပီး မင္းကိုေပးမွာ။ ဒါေပမဲ့ အဲ့ဒါက က်န္တဲ့အရင္းအျမစ္ေတြ မင္းရႏိုင္တယ္လို႔မဆိုလိုဘူးေနာ္။ ေျပာရရင္ ရွက်ီးရွင္းနဲ႔ လက္မွတ္ထိုးထားတဲ့ Aအဆင့္ နဲ႔ Bအဆင့္ အမ်ိဳးသားၾကယ္ပြင့္ေတြက အမ်ားႀကီး။ အဲ့လူေတြရဲ႕ ေအးဂ်င့္ေတြကလည္း သူတို႔အႏုပညာရွင္ အရင္းအျမစ္အတြက္ တိုက္ခိုက္ရာမွာ ကူညီရဦးမွာပဲ။ မင္းက ေနာက္ခံေရာ ပရိသတ္အင္အားေရာ မရွိေသးတဲ့ လူသစ္ကေလး။ ဒီလိုကုမၸဏီမ်ိဳးမွာ နစ္ျမဳပ္ခံရဖို႔လြယ္တယ္။ ဒီေတာ့ ခ်င္မင္းဆက္ အင္တာတိန္းမန႔္နဲ႔လက္တြဲတာက ပိုေကာင္းတယ္။ အနည္းဆုံးေတာ့ ခ်င္မင္းဆက္ အင္တာတိန္းမန႔္ မွာက ရိက်ဲပဲ ရွိတာ။ ရိေကာမဟုတ္ဘူး။ မင္းသာ ခ်င္မင္းဆက္နဲ႔ လက္တြဲဖို႔ ဆႏၵရွိတယ္ဆို မင္းအေျခအေနနဲ႔ ကိုယ္ေသခ်ာေပါက္ မင္းကို ရိေကာလုပ္ေပးဖို႔ ကုမၸဏီကို ေဖ်ာင္းဖ်ႏိုင္တယ္"
ေက်ာက္ခယ္ပင္းက ဒါကိုၾကားခ်ိန္ ႏွာမႈတ္လိုက္သည္ "မင္းတို႔ ခ်င္မင္းဆက္အင္တာတိန္းမန႔္က ထုတ္တဲ့ တီဗီဒရာမာေတြအကုန္လုံးက အဓိကအမ်ိဳးသမီးဇာတ္လိုက္ဗဟိုျပဳဒရာမာေတြခ်ည္းပဲဆိုတာ ဘယ္သူက မသိလို႔လဲ။ ခ်င္မင္းဆက္ အင္တာတိန္းမန႔္ကေန ဘာလို႔ ဝမ္ေျမာင္ထြက္သြားတာလဲ? အဲ့ဒါက သူ႔လမ္းေၾကာင္းအတြက္ အခြင့္အေရးနည္းလို႔မဟုတ္ဘူးလား? အခု မင္းက ေထာင္မုကို ေရေအာက္ထဲဆြဲႏွစ္ခ်င္ေသးတယ္။ မင္းမွာ လူသစ္ေတြရဲ႕အနာဂတ္အတြက္ စဥ္းစားေပးတာေလးေတာင္ မရွိဘူး"
ေခါင္းကိုက္ေနရင္းႏွင့္ ေထာင္မုသည္ လက္ရွိတြင္ ရက္စက္ၾကမ္းတမ္းစြာ တိုက္ပြဲဝင္ေနသည့္ ေအးဂ်င့္ႏွစ္ေယာက္ကို ၾကည့္လိုက္ၿပီး အိမ္သာသြားခ်င္သည္ဟုဟန္ေဆာင္ကာ လစ္ထြက္လာခဲ့လိုက္သည္။
"ေထာင္မု ေနပါဦး။ ငါေျပာစရာရွိလို႔"
ေထာင္မု တန္႔သြားၿပီး အိမ္သာထဲထိလိုက္လာသည့္ ယဲ့ေယာင္ကို ၾကည့္လိုက္သည္။ မ်က္ခုံးပင့္လိုက္ကာ တစ္ေယာက္ကို ျမန္ျမန္ေျပာဖို႔ အမူအရာျပလိုက္သည္။
ယဲ့ေယာင္က ရွက္ေသြးျဖာေနသည္ "မင္း.. မင္း ငါ့ကိုသေဘာက်လား?"
ေထာင္မု : “……???”
ယဲ့ေယာင္က ရွက္႐ြံ႕ေနၿပီး တစ္ဖက္ကလည္း ေပ်ာ္႐ႊင္ၾကည္ႏူးေနသည္။ "ငါအခုေလးတင္ သိလိုက္တာ။ မေန႔တုန္းက တို႔အတြက္ ေလာ့ယန္ ကို ရင္ဆိုင္ေပးဖို႔ ဆႏၵရွိခဲ့တယ္ေလ။ မင္း ငါ့ကို ႀကိဳက္ေနတာျဖစ္ရမယ္ ။ မင္းကေတာ့ ႏႈတ္ကေန မေျပာေပမဲ့ေပါ့...."
"ရပ္! ရပ္!" ေထာင္မုက အေလာတႀကီး တစ္ေယာက္ရဲ႕စကားလုံးေတြကို ေႏွာင့္ယွက္လိုက္သည္ "ကြၽန္ေတာ္ေျပာမယ္။ ခင္ဗ်ား ကြၽန္ေတာ့္ကို တစ္ခါေလာက္ ေကာင္းေစခ်င္တဲ့ဆႏၵမရွိဘူးလား?"
ယဲ့ေယာင္မွာ လက္မခံႏိုင္ "မင္းဘယ္လိုမ်ားေျပာႏိုင္ရတာလဲ။ ငါ့ကိုသေဘာက်ရတာ ဆိုး႐ြားတဲ့အရာမို႔လို႔လား?"
"ခင္ဗ်ားဘယ္လိုထင္လဲ?" ေထာင္မုက သေရာ္လိုက္ၿပီး သူ႔ကိုႏွင္ထုတ္ဖို႔ လက္ကို စိတ္မရွည္စြာ ေဝွ႔ယမ္းလိုက္သည္။ "ကြၽန္ေတာ့္ကို ျပႆနာမရွာဘဲနဲ႔ ေလာ့ယန္ ဆီသာ ျပန္သြားပါ။ ခင္ဗ်ား ဆက္တိုက္ခိုက္ေနဦးမယ္ဆို ခင္ဗ်ားတို႔ႏွစ္ေယာက္ တကယ္လမ္းခြဲရလိမ့္မယ္" ဘယ္သူမွ ခင္ဗ်ားကို ကာကြယ္ဖို႔မရွိဘူးဆိုရင္ ခင္ဗ်ားအမ်ားႀကီး ခံစားရလိမ့္မယ္။ ေနာက္ အေမွာင္ျခမ္းကိုထုတ္ျပဖို႔ တြန္းပို႔ခံရလိမ့္မယ္။
"လမ္းခြဲေတာ့ေရာ ဘာျဖစ္လဲ!" ယဲ့ေယာင္က မိုက္႐ူးရဲဆန္စြာေျပာသည္ "ငါ သူနဲ႔အေစာႀကီးကတည္းက လမ္းခြဲခ်င္ခဲ့တာ။ မေန႔က သူေျပာတာနားေထာင္လိုက္ေတာ့ ငါကေတာ့ သူ႔ကို ခ်စ္သူလိုသေဘာထားထားတာေလ။ သူကေတာ့ ငါ့ကို ကစားစရာေလးတစ္ခုလိုသေဘာထားေနတာ။ ဒီလိုလူမ်ိဳးကိုသာ ငါဆက္ႀကိဳက္ေနရင္ ။ အဲ့ဒါက ငါ့ကို အျမင္မေကာင္းတဲ့လူျဖစ္ေအာင္ လုပ္မေနဘူးလား?"
ေထာင္မု တစ္ေယာက္တည္းေတြးလိုက္သည္။ ခင္ဗ်ားက အျမင္မေကာင္းတာတင္မဟုတ္ဘူး ။ ခင္ဗ်ားသေဘာက်တဲ့သူကလည္း ဆန္ကုန္ေျမေလးစက္ဆုပ္ဖြယ္လူမဟုတ္ရင္ ေဂးပါျဖစ္ေနေသးတာ။ ဒါနဲ႔တင္ ဘယ္ေလာက္ အျမင္အာ႐ုံခ်ိဳ႕ယြင္းေနမလဲ!
"ေကာင္းၿပီ ေကာင္းၿပီ ေကာင္းၿပီ။ ကြၽန္ေတာ့္မွာ ခင္ဗ်ားဘယ္သူ႔ကိုႀကိဳက္လဲ လိုက္ဂ႐ုစိုက္ဖို႔ အားမရွိဘူး။ ဒါေပမဲ့ ဒီအတိုင္း ကြၽန္ေတာ့္ကိုသာ သေဘာမက်နဲ႔"
ေထာင္မုမွာ ေခါင္းကိုက္ေဝဒနာႏွင့္ ဗိုက္ေအာင့္သည့္ေဝဒနာရွိေနသည္။ ထိုအပိုင္းငယ္ေလးက သူ႔အရင္ဘဝမွာမျဖစ္ခဲ့ဖူးဘူးဆိုတာကိုလည္း ကိုယ့္ဟာကိုယ္ ေတြးမိသည္။ သို႔ေသာ္ျငား အျဖစ္အပ်က္ေတြေျပာင္းလဲျခင္းကေန မတူညီျခင္းေတြျဖစ္လာလိမ့္မယ္ဟု ေထာင္မုပင္ မေမွ်ာ္လင့္ထားခဲ့ေပ။ သူ႔ယခင္ဘဝတြင္ ေထာင္မုက ေရပိုက္ေအာက္ သူ႔ေဖ်ာ္ေျဖမႈကိုေကာင္းသြာမလုပ္ေဆာင္ႏိုင္ခဲ့ဘဲ ႐ိုက္ကြင္းေပၚ ေခြးေသတစ္ေကာင္လို အပစ္ခံရျခင္းႏွင့္ အဆုံးသတ္ခဲ့ရသည္။ ေနာက္ေတာ့ သူက လူအားလုံးရဲ႕ ျပက္ရယ္ျပဳစရာအရာတစ္ခုျဖစ္လာခဲ့သည္။ ငယ္႐ြယ္သည့္ မိန္းမပ်ိဳေလးယဲ့ေယာင္က သူ၏ ပထမဆုံး crush ကို ေတြ႕ေနရတာျဖစ္သည္။ သူ႔အေနႏွင့္ ရွက္ကိုးရွက္ကန္းျဖစ္ေနျခင္းကို ခံစားေနရရင္းအလုပ္ရႈပ္ေနလိမ့္မည္။ သူ ေထာင္မုကို သေဘာက်တယ္ဆိုတာကို ဝန္ခံဖို႔ ေနေနသာသာေပါ့။
သို႔ေပမဲ့ ထပ္ရပ္မၾကည့္ႏိုင္ေတာ့သည့္ ရွန္းယြီက သူ႔အတြက္ ရပ္တည္ေပးခဲ့သည္။ ရလဒ္အေနႏွင့္ သူတို႔ရဲ႕ ေမြးဖြားမႈ ျဖစ္စဥ္ေပၚသြားၿပီးသည့္ေနာက္ ေထာင္မုက ရွန္းယြီကို ရွန္းမိသားစုထဲက ထြက္ခြာဖို႔ အတင္းအက်ပ္တိုက္တြန္းေတာင္းဆိုကာ ဖိအားေပးခဲ့သည္။ ထိုကိစၥေၾကာင့္ ရွန္းမိသားစုက သူ႔ကို ဘယ္ေတာ့မွ လက္မခံခဲ့ေပ။ ေသခ်ာျပန္စဥ္းစားၾကည့္လွ်င္ အရင္ဘဝမွ သူရဲ႕တခ်ိဳ႕အျပဳအမူေတြက အေတာ့္ကို ရွင္းျပႏိုင္ဖြယ္မရွိဘဲ ပိုင္စိုးပိုင္နင္းရွိလွသည္။
လုံေလာက္စြာပဲ ဤဘဝတြင္ေတာ့ သူတို႔ႏွင့္ အေဝးဆုံးမွာေနတာက အေကာင္းဆုံးအႀကံျဖစ္လိမ့္မည္။ သူတို႔က သေဘာေကာင္းခ်ိဳသာၿပီး ေပ်ာ္႐ႊင္စရာ အတူတကြရွိၾကသည့္ မိသားစုေလးျဖစ္သည္။ ၿပီးေတာ့ သူ႔လိုအျပင္လူအေနႏွင့္ ဝင္ပါစရာ အေၾကာင္းကိစၥကို မရွိေပ။
***

Continue Reading

You'll Also Like

1.9K 250 9
BL novel အသစ်လေး update ထားပါတယ်ရှင့် ဖတ်ရှုအားပေးကြပါဦးနော် အောက်က👇👇👇 လင့်လေးထဲလည်းဝင်ပြီး သိချင်တာများမေးလို့ရပါတယ်ရှင့်❤️❤️ IQ Team မှ ကြိုဆိုပ...
187K 13.9K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
24.7K 2.9K 20
not my own This is a translation novel. Crd cover photo.I took it from pinterest!
1.1M 47.4K 59
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...