ပြန်လည်မွေးဖွားလာသော အမြှောက်...

By CharmZoey

144K 17.4K 193

Name -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Rom... More

Description
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၁)
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)
အပိုင်း ၀၀၂ ။ ဒရာမာ
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၁)
အသက်ရှူမှားလောက်ဖွယ် (၂)
အကြံအစည်
အရည်အချင်းများကို ပြသခြင်း
မွေးနေ့ပွဲကျင်းပခြင်း
အအေးမိသွားပြီ
အတိတ်အကြောင်းများ
တွေ့ဆုံခြင်း
အမြင်အာရုံချို့ယွင်းခြင်း
ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း
စကားဝိုင်း
ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်
မင်း ငါ့ကိုစိုးရိမ်ပေးနေတာလား?
လူရွေးပွဲ (၁)
လူရွေးပွဲ (၂)
ရိုက်ကူးရေး
ဝူမင်ဇာတ်ကောင်ပြီးဆုံး
လူရွေးပွဲအသစ်
မင်းရဲ့ဒေါသကိုပြကြည့်ပါဦး
ရိုက်ကွင်းသို့အလည်လာခြင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ငယ်သူငယ်ချင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ကူညီပါ!
လူကယ်ခြင်း
မိသားစုဝင်များရောက်ရှိလာခြင်း
အမှားဝန်ခံခြင်း
အိမ်ပြန်ခြင်း
အိမ်သစ်
အခန်းဖော်များ
အဖိုးကြီးစုန့်၏အတိတ်
အတိတ်ရန်ကြွေး
စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း
ကောလဟာလနှင့် Flynews
အစီအစဉ်များ
အငြင်းပွားမှု မီးစ
ကြိုဆိုညစာ
လော့ရှီနှင့်ပိတ်ရက်
အတူတကွ
Hမြို့သို့တစ်ခေါက်ပြန်လည်၍
ဖုန်းခေါ်ဆိုမှု
အပြန်အလှန်တိုင်ကြားခြင်း
မဟာဗျူဟာ
မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း
Attention Please!
ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း
စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်
အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း
Born to be Rebellious
ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း
ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော
ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း
လူတစ်ယောက်၏ လောကအမြင်အပေါ် သက်ရောက်မှု၊ အဓိကဇာတ်လိုက်ရောင်ဝါနှင့် တိုက်မိခြင်း
IQ နိမ့်ကျစေသည့်ရောင်ဝါအပေါ် .....
ထောင်မု
တန်ဆောင်တိုင် ပရိုမိုးရှင်း
မမျှော်လင့်ထားသော အမှားနှင့် စေတနာကောင်း ဖော်ပြခြင်း
Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု
ကြော်ငြာအစီအစဉ်နှင့် အမျိုးသမီးအဝတ်အစား
တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်
သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း
အပိုင်း ၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်
ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း
အပိုင်း ၀၆၁ ။ အိမ်ထောင်စုစာရင်းပြောင်းခြင်းနှင့် မိသားစုမျိုးဆက်သုံးဆက်
အပိုင်း ၀၆၂ ။ အိုဟောင်းသော အိမ်မက်
အပိုင်း ၀၆၃ ။ တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း
Black Pearl Team
အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း
အပိုင်း ၀၆၅ ။ ဘဝဟာ ပြဇာတ်တစ်ပုဒ်အလား
🔅Spring Dagu Promotion🔅
အပိုင်း ၀၆၆ ။ သံသယ
အပိုင်း ၀၆၇ ။ မြေး
အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ

သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်

2.7K 360 0
By CharmZoey

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၀၉ ။ သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်

ဇူလိုင်လတွင် Hမြို့၏အပူချိန်သည် 40 ဒီဂရီကို ကျော်လွန်နေခဲ့သည်။ မနက်အစောကြီးမှာတောင် နေသည် အလွန်တောက်ပလျက်ရှိပြီး အခန်းထဲ၌ အလွန်ပူလျက်ရှိသည်။ အိပ်ရန် ပြတင်းပေါက်ဖွင့်ထားခဲ့မယ်ဆိုရင် လေညှင်းလေးများ ၀င်လာနိုင်သော်လည်း မနက်လေးနာရီလောက်တွင် အောက်ထပ်မှ ပွဲတစ်ပွဲအတွက် စောင့်နေသည့် လူများ၏ ဆူညံသံများကိုလည်း ကြားနေရမည်။

ညသန်းခေါင်မှသာ အိပ်ပျော်သည့် တမောက်သည် မျက်လုံးပိတ်ထားလျက်ရှိပြီး ပြတင်းပေါက်ဖက်သို့ လက်မြှောက်၍ ခေါင်းအုံးကို လွှင့်ပစ်လိုက်သည်။ ထိုအခါမှသာ  တစ်၀က်ပွင့်နေသည့်အလိုအလျောက် တုံ့ပြန်သော ပြတင်းပေါက်သည် ပိတ်သွားခဲ့သည်။ တစ်ဖက်ကုတင်မှ ရှောင်ဖန်းသည်လည်း အိပ်ချင်မူးတူးဖြင့် " တကယ်လို့ ဒီဟာက အရမ်းဒုက္ခပေးမှန်းသာ ငါသိခဲ့မယ်ဆိုရင် ဒီနေရာကို ငါတို့မငှားခဲ့သင့်ဘူး " ဟု သည်းညူစွာ ပြောခဲ့သည်။

ထိုနေရာကို ငှားရမ်းခဲ့သည့် မူလဆုံးဖြတ်ချက်သည် အိပ်ဆောင်မှာ ရှုခင်းနေရာများနှင့် စီးပွားရေးလုပ်ငန်းဧရိယာနှင့် နီးသောကြောင့် ဖြစ်သည်။ လူရွေးပွဲများအတွက် အရွေးခံဖို့ စောင့်နေသည့် သူများ၏ နေရာသည် အောက်ထပ်တွင်ဖြစ်သည်။ သရုပ်ဆောင်ရွေးပွဲတစ်ခုရှာချင်သောအခါ သူတို့လုပ်ရမည့်အရာမှာ အောက်ထပ်သို့ဆင်းသွားရန်သာဖြစ်သည့်အတွက် အလွန်အဆင်ပြေသည်ဟု ထင်ရသည်။

သို့သော် တစ်ချို့ကိစ္စတွင် အဆင်‌ပြေမှုရှိသလို ပြဿနာလည်းရှိနေပြန်သည်။ လူနေထိုင်ရာ အဆောက်အဦးများသည် မနက်ဈေးနှင့် ညဈေးတန်းတို့နှင့် နီးသည့်အတွက် မင်းလိုအပ်သည့်အခါ သွား၀ယ်ခြင်း သို့မဟုတ် ဈေး၀ယ်ထွက်ခြင်းတို့အတွက် အလွန်အဆင်ပြေသော်လည်း တစ်ဖက်တွင်လည်း ထိုအရာသည် အလွန်ဆူညံလျက်ရှိသည်။

ထောင်မုသည်လည်း ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။ သူသည် မိုးခြိမ်းသံကြားရင်တောင်မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သူတစ်ဦးဖြစ်သည်။ သို့သော် ရှန်းမိသားစုဆီသို့ ပြန်သွားခဲ့ပြီးနောက်တွင် သူသည် အလွန်အထိမခံဖြစ်လာပြီး အာရုံကြောများအားနည်းသည် အထိဖြစ်ခဲ့သည်။ သေးငယ်သော လှုပ်ရှားမှုလေးတောင်မှ သူ့ကိုနိုးလာ‌အောင် ပြုလုပ်နိုင်ခဲ့သည်။ ရှန်းမိသားစုမှ နှင်ထုတ်ခြင်းခံရပြီးသည့်နောက်တွင် သူ၏ အိပ်စက်ခြင်းသည် ပို၍ဆိုးဝါးလာပြီး အိပ်မပျော်သောရောဂါနှင့်တောင် ဆင်တူလာသည်။ ပြန်လည်ရှင်သန်ပြီးသည့်နောက် ထောင်မုတွင် လွန်ခဲ့သောဘ၀မှ ဆယ်နှစ်ကျော်သည့် ပုံရိပ်များကို ပြန်လည်မှတ်မိလာရုံသာမက ထို ပြဿနာကိုပါ ယူဆောင်လာခဲ့သည်။

" မင်းအိပ်မပျော်ဘူးဆိုလည်း ထလိုက်တော့။ ဒီနေ့ အောက်ထပ်ကိုသွားပြီး လူရွေးပွဲသွားဖို့စောင့်နေရမလား? "   ထောင်မု သည် ဖိနပ်ကိုစီးပြီး ရေချိုးခန်းထဲသို့၀င်သွားခဲ့သည်။ ဆေးကြောသန့်စင်ပြီးနောက် သူသည် မီးဖိုချောင်သို့ ၀င်သွားခဲ့ပြီး ရေခဲသေတ္တာထဲမှ ကြက်ဥအချို့ယူ၍ နွားနို့ဗူးကို ကောင်တာပေါ်သို့ တင်လိုက်သည်။

တမောက်သည် သူ၏ မျက်လုံးပိတ်၍ ပြန်အိပ်ရန် ကြိုးစားခဲ့သည်။ အပြင်ဖက်မှ အသံများ ဆူညံနေသည့်အတွက် အရမ်းစိတ်ညစ်စရာကောင်းခဲ့သည်။ သူအိပ်ဖို့ကြိုးစားလေ ပိုပြီး အိပ်မရဖြစ်လေ ဖြစ်ခဲ့သည်။ ထို့ကြောင့်သူသည် စိတ်တိုစွာနှင့် ထထိုင်လိုက်ပြီး " ငါတို့က လူရွေးပွဲကို ဘာလို့စောင့်နေရမှာလဲ။ တိမ်စိုင်ခရမ်းပြာမှာ ငါတို့က အရံသရုပ်ဆောင်အဖြစ် ရှိသေးတာပဲ။ ဖက်တီးလျှို့တောင်မှ ငါတို့ကို အဝေးမလွှတ်ရဲပဲနဲ့များ။ တကယ်လို့ အဝေးလွှတ်ခဲ့မယ်ဆိုရင် ငါသေချာပေါက်သူ့ကို လွှတ်ထားမှာမဟုတ်ဖူး "

ထောင်မုသည် နွားနို့အိုးထဲသို့ နွားနို့ကို ထည့်လိုက်ပြီး မီးဖွင့်လိုက်သည်။ " တိမ်စိုင်ခရမ်းပြာမှာ အလုပ်မလုပ်ချင်တော့ဘူးဆိုတာကို မင်းကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဖူးလား ? "

" ငါတို့က အဲ့ဒီက အမှုဆောင်တွေကို ဒေါသထွက်ခဲ့ရုံပါ။ ‌ရင်းနှီးမြုပ်နှံသူတွေကို စိတ်ကျေနပ်စေဖို့ သူတို့ကမင်းကို အပြစ်ယူဖို့ တွန်းအားပေးခဲ့ကြတာမလား။ ဒါပေမယ့် မင်းက ထွက်သွားမှာမဟုတ်ဘူး။ ငါတို့နှစ်ယောက် ထွက်သွားမယ်ဆိုရင် မင်းတစ်ယောက်တည်း ကျန်တော့မှာလေ။ ငါတို့က ဘယ်လိုလုပ် အာ့လိုအဖြစ်ခံနိုင်မှာလဲ! " အိပ်ရာပေါ်တွင် တင်ပျဉ်ခွေကာ အားကြိုးမာန်တက်နှင့်ပြောခဲ့သည်။ " ငါတို့သုံးယောက် တူတူရှိရမယ်။ ၀င်သည်ဖြစ်စေ ထွက်သည်ဖြစ်စေ ဒါမှမဟုတ် ရှေ့တိုးသည်ဖြစ်စေ နောက်ဆုတ်သည်ဖြစ်စေ  တူတူလုပ်ကြမယ် "

" ဒါက ရင်းနှီးမြုပ်နှံသူပဲ မဟုတ်လား! "

တမောက်သည် ထိုသို့ကြားသောအခါ အလွန်စိတ်တိုသွားပြီး  ထောင်မု၏နောက်ကို ခွေးကြီးတစ်ကောင်ကဲ့သို့ လိုက်သွားခဲ့သည်။ သူသည် စိတ်ရှုပ်စွာဖြင့် " ညီလေးမု ငါတကယ်ကို အလေးနက်ထားပြီးပြောမယ်။ ဘယ်လိုလဲ အလုပ်သမားကို ငါတို့ဘာသာ ရှာကြမယ်လေ။ မင်းဘယ်လိုဇာတ်လမ်းကို ကြိုက်လဲဟင်။ ငါ့အဖေကို ဖုန်းဆက်ပြီး အာ့တာကို ရင်းနှီးမြုပ်နှံခိုင်းလိုက်မယ်။ မင်းကို နံပါတ်တစ် ခေါင်းဆောင်အဖြစ်ထားပြီး ငါနဲ့ ရှောင်ဖန်းတို့က နံပါတ်နှစ်နဲ့ သုံး လုပ်ကြမယ်လေ။ ပြီးရင် ရုပ်ရှင်ကျောင်းကို သွားပြီး လှပတဲ့မိန်းကလေးအချို့ကို သွားရှာကြမယ်။ နောက်တစ်ခါ အဖက်ဖက်က ထပ်ပြီးမီးကျည်နဲ့ပစ်လာရင်တောင် ငါတို့ကိုယ်တိုင် ရုပ်ရှင်ရိုက်ပြီး ပိုက်ဆံရှာကြမယ်"

" မီးကျည်နဲ့ပစ်ခံမယ် " ထောင်မုသည် ရယ်မောလိုက်ပြီး " မီးကျည်နဲ့ ပစ်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သိလို့လား ဒါမှမဟုတ် မင်းကလျှောက်ပြောနေတာမလား? " ( TN မီးကျည်နှင့်ပစ်ခံရခြင်း = ယောကျာ်းသည် သူ၏ မိခင်နှင့် ဇနီး ရန်ဖြစ်ရာတွင် နှစ်ဖက်စလုံးမှ တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းကို ဖော်ပြခြင်း )

တမောက်သည် အဖြေရသွားသလို ခံစားလိုက်ရသည်။ ထောင်မုသည် တမောက်၏ ခေါင်းကို ပုတ်ပြီး တွန်းလိုက်ကာ " အာ့လိုကလေးဆန်တဲ့ အတွေးတွေ မတွေးစမ်းနဲ့။ မင်းအမြင်မှာ ရုပ်ရှင်ရိုက်ရတာ လွယ်ကူနေတယ်လို့ ထင်နေပုံပဲ။ တကယ်လို့ ဒီရုပ်ရှင်လောကထဲကို အဆက်အသွယ်မရှိပဲနဲ့ ၀ရုန်းသုန်းကား ၀င်လိုက်မယ်ဆိုရင် မင်းဒေဝါလီခံရပြီး တိုက်ပေါ်ကနေ ခုန်ချသွားရလိမ့်မယ် သိလား။
အန်ကယ့်ဖက်ကလည်း ငွေထုတ်ပေးရတာ လွယ်မှာ မဟုတ်ဘူး။ ဒါကြောင့် အဲ့ဒါနဲ့ပတ်သတ်ပြီး အချိန်ကုန်ခံတွေးမနေနဲ့။ စိတ်မပူပါနဲ့ ဒီရုပ်ရှင်‌ လောကမှာ ငါနဲ့စည်းစနစ်တူညီတဲ့ လူတွေကို စုဆောင်းပြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီကို သေချာပေါက်ရအောင် တည်ထောင်မယ်။ အဲ့ဒီချိန်ကျရင်တော့ တကယ်လို့ မင်း ဇာတ်လိုက်လုပ်ချင်ရင် ဇာတ်လိုက်လုပ် ဒါမှမဟုတ် မင်းသမီးရွေးချင်ရင်လည်း မင်းသမီးရွေးပေါ့ "

တမောက်သည် သူ၏ခေါင်းကို ကိုင်လိုက်ပြီး " ညီလေးမု မင်းငါ့ခေါင်းကို အမြဲတမ်း ကိုင်မနေနဲ့လေ။ မင်းက ငါ့ထက် ခေါင်းတစ်လုံးနိမ့်တယ်လေ။ အဲ့လို ထိတာက သင့်တော်တယ်လို့ ထင်လို့လား။ မင်းမကြားဖူးဖူးလား ယောကျာ်းတစ်ဦးရဲ့ ခေါင်းနဲ့ မိန်းမတစ်ဦးရဲ့ ခါးကို လွယ်လင့်တကူမထိရဖူးဆိုတာ "

ထောင်မု အနည်းငယ်ရယ်မောလိုက်ပြီး သူတို့ကို မီးဖိုချောင်အပြင်ဖက်သို့ မောင်းထုတ်လိုက်တော့သည်။ အပြင်ဖက် စားပွဲတွင် ထိုင်နေသည့်  တမောက်သည် သူတို့အတွက် ကြက်ဥကြော်နေသည့် ထောင်မုအား စိုက်ကြည့်လျက်ရှိသည်။ ခဏကြာပြီးနောက် သူသည် နောက်တစ်ကြိမ် ကံမကောင်းတော့ပေ။ သူခိုးလို ခိုးကြောင်ခိုးဝှက် ပုံစံဖြင့် " ညီလေးမု တစ်ခုခုဖြစ်ခဲ့လို့လား? ဒီနေ့ကျမှ ဘာလို့ရုတ်တရပ်ကြီး မနက်စာလုပ်ဖို့ စဉ်းစားမိတာလဲ?"  အမြဲတမ်း သူတို့သည် ဖြစ်သလိုစားလေ့ရှိကြပြီး ထောင်မု စိတ်ကြည်နေသည့်အခါတွင် သူတို့အတွက် ခေါက်ဆွဲ တစ်ပွဲ ပြုတ်ပေး‌လေ့ရှိသည်။

ထောင်မုသည် သူ့အား ဂရုမပြုပဲ ကြက်ဥတစ်လုံးယူလိုက်ပြီး ကြက်ဥအား ဒယ်အိုး၏အစွန်းနှင့် ထိခတ်လိုက်ပြီး ကွဲစေလိုက်သည်။

ရှောင်ဖန်းသည် သူ၏ သွားတိုက်တံနှင့် ရေဆေးခွက်ကိုကိုင်ပြီး ပြတင်းပေါက်နားတွင် မတ်တပ်ရပ်လျက် အောက်ထပ်မှလူများကို ကြည့်နေခဲ့ပြီး ပါးစပ်ထဲတွင် သွားတိုက်တံထည့်ထားရင်း ပြောသည်။ " ဒီမှာ အသစ်ရောက်လာတဲ့လူတေများကြီးပဲ။ ပြောကြည့်ပါအုံး၊ ဒီလူတွေ ညလယ်ကတည်းက လာပြီး တစ်နေ့လုံး စောင့်နေကြတာ တချို့က ဒီကို အတွေ့အကြုံယူဖို့ လာကြတာကတော့ အရမ်းထူးဆန်းလွန်းသွားပြီ။ ဒါပေမယ့် အာ့လို အဖွဲလိုက်သရုပ်ဆောင်ရတဲ့ လူတွေက လစဉ်လတိုင်း ပိုက်ဆံနည်းနည်းပဲရတယ်။ ဒီလိုတွေဖြစ်နေတာကို သူတို့ဘာလို့ဆက်‌လုပ်နေကြတာပါလိမ့်? "

တမောက်သည် ခပ်ရွဲ့ရွဲ့ ရယ်လိုက်ပြီး " သူတို့ဘာအတွက် လုပ်နိုင်မှာလဲ သေချာပေါက် သူတို့ရဲ့ အိမ်မက်တွေကြောင့်ပေါ့! "

ရှောင်ဖန်းသည် နှမြောတသပုံစံဖြင့်သူ၏ ခေါင်းလှည့်လာပြီး အတင်းအဖျင်းစကား စပြောသည်။ " " အာ... မင်းကြားခဲ့ပြီလား? ငါတို့အဖွဲ့ထဲကပဲလေ။ အမျိုးသမီးဇာတ်ဆောင်ရဲ့ အိမ်အကူအဖြစ် သရုပ်ဆောင်တဲ့ ကောင်မလေးက ဖက်တီးလျှို့နဲ့ အိပ်ခဲ့ပြီး ဖက်တီးလျှို့က သူမအတွက် ဇာတ်၀င်ခန်း ထပ်ထည့်ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်တဲ့။ အဲဒါဆို ခုနက မင်းပြောခဲ့သလို သူမရဲ့ အိမ်မက်အတွက်သူမခန္ဓာကိုယ်ကို စွန့်လွှတ်အနစ်နာခံခဲ့တယ်လို့ ပြောလို့ရမလား? "

တမောက်သည် ထိုသို့ကြားသည့်အခါ လှည့်လာပြီး " အရပ်ရှည်ရှည်နဲ့ အသားဖြူတဲ့ ကောင်မလေးလား? သူမကြည့်ရတာ အခုမှ H စတူဒီယိုကို ရောက်လာခဲ့ဖူးပုံပဲ၊ ဟုတ်လား? "

" ငါကြားတာကတော့ သူမဒီရောက်တာ သုံးလတောင်မပြည့်သေးဖူးတဲ့! " ရှောင်ဖန်းသည် ခေါင်းရမ်းပြီး သက်ပြင်းတစ်ချက်ချလျက် " အဲ့ဒါကအရမ်းမြန်လွန်းတယ် "

" အဲ့ဒါက လူအများနဲ့သရုပ်ဆောင်ရမှာပဲလေ။ အခန်းအနည်းအငယ် ထပ်ထည့်မယ်ဆိုရင်တောင်မှ စာကြောင်းဘယ်လောက်များနိုင်မှာမို့လို့လဲ!  ဒီစာ‌ကြောင်းနည်းနည်းလေးအတွက်နဲ့ အဲဒါကတန်လို့လား? "  တမောက် အံ့ဩခဲ့ရသည်။ ရှောင်ဖန်းသည်လည်း သူ၏ရင်ထဲမှာ ပြင်းထန်စွာ ခံစားလိုက်ရသည်။ သူတို့နှစ်ယောက် ထိုနေရာတွင် ထိုင်ပြီး ရေရွတ်လိုက်ကြသည်။ မကြာခင်တွင် အဖွဲ့ထဲရှိသူများ၏ အတင်းအဖျင်းပြောခြင်း‌ ခေါင်းစဉ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ကောလိပ်၀င်ခွင့်စာမေးပွဲ ဖြေဆိုပြီးနောက် သူတို့သုံးယောက် H စတူဒီယိုမြို့သို့ ရောက်ရှိလာခဲ့သည်။ ထောင်မု ထိုနေရာသို့ရောက်ပြီး မကြာခင်မှာပဲ သူသည် တိမ်စိုင်ခရမ်းပြာ၏ အဓိကဇာတ်ဆောင်အတွက် ကိုယ်ခံပညာပိုင်းကို လက်မှတ်ရေးထိုးခဲ့သည်။ တမောက်နှင့်  ရှောင်ဖန်းတို့အတွက်မူ တစ်ယောက်မှာ ပိုင်ဆိုင်မှုကြွယ်၀သည့် မိသားစုကို ပိုင်ဆိုင်ထားပြီး ကျန်တစ်ယောက်သည် အတွေ့အကြုံရရန်သာ ထိုနေရာသို့လာခဲ့ခြင်းဖြစ်သည်။ H စတူဒီယိုမြို့သို့ လာရသည့် အဓိက ရည်ရွယ်ချက်မှာ ထောင်မုနှင့်တူတူ ပျော်ရွှင်စရာကောင်းသော အရာများပြုလုပ်ရန်ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ရက်ပိုင်းအချို့တွင်အုပ်စုလိုက် သရုပ်ဆောင်ရသည့် အဖွဲ့များထဲမှ အသိမိတ်ဆွေတစ်ချို့ရရှိခဲ့ပြီး ထိုသူတို့၏ အဓိကအဖွဲ့သားများထံသို့သွား‌ရောက်၍ အတင်းအဖျင်းပြောသည့် အလေ့အကျင့်ကို လက်ခံရရှိခဲ့သည်။ ထိုသူတို့၏ ဤအလေ့အကျင့်အသစ်သည် ဖောက်ထွက်ပျောက်ကွယ်သွားမည့် လက္ခဏာလုံး၀မပြပဲ ထိုအစား ပို၍ပို၍ အားကောင်းလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ရက်အနည်းငယ်ကြာပြီးနောက်  ထောင်မုသည် တချို့နာမည်ကြီးကြယ်ပွင့်များနှင့် သေးငယ်သောသရုပ်ဆောင်တို့၏ အတင်းအဖျင်းတော်တော်များများကိုကြားသိခဲ့ရသည်။ တချို့မှာဘယ်သူသည် ဘယ်တစ်ယောက်နှင့် ချစ်နေကြပြီ ဘယ်သူသည် ဒါရိုက်တာ၏ အခန်းတံခါးကို ညသန်းခေါင်ချိန်တွင် သွားခေါက်ခဲ့ပြီး တစ်ညလုံးပြန်မလာခဲ့ပေ၊ စသည့် အကြောင်းအရာများဖြစ်သည်။ တချို့ကိစ္စများသည် လူပြောသူပြောဖြစ်ပြီး တချို့မှာလည်း မှန်ပေသည်။  ထောင်မုသည် နှစ်ယောက်သား အတင်း‌ပြောနေသည်ကို နှစ်ခြိုက်စွာ နားထောင်ပြီး ကြက်ဥနှစ်လုံးကို ယူ၍ " မင်းက အတင်းအဖျင်းပြောရတာကို တော်တော်ကြိုက်တာပဲ ဖရဲသီးစားသူ  Big Vလို ဖြစ်ချင်တာလား? "

မနက်စာစားဖို့ စားပွဲတွင်ထိုင်ပြီးစောင့်နေသည့် နှစ်ယောက်သည် လက်များထောင်၍ မီးဖိုချောင်ထဲ၌ လက်တစ်ဖက်ဖြင့် ကြက်ဥခွဲနေသည့် ထောင်မု အားကြည့်ပြီး " ဖရဲသီးစားသူ Big V ဆိုတာက ဘာကိုပြောတာလဲ ? "ဟုမေးခဲ့သည်။

အချိန်သည် မနက်ခြောက်နာရီကျော်ကျော်သာရှိပြီး နွေးထွေးလှသော နေရောင်ခြည်သည် မှန်ပြတင်းပေါက်ကို ဖြတ်ကျော်ပြီး ထောင်မု၏ ဘေးပတ်ပတ်လည်တွင် ပုံသဏ္ဍာန်များ ပေါ်လျက်ရှိသည်။  ထောင်မု ဒယ်အိုးကို အထက်အောက် လှည့်လိုက်ပြိး ကြက်ဥပြုတ်ကို ဒယ်အိုးထဲသို့ ထည့်လိုက်သည်။ ထောင်မုသည် ပန်းကန်ပြးထဲသို့ မထည့်ခင်ထိ အကုန်ကျက်အောင် ကြော်ခဲ့သည်။

" အဲဒါက Weibo မှ, စစ်မှန်ကြောင်း အထောက်အထားပြပြီးတဲ့ ဖျော်ဖြေရေး Big Vပဲဖြစ်တယ် "  ထောင်မုသည် အကျိုးအကြောင်း ပြောပြ၍ ခါးစည်းအ၀တ်ကိုချွတ်ပြီးနောက် " နွားနို့က နွေးနေပြီ ‌စားကြတော့ "

တမောက်နှင့် ရှောင်ဖန်းတို့သည် ချက်ချင်းထကာ နွားနို့ကိုယူပြီး ပန်းကန်ထဲသို့ လောင်းထည့်လိုက်သည်။ သူတို့သည် ချော့မော့သောအပြုံးဖြင့် " အဲဒါဆို ဖျော်ဖြေရေး Big V ကို အတိအကျ ဘယ်လိုပြောလို့ရလဲ? "

ထောင်မုသည် အိုးဆေးပြီးနောက် TV ကိုဖွင့်ကြည့်လိုက်သည်။ သူသည် ချက်ချင်းပင် စီးပွားရေးချန်နယ်သို့ပြောင်းလိုက်သည်။ အခုတင်ဆက်နေသည့် သတင်းမှာ နိုင်ငံတကာရေနံဈေးသည် ယွမ်သန်း ၁၄၀ ကျော်လွန်သွားပြီဆိုသည့် အကြောင်းဖြစ်သည်။ အတွေ့အကြုံရှိသည့် ထောင်မုသည် ရေနံဈေးသည် ရက်ပိုင်းအတွင်း တစ်စည်လျှင် 148 ဒဿမ 35သန်းထိ တိုးမြှင့်လာနိုင်သည်ကို သိရှိထားသည်။ သို့သော် 2008ခုနှစ်၏ ဒုတိယနှစ်၀က်တွင် စတင်ပြီး ကျဆင်းလာသည်မှာ ဒီဇင်ဘာလအဆုံးတွင် တစ်စည်လျှင် ယွမ် 32.4 သန်းအထိ အနိမ့်ဆုံးကျဆင်းခဲ့ပြီး 75% အထိကျဆင်းခဲ့သည်။

အကယ်၍ ဒီအချိန်တွင် နိုင်ငံတကာရေနံ အနာဂတ်ဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန် သူ့လက်ထဲတွင် ပိုက်ဆံအမြောက်အများရှိပြီး ကောင်းမွန်စွာ လည်ပတ်နေမယ်ဆိုရင် တစ်နှစ်ခွဲအတွင်း သူသည် အနည်းဆုံး အမြတ်အဆတစ်ရာ ရမည်ဖြစ်သည်။

ကံမကောင်းစွာပင် သူ၏ပိုက်ဆံအိတ်လေးမှာ သနားစရာကောင်းလောက်အောင် ပြားချပ်နေခဲ့သည်။ ဘဏ်ကဒ်ထဲတွင်ကျန်သည့် ပိုက်ဆံမှာလည်း အလွန်နည်းပါးနေသဖြင့် ထောင်မု အားကူညီဖို့ မဖြစ်နိုင်ခဲ့ပေ။

သူသည် သန်း100တောင်မှ လက်လွှတ်ပေးလိုက်ရသည့်ပုံနှယ် ခံစားလိုက်ရသည်။

တမောက်နှင့် ရှောင်ဖန်းတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး " ညီလေးမု မင်းဘာလို့ရုတ်တရပ်ကြီး စီးပွားရေးဈေးကွက်ကို ‌စိတ်၀င်စားသွားရတာလဲ ?" သူတို့နှစ်ယောက်သည် ထောင်မု၏ ဝါသနာအသစ်တွေနှင့် နေသားကျနေပြီဖြစ်သည်။ သို့သော် ဖက်ရှင်၊ ဂီတ၊ သရုပ်ဆောင်နှင့်  တခြားစိတ်၀င်စားမှုများမှ အခြေခံအားဖြင့် မြင့်မားသည့်ဉာဏ်ရည်မှသာ အဆင်ပြေသည့် စီးပွားရေးဈေးကွက်ကို ရုတ်တရပ်စိတ်၀င်စားသွားပုံသည် နည်းနည်းတော့ ကြီးကြီးကျယ်ကျယ်နိုင်ပုံပေါက်နေသလားပင်?

ထောင်မု၏ ဝါသနာသည် အမြဲကျယ်ပြန့်လျက်ရှိခြင်းကို ထည့်သွင်းစဉ်းစားလိုက်သည့်အတွက် တမောက်နှင့် ရှောင်ဖန်းတို့အတွက် အံ့ဩစရာမလိုတော့ပေ။ ထောင်မု၏ခြေလှမ်းသည် အရမ်းကြီးပြီး သူ့ကိုယ်သူ တင်းကျပ်သွားမှာကို စိုးရိမ်မိသည်။ အဘယ့်ကြောင့်ဆိုသော် ငွေကြေးဈေးကွက်သည် မည်သူမဆို ၀င်ရောက် ကစားလို့ရသည့် အရာမဟုတ်သောကြောင့် ဖြစ်သည်။ ကျောက်မီးသွေးသူဌေး၏ စကားအရ စတော့ဈေးကွက်သည် အလွန်နက်ရှိုင်းပြီး ပြည်တွင်း စတော့ဈေးကွက်သည် ပို၍နက်နဲသည်။ ဘဏ်လုပ်ငန်းရှင်များသည် တခြားသူများ၏ကဒ်ကို ဆော့ကစားရသည်ကို အလွန်နှစ်သက်သည်။ အခြေခံအားဖြင့် သေးငယ်သော ရင်းနှီးမြုပ်နှံသူများသည် ငါးမန်းကြီးများ၏စားသောက်ခြင်းခံရဖို့အတွက် ပစ်မှတ်များပင်ဖြစ်သည်။

" မင်းမှာ ပိုက်ဆံရှိတယ်ဆိုရင် ဒီနေရာမှာ မသုံးပစ်လိုက်နဲ့! ငါ့အဖေကပြောတယ် အခုလက်ရှိစတော့ဈေးကွက်က မငြိမ်ဖူးတဲ့။ ပြီးတော့ မင်းတစ်ချက်‌လောက် သတိလက်လွတ်ဖြစ်သွားမယ်ဆိုရင် မင်းလုံး၀ဒေဝါလီခံသွားရနိုင်တယ် "

" စိတ်မပူပါနဲ့။ ငါရလဒ်ကို သိပါတယ်" ထောင်မုသည်  မျက်မှောင်ကြုတ်လျက် သူတို့အား တိုက်တွန်းခဲ့သည်။ " မြန်မြန်လုပ်၊ ငါမနက်မှာ ရိုက်ကူးရေးရှိ‌သေးတယ်။ ပြီးတော့ စားပြီးရင် အဖွဲ့သားတွေဆီသွားရအုံးမှာ "

" အိုး! " တမောက်နှင့်  ရှောင်ဖန်းတို့သည် သူတို့၏ ပန်းကန်လုံးကို အမြန်ယူလိုက်ပြီး နွားနို့ကို အမြန်သောက်ချလိုက်သည်။ သူတို့သည် အရှုံးမပေးကြသေးပဲ " အဲ့ဒီ ဖျော်ဖြေရေး Big V...... "

သိချင်စိတ်သည် အလွန်ပြင်းပြလျက်ရှိသည်။ ထောင်မုသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး အကျိုးအကြောင်းရှင်းပြလိုက်သည်။

ထောင်မုသည် အရင်ဘ၀မှ သူ၏ ကြုံတွေ့ခဲ့ရပုံများကို ရှင်းလင်းစွာမှတ်မိနေခဲ့သည်။ သို့သော်လည်း သူ့ကို အံ့အားသင့်စေရဆုံးမှာ နှစ်အနည်းငယ်အတွင်း အင်တာနက်၏ ဖွံ့ဖြိုးတိုးတက်မှုနုန်းပင် ဖြစ်သည်။ 2008ခုနှစ်တွင် နေထိုင်သည့် တရုတ်လူမျိုးများသည် နောင်ဆယ်နှစ်တွင် အင်တာနက်အား မှီခိုနေရမည့် တရုတ်လူမျိုးများပုံကို စိတ်ကူးကြည့်ရန်မှာ အလွန်ခက်ခဲလှသည်။ ဖျော်ဖြေရေးနယ်ပယ်နှင့် အမျိုးသားရေး ဘ၀အပြင် စက်မှုလုပ်ငန်း နယ်ပယ်အသီးသီးတွင် အင်တာနက်၏ အကျိုးသက်ရောက်မှုကို စိတ်ကူးကြည့်ရန်မှာ ပို၍ပင် ခက်ခဲပါသည်။

အင်တာနက်ပေါ်တွင် မရေတွက်နိုင်သော fanများနှင့် Anti fanများ၏ တိုက်ပွဲများ၊ ဖရဲသီးစားသူများ၏ တိုက်ပွဲများနှင့် တရုတ်ပြည်၏ အင်တာနက်တိုးတက်မှုကို စတင်သည်မှစပြီးတိုးတက်နေသည်အထိ မျက်မြင်တွေ့ခဲ့ရသော ပြန်လာမွေးဖွားလာသည့် ထောင်မုသည် ဖရဲသီးစိုက်ပျိုးသူ သို့မဟုတ် အကြီးစားဖရဲသီးစားသူဟုတောင် ခေါ်ဆိုလို့ရသည်။ အထူးသဖြင့် အင်တာနက် စတင်ပေါ်ပေါက်လာသည့် 2008 ခုနှစ်တွင် နောင် 10နှစ်၌ သူ၏ဖွံဖြိုးတိုးတက်လာမှုနှုန်းကို ဒီကမ္ဘာတွင်  ထောင်မုမှလွဲ၍ မည်သူမှ သိနိုင်မည်မဟုတ်ချေ။

ပြန်လည်ရှင်သန်လာသည့် ဘ၀တွင် ထောင်မုသည် အခွင့်အရေးများကို ဆုတ်ကိုင်နိုင်လိမ့်မည်ဆိုသည့် ခံစားချက်မျိုး ရရှိခဲ့သည်။ စိတ်အားထက်သန်နေသည့် သူ၏ သူငယ်ချင်းနှစ်ယောက်ကို ကြည့်ပြီး ထောင်မုသည် သူ၏နယ်ပယ်ကို အနည်းငယ် ပို၍ဖွင့်ဟသင့်ပြီး ပို၍ တက်တက်ကြွကြွ နေသင့်သည်ဟု တွေးတောခဲ့သည်။ သေးငယ်သော ထောင့်တစ်နေရာတွင်သာရှိသည့် ဖျော်ဖြေရေးလောကတွင်ပဲ သူ၏အမြင်များကို ကန့်သတ်မထားနိုင်ပေ။

စိတ်အားထက်သန်စွာ နားထောင်နေကြသည့် တမောက် နှင့် ရှောင်ဖန်း တို့သည် စကားပြောရင်းရုတ်တရပ် ရပ်သွားသော ထောင်မု အားကြည့်ပြီး " ဘာဖြစ်လို့လဲ ဆက်ပြောလေ ~"

***

[Zawgyi]
ျပန္လည္ေမြးဖြားလာေသာ အေျမႇာက္စာဇာတ္ေကာင္ေလး
အပိုင္း ၀၀၉ ။ သန္း၁၀၀ကို လက္လႊတ္လိုက္ရတယ္

ဇူလိုင္လတြင္ Hၿမိဳ႕၏အပူခ်ိန္သည္ 40 ဒီဂရီကို ေက်ာ္လြန္ေနခဲ့သည္။ မနက္အေစာႀကီးမွာေတာင္ ေနသည္ အလြန္ေတာက္ပလ်က္ရွိၿပီး အခန္းထဲ၌ အလြန္ပူလ်က္ရွိသည္။ အိပ္ရန္ ျပတင္းေပါက္ဖြင့္ထားခဲ့မယ္ဆိုရင္ ေလညႇင္းေလးမ်ား ၀င္လာႏိုင္ေသာ္လည္း မနက္ေလးနာရီေလာက္တြင္ ေအာက္ထပ္မွ ပြဲတစ္ပြဲအတြက္ ေစာင့္ေနသည့္ လူမ်ား၏ ဆူညံသံမ်ားကိုလည္း ၾကားေနရမည္။

ညသန္းေခါင္မွသာ အိပ္ေပ်ာ္သည့္ တေမာက္သည္ မ်က္လုံးပိတ္ထားလ်က္ရွိၿပီး ျပတင္းေပါက္ဖက္သို႔ လက္ေျမႇာက္၍ ေခါင္းအုံးကို လႊင့္ပစ္လိုက္သည္။ ထိုအခါမွသာ  တစ္၀က္ပြင့္ေနသည့္အလိုအေလ်ာက္ တုံ႔ျပန္ေသာ ျပတင္းေပါက္သည္ ပိတ္သြားခဲ့သည္။ တစ္ဖက္ကုတင္မွ ေရွာင္ဖန္းသည္လည္း အိပ္ခ်င္မူးတူးျဖင့္ " တကယ္လို႔ ဒီဟာက အရမ္းဒုကၡေပးမွန္းသာ ငါသိခဲ့မယ္ဆိုရင္ ဒီေနရာကို ငါတို႔မငွားခဲ့သင့္ဘူး " ဟု သည္းညဴစြာ ေျပာခဲ့သည္။

ထိုေနရာကို ငွားရမ္းခဲ့သည့္ မူလဆုံးျဖတ္ခ်က္သည္ အိပ္ေဆာင္မွာ ရႈခင္းေနရာမ်ားႏွင့္ စီးပြားေရးလုပ္ငန္းဧရိယာႏွင့္ နီးေသာေၾကာင့္ ျဖစ္သည္။ လူေ႐ြးပြဲမ်ားအတြက္ အေ႐ြးခံဖို႔ ေစာင့္ေနသည့္ သူမ်ား၏ ေနရာသည္ ေအာက္ထပ္တြင္ျဖစ္သည္။ သ႐ုပ္ေဆာင္ေ႐ြးပြဲတစ္ခုရွာခ်င္ေသာအခါ သူတို႔လုပ္ရမည့္အရာမွာ ေအာက္ထပ္သို႔ဆင္းသြားရန္သာျဖစ္သည့္အတြက္ အလြန္အဆင္ေျပသည္ဟု ထင္ရသည္။

သို႔ေသာ္ တစ္ခ်ိဳ႕ကိစၥတြင္ အဆင္‌ေျပမႈရွိသလို ျပႆနာလည္းရွိေနျပန္သည္။ လူေနထိုင္ရာ အေဆာက္အဦးမ်ားသည္ မနက္ေဈးႏွင့္ ညေဈးတန္းတို႔ႏွင့္ နီးသည့္အတြက္ မင္းလိုအပ္သည့္အခါ သြား၀ယ္ျခင္း သို႔မဟုတ္ ေဈး၀ယ္ထြက္ျခင္းတို႔အတြက္ အလြန္အဆင္ေျပေသာ္လည္း တစ္ဖက္တြင္လည္း ထိုအရာသည္ အလြန္ဆူညံလ်က္ရွိသည္။

ေထာင္မုသည္လည္း ကုတင္ေပၚမွ ဆင္းလာခဲ့သည္။ သူသည္ မိုးၿခိမ္းသံၾကားရင္ေတာင္မွ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သူတစ္ဦးျဖစ္သည္။ သို႔ေသာ္ ရွန္းမိသားစုဆီသို႔ ျပန္သြားခဲ့ၿပီးေနာက္တြင္ သူသည္ အလြန္အထိမခံျဖစ္လာၿပီး အာ႐ုံေၾကာမ်ားအားနည္းသည္ အထိျဖစ္ခဲ့သည္။ ေသးငယ္ေသာ လႈပ္ရွားမႈေလးေတာင္မွ သူ႔ကိုႏိုးလာ‌ေအာင္ ျပဳလုပ္ႏိုင္ခဲ့သည္။ ရွန္းမိသားစုမွ ႏွင္ထုတ္ျခင္းခံရၿပီးသည့္ေနာက္တြင္ သူ၏ အိပ္စက္ျခင္းသည္ ပို၍ဆိုးဝါးလာၿပီး အိပ္မေပ်ာ္ေသာေရာဂါႏွင့္ေတာင္ ဆင္တူလာသည္။ ျပန္လည္ရွင္သန္ၿပီးသည့္ေနာက္ ေထာင္မုတြင္ လြန္ခဲ့ေသာဘ၀မွ ဆယ္ႏွစ္ေက်ာ္သည့္ ပုံရိပ္မ်ားကို ျပန္လည္မွတ္မိလာ႐ုံသာမက ထို ျပႆနာကိုပါ ယူေဆာင္လာခဲ့သည္။

" မင္းအိပ္မေပ်ာ္ဘူးဆိုလည္း ထလိုက္ေတာ့။ ဒီေန႔ ေအာက္ထပ္ကိုသြားၿပီး လူေ႐ြးပြဲသြားဖို႔ေစာင့္ေနရမလား? "   ေထာင္မု သည္ ဖိနပ္ကိုစီးၿပီး ေရခ်ိဳးခန္းထဲသို႔၀င္သြားခဲ့သည္။ ေဆးေၾကာသန႔္စင္ၿပီးေနာက္ သူသည္ မီးဖိုေခ်ာင္သို႔ ၀င္သြားခဲ့ၿပီး ေရခဲေသတၱာထဲမွ ၾကက္ဥအခ်ိဳ႕ယူ၍ ႏြားႏို႔ဗူးကို ေကာင္တာေပၚသို႔ တင္လိုက္သည္။

တေမာက္သည္ သူ၏ မ်က္လုံးပိတ္၍ ျပန္အိပ္ရန္ ႀကိဳးစားခဲ့သည္။ အျပင္ဖက္မွ အသံမ်ား ဆူညံေနသည့္အတြက္ အရမ္းစိတ္ညစ္စရာေကာင္းခဲ့သည္။ သူအိပ္ဖို႔ႀကိဳးစားေလ ပိုၿပီး အိပ္မရျဖစ္ေလ ျဖစ္ခဲ့သည္။ ထို႔ေၾကာင့္သူသည္ စိတ္တိုစြာႏွင့္ ထထိုင္လိုက္ၿပီး " ငါတို႔က လူေ႐ြးပြဲကို ဘာလို႔ေစာင့္ေနရမွာလဲ။ တိမ္စိုင္ခရမ္းျပာမွာ ငါတို႔က အရံသ႐ုပ္ေဆာင္အျဖစ္ ရွိေသးတာပဲ။ ဖက္တီးလွ်ိဳ႕ေတာင္မွ ငါတို႔ကို အေဝးမလႊတ္ရဲပဲနဲ႔မ်ား။ တကယ္လို႔ အေဝးလႊတ္ခဲ့မယ္ဆိုရင္ ငါေသခ်ာေပါက္သူ႔ကို လႊတ္ထားမွာမဟုတ္ဖူး "

ေထာင္မုသည္ ႏြားႏို႔အိုးထဲသို႔ ႏြားႏို႔ကို ထည့္လိုက္ၿပီး မီးဖြင့္လိုက္သည္။ " တိမ္စိုင္ခရမ္းျပာမွာ အလုပ္မလုပ္ခ်င္ေတာ့ဘူးဆိုတာကို မင္းကိုယ္တိုင္ပဲ ေျပာခဲ့တာ မဟုတ္ဖူးလား ? "

" ငါတို႔က အဲ့ဒီက အမႈေဆာင္ေတြကို ေဒါသထြက္ခဲ့႐ုံပါ။ ‌ရင္းႏွီးျမဳပ္ႏွံသူေတြကို စိတ္ေက်နပ္ေစဖို႔ သူတို႔ကမင္းကို အျပစ္ယူဖို႔ တြန္းအားေပးခဲ့ၾကတာမလား။ ဒါေပမယ့္ မင္းက ထြက္သြားမွာမဟုတ္ဘူး။ ငါတို႔ႏွစ္ေယာက္ ထြက္သြားမယ္ဆိုရင္ မင္းတစ္ေယာက္တည္း က်န္ေတာ့မွာေလ။ ငါတို႔က ဘယ္လိုလုပ္ အာ့လိုအျဖစ္ခံႏိုင္မွာလဲ! " အိပ္ရာေပၚတြင္ တင္ပ်ဥ္ေခြကာ အားႀကိဳးမာန္တက္ႏွင့္ေျပာခဲ့သည္။ " ငါတို႔သုံးေယာက္ တူတူရွိရမယ္။ ၀င္သည္ျဖစ္ေစ ထြက္သည္ျဖစ္ေစ ဒါမွမဟုတ္ ေရွ႕တိုးသည္ျဖစ္ေစ ေနာက္ဆုတ္သည္ျဖစ္ေစ  တူတူလုပ္ၾကမယ္ "

" ဒါက ရင္းႏွီးျမဳပ္ႏွံသူပဲ မဟုတ္လား! "

တေမာက္သည္ ထိုသို႔ၾကားေသာအခါ အလြန္စိတ္တိုသြားၿပီး  ေထာင္မု၏ေနာက္ကို ေခြးႀကီးတစ္ေကာင္ကဲ့သို႔ လိုက္သြားခဲ့သည္။ သူသည္ စိတ္ရႈပ္စြာျဖင့္ " ညီေလးမု ငါတကယ္ကို အေလးနက္ထားၿပီးေျပာမယ္။ ဘယ္လိုလဲ အလုပ္သမားကို ငါတို႔ဘာသာ ရွာၾကမယ္ေလ။ မင္းဘယ္လိုဇာတ္လမ္းကို ႀကိဳက္လဲဟင္။ ငါ့အေဖကို ဖုန္းဆက္ၿပီး အာ့တာကို ရင္းႏွီးျမဳပ္ႏွံခိုင္းလိုက္မယ္။ မင္းကို နံပါတ္တစ္ ေခါင္းေဆာင္အျဖစ္ထားၿပီး ငါနဲ႔ ေရွာင္ဖန္းတို႔က နံပါတ္ႏွစ္နဲ႔ သုံး လုပ္ၾကမယ္ေလ။ ၿပီးရင္ ႐ုပ္ရွင္ေက်ာင္းကို သြားၿပီး လွပတဲ့မိန္းကေလးအခ်ိဳ႕ကို သြားရွာၾကမယ္။ ေနာက္တစ္ခါ အဖက္ဖက္က ထပ္ၿပီးမီးက်ည္နဲ႔ပစ္လာရင္ေတာင္ ငါတို႔ကိုယ္တိုင္ ႐ုပ္ရွင္႐ိုက္ၿပီး ပိုက္ဆံရွာၾကမယ္"

" မီးက်ည္နဲ႔ပစ္ခံမယ္ " ေထာင္မုသည္ ရယ္ေမာလိုက္ၿပီး " မီးက်ည္နဲ႔ ပစ္ခံတယ္ဆိုတဲ့ အဓိပၸာယ္ကို သိလို႔လား ဒါမွမဟုတ္ မင္းကေလွ်ာက္ေျပာေနတာမလား? " ( TN မီးက်ည္ႏွင့္ပစ္ခံရျခင္း = ေယာက်ာ္းသည္ သူ၏ မိခင္ႏွင့္ ဇနီး ရန္ျဖစ္ရာတြင္ ႏွစ္ဖက္စလုံးမွ တိုက္ခိုက္ျခင္းကို ခံလိုက္ရျခင္းကို ေဖာ္ျပျခင္း )

တေမာက္သည္ အေျဖရသြားသလို ခံစားလိုက္ရသည္။ ေထာင္မုသည္ တေမာက္၏ ေခါင္းကို ပုတ္ၿပီး တြန္းလိုက္ကာ " အာ့လိုကေလးဆန္တဲ့ အေတြးေတြ မေတြးစမ္းနဲ႔။ မင္းအျမင္မွာ ႐ုပ္ရွင္႐ိုက္ရတာ လြယ္ကူေနတယ္လို႔ ထင္ေနပုံပဲ။ တကယ္လို႔ ဒီ႐ုပ္ရွင္ေလာကထဲကို အဆက္အသြယ္မရွိပဲနဲ႔ ၀႐ုန္းသုန္းကား ၀င္လိုက္မယ္ဆိုရင္ မင္းေဒဝါလီခံရၿပီး တိုက္ေပၚကေန ခုန္ခ်သြားရလိမ့္မယ္ သိလား။
အန္ကယ့္ဖက္ကလည္း ေငြထုတ္ေပးရတာ လြယ္မွာ မဟုတ္ဘူး။ ဒါေၾကာင့္ အဲ့ဒါနဲ႔ပတ္သတ္ၿပီး အခ်ိန္ကုန္ခံေတြးမေနနဲ႔။ စိတ္မပူပါနဲ႔ ဒီ႐ုပ္ရွင္‌ ေလာကမွာ ငါနဲ႔စည္းစနစ္တူညီတဲ့ လူေတြကို စုေဆာင္းၿပီး ႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကားကုမၸဏီကို ေသခ်ာေပါက္ရေအာင္ တည္ေထာင္မယ္။ အဲ့ဒီခ်ိန္က်ရင္ေတာ့ တကယ္လို႔ မင္း ဇာတ္လိုက္လုပ္ခ်င္ရင္ ဇာတ္လိုက္လုပ္ ဒါမွမဟုတ္ မင္းသမီးေ႐ြးခ်င္ရင္လည္း မင္းသမီးေ႐ြးေပါ့ "

တေမာက္သည္ သူ၏ေခါင္းကို ကိုင္လိုက္ၿပီး " ညီေလးမု မင္းငါ့ေခါင္းကို အၿမဲတမ္း ကိုင္မေနနဲ႔ေလ။ မင္းက ငါ့ထက္ ေခါင္းတစ္လုံးနိမ့္တယ္ေလ။ အဲ့လို ထိတာက သင့္ေတာ္တယ္လို႔ ထင္လို႔လား။ မင္းမၾကားဖူးဖူးလား ေယာက်ာ္းတစ္ဦးရဲ႕ ေခါင္းနဲ႔ မိန္းမတစ္ဦးရဲ႕ ခါးကို လြယ္လင့္တကူမထိရဖူးဆိုတာ "

ေထာင္မု အနည္းငယ္ရယ္ေမာလိုက္ၿပီး သူတို႔ကို မီးဖိုေခ်ာင္အျပင္ဖက္သို႔ ေမာင္းထုတ္လိုက္ေတာ့သည္။ အျပင္ဖက္ စားပြဲတြင္ ထိုင္ေနသည့္  တေမာက္သည္ သူတို႔အတြက္ ၾကက္ဥေၾကာ္ေနသည့္ ေထာင္မုအား စိုက္ၾကည့္လ်က္ရွိသည္။ ခဏၾကာၿပီးေနာက္ သူသည္ ေနာက္တစ္ႀကိမ္ ကံမေကာင္းေတာ့ေပ။ သူခိုးလို ခိုးေၾကာင္ခိုးဝွက္ ပုံစံျဖင့္ " ညီေလးမု တစ္ခုခုျဖစ္ခဲ့လို႔လား? ဒီေန႔က်မွ ဘာလို႔႐ုတ္တရပ္ႀကီး မနက္စာလုပ္ဖို႔ စဥ္းစားမိတာလဲ?"  အၿမဲတမ္း သူတို႔သည္ ျဖစ္သလိုစားေလ့ရွိၾကၿပီး ေထာင္မု စိတ္ၾကည္ေနသည့္အခါတြင္ သူတို႔အတြက္ ေခါက္ဆြဲ တစ္ပြဲ ျပဳတ္ေပး‌ေလ့ရွိသည္။

ေထာင္မုသည္ သူ႔အား ဂ႐ုမျပဳပဲ ၾကက္ဥတစ္လုံးယူလိုက္ၿပီး ၾကက္ဥအား ဒယ္အိုး၏အစြန္းႏွင့္ ထိခတ္လိုက္ၿပီး ကြဲေစလိုက္သည္။

ေရွာင္ဖန္းသည္ သူ၏ သြားတိုက္တံႏွင့္ ေရေဆးခြက္ကိုကိုင္ၿပီး ျပတင္းေပါက္နားတြင္ မတ္တပ္ရပ္လ်က္ ေအာက္ထပ္မွလူမ်ားကို ၾကည့္ေနခဲ့ၿပီး ပါးစပ္ထဲတြင္ သြားတိုက္တံထည့္ထားရင္း ေျပာသည္။ " ဒီမွာ အသစ္ေရာက္လာတဲ့လူေတမ်ားႀကီးပဲ။ ေျပာၾကည့္ပါအုံး၊ ဒီလူေတြ ညလယ္ကတည္းက လာၿပီး တစ္ေန႔လုံး ေစာင့္ေနၾကတာ တခ်ိဳ႕က ဒီကို အေတြ႕အႀကဳံယူဖို႔ လာၾကတာကေတာ့ အရမ္းထူးဆန္းလြန္းသြားၿပီ။ ဒါေပမယ့္ အာ့လို အဖြဲလိုက္သ႐ုပ္ေဆာင္ရတဲ့ လူေတြက လစဥ္လတိုင္း ပိုက္ဆံနည္းနည္းပဲရတယ္။ ဒီလိုေတြျဖစ္ေနတာကို သူတို႔ဘာလို႔ဆက္‌လုပ္ေနၾကတာပါလိမ့္? "

တေမာက္သည္ ခပ္႐ြဲ႕႐ြဲ႕ ရယ္လိုက္ၿပီး " သူတို႔ဘာအတြက္ လုပ္ႏိုင္မွာလဲ ေသခ်ာေပါက္ သူတို႔ရဲ႕ အိမ္မက္ေတြေၾကာင့္ေပါ့! "

ေရွာင္ဖန္းသည္ ႏွေျမာတသပုံစံျဖင့္သူ၏ ေခါင္းလွည့္လာၿပီး အတင္းအဖ်င္းစကား စေျပာသည္။ " " အာ... မင္းၾကားခဲ့ၿပီလား? ငါတို႔အဖြဲ႕ထဲကပဲေလ။ အမ်ိဳးသမီးဇာတ္ေဆာင္ရဲ႕ အိမ္အကူအျဖစ္ သ႐ုပ္ေဆာင္တဲ့ ေကာင္မေလးက ဖက္တီးလွ်ိဳ႕နဲ႔ အိပ္ခဲ့ၿပီး ဖက္တီးလွ်ိဳ႕က သူမအတြက္ ဇာတ္၀င္ခန္း ထပ္ထည့္ေပးမယ္ဆိုၿပီး ကတိေပးခဲ့တယ္တဲ့။ အဲဒါဆို ခုနက မင္းေျပာခဲ့သလို သူမရဲ႕ အိမ္မက္အတြက္သူမခႏၶာကိုယ္ကို စြန႔္လႊတ္အနစ္နာခံခဲ့တယ္လို႔ ေျပာလို႔ရမလား? "

တေမာက္သည္ ထိုသို႔ၾကားသည့္အခါ လွည့္လာၿပီး " အရပ္ရွည္ရွည္နဲ႔ အသားျဖဴတဲ့ ေကာင္မေလးလား? သူမၾကည့္ရတာ အခုမွ H စတူဒီယိုကို ေရာက္လာခဲ့ဖူးပုံပဲ၊ ဟုတ္လား? "

" ငါၾကားတာကေတာ့ သူမဒီေရာက္တာ သုံးလေတာင္မျပည့္ေသးဖူးတဲ့! " ေရွာင္ဖန္းသည္ ေခါင္းရမ္းၿပီး သက္ျပင္းတစ္ခ်က္ခ်လ်က္ " အဲ့ဒါကအရမ္းျမန္လြန္းတယ္ "

" အဲ့ဒါက လူအမ်ားနဲ႔သ႐ုပ္ေဆာင္ရမွာပဲေလ။ အခန္းအနည္းအငယ္ ထပ္ထည့္မယ္ဆိုရင္ေတာင္မွ စာေၾကာင္းဘယ္ေလာက္မ်ားႏိုင္မွာမို႔လို႔လဲ!  ဒီစာ‌ေၾကာင္းနည္းနည္းေလးအတြက္နဲ႔ အဲဒါကတန္လို႔လား? "  တေမာက္ အံ့ဩခဲ့ရသည္။ ေရွာင္ဖန္းသည္လည္း သူ၏ရင္ထဲမွာ ျပင္းထန္စြာ ခံစားလိုက္ရသည္။ သူတို႔ႏွစ္ေယာက္ ထိုေနရာတြင္ ထိုင္ၿပီး ေရ႐ြတ္လိုက္ၾကသည္။ မၾကာခင္တြင္ အဖြဲ႕ထဲရွိသူမ်ား၏ အတင္းအဖ်င္းေျပာျခင္း‌ ေခါင္းစဥ္အျဖစ္ ေျပာင္းလဲသြားခဲ့သည္။

ေကာလိပ္၀င္ခြင့္စာေမးပြဲ ေျဖဆိုၿပီးေနာက္ သူတို႔သုံးေယာက္ H စတူဒီယိုၿမိဳ႕သို႔ ေရာက္ရွိလာခဲ့သည္။ ေထာင္မု ထိုေနရာသို႔ေရာက္ၿပီး မၾကာခင္မွာပဲ သူသည္ တိမ္စိုင္ခရမ္းျပာ၏ အဓိကဇာတ္ေဆာင္အတြက္ ကိုယ္ခံပညာပိုင္းကို လက္မွတ္ေရးထိုးခဲ့သည္။ တေမာက္ႏွင့္  ေရွာင္ဖန္းတို႔အတြက္မူ တစ္ေယာက္မွာ ပိုင္ဆိုင္မႈႂကြယ္၀သည့္ မိသားစုကို ပိုင္ဆိုင္ထားၿပီး က်န္တစ္ေယာက္သည္ အေတြ႕အႀကဳံရရန္သာ ထိုေနရာသို႔လာခဲ့ျခင္းျဖစ္သည္။ H စတူဒီယိုၿမိဳ႕သို႔ လာရသည့္ အဓိက ရည္႐ြယ္ခ်က္မွာ ေထာင္မုႏွင့္တူတူ ေပ်ာ္႐ႊင္စရာေကာင္းေသာ အရာမ်ားျပဳလုပ္ရန္ျဖစ္သည္။ သို႔ေသာ္ လြန္ခဲ့သည့္ ရက္ပိုင္းအခ်ိဳ႕တြင္အုပ္စုလိုက္ သ႐ုပ္ေဆာင္ရသည့္ အဖြဲ႕မ်ားထဲမွ အသိမိတ္ေဆြတစ္ခ်ိဳ႕ရရွိခဲ့ၿပီး ထိုသူတို႔၏ အဓိကအဖြဲ႕သားမ်ားထံသို႔သြား‌ေရာက္၍ အတင္းအဖ်င္းေျပာသည့္ အေလ့အက်င့္ကို လက္ခံရရွိခဲ့သည္။ ထိုသူတို႔၏ ဤအေလ့အက်င့္အသစ္သည္ ေဖာက္ထြက္ေပ်ာက္ကြယ္သြားမည့္ လကၡဏာလုံး၀မျပပဲ ထိုအစား ပို၍ပို၍ အားေကာင္းလာခဲ့သည္။

မည္သို႔ပင္ျဖစ္ေစ ရက္အနည္းငယ္ၾကာၿပီးေနာက္  ေထာင္မုသည္ တခ်ိဳ႕နာမည္ႀကီးၾကယ္ပြင့္မ်ားႏွင့္ ေသးငယ္ေသာသ႐ုပ္ေဆာင္တို႔၏ အတင္းအဖ်င္းေတာ္ေတာ္မ်ားမ်ားကိုၾကားသိခဲ့ရသည္။ တခ်ိဳ႕မွာဘယ္သူသည္ ဘယ္တစ္ေယာက္ႏွင့္ ခ်စ္ေနၾကၿပီ ဘယ္သူသည္ ဒါ႐ိုက္တာ၏ အခန္းတံခါးကို ညသန္းေခါင္ခ်ိန္တြင္ သြားေခါက္ခဲ့ၿပီး တစ္ညလုံးျပန္မလာခဲ့ေပ၊ စသည့္ အေၾကာင္းအရာမ်ားျဖစ္သည္။ တခ်ိဳ႕ကိစၥမ်ားသည္ လူေျပာသူေျပာျဖစ္ၿပီး တခ်ိဳ႕မွာလည္း မွန္ေပသည္။  ေထာင္မုသည္ ႏွစ္ေယာက္သား အတင္း‌ေျပာေနသည္ကို ႏွစ္ၿခိဳက္စြာ နားေထာင္ၿပီး ၾကက္ဥႏွစ္လုံးကို ယူ၍ " မင္းက အတင္းအဖ်င္းေျပာရတာကို ေတာ္ေတာ္ႀကိဳက္တာပဲ ဖရဲသီးစားသူ  Big Vလို ျဖစ္ခ်င္တာလား? "

မနက္စာစားဖို႔ စားပြဲတြင္ထိုင္ၿပီးေစာင့္ေနသည့္ ႏွစ္ေယာက္သည္ လက္မ်ားေထာင္၍ မီးဖိုေခ်ာင္ထဲ၌ လက္တစ္ဖက္ျဖင့္ ၾကက္ဥခြဲေနသည့္ ေထာင္မု အားၾကည့္ၿပီး " ဖရဲသီးစားသူ Big V ဆိုတာက ဘာကိုေျပာတာလဲ ? "ဟုေမးခဲ့သည္။

အခ်ိန္သည္ မနက္ေျခာက္နာရီေက်ာ္ေက်ာ္သာရွိၿပီး ေႏြးေထြးလွေသာ ေနေရာင္ျခည္သည္ မွန္ျပတင္းေပါက္ကို ျဖတ္ေက်ာ္ၿပီး ေထာင္မု၏ ေဘးပတ္ပတ္လည္တြင္ ပုံသ႑ာန္မ်ား ေပၚလ်က္ရွိသည္။  ေထာင္မု ဒယ္အိုးကို အထက္ေအာက္ လွည့္လိုက္ၿပိး ၾကက္ဥျပဳတ္ကို ဒယ္အိုးထဲသို႔ ထည့္လိုက္သည္။ ေထာင္မုသည္ ပန္းကန္ျပးထဲသို႔ မထည့္ခင္ထိ အကုန္က်က္ေအာင္ ေၾကာ္ခဲ့သည္။

" အဲဒါက Weibo မွ, စစ္မွန္ေၾကာင္း အေထာက္အထားျပၿပီးတဲ့ ေဖ်ာ္ေျဖေရး Big Vပဲျဖစ္တယ္ "  ေထာင္မုသည္ အက်ိဳးအေၾကာင္း ေျပာျပ၍ ခါးစည္းအ၀တ္ကိုခြၽတ္ၿပီးေနာက္ " ႏြားႏို႔က ေႏြးေနၿပီ ‌စားၾကေတာ့ "

တေမာက္ႏွင့္ ေရွာင္ဖန္းတို႔သည္ ခ်က္ခ်င္းထကာ ႏြားႏို႔ကိုယူၿပီး ပန္းကန္ထဲသို႔ ေလာင္းထည့္လိုက္သည္။ သူတို႔သည္ ေခ်ာ့ေမာ့ေသာအၿပဳံးျဖင့္ " အဲဒါဆို ေဖ်ာ္ေျဖေရး Big V ကို အတိအက် ဘယ္လိုေျပာလို႔ရလဲ? "

ေထာင္မုသည္ အိုးေဆးၿပီးေနာက္ TV ကိုဖြင့္ၾကည့္လိုက္သည္။ သူသည္ ခ်က္ခ်င္းပင္ စီးပြားေရးခ်န္နယ္သို႔ေျပာင္းလိုက္သည္။ အခုတင္ဆက္ေနသည့္ သတင္းမွာ ႏိုင္ငံတကာေရနံေဈးသည္ ယြမ္သန္း ၁၄၀ ေက်ာ္လြန္သြားၿပီဆိုသည့္ အေၾကာင္းျဖစ္သည္။ အေတြ႕အႀကဳံရွိသည့္ ေထာင္မုသည္ ေရနံေဈးသည္ ရက္ပိုင္းအတြင္း တစ္စည္လွ်င္ 148 ဒႆမ 35သန္းထိ တိုးျမႇင့္လာႏိုင္သည္ကို သိရွိထားသည္။ သို႔ေသာ္ 2008ခုႏွစ္၏ ဒုတိယႏွစ္၀က္တြင္ စတင္ၿပီး က်ဆင္းလာသည္မွာ ဒီဇင္ဘာလအဆုံးတြင္ တစ္စည္လွ်င္ ယြမ္ 32.4 သန္းအထိ အနိမ့္ဆုံးက်ဆင္းခဲ့ၿပီး 75% အထိက်ဆင္းခဲ့သည္။

အကယ္၍ ဒီအခ်ိန္တြင္ ႏိုင္ငံတကာေရနံ အနာဂတ္ေဈးကြက္တြင္ ရင္းႏွီးျမဳပ္ႏွံရန္ သူ႔လက္ထဲတြင္ ပိုက္ဆံအေျမာက္အမ်ားရွိၿပီး ေကာင္းမြန္စြာ လည္ပတ္ေနမယ္ဆိုရင္ တစ္ႏွစ္ခြဲအတြင္း သူသည္ အနည္းဆုံး အျမတ္အဆတစ္ရာ ရမည္ျဖစ္သည္။

ကံမေကာင္းစြာပင္ သူ၏ပိုက္ဆံအိတ္ေလးမွာ သနားစရာေကာင္းေလာက္ေအာင္ ျပားခ်ပ္ေနခဲ့သည္။ ဘဏ္ကဒ္ထဲတြင္က်န္သည့္ ပိုက္ဆံမွာလည္း အလြန္နည္းပါးေနသျဖင့္ ေထာင္မု အားကူညီဖို႔ မျဖစ္ႏိုင္ခဲ့ေပ။

သူသည္ သန္း100ေတာင္မွ လက္လႊတ္ေပးလိုက္ရသည့္ပုံႏွယ္ ခံစားလိုက္ရသည္။

တေမာက္ႏွင့္ ေရွာင္ဖန္းတို႔သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ၾကည့္ၿပီး " ညီေလးမု မင္းဘာလို႔႐ုတ္တရပ္ႀကီး စီးပြားေရးေဈးကြက္ကို ‌စိတ္၀င္စားသြားရတာလဲ ?" သူတို႔ႏွစ္ေယာက္သည္ ေထာင္မု၏ ဝါသနာအသစ္ေတြႏွင့္ ေနသားက်ေနၿပီျဖစ္သည္။ သို႔ေသာ္ ဖက္ရွင္၊ ဂီတ၊ သ႐ုပ္ေဆာင္ႏွင့္  တျခားစိတ္၀င္စားမႈမ်ားမွ အေျခခံအားျဖင့္ ျမင့္မားသည့္ဉာဏ္ရည္မွသာ အဆင္ေျပသည့္ စီးပြားေရးေဈးကြက္ကို ႐ုတ္တရပ္စိတ္၀င္စားသြားပုံသည္ နည္းနည္းေတာ့ ႀကီးႀကီးက်ယ္က်ယ္ႏိုင္ပုံေပါက္ေနသလားပင္?

ေထာင္မု၏ ဝါသနာသည္ အၿမဲက်ယ္ျပန႔္လ်က္ရွိျခင္းကို ထည့္သြင္းစဥ္းစားလိုက္သည့္အတြက္ တေမာက္ႏွင့္ ေရွာင္ဖန္းတို႔အတြက္ အံ့ဩစရာမလိုေတာ့ေပ။ ေထာင္မု၏ေျခလွမ္းသည္ အရမ္းႀကီးၿပီး သူ႔ကိုယ္သူ တင္းက်ပ္သြားမွာကို စိုးရိမ္မိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ေငြေၾကးေဈးကြက္သည္ မည္သူမဆို ၀င္ေရာက္ ကစားလို႔ရသည့္ အရာမဟုတ္ေသာေၾကာင့္ ျဖစ္သည္။ ေက်ာက္မီးေသြးသူေဌး၏ စကားအရ စေတာ့ေဈးကြက္သည္ အလြန္နက္ရႈိင္းၿပီး ျပည္တြင္း စေတာ့ေဈးကြက္သည္ ပို၍နက္နဲသည္။ ဘဏ္လုပ္ငန္းရွင္မ်ားသည္ တျခားသူမ်ား၏ကဒ္ကို ေဆာ့ကစားရသည္ကို အလြန္ႏွစ္သက္သည္။ အေျခခံအားျဖင့္ ေသးငယ္ေသာ ရင္းႏွီးျမဳပ္ႏွံသူမ်ားသည္ ငါးမန္းႀကီးမ်ား၏စားေသာက္ျခင္းခံရဖို႔အတြက္ ပစ္မွတ္မ်ားပင္ျဖစ္သည္။

" မင္းမွာ ပိုက္ဆံရွိတယ္ဆိုရင္ ဒီေနရာမွာ မသုံးပစ္လိုက္နဲ႔! ငါ့အေဖကေျပာတယ္ အခုလက္ရွိစေတာ့ေဈးကြက္က မၿငိမ္ဖူးတဲ့။ ၿပီးေတာ့ မင္းတစ္ခ်က္‌ေလာက္ သတိလက္လြတ္ျဖစ္သြားမယ္ဆိုရင္ မင္းလုံး၀ေဒဝါလီခံသြားရႏိုင္တယ္ "

" စိတ္မပူပါနဲ႔။ ငါရလဒ္ကို သိပါတယ္" ေထာင္မုသည္  မ်က္ေမွာင္ၾကဳတ္လ်က္ သူတို႔အား တိုက္တြန္းခဲ့သည္။ " ျမန္ျမန္လုပ္၊ ငါမနက္မွာ ႐ိုက္ကူးေရးရွိ‌ေသးတယ္။ ၿပီးေတာ့ စားၿပီးရင္ အဖြဲ႕သားေတြဆီသြားရအုံးမွာ "

" အိုး! " တေမာက္ႏွင့္  ေရွာင္ဖန္းတို႔သည္ သူတို႔၏ ပန္းကန္လုံးကို အျမန္ယူလိုက္ၿပီး ႏြားႏို႔ကို အျမန္ေသာက္ခ်လိုက္သည္။ သူတို႔သည္ အရႈံးမေပးၾကေသးပဲ " အဲ့ဒီ ေဖ်ာ္ေျဖေရး Big V...... "

သိခ်င္စိတ္သည္ အလြန္ျပင္းျပလ်က္ရွိသည္။ ေထာင္မုသည္ သူတို႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး အက်ိဳးအေၾကာင္းရွင္းျပလိုက္သည္။

ေထာင္မုသည္ အရင္ဘ၀မွ သူ၏ ႀကဳံေတြ႕ခဲ့ရပုံမ်ားကို ရွင္းလင္းစြာမွတ္မိေနခဲ့သည္။ သို႔ေသာ္လည္း သူ႔ကို အံ့အားသင့္ေစရဆုံးမွာ ႏွစ္အနည္းငယ္အတြင္း အင္တာနက္၏ ဖြံ႕ၿဖိဳးတိုးတက္မႈႏုန္းပင္ ျဖစ္သည္။ 2008ခုႏွစ္တြင္ ေနထိုင္သည့္ တ႐ုတ္လူမ်ိဳးမ်ားသည္ ေနာင္ဆယ္ႏွစ္တြင္ အင္တာနက္အား မွီခိုေနရမည့္ တ႐ုတ္လူမ်ိဳးမ်ားပုံကို စိတ္ကူးၾကည့္ရန္မွာ အလြန္ခက္ခဲလွသည္။ ေဖ်ာ္ေျဖေရးနယ္ပယ္ႏွင့္ အမ်ိဳးသားေရး ဘ၀အျပင္ စက္မႈလုပ္ငန္း နယ္ပယ္အသီးသီးတြင္ အင္တာနက္၏ အက်ိဳးသက္ေရာက္မႈကို စိတ္ကူးၾကည့္ရန္မွာ ပို၍ပင္ ခက္ခဲပါသည္။

အင္တာနက္ေပၚတြင္ မေရတြက္ႏိုင္ေသာ fanမ်ားႏွင့္ Anti fanမ်ား၏ တိုက္ပြဲမ်ား၊ ဖရဲသီးစားသူမ်ား၏ တိုက္ပြဲမ်ားႏွင့္ တ႐ုတ္ျပည္၏ အင္တာနက္တိုးတက္မႈကို စတင္သည္မွစၿပီးတိုးတက္ေနသည္အထိ မ်က္ျမင္ေတြ႕ခဲ့ရေသာ ျပန္လာေမြးဖြားလာသည့္ ေထာင္မုသည္ ဖရဲသီးစိုက္ပ်ိဳးသူ သို႔မဟုတ္ အႀကီးစားဖရဲသီးစားသူဟုေတာင္ ေခၚဆိုလို႔ရသည္။ အထူးသျဖင့္ အင္တာနက္ စတင္ေပၚေပါက္လာသည့္ 2008 ခုႏွစ္တြင္ ေနာင္ 10ႏွစ္၌ သူ၏ဖြံၿဖိဳးတိုးတက္လာမႈႏႈန္းကို ဒီကမာၻတြင္  ေထာင္မုမွလြဲ၍ မည္သူမွ သိႏိုင္မည္မဟုတ္ေခ်။

ျပန္လည္ရွင္သန္လာသည့္ ဘ၀တြင္ ေထာင္မုသည္ အခြင့္အေရးမ်ားကို ဆုတ္ကိုင္ႏိုင္လိမ့္မည္ဆိုသည့္ ခံစားခ်က္မ်ိဳး ရရွိခဲ့သည္။ စိတ္အားထက္သန္ေနသည့္ သူ၏ သူငယ္ခ်င္းႏွစ္ေယာက္ကို ၾကည့္ၿပီး ေထာင္မုသည္ သူ၏နယ္ပယ္ကို အနည္းငယ္ ပို၍ဖြင့္ဟသင့္ၿပီး ပို၍ တက္တက္ႂကြႂကြ ေနသင့္သည္ဟု ေတြးေတာခဲ့သည္။ ေသးငယ္ေသာ ေထာင့္တစ္ေနရာတြင္သာရွိသည့္ ေဖ်ာ္ေျဖေရးေလာကတြင္ပဲ သူ၏အျမင္မ်ားကို ကန႔္သတ္မထားႏိုင္ေပ။

စိတ္အားထက္သန္စြာ နားေထာင္ေနၾကသည့္ တေမာက္ ႏွင့္ ေရွာင္ဖန္း တို႔သည္ စကားေျပာရင္း႐ုတ္တရပ္ ရပ္သြားေသာ ေထာင္မု အားၾကည့္ၿပီး " ဘာျဖစ္လို႔လဲ ဆက္ေျပာေလ ~"

***

Continue Reading

You'll Also Like

12.4K 1.8K 63
DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့ Description 💥 ရွှီလော့ယန်သည်...
89.9K 11.5K 88
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
28.9K 3.4K 37
Title: I'm Scattering IQ to the Protagonist [Quick Transmigration] ; 我为主角播撒智商[快穿] Author: 送君十里 (Song Jun Shi Li) Status in Original Country: Complete...
790K 51K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...