[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၀၇ ။ အအေးမိသွားပြီ
လော့ယန်သည် သူ၏ ငယ်သူငယ်ချင်းကို အကကြမ်းပြင်ထက်သို့ဆွဲခေါ်လာပြီး ဝင်လာသည့်အခါတွင် ထောင်မုသည် ဆွဲဆောင်မှုရှိသော မိတ်ကပ်နှင့် ခပ်ဟော့ဟော့ဝတ်ထားသည့် မိန်းကလေးတစ်ယောက်နှင့်အတူ ကလျက်ရှိသည်။
ထိုမိန်းကလေး၏ပုံစံသည် လှိုင်းတွန့်ဆံပင်ကောက်ကြီးများ၊ သူမ၏တင်ပါးကို ပင့်တင်ထားသော ရွှေဝါရောရောင် မီနီ၀တ်စုံ၊ မှုန်နေအောင် ခြယ်မှုန်းထားသည့် မိတ်ကပ်နှင့် အနီရောင်နှုတ်ခမ်းမှာလည်း ရဲရဲတောက်လျက်ရှိသည်။ စင်ပေါ်မှ မီးအလင်းများ သူတို့ပေါ်ကျရောက်လာသည့်အခါ ထိုမိန်းကလေးသည် သူမ၏လက်များမြှောက်ပြီး ထောင်မု ရှေ့တွင် တင်ပါးကို လှုပ်ရမ်း၍ ကပြခဲ့သည်။ ကနေစဉ်အတွင်း သူမ၏ ပျော့ပြောင်းသော ခန္ဓာကိုယ်သည် ထောင်မုကိုယ်ကို ပွတ်တိုက်သွားခဲ့သည်။ သူမခေါင်းကို အနည့်ငယ်စောင်းလိုက်သည့်အခါတွင် သူမ၏ကောက်နေသော ဆံပင်များသည် ထောင်မု မေးစေ့နှင့် ထိတွေ့ခဲ့သည်။ ထောင်မုသည် သေးသွယ်ပြီးပျော့ပြောင်းသော သူမ၏ခါးကို ပွေ့ဖက်၍ စည်းချက်ညီစွာဖြင့် လိုက်ပါကခုန်နေခဲ့သည်။
ကခုန်ရင်းပူလောင်လာကြသည့်အခါ ချောမောပြီး ပြေပြစ်သော ထောင်မု၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့ပြီး ထိုအပြုံးသည် ချစ်ဖို့ကောင်းနေပေမယ့် အထီးကျန်ဆန်နေပုံရသည်။ မီးအလင်းသည် ထောင်မုဆီသို့ ကျရောက်လာချိန်တွင် ချောမောပြေပြစ်သော အသွင်ပြင်သည် ပို၍ထင်ရှားပြီ ဆွဲဆောင်မှုရှိစွာ ထွက်ပေါ်လာသည်။ သူ၏နှာတံဖျားနှင့် မျက်နှာပေါ်သို့ ချွေးစက်လေးများ ကျဆင်းလာသည်။ စင်အောက်မှ ကောင်မလေးများ၏အော်ဟစ်သံများနှင့် သူတို့၏အချစ်ကို ဖော်ပြနေကြသည့်အချိန်တွင် သူ၏ ဆွဲဆောင်မှုရှိသောသော နှုတ်ခမ်းပါးထက်တွင် အပြုံးတစ်၀က်ကို ဆင်မြန်းပြီး သူ၏နက်မှောင်သော မျက်လုံးများသည် လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်နေခဲ့သည်။ ရက်စက်ပြီး အထိန်းအကွပ်မဲ့သော သူ၏ပုံစံသည် ချက်ချင်းပင် မိန်းကလေးများ၏ အော်ဟစ်သံများ တိုးမြှင့်လာစေပြီး အကကြမ်းပြင်ထက်တွင်ရှိသည့် ကောင်လေးများ၏ လေချွန်သံများတောင် တိုးမပေါက်နိုင်တော့ပေ။
ဆွဲဆောင်မှုရှိသော လှုပ်ရှားမှုတစ်ခုချင်းစီကို စိုက်ကြည့်နေသည့် လော့ယန်သည် နှုတ်ခမ်းများခြောက်သွေ့လာပြီး ရီဝေနေသော အသံဖြင့် " ကျစ် အရမ်းပူတာပဲ" လို့ပြောခဲ့သည်။
လော့ယန်၏ ဆွဲခေါ်ခြင်းခံခဲ့ရသော လီရှောင်းဟန်သည်လည်း တဟုန်ထိုး တက်လာသော လူအုပ်ကြီးထဲတွင် ရပ်နေခဲ့သည်။ စင်ပေါ်တွင် ချောမောသော ကောင်လေးသည် သူ၏လက်မောင်းများနှင့် ဆွဲဆောင်မှုရှိသော ကောင်မလေးကို ပွေ့ဖက်၍ကနေရင်း လူအုပ်ကြီးကိုလည်း ကျီစားနေပုံကို ကြည့်နေရင်းနှင့် လီရှောင်းဟန်၏ မျက်လုံးများသည် တဖြည်းဖြည်း မှောင်မိုက်လာသည်။
သီချင်းပြီးဆုံးသည့်အခါ ထောင်မုသည် အတူတူကခဲ့သော ကောင်မလေးမှ ဆက်သွယ်ဖို့အချက်အလက်ကို တောင်းဆိုလာခဲ့သည်ကို ငြင်းပယ်ပြီး စင်အောက်သို့ ဆင်းလာခဲ့သည်။ ထိုစဉ် ရုပ်တရပ်ပဲ သူသည် လော့ယန်၏ တားမြစ်ခြင်းခံလိုက်ပြီး " ကိုယ်မင်းအတွက် ဒကာခံပေးပါရစေ, ဘယ်လိုလဲ "
ထောင်မု၏ မျက်လုံးသည် မှေးကျဉ်းသွားပြီး ခပ်ထေ့ထေ့ရယ်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင် လော့ယန်သည် ရှက်ရွံ့မှု အနည်းငယ်ကို ခံစားလိုက်ပြီး " အဲ့ဒါကို မင်းဘယ်လိုသဘောရလဲ ငါ့ကောင်မလေးကို ခိုးသွားတဲ့အတွက်လည်း မကျေနပ်တာမရှိပါဘူး။ အခုက ငါမင်းနဲ့ သူငယ်ချင်းဖြစ်ချင်ရုံတင်ပါ။ မင်းနာမည်ကြီး ကြယ်ပွင့်တစ်ယောက်မဖြစ်ချင်ဖူးလား? တကယ်လို့ ငါနဲ့သူငယ်ချင်းဖြစ်သွားမယ်ဆိုရင် ငါမင်းကို ကူညီပေးနိုင်လိမ့်မယ်! " လို့အော်ပြောခဲ့သည်။
ထောင်မု သောက်ထားသည်မှာ အရမ်းများနေသည်။ အရက်၏လှုံ့ဆော်မှုနှင့် ပတ်၀န်းကျင်လေထုကြောင့် “မင်းကောင်မလေးကို ခိုးရမယ်? အိပ်မက်သာမက်နေလိုက်! ဘယ်သူကများ မင်းကောင်မလေးကို ခိုးမှာလဲ! သတိမပြုပဲနေရင်တောင်မှ မင်းငါးစာချတယ်ဆိုတာ အရမ်းသိသာလွန်းနေတယ်။ မင်းကအရူးလား? "
ထောင်မုသည် အရင်ဘ၀က ပြောခဲ့သည့်အတိုင်း အခုလည်း ထပ်ပြောခဲ့သည်။ " မင်းရဲ့နောက်ခံမိသားစုကြောင့် ငါပြန်မလုပ်နိုင်ခဲ့ဖူးဆိုတောင်မှ မင်းလိုလူမျိုးကို တစ်နေ့ 8ကြိမ်လောက် ရိုက်ပစ်ချင်နေတာသိလား ယုံတာမယုံတာကတော့ မင်းအပိုင်းပဲ ဘယ်သူက မင်းလို အိုင်ကျူရှိတဲ့လူနဲ့ သူငယ်ချင်းဖြစ်ချင်မှာလဲ "
လော့ယန်သည် သူအမှားလုပ်မိနေပြီဆိုတာကို သိသည်။ သို့သော် ဒီည ထောင်မု၏ ဆွဲဆောင်မှုရှိသော အကအလှကို မြင်တွေ့လိုက်ရသည့်အတွက် ထောင်မုအား ဒေါသထွက်ခြင်းမရှိခဲ့ပေ။ သူသည် ညှင်သာစွာနှင့် ပြောင်းပြောခဲ့သည်။ " ကောင်းပြီ! ကောင်းပြီ! ငါမှားတယ်။ အဲဒါအတွက် မင်းကို တောင်းပန်တဲ့အနေနဲ့ အရက်၀ယ်တိုက်လို့ရမလား ? "
ထောင်မုသည် ခပ်ထေ့ထေ့ဖြင့်သာ ရယ်နေခဲ့သည်။ သူသည် လူအုပ်ထဲမှ တွန်းထိုးပြီး ထွက်လာနေကြသော တမောက်နှင့် ရှောင်ဖန်းတို့ကိုကြည့်နေခဲ့သည်။ တမောက်သည် လော့ယန်ကိုမြင်သည်နှင့် ခြေလှမ်းအမြန်လှမ်းလာပြီး လော့ယန်ကို တွန်းထုတ်လိုက်သည်။ " ငါတို့ညီလေးမုကို မနှောင့်ယှက်ပါနဲ့။ မင်းငါ့ကို ဒေါသထွက်အောင်လုပ်မယ်ဆို မင်းရဲ့ လျှော်တေအ၀တ်တေကို ဆွဲဖြဲပစ်လိုက်မယ်။ ယုံချင်ယုံ မယုံချင်နေ? "
ကျောက်မီးသွေးသူဠေး၏ တစ်ဦးတည်းသောသားသည် ဩဇာလွှမ်းမိုးမှုကို ငယ်စဉ်တည်းက သင်ကြားခဲ့ရသည်။ လျှော်တေအ၀တ်ကို ဆွဲ၍ ပါးစပ်ကို ဖွင့်ရသကဲ့သို့ ရုန်းကန်ရလွယ်ကူသည်။
လော့ယန်သည် ထောင်မုကို ပြုံးပြီးသာကြည့်နေခဲ့သည်။ သို့သော် ထောင်မုသည် ယဉ်ကျေးမှုမရှိသော ပုံစံသို့ပြောင်းလဲသွားပြီး နောက်ပြန်တွန်းထုတ်၍ " မင်းကဘယ်သူပဲနေနေ! ငါ့အပေါ်မှာလာပြီးတောင် လျှော်တေအ၀တ်ဆွဲ၀တ်ချင်နေသေးတယ်။ ငါဖုန်းလေးတစ်ချက်ဆက်ရုံနဲ့ ဆေးရုံကုတင်ပေါ်မှာ သုံးလလောက် လဲနေအောင် လုပ်နိုင်တယ် ယုံချင်ယုံ မယုံချင်နေ? "
" အိုးး ငါ့ရဲ့ ဒေါသတွေ… " ဆိုပြီး သူ၏
အကျီကို သပ်ချနေခဲ့သည်။
ထောင်မုသည် သူ၏ကော်လံကို ဆွဲပြီး " ငါတို့သွားတော့မယ်! မနက်ဖြန်မနက်ရိုက်ကူးရေးရှိသေးတယ်! "
လော့ယန်သည် အပြုံးကြီးတစ်ခုချိတ်ဆွဲလျက် " မင်းဘယ်မှာနေတာလဲပြောရင် ငါမင်းကို လက်လွတ်ပေးမယ်လေ? "
ထောင်မုသည် " မလိုဘူး" ဆိုပြီး တစ်ဖက်က တမောက်ကို ဆွဲပြီး ကျန်တစ်ဖက်ကို ရှောင်ဖန်းကိုဆွဲ၍ ကုန်းရီရှင်တို့ကို နှုတ်ဆက်ဖို့ပြင်လိုက်သည်။
လော့ယန်သည် ထောင်မု နောက်သို့ တစ်ကောက်ကောက်လိုက်ပြီး " ဒါဆိုလည်း သူငယ်ချင်းလုပ်ကြမယ်လေ "
ထောင်မုသည် " မင်္ဂလာပါ သူငယ်ချင်း၊ ဒါပဲနော် သူငယ်ချင်း" လို့ ပေါ့ပြတ်ပြတ်နှင့် ပြောခဲ့သည်။
" ဟေး.. မင်း.. " လော့ယန်သည် ထွက်လာပြီး ထောင်မု၏ လက်မောင်းကို ဆွဲလိုက်သည်။ ထောင်မု ထိုကဲ့သို့ မပြောခင်ချိန်တွင် သူသည်အမှန်တကယ် ထောင်မုကို အေးအေးဆေးဆေးပြောဆိုပြီး သူငယ်ချင်းဖြစ်ဖို့ ဆွဲဆောင်ချင်ခဲ့သည်။ သို့ပေမယ့် ထောင်မုဆီမှ ထိုကဲ့သို့သော စကားများပြောထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
လော့ယန်သည် သူ၏ လိုင်းကို ခိုးယူခံလိုက်ရသလိုပဲ ရုတ်တရပ် ဒေါသထွက်လာခဲ့သည်။ အရေးကြီးဆုံးမှာ ထောင်မုသည် သူငယ်ချင်းအဖြစ် လက်ခံခဲ့သော်လည်း ထိုကိစ္စသည် သူ့အတွက် ဘာမှမဟုတ်သလို ပြုမူခဲ့သည်ကို လူတိုင်းသိနေကြသည်။ ဒီခွေးလေးက သူ့ကို အရူးလုပ်နေတာပဲ!
" ဒါကို သေချာအလေးနက်ထား၊ ဟုတ်ပြီလား။ ဒီသခင်လေးက မင်းကြယ်ပွင့်ဖြစ်လာဖို့ ဒိုင်းကာဖြစ်လာပေးနိုင်တယ်နော်" လော့ယန်သည် လေးနက်သောအသံဖြင့် ထပ်ပြီး " ငါကသာ ယဲ့ယောင်ကို အလုပ်လုပ်နိုင်ဖို့ စီစဉ်ပေးနိုင်တဲ့သူပဲ ဟုတ်ပြီလား? "
လော့ယန်သည် ယဲ့ယောင် အကြောင်းမပြောခဲ့ရင် ပို၍ကောင်းလိမ့်မည်။ ယဲ့ယောင် အကြောင်းကြားလိုက်ရသည်နှင့် သူ သွေးကြောထဲထိနင့်နေအောင်ခံစားခဲ့ရသည်များကို ပြန်၍သတိရစေသည်။
ထောင်မုသည် အလွန်စိတ်ပျက်သွားခဲ့သည်။ သို့သော်သူသည် လော့ယန်ကိုကြည့်ပြီး " အာ့ဒါဆို ဒီသခင်လေးလော့က ကျွန်တော့်ကို ကြယ်ပွင့်တစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ပေးသွားမှာလဲ " ဟုပြုံးပြီးမေးခဲ့သည်။
လော့ယန်သည် ထောင်မု အပြုံးကို ကြည့်ရင်းနှင့်ထိုနေရာမှာပဲ မှင်သက်သွားခဲ့သည်။ သူသည် မှင်သက်သွားရာမှ များများစားစားမတွေးပဲ ပြောခဲ့သည်။ " မင်းကို ကြယ်ပွင့်ဖြစ်အောင် လုပ်ဖို့လား? မင်းသီချင်းဆိုချင်ရင်ဆိုလေ ဒါမှမဟုတ် သရုပ်ဆောင်ချင်တယ်ဆိုလည်း သရုပ်ဆောင်ပေါ့။ ငါက မင်းအတွက် ထန်းလုံနဲ့ စာချုပ်ချုပ်ပေးနိုင်တယ်"
ခဏလောက်နားလိုက်ပြီးနောက် လော့ယန်သည် သူ၏စကားကို ပို၍အထင်ကြီးစေရန်အတွက် "ငါ့အဖေက ထန်းလုံအင်တာတိန်းမန့်က ဥက္ကဌလေ။ မင်း ဖျော်ဖြေရေးလောကထဲ ၀င်ချင်ပြီဆိုတည်းက ထန်းလုံအကြောင်းကို ကြားဖူးသင့်တယ် ဟုတ်တယ်မလား? "
ထောင်မုသည် တခစ်ခစ်ရယ်မော၍ မျက်လုံးများ မှေးစင်းပြီး လော့ယန်ကိုကြည့်လိုက်သည်။ “မင်းပြောသလိုဆို မင်းအဖေနဲ့ မိတ်ဆွေဖြစ်ဖို့ နည်းလမ်းရှာတာကမှ ပိုကောင်းအုံးမယ် ဟုတ်တယ်မလား? အရင်းအမြစ်တွေရနိုင်ရုံသာမက တူတစ်ယောက်ကိုပါ အလကားရနိုင်တယ်လေ?*" ခပ်မိုက်မိုက်ပြုံးပြ၍ မေးခဲ့သည်။
(*မိဘများ၏ သူငယ်ချင်းများမှ တူလေး။ တူမလေးဟုခေါ်ဆိုသော်လည်း သွေးရင်းနှီးမှုမရှိ )
ထောင်မုသည် လော့ယန်၏မေးစေ့ကို လှမ်းထိလိုက်ပြီး ရယ်မောလျက် " လုပ်ပါ တူလေးရ။ ဦးလေးလို့ မခေါ်ချင်ဖူးလား? "
တမောက်နှင့် ရှောင်ဖန်းတို့သည် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ သတ္တိရှိရှိ စိန်ခေါ်လိုက်တဲ့ သူတို့၏ ညီလေးမုသည် လုံး၀ကို မိုက်လှသည်။
လော့ယန်သည် သူ၏မေးစေ့ပေါ်မှ ထောင်မု ၏ လက်ကိုဖယ်ထုတ်လိုက်ပြီး ထိတ်လန့်သွားသော အကောင်ငယ်လေးလို သူ၏ဆံပင်ကို ထိုးဖွလျက် " မင်း ငါမျက်နှာသာပေးနေတာကို ကန်းတက်မလာနဲ့! "
ထိုကဲ့သို့ ပြောပြီးသည့်နောက် လော့ယန် သည် ၀မ်းနည်းသွားမိသည်။ သူထိုစကားကို ကြားလိုက်သည့်အခါ ထောင်မု၏ မျက်နှာသည် လုံး၀အေးစက်သွားပြီး " ဒီက သခင်လေးပြောတာ မှန်ပါတယ်။ မင်းရဲ့မျက်နှာက အရမ်းကြီးလွန်းတယ်ဆိုတယ်။ ငါတကယ်လက်မခံရဘူး။"
လော့ယန် ဘာမှမပြောနိုင်သေးခင်မှာပဲ ထောင်မုသည် လှောင်ပြောင်သလိုနှင့် ပြောခဲ့သည် " ဒီနေ့ နေ့လည်တုန်းကကိစ္စမှာ အလုပ်လုပ်လို့ရအောင် မင်းရဲ့မျက်နှာသာရဖို့ တောင်းခံနေခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် ငါမင်းကို ကြောက်မယ်လို့ မထင်လိုက်နဲ့။ ဟုတ်တယ်၊ ငါက သာမန်အရပ်သားတစ်ဦးဆိုတဲ့အတွက် လော့မိသားစုကို ရန်စရဲမှာမဟုတ်ဖူး ဒါပေမယ့် မင်းရဲ့ လော့မျိုးရိုးနဲ့ လော့မိသားစုရဲ့ လော့နဲ့ကတော့ အတူတူတူဖြစ်မှာမဟုတ်ဖူး "
လော့ယန်သည် သူ၏အဖေကို သေလောက်သည်အထိ ဒေါသထွက်နေပြီး သူ့ညီမမှ သူ့အား လော့မိသားစုမှ နှင်ထုတ်ခဲ့သည်ကို ထောင်မု သေချာစွာ မှတ်မိနေသေးသည်။ သူသာတကယ် ဒေါသထွက်နေမယ်ဆိုရင် မစ္စလော့ဆီသို့ သွားပြီး ဒီအရူးကို မောင်းထုတ်ဖို့ အစီအစဉ်တောင်ချပေးခဲ့အုံးမည်။
ဖြစ်နိုင်တာကတော့ သူတို့၏ အဖေအသက်တောင်မှ ကယ်လိုက်နိုင်ပါ့မလား!
ထောင်မု ဒေါသထွက်နေသည်ကို တွေ့သောအခါ လော့ယန်သည် ကြောက်ရွံ့လာခဲ့သည်။ ထောင်မုကို ခပ်ဖွဖွကလေး ပြုံးပြရင်း " မင်းကြည့်စမ်း စကားလေးနည်းနည်းပြောလိုက်တာကို ဒေါသကထွက်နေပြီ။ ငါလည်း ဘာမှမပြောရသေးပြနဲ့ကို? " ဟုပြောခဲ့သည်။
ထောင်မုသည် ခပ်ရွှဲ့ရွှဲ့ရယ်ပြီး သူ့ဘေးမှ သူငယ်ချင်းနှစ်ယောက်နှင့်အတူ လှည့်ထွက်သွားခဲ့သည်။
လော့ယန်သည် သူ၏နှာခေါင်းကို ရှက်ရွံ့နေသော အမူအရာဖြင့် ပွတ်လိုက်ပြီး " သူက အတော်လေး ဒေါသကြီးတာပဲ " ဟု သူ့သူငယ်ချင်းကို ညည်းညူ၍ပြောခဲ့သည်။
သူ့ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ လူအိုကြီးလိုပဲ ပျင်းရိဖွယ်ကောင်းလှသော သူ၏ သူငယ်ချင်းသည် ထောင်မု၏ကျောပြင်ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ " ဘာဖြစ်လို့လဲ " ဟု လော့ယန်သည် သူ၏ မျက်ခုံးကို ပင့်တင်ပြီး မေးခဲ့သည်။ ထို့နောက် သူ၏ အရူးသူငယ်ချင်းကို သတိပေးစကားပြောခဲ့သည်။ " ဒီလူက ခန့်မှန်းရခက်တဲ့လူပဲ မင်းသူ့ကို သွားမရှုပ်တာ ပိုကောင်းမယ် "
ထောင်မုသည် လေကြီးလေကျယ်နှင့် ပြောခဲ့သည်မဟုတ်မှန်း လီရှောင်းဟန် သိသည်။ သူသည် လော့ယန်နှင့်ပတ်သတ်ပြီး အတော်လေး သိထားပုံရသည်။ ထိုအရာကပင် လီရှောင်းဟန်ကို ပို၍ သိချင်စိတ်ဖြစ်စေခဲ့သည်။ ထောင်မုသည် ကျောထောက်နောက်ခံမရှိသော သူတစ်ယောက်ဖြစ်သည်ကို အဘယ့်ကြောင့် ထိုကဲ့သို့ ပြောနေချိန်တွင် ယုံကြည်ချက်ပြင်းထန်နေရသနည်း?။
လော့ယန်သည် ညည်းညူလိုက်ပြီး သူ့သူငယ်ချင်းပြောသော စကားများကို သတိမမူပဲ " စိတ်မပူပါနဲ့။ ငါကသူနဲ့ သူငယ်ချင်းဖြစ်ချင်ရုံတင်ပါ။ အနိုင်ကျင့်ဖို့ မဟုတ်ပါဘူး၊ အကယ်၍သူ့ဆီမှာ အင်အားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါနဲ့ဘာဆိုင်လို့လဲ? ဒါ့အပြင် သူ့မှာအင်အားရှိတယ်ဆိုရင်လည်း သူ့အတွက်ကောင်းတာပေါ့။ ဖျော်ဖြေရေး အသိုင်း၀န်းက သိပ်ကိုနက်နဲရှုပ်ထွေးတယ်လေ အကယ်၍ သူ့ကိုယ်သူ ကာကွယ်နိုင်မယ်ဆိုရင် တခြားသူအနိုင်ကျင့်မှာကို ငါစိတ်ပူစရာမလိုတော့ဖူးပေါ့ "
ခင်မင်ရင်းနှီးမှု တစ်ခုမှ မရှိသော်လည်း လော့ယန်သည် ထောင်မုကို သူ၏အပိုင်အဖြစ် သတ်မှတ်ထားပြီးပုံရသည်။
လီရှောင်းဟန်သည် စိတ်ကူးယဉ်ပြီး ရူးနေသော သူ၏ သူငယ်ချင်းကို ကြည့်ပြီး ဘာမှထပ်မပြောတော့ပေ။
ထောင်မုသည် ထက်မြက်သော သူတစ်ယောက်ဖြစ်သည်ကို သူယုံကြည်သည်။ လော့ယန်သည် သူ၏ အကျိုးစီးပွားကို မထိပါးသေးသ၍ ထောင်မုသည် လော့ယန်ကို ထိခိုက်အောင်လုပ်မည်မဟုတ်ချေ။
တစ်ဖက်မှ အကျဉ်းချုံးပြောပြရမည်ဆိုရာ သူသည် ထောင်မု၏ သဘောသဘာ၀ကို နားလည်သဘောပေါက်နေပြီဖြစ်သည်။
ထို့နောက် အခြားသူများကို သိပ်ပြီး ဂရုစိုက်လေ့မရှိသော စီအီးအိုလီသည်
" သူက သရုပ်ဆောင်လား? " ဟုမေးခဲ့သည်။ " အဲ့လိုပါပဲ " လော့ယန်သည် သူ၏ ခေါင်းကို ကုတ်လိုက်ပြီး " အဲ့ဒီ ဇာတ်လမ်းကို ငါရင်းနှီး မြုပ်နှံထားတာလေ။ မင်းသိတယ်မလား? သူက မင်းသားရဲ့ ကိုယ်ခွဲအဖြစ်သရုပ်ဆောင်တာလေ။ ဒါပေမယ့် သူက ပေကျင်း ရုပ်ရှင်တက္ကသိုလ်မှာ ၀င်ခွင့်ရတယ်လို့လည်း ကြားတယ်။ ဘာလို့မေးတာလဲ ကိစ္စရှိလို့လား? "
လီရှောင်းဟန်၏ လက်ညိုးလေးသည် အနည်းငယ်လှုပ်ရှားသွားပြီး " ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းမေးကြည့်တာပါ " ဟုပြောသည်။
ကလပ်မှ ထွက်လာသော ထောင်မုသည် လမ်းလျှောက်ရင်း နှာချေနေခဲ့သည်။ သယ၏ လက်မောင်းကို ပွတ်သတ်လိုက်ပြီး အပူချိန် 40 ဒီဂရီရှိသော Hမြို့၏ အပူချိန်ကို ခံစားလိုက်ရသည်။ " အေးလည်း မအေးပါဖူး! "
" အဖျားရှိလို့လား? " တမောက်သည် စိုးရိမ်တကြီးဖြင့် အနားသို့ရောက်လာပြီး ", မင်းဘာလို့ပြန်မသွားပဲနေပြီး အအေးမိပျောက်ဆေးမသောက်ရတာလဲ? "
ထောင်မုသည် မျက်မှောင်ကြုတ်ပြီး " ငါဆေးမသောက်ချင်ဖူး! " ဟု ၀မ်းနည်းစွာပြောခဲ့သည်။
ရှောင်ဖန်းသည် လူကြမ်းကြီး ထောင်မုကိုကြည့်ပြီး " အဲ့ဒါဆို မသောက်နဲ့တော့ " ဟုချက်ချင်းပြောခဲ့သည်။
တမောက် ခေါင်းသူ့ဖက်သို့ မလှည့်လာခင် " အအေးမိပျောက်ဆေး သောက်မယ့်အစား အအေးမိကာကွယ်ဆေး သောက်လိုက် " ဟုပြောခဲ့သည်။
ထောင်မု "...." အာ့တာက ဘာကွာသွားလို့လဲ?!
***
[Zawgyi]
ျပန္လည္ေမြးဖြားလာေသာ အေျမႇာက္စာဇာတ္ေကာင္ေလး
အပိုင္း ၀၀၇ ။ အေအးမိသြားၿပီ
ေလာ့ယန္သည္ သူ၏ ငယ္သူငယ္ခ်င္းကို အကၾကမ္းျပင္ထက္သို႔ဆြဲေခၚလာၿပီး ဝင္လာသည့္အခါတြင္ ေထာင္မုသည္ ဆြဲေဆာင္မႈရွိေသာ မိတ္ကပ္ႏွင့္ ခပ္ေဟာ့ေဟာ့ဝတ္ထားသည့္ မိန္းကေလးတစ္ေယာက္ႏွင့္အတူ ကလ်က္ရွိသည္။
ထိုမိန္းကေလး၏ပုံစံသည္ လႈိင္းတြန႔္ဆံပင္ေကာက္ႀကီးမ်ား၊ သူမ၏တင္ပါးကို ပင့္တင္ထားေသာ ေ႐ႊဝါေရာေရာင္ မီနီ၀တ္စုံ၊ မႈန္ေနေအာင္ ျခယ္မႈန္းထားသည့္ မိတ္ကပ္ႏွင့္ အနီေရာင္ႏႈတ္ခမ္းမွာလည္း ရဲရဲေတာက္လ်က္ရွိသည္။ စင္ေပၚမွ မီးအလင္းမ်ား သူတို႔ေပၚက်ေရာက္လာသည့္အခါ ထိုမိန္းကေလးသည္ သူမ၏လက္မ်ားေျမႇာက္ၿပီး ေထာင္မု ေရွ႕တြင္ တင္ပါးကို လႈပ္ရမ္း၍ ကျပခဲ့သည္။ ကေနစဥ္အတြင္း သူမ၏ ေပ်ာ့ေျပာင္းေသာ ခႏၶာကိုယ္သည္ ေထာင္မုကိုယ္ကို ပြတ္တိုက္သြားခဲ့သည္။ သူမေခါင္းကို အနည့္ငယ္ေစာင္းလိုက္သည့္အခါတြင္ သူမ၏ေကာက္ေနေသာ ဆံပင္မ်ားသည္ ေထာင္မု ေမးေစ့ႏွင့္ ထိေတြ႕ခဲ့သည္။ ေထာင္မုသည္ ေသးသြယ္ၿပီးေပ်ာ့ေျပာင္းေသာ သူမ၏ခါးကို ေပြ႕ဖက္၍ စည္းခ်က္ညီစြာျဖင့္ လိုက္ပါကခုန္ေနခဲ့သည္။
ကခုန္ရင္းပူေလာင္လာၾကသည့္အခါ ေခ်ာေမာၿပီး ေျပျပစ္ေသာ ေထာင္မု၏ မ်က္ႏွာတြင္ အၿပဳံးတစ္ခုေပၚလာခဲ့ၿပီး ထိုအၿပဳံးသည္ ခ်စ္ဖို႔ေကာင္းေနေပမယ့္ အထီးက်န္ဆန္ေနပုံရသည္။ မီးအလင္းသည္ ေထာင္မုဆီသို႔ က်ေရာက္လာခ်ိန္တြင္ ေခ်ာေမာေျပျပစ္ေသာ အသြင္ျပင္သည္ ပို၍ထင္ရွားၿပီ ဆြဲေဆာင္မႈရွိစြာ ထြက္ေပၚလာသည္။ သူ၏ႏွာတံဖ်ားႏွင့္ မ်က္ႏွာေပၚသို႔ ေခြၽးစက္ေလးမ်ား က်ဆင္းလာသည္။ စင္ေအာက္မွ ေကာင္မေလးမ်ား၏ေအာ္ဟစ္သံမ်ားႏွင့္ သူတို႔၏အခ်စ္ကို ေဖာ္ျပေနၾကသည့္အခ်ိန္တြင္ သူ၏ ဆြဲေဆာင္မႈရွိေသာေသာ ႏႈတ္ခမ္းပါးထက္တြင္ အၿပဳံးတစ္၀က္ကို ဆင္ျမန္းၿပီး သူ၏နက္ေမွာင္ေသာ မ်က္လုံးမ်ားသည္ လူအုပ္ႀကီးကို ေဝ့ဝိုက္၍ၾကည့္ေနခဲ့သည္။ ရက္စက္ၿပီး အထိန္းအကြပ္မဲ့ေသာ သူ၏ပုံစံသည္ ခ်က္ခ်င္းပင္ မိန္းကေလးမ်ား၏ ေအာ္ဟစ္သံမ်ား တိုးျမႇင့္လာေစၿပီး အကၾကမ္းျပင္ထက္တြင္ရွိသည့္ ေကာင္ေလးမ်ား၏ ေလခြၽန္သံမ်ားေတာင္ တိုးမေပါက္ႏိုင္ေတာ့ေပ။
ဆြဲေဆာင္မႈရွိေသာ လႈပ္ရွားမႈတစ္ခုခ်င္းစီကို စိုက္ၾကည့္ေနသည့္ ေလာ့ယန္သည္ ႏႈတ္ခမ္းမ်ားေျခာက္ေသြ႕လာၿပီး ရီေဝေနေသာ အသံျဖင့္ " က်စ္ အရမ္းပူတာပဲ" လို႔ေျပာခဲ့သည္။
ေလာ့ယန္၏ ဆြဲေခၚျခင္းခံခဲ့ရေသာ လီေရွာင္းဟန္သည္လည္း တဟုန္ထိုး တက္လာေသာ လူအုပ္ႀကီးထဲတြင္ ရပ္ေနခဲ့သည္။ စင္ေပၚတြင္ ေခ်ာေမာေသာ ေကာင္ေလးသည္ သူ၏လက္ေမာင္းမ်ားႏွင့္ ဆြဲေဆာင္မႈရွိေသာ ေကာင္မေလးကို ေပြ႕ဖက္၍ကေနရင္း လူအုပ္ႀကီးကိုလည္း က်ီစားေနပုံကို ၾကည့္ေနရင္းႏွင့္ လီေရွာင္းဟန္၏ မ်က္လုံးမ်ားသည္ တျဖည္းျဖည္း ေမွာင္မိုက္လာသည္။
သီခ်င္းၿပီးဆုံးသည့္အခါ ေထာင္မုသည္ အတူတူကခဲ့ေသာ ေကာင္မေလးမွ ဆက္သြယ္ဖို႔အခ်က္အလက္ကို ေတာင္းဆိုလာခဲ့သည္ကို ျငင္းပယ္ၿပီး စင္ေအာက္သို႔ ဆင္းလာခဲ့သည္။ ထိုစဥ္ ႐ုပ္တရပ္ပဲ သူသည္ ေလာ့ယန္၏ တားျမစ္ျခင္းခံလိုက္ၿပီး " ကိုယ္မင္းအတြက္ ဒကာခံေပးပါရေစ, ဘယ္လိုလဲ "
ေထာင္မု၏ မ်က္လုံးသည္ ေမွးက်ဥ္းသြားၿပီး ခပ္ေထ့ေထ့ရယ္ေနခဲ့သည္။
ခ်က္ခ်င္းဆိုသလိုပင္ ေလာ့ယန္သည္ ရွက္႐ြံ႕မႈ အနည္းငယ္ကို ခံစားလိုက္ၿပီး " အဲ့ဒါကို မင္းဘယ္လိုသေဘာရလဲ ငါ့ေကာင္မေလးကို ခိုးသြားတဲ့အတြက္လည္း မေက်နပ္တာမရွိပါဘူး။ အခုက ငါမင္းနဲ႔ သူငယ္ခ်င္းျဖစ္ခ်င္႐ုံတင္ပါ။ မင္းနာမည္ႀကီး ၾကယ္ပြင့္တစ္ေယာက္မျဖစ္ခ်င္ဖူးလား? တကယ္လို႔ ငါနဲ႔သူငယ္ခ်င္းျဖစ္သြားမယ္ဆိုရင္ ငါမင္းကို ကူညီေပးႏိုင္လိမ့္မယ္! " လို႔ေအာ္ေျပာခဲ့သည္။
ေထာင္မု ေသာက္ထားသည္မွာ အရမ္းမ်ားေနသည္။ အရက္၏လႈံ႕ေဆာ္မႈႏွင့္ ပတ္၀န္းက်င္ေလထုေၾကာင့္ “မင္းေကာင္မေလးကို ခိုးရမယ္? အိပ္မက္သာမက္ေနလိုက္! ဘယ္သူကမ်ား မင္းေကာင္မေလးကို ခိုးမွာလဲ! သတိမျပဳပဲေနရင္ေတာင္မွ မင္းငါးစာခ်တယ္ဆိုတာ အရမ္းသိသာလြန္းေနတယ္။ မင္းကအ႐ူးလား? "
ေထာင္မုသည္ အရင္ဘ၀က ေျပာခဲ့သည့္အတိုင္း အခုလည္း ထပ္ေျပာခဲ့သည္။ " မင္းရဲ႕ေနာက္ခံမိသားစုေၾကာင့္ ငါျပန္မလုပ္ႏိုင္ခဲ့ဖူးဆိုေတာင္မွ မင္းလိုလူမ်ိဳးကို တစ္ေန႔ 8ႀကိမ္ေလာက္ ႐ိုက္ပစ္ခ်င္ေနတာသိလား ယုံတာမယုံတာကေတာ့ မင္းအပိုင္းပဲ ဘယ္သူက မင္းလို အိုင္က်ဴရွိတဲ့လူနဲ႔ သူငယ္ခ်င္းျဖစ္ခ်င္မွာလဲ "
ေလာ့ယန္သည္ သူအမွားလုပ္မိေနၿပီဆိုတာကို သိသည္။ သို႔ေသာ္ ဒီည ေထာင္မု၏ ဆြဲေဆာင္မႈရွိေသာ အကအလွကို ျမင္ေတြ႕လိုက္ရသည့္အတြက္ ေထာင္မုအား ေဒါသထြက္ျခင္းမရွိခဲ့ေပ။ သူသည္ ညႇင္သာစြာႏွင့္ ေျပာင္းေျပာခဲ့သည္။ " ေကာင္းၿပီ! ေကာင္းၿပီ! ငါမွားတယ္။ အဲဒါအတြက္ မင္းကို ေတာင္းပန္တဲ့အေနနဲ႔ အရက္၀ယ္တိုက္လို႔ရမလား ? "
ေထာင္မုသည္ ခပ္ေထ့ေထ့ျဖင့္သာ ရယ္ေနခဲ့သည္။ သူသည္ လူအုပ္ထဲမွ တြန္းထိုးၿပီး ထြက္လာေနၾကေသာ တေမာက္ႏွင့္ ေရွာင္ဖန္းတို႔ကိုၾကည့္ေနခဲ့သည္။ တေမာက္သည္ ေလာ့ယန္ကိုျမင္သည္ႏွင့္ ေျခလွမ္းအျမန္လွမ္းလာၿပီး ေလာ့ယန္ကို တြန္းထုတ္လိုက္သည္။ " ငါတို႔ညီေလးမုကို မေႏွာင့္ယွက္ပါနဲ႔။ မင္းငါ့ကို ေဒါသထြက္ေအာင္လုပ္မယ္ဆို မင္းရဲ႕ ေလွ်ာ္ေတအ၀တ္ေတကို ဆြဲၿဖဲပစ္လိုက္မယ္။ ယုံခ်င္ယုံ မယုံခ်င္ေန? "
ေက်ာက္မီးေသြးသူေဠး၏ တစ္ဦးတည္းေသာသားသည္ ဩဇာလႊမ္းမိုးမႈကို ငယ္စဥ္တည္းက သင္ၾကားခဲ့ရသည္။ ေလွ်ာ္ေတအ၀တ္ကို ဆြဲ၍ ပါးစပ္ကို ဖြင့္ရသကဲ့သို႔ ႐ုန္းကန္ရလြယ္ကူသည္။
ေလာ့ယန္သည္ ေထာင္မုကို ၿပဳံးၿပီးသာၾကည့္ေနခဲ့သည္။ သို႔ေသာ္ ေထာင္မုသည္ ယဥ္ေက်းမႈမရွိေသာ ပုံစံသို႔ေျပာင္းလဲသြားၿပီး ေနာက္ျပန္တြန္းထုတ္၍ " မင္းကဘယ္သူပဲေနေန! ငါ့အေပၚမွာလာၿပီးေတာင္ ေလွ်ာ္ေတအ၀တ္ဆြဲ၀တ္ခ်င္ေနေသးတယ္။ ငါဖုန္းေလးတစ္ခ်က္ဆက္႐ုံနဲ႔ ေဆး႐ုံကုတင္ေပၚမွာ သုံးလေလာက္ လဲေနေအာင္ လုပ္ႏိုင္တယ္ ယုံခ်င္ယုံ မယုံခ်င္ေန? "
" အိုးး ငါ့ရဲ႕ ေဒါသေတြ… " ဆိုၿပီး သူ၏
အက်ီကို သပ္ခ်ေနခဲ့သည္။
ေထာင္မုသည္ သူ၏ေကာ္လံကို ဆြဲၿပီး " ငါတို႔သြားေတာ့မယ္! မနက္ျဖန္မနက္႐ိုက္ကူးေရးရွိေသးတယ္! "
ေလာ့ယန္သည္ အၿပဳံးႀကီးတစ္ခုခ်ိတ္ဆြဲလ်က္ " မင္းဘယ္မွာေနတာလဲေျပာရင္ ငါမင္းကို လက္လြတ္ေပးမယ္ေလ? "
ေထာင္မုသည္ " မလိုဘူး" ဆိုၿပီး တစ္ဖက္က တေမာက္ကို ဆြဲၿပီး က်န္တစ္ဖက္ကို ေရွာင္ဖန္းကိုဆြဲ၍ ကုန္းရီရွင္တို႔ကို ႏႈတ္ဆက္ဖို႔ျပင္လိုက္သည္။
ေလာ့ယန္သည္ ေထာင္မု ေနာက္သို႔ တစ္ေကာက္ေကာက္လိုက္ၿပီး " ဒါဆိုလည္း သူငယ္ခ်င္းလုပ္ၾကမယ္ေလ "
ေထာင္မုသည္ " မဂၤလာပါ သူငယ္ခ်င္း၊ ဒါပဲေနာ္ သူငယ္ခ်င္း" လို႔ ေပါ့ျပတ္ျပတ္ႏွင့္ ေျပာခဲ့သည္။
" ေဟး.. မင္း.. " ေလာ့ယန္သည္ ထြက္လာၿပီး ေထာင္မု၏ လက္ေမာင္းကို ဆြဲလိုက္သည္။ ေထာင္မု ထိုကဲ့သို႔ မေျပာခင္ခ်ိန္တြင္ သူသည္အမွန္တကယ္ ေထာင္မုကို ေအးေအးေဆးေဆးေျပာဆိုၿပီး သူငယ္ခ်င္းျဖစ္ဖို႔ ဆြဲေဆာင္ခ်င္ခဲ့သည္။ သို႔ေပမယ့္ ေထာင္မုဆီမွ ထိုကဲ့သို႔ေသာ စကားမ်ားေျပာထြက္လာလိမ့္မည္ဟု မထင္ထားခဲ့ေခ်။
ေလာ့ယန္သည္ သူ၏ လိုင္းကို ခိုးယူခံလိုက္ရသလိုပဲ ႐ုတ္တရပ္ ေဒါသထြက္လာခဲ့သည္။ အေရးႀကီးဆုံးမွာ ေထာင္မုသည္ သူငယ္ခ်င္းအျဖစ္ လက္ခံခဲ့ေသာ္လည္း ထိုကိစၥသည္ သူ႔အတြက္ ဘာမွမဟုတ္သလို ျပဳမူခဲ့သည္ကို လူတိုင္းသိေနၾကသည္။ ဒီေခြးေလးက သူ႔ကို အ႐ူးလုပ္ေနတာပဲ!
" ဒါကို ေသခ်ာအေလးနက္ထား၊ ဟုတ္ၿပီလား။ ဒီသခင္ေလးက မင္းၾကယ္ပြင့္ျဖစ္လာဖို႔ ဒိုင္းကာျဖစ္လာေပးႏိုင္တယ္ေနာ္" ေလာ့ယန္သည္ ေလးနက္ေသာအသံျဖင့္ ထပ္ၿပီး " ငါကသာ ယဲ့ေယာင္ကို အလုပ္လုပ္ႏိုင္ဖို႔ စီစဥ္ေပးႏိုင္တဲ့သူပဲ ဟုတ္ၿပီလား? "
ေလာ့ယန္သည္ ယဲ့ေယာင္ အေၾကာင္းမေျပာခဲ့ရင္ ပို၍ေကာင္းလိမ့္မည္။ ယဲ့ေယာင္ အေၾကာင္းၾကားလိုက္ရသည္ႏွင့္ သူ ေသြးေၾကာထဲထိနင့္ေနေအာင္ခံစားခဲ့ရသည္မ်ားကို ျပန္၍သတိရေစသည္။
ေထာင္မုသည္ အလြန္စိတ္ပ်က္သြားခဲ့သည္။ သို႔ေသာ္သူသည္ ေလာ့ယန္ကိုၾကည့္ၿပီး " အာ့ဒါဆို ဒီသခင္ေလးေလာ့က ကြၽန္ေတာ့္ကို ၾကယ္ပြင့္တစ္ေယာက္ျဖစ္လာေအာင္ ဘယ္လိုလုပ္ေပးသြားမွာလဲ " ဟုၿပဳံးၿပီးေမးခဲ့သည္။
ေလာ့ယန္သည္ ေထာင္မု အၿပဳံးကို ၾကည့္ရင္းႏွင့္ထိုေနရာမွာပဲ မွင္သက္သြားခဲ့သည္။ သူသည္ မွင္သက္သြားရာမွ မ်ားမ်ားစားစားမေတြးပဲ ေျပာခဲ့သည္။ " မင္းကို ၾကယ္ပြင့္ျဖစ္ေအာင္ လုပ္ဖို႔လား? မင္းသီခ်င္းဆိုခ်င္ရင္ဆိုေလ ဒါမွမဟုတ္ သ႐ုပ္ေဆာင္ခ်င္တယ္ဆိုလည္း သ႐ုပ္ေဆာင္ေပါ့။ ငါက မင္းအတြက္ ထန္းလုံနဲ႔ စာခ်ဳပ္ခ်ဳပ္ေပးႏိုင္တယ္"
ခဏေလာက္နားလိုက္ၿပီးေနာက္ ေလာ့ယန္သည္ သူ၏စကားကို ပို၍အထင္ႀကီးေစရန္အတြက္ "ငါ့အေဖက ထန္းလုံအင္တာတိန္းမန႔္က ဥကၠဌေလ။ မင္း ေဖ်ာ္ေျဖေရးေလာကထဲ ၀င္ခ်င္ၿပီဆိုတည္းက ထန္းလုံအေၾကာင္းကို ၾကားဖူးသင့္တယ္ ဟုတ္တယ္မလား? "
ေထာင္မုသည္ တခစ္ခစ္ရယ္ေမာ၍ မ်က္လုံးမ်ား ေမွးစင္းၿပီး ေလာ့ယန္ကိုၾကည့္လိုက္သည္။ “မင္းေျပာသလိုဆို မင္းအေဖနဲ႔ မိတ္ေဆြျဖစ္ဖို႔ နည္းလမ္းရွာတာကမွ ပိုေကာင္းအုံးမယ္ ဟုတ္တယ္မလား? အရင္းအျမစ္ေတြရႏိုင္႐ုံသာမက တူတစ္ေယာက္ကိုပါ အလကားရႏိုင္တယ္ေလ?*" ခပ္မိုက္မိုက္ၿပဳံးျပ၍ ေမးခဲ့သည္။
(*မိဘမ်ား၏ သူငယ္ခ်င္းမ်ားမွ တူေလး။ တူမေလးဟုေခၚဆိုေသာ္လည္း ေသြးရင္းႏွီးမႈမရွိ )
ေထာင္မုသည္ ေလာ့ယန္၏ေမးေစ့ကို လွမ္းထိလိုက္ၿပီး ရယ္ေမာလ်က္ " လုပ္ပါ တူေလးရ။ ဦးေလးလို႔ မေခၚခ်င္ဖူးလား? "
တေမာက္ႏွင့္ ေရွာင္ဖန္းတို႔သည္ က်ယ္ေလာင္စြာ ရယ္ေမာလိုက္ၾကသည္။ သတၱိရွိရွိ စိန္ေခၚလိုက္တဲ့ သူတို႔၏ ညီေလးမုသည္ လုံး၀ကို မိုက္လွသည္။
ေလာ့ယန္သည္ သူ၏ေမးေစ့ေပၚမွ ေထာင္မု ၏ လက္ကိုဖယ္ထုတ္လိုက္ၿပီး ထိတ္လန႔္သြားေသာ အေကာင္ငယ္ေလးလို သူ၏ဆံပင္ကို ထိုးဖြလ်က္ " မင္း ငါမ်က္ႏွာသာေပးေနတာကို ကန္းတက္မလာနဲ႔! "
ထိုကဲ့သို႔ ေျပာၿပီးသည့္ေနာက္ ေလာ့ယန္ သည္ ၀မ္းနည္းသြားမိသည္။ သူထိုစကားကို ၾကားလိုက္သည့္အခါ ေထာင္မု၏ မ်က္ႏွာသည္ လုံး၀ေအးစက္သြားၿပီး " ဒီက သခင္ေလးေျပာတာ မွန္ပါတယ္။ မင္းရဲ႕မ်က္ႏွာက အရမ္းႀကီးလြန္းတယ္ဆိုတယ္။ ငါတကယ္လက္မခံရဘူး။"
ေလာ့ယန္ ဘာမွမေျပာႏိုင္ေသးခင္မွာပဲ ေထာင္မုသည္ ေလွာင္ေျပာင္သလိုႏွင့္ ေျပာခဲ့သည္ " ဒီေန႔ ေန႔လည္တုန္းကကိစၥမွာ အလုပ္လုပ္လို႔ရေအာင္ မင္းရဲ႕မ်က္ႏွာသာရဖို႔ ေတာင္းခံေနခဲ့တာ မဟုတ္ဘူး။ ဒါေပမယ့္ ငါမင္းကို ေၾကာက္မယ္လို႔ မထင္လိုက္နဲ႔။ ဟုတ္တယ္၊ ငါက သာမန္အရပ္သားတစ္ဦးဆိုတဲ့အတြက္ ေလာ့မိသားစုကို ရန္စရဲမွာမဟုတ္ဖူး ဒါေပမယ့္ မင္းရဲ႕ ေလာ့မ်ိဳး႐ိုးနဲ႔ ေလာ့မိသားစုရဲ႕ ေလာ့နဲ႔ကေတာ့ အတူတူတူျဖစ္မွာမဟုတ္ဖူး "
ေလာ့ယန္သည္ သူ၏အေဖကို ေသေလာက္သည္အထိ ေဒါသထြက္ေနၿပီး သူ႔ညီမမွ သူ႔အား ေလာ့မိသားစုမွ ႏွင္ထုတ္ခဲ့သည္ကို ေထာင္မု ေသခ်ာစြာ မွတ္မိေနေသးသည္။ သူသာတကယ္ ေဒါသထြက္ေနမယ္ဆိုရင္ မစၥေလာ့ဆီသို႔ သြားၿပီး ဒီအ႐ူးကို ေမာင္းထုတ္ဖို႔ အစီအစဥ္ေတာင္ခ်ေပးခဲ့အုံးမည္။
ျဖစ္ႏိုင္တာကေတာ့ သူတို႔၏ အေဖအသက္ေတာင္မွ ကယ္လိုက္ႏိုင္ပါ့မလား!
ေထာင္မု ေဒါသထြက္ေနသည္ကို ေတြ႕ေသာအခါ ေလာ့ယန္သည္ ေၾကာက္႐ြံ႕လာခဲ့သည္။ ေထာင္မုကို ခပ္ဖြဖြကေလး ၿပဳံးျပရင္း " မင္းၾကည့္စမ္း စကားေလးနည္းနည္းေျပာလိုက္တာကို ေဒါသကထြက္ေနၿပီ။ ငါလည္း ဘာမွမေျပာရေသးျပနဲ႔ကို? " ဟုေျပာခဲ့သည္။
ေထာင္မုသည္ ခပ္႐ႊဲ႕႐ႊဲ႕ရယ္ၿပီး သူ႔ေဘးမွ သူငယ္ခ်င္းႏွစ္ေယာက္ႏွင့္အတူ လွည့္ထြက္သြားခဲ့သည္။
ေလာ့ယန္သည္ သူ၏ႏွာေခါင္းကို ရွက္႐ြံ႕ေနေသာ အမူအရာျဖင့္ ပြတ္လိုက္ၿပီး " သူက အေတာ္ေလး ေဒါသႀကီးတာပဲ " ဟု သူ႔သူငယ္ခ်င္းကို ညည္းညဴ၍ေျပာခဲ့သည္။
သူ႔ေခါင္းကိုလွည့္ၾကည့္လိုက္ေသာအခါ လူအိုႀကီးလိုပဲ ပ်င္းရိဖြယ္ေကာင္းလွေသာ သူ၏ သူငယ္ခ်င္းသည္ ေထာင္မု၏ေက်ာျပင္ကို ေငးၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ " ဘာျဖစ္လို႔လဲ " ဟု ေလာ့ယန္သည္ သူ၏ မ်က္ခုံးကို ပင့္တင္ၿပီး ေမးခဲ့သည္။ ထို႔ေနာက္ သူ၏ အ႐ူးသူငယ္ခ်င္းကို သတိေပးစကားေျပာခဲ့သည္။ " ဒီလူက ခန႔္မွန္းရခက္တဲ့လူပဲ မင္းသူ႔ကို သြားမရႈပ္တာ ပိုေကာင္းမယ္ "
ေထာင္မုသည္ ေလႀကီးေလက်ယ္ႏွင့္ ေျပာခဲ့သည္မဟုတ္မွန္း လီေရွာင္းဟန္ သိသည္။ သူသည္ ေလာ့ယန္ႏွင့္ပတ္သတ္ၿပီး အေတာ္ေလး သိထားပုံရသည္။ ထိုအရာကပင္ လီေရွာင္းဟန္ကို ပို၍ သိခ်င္စိတ္ျဖစ္ေစခဲ့သည္။ ေထာင္မုသည္ ေက်ာေထာက္ေနာက္ခံမရွိေသာ သူတစ္ေယာက္ျဖစ္သည္ကို အဘယ့္ေၾကာင့္ ထိုကဲ့သို႔ ေျပာေနခ်ိန္တြင္ ယုံၾကည္ခ်က္ျပင္းထန္ေနရသနည္း?။
ေလာ့ယန္သည္ ညည္းညဴလိုက္ၿပီး သူ႔သူငယ္ခ်င္းေျပာေသာ စကားမ်ားကို သတိမမူပဲ " စိတ္မပူပါနဲ႔။ ငါကသူနဲ႔ သူငယ္ခ်င္းျဖစ္ခ်င္႐ုံတင္ပါ။ အႏိုင္က်င့္ဖို႔ မဟုတ္ပါဘူး၊ အကယ္၍သူ႔ဆီမွာ အင္အားရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ငါနဲ႔ဘာဆိုင္လို႔လဲ? ဒါ့အျပင္ သူ႔မွာအင္အားရွိတယ္ဆိုရင္လည္း သူ႔အတြက္ေကာင္းတာေပါ့။ ေဖ်ာ္ေျဖေရး အသိုင္း၀န္းက သိပ္ကိုနက္နဲရႈပ္ေထြးတယ္ေလ အကယ္၍ သူ႔ကိုယ္သူ ကာကြယ္ႏိုင္မယ္ဆိုရင္ တျခားသူအႏိုင္က်င့္မွာကို ငါစိတ္ပူစရာမလိုေတာ့ဖူးေပါ့ "
ခင္မင္ရင္းႏွီးမႈ တစ္ခုမွ မရွိေသာ္လည္း ေလာ့ယန္သည္ ေထာင္မုကို သူ၏အပိုင္အျဖစ္ သတ္မွတ္ထားၿပီးပုံရသည္။
လီေရွာင္းဟန္သည္ စိတ္ကူးယဥ္ၿပီး ႐ူးေနေသာ သူ၏ သူငယ္ခ်င္းကို ၾကည့္ၿပီး ဘာမွထပ္မေျပာေတာ့ေပ။
ေထာင္မုသည္ ထက္ျမက္ေသာ သူတစ္ေယာက္ျဖစ္သည္ကို သူယုံၾကည္သည္။ ေလာ့ယန္သည္ သူ၏ အက်ိဳးစီးပြားကို မထိပါးေသးသ၍ ေထာင္မုသည္ ေလာ့ယန္ကို ထိခိုက္ေအာင္လုပ္မည္မဟုတ္ေခ်။
တစ္ဖက္မွ အက်ဥ္းခ်ဳံးေျပာျပရမည္ဆိုရာ သူသည္ ေထာင္မု၏ သေဘာသဘာ၀ကို နားလည္သေဘာေပါက္ေနၿပီျဖစ္သည္။
ထို႔ေနာက္ အျခားသူမ်ားကို သိပ္ၿပီး ဂ႐ုစိုက္ေလ့မရွိေသာ စီအီးအိုလီသည္
" သူက သ႐ုပ္ေဆာင္လား? " ဟုေမးခဲ့သည္။ " အဲ့လိုပါပဲ " ေလာ့ယန္သည္ သူ၏ ေခါင္းကို ကုတ္လိုက္ၿပီး " အဲ့ဒီ ဇာတ္လမ္းကို ငါရင္းႏွီး ျမဳပ္ႏွံထားတာေလ။ မင္းသိတယ္မလား? သူက မင္းသားရဲ႕ ကိုယ္ခြဲအျဖစ္သ႐ုပ္ေဆာင္တာေလ။ ဒါေပမယ့္ သူက ေပက်င္း ႐ုပ္ရွင္တကၠသိုလ္မွာ ၀င္ခြင့္ရတယ္လို႔လည္း ၾကားတယ္။ ဘာလို႔ေမးတာလဲ ကိစၥရွိလို႔လား? "
လီေရွာင္းဟန္၏ လက္ညိဳးေလးသည္ အနည္းငယ္လႈပ္ရွားသြားၿပီး " ဘာမွမဟုတ္ပါဘူး။ ဒီတိုင္းေမးၾကည့္တာပါ " ဟုေျပာသည္။
ကလပ္မွ ထြက္လာေသာ ေထာင္မုသည္ လမ္းေလွ်ာက္ရင္း ႏွာေခ်ေနခဲ့သည္။ သယ၏ လက္ေမာင္းကို ပြတ္သတ္လိုက္ၿပီး အပူခ်ိန္ 40 ဒီဂရီရွိေသာ Hၿမိဳ႕၏ အပူခ်ိန္ကို ခံစားလိုက္ရသည္။ " ေအးလည္း မေအးပါဖူး! "
" အဖ်ားရွိလို႔လား? " တေမာက္သည္ စိုးရိမ္တႀကီးျဖင့္ အနားသို႔ေရာက္လာၿပီး ", မင္းဘာလို႔ျပန္မသြားပဲေနၿပီး အေအးမိေပ်ာက္ေဆးမေသာက္ရတာလဲ? "
ေထာင္မုသည္ မ်က္ေမွာင္ၾကဳတ္ၿပီး " ငါေဆးမေသာက္ခ်င္ဖူး! " ဟု ၀မ္းနည္းစြာေျပာခဲ့သည္။
ေရွာင္ဖန္းသည္ လူၾကမ္းႀကီး ေထာင္မုကိုၾကည့္ၿပီး " အဲ့ဒါဆို မေသာက္နဲ႔ေတာ့ " ဟုခ်က္ခ်င္းေျပာခဲ့သည္။
တေမာက္ ေခါင္းသူ႔ဖက္သို႔ မလွည့္လာခင္ " အေအးမိေပ်ာက္ေဆး ေသာက္မယ့္အစား အေအးမိကာကြယ္ေဆး ေသာက္လိုက္ " ဟုေျပာခဲ့သည္။
ေထာင္မု "...." အာ့တာက ဘာကြာသြားလို႔လဲ?!
***