ပြန်လည်မွေးဖွားလာသော အမြှောက်...

Por CharmZoey

153K 18.3K 198

Name -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Rom... Más

Description
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၁)
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)
အပိုင်း ၀၀၂ ။ ဒရာမာ
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၁)
အကြံအစည်
အရည်အချင်းများကို ပြသခြင်း
မွေးနေ့ပွဲကျင်းပခြင်း
အအေးမိသွားပြီ
အတိတ်အကြောင်းများ
သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်
တွေ့ဆုံခြင်း
အမြင်အာရုံချို့ယွင်းခြင်း
ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း
စကားဝိုင်း
ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်
မင်း ငါ့ကိုစိုးရိမ်ပေးနေတာလား?
လူရွေးပွဲ (၁)
လူရွေးပွဲ (၂)
ရိုက်ကူးရေး
ဝူမင်ဇာတ်ကောင်ပြီးဆုံး
လူရွေးပွဲအသစ်
မင်းရဲ့ဒေါသကိုပြကြည့်ပါဦး
ရိုက်ကွင်းသို့အလည်လာခြင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ငယ်သူငယ်ချင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ကူညီပါ!
လူကယ်ခြင်း
မိသားစုဝင်များရောက်ရှိလာခြင်း
အမှားဝန်ခံခြင်း
အိမ်ပြန်ခြင်း
အိမ်သစ်
အခန်းဖော်များ
အဖိုးကြီးစုန့်၏အတိတ်
အတိတ်ရန်ကြွေး
စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း
ကောလဟာလနှင့် Flynews
အစီအစဉ်များ
အငြင်းပွားမှု မီးစ
ကြိုဆိုညစာ
လော့ရှီနှင့်ပိတ်ရက်
အတူတကွ
Hမြို့သို့တစ်ခေါက်ပြန်လည်၍
ဖုန်းခေါ်ဆိုမှု
အပြန်အလှန်တိုင်ကြားခြင်း
မဟာဗျူဟာ
မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း
Attention Please!
ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း
စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်
အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း
Born to be Rebellious
ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း
ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော
ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း
လူတစ်ယောက်၏ လောကအမြင်အပေါ် သက်ရောက်မှု၊ အဓိကဇာတ်လိုက်ရောင်ဝါနှင့် တိုက်မိခြင်း
IQ နိမ့်ကျစေသည့်ရောင်ဝါအပေါ် .....
ထောင်မု
တန်ဆောင်တိုင် ပရိုမိုးရှင်း
မမျှော်လင့်ထားသော အမှားနှင့် စေတနာကောင်း ဖော်ပြခြင်း
Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု
ကြော်ငြာအစီအစဉ်နှင့် အမျိုးသမီးအဝတ်အစား
တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်
သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း
အပိုင်း ၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်
ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း
အပိုင်း ၀၆၁ ။ အိမ်ထောင်စုစာရင်းပြောင်းခြင်းနှင့် မိသားစုမျိုးဆက်သုံးဆက်
အပိုင်း ၀၆၂ ။ အိုဟောင်းသော အိမ်မက်
အပိုင်း ၀၆၃ ။ တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း
Black Pearl Team
အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း
အပိုင်း ၀၆၅ ။ ဘဝဟာ ပြဇာတ်တစ်ပုဒ်အလား
🔅Spring Dagu Promotion🔅
အပိုင်း ၀၆၆ ။ သံသယ
အပိုင်း ၀၆၇ ။ မြေး
အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ
အပိုင်း ၀၆၉ ။ နောက်ထပ်ထမင်းတစ်နပ်

အသက်ရှူမှားလောက်ဖွယ် (၂)

3.2K 492 4
Por CharmZoey

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ်  (၂)

ထောင်မုက "ဘယ်သဘောတူညီမှုမဆို အချိန်ကန့်သတ်ချက်ရှိနတယ်။ ကျွန်တော် ခင်ဗျားနဲ့တချိန်လုံးမကစားနိုင်ဘူး"

"ဒါဆိုရင် ဒီည မင်းရှုတင်မပြီးခင်ထိ" လော့ယန်က သူ့လက်ကိုမြှောက်လိုက်ပြီး လက်ကောက်ဝတ်ရှိ မီလီယမ်ချီတန်သည့် အရေအတွက်အကန့်အသတ်နှင့် နာရီကို ကြည့်လိုက်သည် "ငါ ခုလေးတင် မင်းရဲ့ရိုက်ကွင်းအချိန်ဇယားကိုကြည့်လိုက်တာ။ ညဆယ်နာရီမှာပြီးမယ့် ဇာတ်ဝင်ခန်းနှစ်ခန်းရှိတယ်ဟုတ်?"

ထောင်မုက အဝကျယ်သော ဝတ်ရုံလက်အောက်တွင် လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။ သို့သော်လည်း သူ့မျက်နှာမှာ တည်ငြိမ်နေဆဲပင် "ကောင်းပြီ"

လော့ယန်က ထောင်မု၏ ဂရုမစိုက်ဟန် ကြည်လင်နေဆဲဖြစ်သည့် မျက်နှာအသွင်အပြင်ကို ကြည့်လိုက်ရင်း ခြေတံရှည်နှစ်ဖက်နှင့် ထောင်မုထံ ဖြေးညှင်းစွာချဉ်းကပ်လိုက်သည်။ သူ့ဟန်ပန်မှာ သူ့ရဲ့ယောက်ျားသိက္ခာတရားကိုကာကွယ်စောင့်ကြပ်နေသည့် ခြင်္သေ့တစ်ကောင်၏ကြိုးပမ်းခြင်းလိုပင်။ "မပူပါနဲ့၊ ငါတို့စောစောရပ်လည်းရတယ်နော်။ ဥပမာအနေနဲ့ မင်းထပ်မခံနိုင်တော့ဘူးဆိုရင်.. မင်းဘက်ကနေ အရင် ငါ့ကို မင်းကိုလွှတ်ပေးဖို့ တောင်းပန်တာမျိုးပေါ့"

ထောင်မုက လော့ယန်ထံ အမူအရာမရှိစွာ ကြည့်သည် ။ ထို့နောက် လော့ယန်ကိုကျော်ကာ စတူဒီယိုထဲဝင်သွားသည် ။

ဒါရိုက်တာခုံကို ပြန်ရောက်လာသော ဒါရိုက်တာချန်သည် သက်ပြင်းချကာ စက်အဖွဲ့ထံ ဝိုင်ယာတွေကူညီဆင်ပေးဖို့ ဝှေ့ယမ်းပြလိုက်သည်။

လော့ယန်က တစ်ဖက်မှာရပ်ကာ လက်မောင်းတွေကိုချိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နှင့် သတိပေးလာသည် "ကင်မရာစလှိမ့်ဖို့လည်းမမေ့နဲ့နော်။ ဒီနေ့ ဒီအခန်းကို သေချာရိုက်ရမယ်။ ထောင့်တွေအကုန်လုံးကနေ အနီးကပ်ရိုက်ချက်တွေကို ကျွန်တော်အမှတ်တရသိမ်းထားမှာ"

တခဏရပ်သွားပြီးနောက် ရင်းနှီးမြှုပ်နှံသူတစ်ယောက်အဖြစ် သူ့နေရာသူမမေ့ပေ။ သူကအထင်သေးဟန်နှင့်ပြောလိုက်သည် "အကုန်လုံး အလုပ်ကြိုးစားကြရမယ်နော်။ အလုပ်ကောင်းကောင်းလုပ်ပြီးရင် ကျွန်တော် ကြက်ပေါင်တစ်ပေါင်စီထပ်ထည့်ပေးဖို့ မေ့မှာမဟုတ်ဘူး။"

စက်အဖွဲ့မှာ ပြန်လှန်မပြောရဲဘဲ ဒေါသတွေကိုသာမြိုချလိုက်ရသည်။ သူတို့သည် ထောင်မုကိုသာ ချဉ်းကပ်ပြီး ဝိုင်ယာများကို ဂရုတစိုက်ဆင်ပေးကြသည်။ တစ်ယောက်မှ တီးတိုးဆိုလာသည် "အရမ်းစိတ်မပူနဲ့။ ငါတို့ဝိုင်ယာကို အတင်းကြီးရော အလျော့ကြီးရောမချည်ဘူး။ နောက်မင်းအပေါ်ရောက်ရင် အရမ်း မသက်မသာဖြစ်မှာမဟုတ်ဘူး"

သို့ပေမဲ့ ဝိုင်ယာပေါ်မှာချည်ခံရတာက ဘယ်လိုများ မသက်မသာမဖြစ်မှာလဲ? မဟုတ်ရင် နာမည်ရပြီး ကြယ်ပွင့်တွေက မလိုအပ်ဘဲ လူစားထိုးဘယ်သုံးပါ့မလဲ။ အကြောင်းက သူတို့ကိုယ်ခံပညာလှုပ်ရှားမှုက ပရော်ဖယ်ရှင်နယ်ကိုယ်ခံပညာသရုပ်ဆောင်တွေလောက် မလှပနိုင်၍ဖြစ်သည်။ အမှန်တရားကတော့ လူတော်တော်များများမှာ ဝိုင်ယာပေါ်သရုပ်ဆောင်ခြင်း၏ ခက်ခဲမှုနှင့် ခံစားနာကျင်ရမှုတို့ကို ခံနိုင်ရည်မရှိလို့ပဲဖြစ်သည်။

မီးသတ်ကားကိုင်တွယ်သည့် စက်ဘက်ဆရာကလည်း ဆိုသည် "ငါ ရေထိုးပိုက်အားကိုချိန်ပြီးပြီ။ မစိုးရိမ်နဲ့။ မင်းကိုထိခိုက်မှာမဟုတ်ဘူး"

ထောင်မုက အမူအရာမပြသော်လည်း အသံတိုးတိုးနှင့် စက်ဆရာတွေထံ ကျေးဇူးတင်ကြောင်းပြောလိုက်သည်။

လော့ယန်က ဒါရိုက်တာခုံတွင်ထိုင်နေရင်း ဝိုင်ယာဆင်နေသည့်လူအချို့ သူတို့အချင်းချင်း အချိန်အတော်ကြာ တီးတိုးဆိုနေသည်ကို ကြည့်ပြီး စိတ်မရှည်ဖြစ်လာသည်။ "ဘာတွေဖြစ်နေတာလဲ။ ငါဒီမှာ ကြာကြာမနေလောက်ဘူးလို့တွေးပြီး တမင်တကာအချိန်ဆွဲမနေကြနဲ့!"
ချန်ယိချမ်မှာ ပြဿနာပဲရှာတတ်သည့် ဤသူဌေးသားလေအေပေါ် အထင်သေးမှုပဲရှိသော်လည်း လော့မိသားစုကိုတော့ သူရန်မပြုရဲပါ။ သူ့တွင်ရွေးချယ်စရာမရှိဘဲ အပြုံးမျက်နှာဆင်မြန်းကာ ရှင်းပြရတော့သည် "ဘယ်လိုလုပ်ဖြစ်နိုင်မှာလ‌ေ။ ဝိုင်ယာမှာဆွဲခံရတာက အန္တရာယ်ရှိချေမြင့်တယ်။ စက်အဖွဲ့အနေနဲ့ သရုပ်ဆောင်တွေရဲ့ဘေးကင်းမှုကို သေချာအာမခံနိုင်ရမယ်လ။ ဒီတော့ ဝိုင်ယာနဲ့မချိတ်ခင် အထက်ထပ်အခါခါစစ်ဆေးရတာပေါ့"

လော့ယန်က ဒါရိုက်တာချန်ကိုကြည့်လိုက်ပြီး ဘာမှတော့မပြောလာ။ ထို့နောက် သူက အရေးပါအရာရောက်သည့်လူတချို့လို ခြေထောက်ကိုချိတ်ကာ ပွဲကြီးပွဲကောင်းကိုစောင့်မျှော်နေသလို နေရာယူလိုက်သည်။

အခြားတစ်ဖက်၌ ထောင်မုသည် ဖြည်းဖြည်းချင်း လေထုထဲသို့ ၁၀မီတာအမြင့်ထိ စက်ဆရာ၏ဆွဲတင်ခြင်းခံလိုက်ရသည်။ မီးသတ်ကားကလည်း အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ပိုမြင့်သည့်အကွာအဝေးကနေ လေထဲရှိ ထောင်မုထံ ချိန်လိုက်လေသည်။

နွေရာသီနေ၏ တောက်လောင်ပူပြင်းနေသည့် အပူချိန်အောက်တွင်ပေမဲ့ မီးသတ်ကားမှရေကတော့ အသည်းခိုက်အောင် အေးလှသည်။ ဤကဲ့သို့ လောင်းချရုံနှင့်ပင် ရိုက်ကွင်းတစ်ခုလုံး ချက်ချင်း အပူငြိမ်းသွားသည်။ လေထုထဲချိတ်ဆွဲခံထားရသည့် ထိုရေအောက် တိုက်ရိုက်ရှိနေသည့် ထောင်မုကိုဆိုလျှင် မဆိုနှင့်တော့။ အဲ့ဒါက တကယ်ကို ရေအေးနှင့်ချိုးခြင်းပင်။

တမုဟုချင်း လော့ယန်မှာ မပျော်မရွှင်ဖြစ်လာပြီး မျက်မှောင်ကြုံ့ကာ သရော်လိုက်သည် "ဘာကပြဿနာလဲ? ငါ့ကိုလာနောက်နေတာလား?ငါက သူ့ကိုရေချိုးဖို့များ ခေါ်ထားတယ်ထင်လို့လား!"

ချန်ယိချမ်မှာ စိတ်ကုန်နေပြီဖြစ်သော်လည်း စက်အဖွဲ့ကို အချက်ပြရသည်ပင်ဖြစ်သည် ။

ရေပိုက်ကိုင်တွယ်သည့် စက်ဆရာက ပိုက်ခေါင်းကို ထောင်မုထံ ပြင်လိုက်သည် ။ အမတတစ်ဦး၏ကြော့ရှင်းသော မူလသွင်ပြင်မှာ ချက်ချင်းလိုပင် ရေစိုနေသည့်ကြက်တစ်ကောင်ဖြစ်သွားသည်။

လော့ယန်မှာ မကျေနပ်သေးပေ။ "မင်းက ဘာလို့ဒီတိုင်းရပ်နေတာလဲ။ တိုက်ကွက်တွေရိုက်နေတာမလား? လှုပ်ဖို့မလိုဘူးလား? ပြီးတော့ ရေအားကိုပြင်းဦး။ အေးအောင်လို့ ရေဖျန်းတာ လာကြည့်တာမဟုတ်ဘူး!"

ပိုက်ကိုင်သည့် ဆရာမှာ ရွေးစရာမရှိဘဲ ရေဖိအားကို ညှိပြင်လိုက်ရသည်။ လော့ယန်၏ အဓိပ္ပာယ်မရှိသည့် တောင်းဆိုချက်တွေကို လိုက်လုပ်ဖို့ ဒါရိုက်တာချန်က စက်ပစ္စည်းအဖွဲ့ကို ထောင်မုထံ ဓားပေးဖို့ အချက်ပြလိုက်သည်။ ရှုတင်အချိန်စာရင်းအရ ဆက်ရိုက်ရမည့် နောက်ထပ်ဇာတ်ဝင်ခန်းနှစ်ခုကို ပြင်ဆင်ရင်းနှင့်ဖြစ်သည် ။

ဇာတ်ညွန်းအရ သည်ဇာတ်ဝင်ခန်းမှာ အမျိုးသားဇာတ်လိုက်က မိုးရေအောက် ဓားရေးကျင့်နေသည့်အခန်းဖြစ်သည် ။ အလားတူပင် နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းရာသီအခန်းတွေပါ ပါဝင်မှာဖြစ်သည်။ ဇာတ်လိုက်က ဘယ်လိုရာသီဥတုဖြစ်နေပါစေ လေ့ကျင့်နေမှာဖြစ်သည့်အတွက် ဒီဂျစ်တယ်နည်းပညာများ နောက်ပိုင်းမှာ လိုအပ်လာမှာပင်။ ဤအခန်းများအားလုံးက သူ့ဆရာလက်အောက်မှာ ဇာတ်လိုက်မှကြိုးကြိုးစားစားလေ့ကျင့်နေကြောင်းပြသဖို့သာဖြစ်သည်။

(ရှီးဖု (shifu) သို့မဟုတ် ဆရာ(master)က ဤနေရာတွင် သင်ကြားသည့်ဆရာကိုရည်ညွှန်း) *

ရှုတင်အရ ယနေ့ရိုက်ကူးမည့်ဇာတ်ဝင်ခန်းသည် မိုးရွာသည့်အခန်းဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေကိုကြည့်ရသလောက် ရိုက်ကူးရေးက အချိန်စာရင်းအတိုင်းမဖြစ်လောက်ဟုခန့်မှန်းရသည်။

နောက်ရက်တစ်ရက် ဖြုန်းတီးလိုက်တာပဲ!

ဒါရိုက်တာချန်က တိတ်တိတ်လေးကျိန်ဆဲလိုက်သည်။ ဒီလို ဖြစ်မယ်မှန်းသာသိရင် ရှန်းယွီ ရဲ့မွေးနေ့ဖြစ်တာကို အကြောင်းပြပြီး အကုန်လုံးကိုတစ်ရက်နားခိုင်းလိုက်တာ ပိုကောင်းတာပေါ့။ အခုတော့ကြည့် ကောင်းပါလေရော။ နားရက်လည်းမရ၊ ရိုက်ကူးရေးလည်းမတိုးတက်၊ ပြီးတော့ တစ်ဖွဲ့လုံးက အရူးတစ်ယောက်ရဲ့ အာဏာပြခရီးစဉ်ကို အဖော်ပြုပေးရဦးမယ်!

ဒါရိုက်တာချန်မှာ သူ့ဗိုက်ထဲ ဒေါသလေတွေပြည့်နှက်နေသလိုခံစားရသည်။ သူ ဇာတ်ညွှန်းကြီးကြပ်သူမလိုပါ။ တိုက်ရိုက်သာ အော်လန်ကောက်ကိုင်ပြီး အော်လိုက်တော့သည် "အက်ရှင်!"

ရုတ်ချည်းပင် ရေနဂါးကြီးမှာ အရှိန်အဟုန်နှင့် ထောင်မု၏ ခန္ဓာကိုယ်သို့တိုးဝင်လိုက်တော့သည်။ ဝိုင်ယာတွင်ချိတ်ဆွဲခံထားရသည့် ထောင်မုမှာ လှုပ်ခါသွားရပြီး ဟိုမှသည် ယိမ်းထိုးနေတော့ကာ အတော်လေးဆိုးရွားသည့် ပုံသဏ္ဍာန်ကိုဖြစ်ပေါ်စေသည်။

အဖွဲ့သားများ၏ စာနာမှု၊ အားရကျေနပ်နေမှု၊ သဘောမတူနေပုံနှင့် စိုးရိမ်မှု၊ လော့ယန်၏ မျောက်ပြပွဲတစ်ခုကို ကြည့်နေသလို အကြည့်မျိုးနှင့် ရင်ဆိုင်လိုက်ရပြီးနောက် ထောင်မုက အံတင်းတင်းကြိတ်လိုက်ပြီး အသုံးအဆောင်ဓားကိုမြှောက်ကာ တိုက်ကွက်ခန္ဓာကိုယ်အနေအထားထဲဝင်ဖို့ ကြိုးစားသည်။ သို့ပေမဲ့ ရေပိုက်ရဲ့အရှိန်က အားကောင်းလွန်းသည်မို့ လှုပ်ရှားမှုတွေကို သူအခြေမကျနိုင်ဖြစ်နေသည်။ သူ့ဓားကိုမြှောက်ကာ ပုံစံကျဖို့ကြိုးစားသည်နှင့် သူ့လက်ထဲရှိ ဓားမှာ ချက်ချင်းလို ရေအလျဉ်နှင့် ပါသွားပြီး မြေကြီးပေါ်ပြုတ်ကျသွားတော့သည်။

စက်ပစ္စည်းအဖွဲ့က ဓားကိုပြန်ကောက်ပြီး ထောင်မုထံ လှမ်းပေးလိုက်ပြန်သည်။ ထောင်မုက ဓားကိုဆုပ်ကိုင်ရင်း လှုပ်ရှားမှုတွေဆက်လုပ်ဖို့ ကြိုးစားသည်.... တစ်ခါ ။ နှစ်ခါ ။ သုံးခါ... ဆယ်ခါ ။ အခါနှစ်ဆယ်....
ဘယ်နှကြိမ် သူကြိုးစားခဲ့ပြီးပြီလည်း မပြောနိုင်။ သူဘယ်နှခါ NG ဖြစ်ပြီးပြီလဲကိုရောပေါ့။ ထောင်မုမှာ သူ့ခန္ဓာကိုယ်ခွန်အားတွေလျော့လာနေတာကိုသာ ခံစားရသည်။ သို့ပေမဲ့ သူ့ခန္ဓာကိုယ်က ရေပိုက်အားနှင့် တဖြည်းဖြည်းချင်း ညှိယူနေသည်။ မူလအစက မတည်ငြိမ်နေသည့် လှုပ်ရှားမှုများက ပိုတိုးတက်လာသလိုမြင်ရသည်။

ထောင်မု နှလုံးသားထဲ မီးတောက်တစ်ခု လောင်ကျွမ်းနေသည်။ အံကြိတ်လိုက်ပြီး လှုပ်ရှားမှုတွေပြုလုပ်ဖို့ ကြိုးစားသည်။ ရေ၏ဖိအားကို တိတ်ဆိတ်စွာတွက်ချက်ရင်း သူ့ခန္ဓာကိုယ်ကထုတ်သင့်သည့် အားအဆကိုလည်း မှန်းဆနေသည်။ သူ့တွင် ဒီအတိုင်းစီးမျောပြီး လက်လျှော့လိုက်ဖို့ စိတ်ကူးမရှိ...

အရင်ဘဝက သူအနုပညာလုပ်ငန်းထဲရှိစဉ်က ရွှေကျီးဆုကို အက်ရှင်ရုပ်ရှင်တစ်ကားနှင့်အတူ အကောင်းဆုံးမင်းသားဆုရရှိခဲ့ဖူးသည်။ ထိုရုပ်ရှင်ကို ကောင်းစွာရိုက်ကူးနိုင်ဖို့ လူစားထိုးပင် သူမသုံးခဲ့။ အန္တရာယ်များသည့် ဇာတ်ဝင်ခန်းများရိုက်ကူးခြင်းမှ များပြားလှသည့် ကျိုးပဲ့ခြင်းတွေကို ခံစားခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့လုနီးပါးပင်။ အဆုံးတွင် သည်ဇာတ်ရုပ်ကို သူဂန္ထဝင်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ အကောင်းဆုံးမင်းသားဆုကိုရယူဖို့ ရှန်းယွီကိုပင် အနိုင်ပိုင်းနိုင်ခဲ့သည်။ ဤကဲ့သို့အရာအားလုံးက ဘယ်တော့မှ လက်မလျှော့ဖို့ သူ၏ မဆုတ်မနစ်ခိုင်မာပြီး ခေါင်းမာသည့် ကိုယ်ပိုင်တွန်းအားကြောင့်ဖြစ်သည်။

"ရား... "

ထုံထိုင်းနေပြီဖြစ်သည့် အဖွဲ့သားများမှာ ရုတ်တရက်ပင် ထိုအားပြင်းသည့် အော်သံကြောင့် လန့်ဖျပ်သွားကြသည်။ ထို့နောက် အားလုံးက မသိလိုက်မသိဘာသာနှင့် ထောင်မု ရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
အားပြင်းသော ရေတို့ကျဆင်းနေသည့်အောက်တွင် အသက်ရှူမှားလောက်ဖွယ် အဖြူရောင်သဏ္ဍာန်တစ်ခုက ရေထိုးပိုက်မှ အားအပြည့်နှင့် ဖျန်းပက်အားကို အသုံးပြု၍ လေထဲ၌ ရင်သပ်ရှုမောဖွယ်ကောင်းလှသော လှည့်ပတ်မှုတစ်ခုကို အလျင်အမြန်လုပ်ဆောင်လိုက်သည်။ ဤသန်မာသော လှည့်ပတ်အားအောက် ရေအေးတို့စိုနစ်၍ လေးလံနေသည့် ရှေးဝတ်ရုံမှာ ငှက်တစ်ကောင်၏ တောင်ပံတွေလို တဖျပ်ဖျပ်ဝဲနေတော့သည်။ ထိုတဖျပ်ဖျပ်ဝဲလွင့်နေသည့် ဝတ်ရုံအနားကွပ်များတွင် ကျက်သရေတင့်တယ်လျက်ရှိသော ရေမှုန်အမွှားလေးများက ချာလည်လှည့်ကာ အဝိုင်းပြတ်ကလေးများအဖြစ် ပက်ဖျန်းနေလေသည်။ နေခြည်တန်းအောက်တွင် ထိုရေစက်ကလေးများမှာ သက်တန့်တစ်စင်း၏အရောင်များကို ဖြစ်ပေါ်စေလျက် ပင့်သက်မှားလောက်သည့် အလင်းကို ထုတ်လွှင့်နေလေသည်။

ဝိုင်ယာအပိုင်းတာဝန်ယူသည့် စက်ဆရာမှာ အလွန်စိတ်လှုပ်ရှားလာပြီး မသိစိတ်ကပင် ကောင်းကောင်းလိုက်ပူပေါင်းပေးနေသည်။ ကျောက်သလင်းလိုကြည်လင်လှသော မိုးရေမှာ နေရောင်ထဲတွင် တောက်ပရွန်းလက်နေလေသည်။ သဏ္ဍာန်တစ်ခုမှာ တဟုန်ထိုး လည်ပတ်တော့သည်။ ထိုအရာက ရေခဲပြင်စကိတ်စီးသူတစ်ဦးမှ ခုန်ကာ လှည့်နေပုံနှင့် ဆင်တူသော်လည်း အခုအချိန်ကမူ လေထုအမြင့်ထဲမှာ လှည့်နေခြင်းဖြစ်သည်။ ဝိုင်ယာများ၏ တွန်းတင်ပေးသည့်အားနှင့် ပက်ဖျန်းပေးနေသော ပိုက်မှရေအားကြောင့် လှုပ်ရှားမှုများမှာ လက်ရာမြောက်သပ်ရပ်သေသပ်ကာ ကြော့ရှင်းပြီး သိမ်မွေ့ပုံပိုပေါ်နေသည်။ ထိုအားပြင်းသော အလှတရားနှင့် အသွင်အပြင် ထွက်ပေါ်လာသည့် အခိုက်အတန့်သည် ရင်သပ်ရှုမောဖွယ်ပင်။

ထို့နောက် ချောမွေ့သော လှည့်ပတ်ခြင်းပြီးနောက်တွင် ထောင်မုက ဓားကိုလှည့်လိုက်သည်။ ခိုင်မာသည့်အခြေခံအုတ်မြစ်ပေါ် တည်ဆောက်ထားသည့် အရည်အချင်းတွေကို အသေအချာပြသနေသည်မှာ နောက်ကလိုက်ပါလာသော ရုတ်တရက်ဆန်သည့် ထိုးသွင်းချက်များဖြစ်သည်။ သူ့ရဲ့ ခန္ဓာကိုယ်အနေအထားသည် ပေါ့ပါးဖျတ်လတ်ပြီး နဂါးတစ်ကောင်လိုပင် ကျက်သရေရှိလှသည်။ သူ့ရဲ့သေးသွယ်သော ခါးက စက်ဝိုင်းပြတ်သဖွယ်ကွေးညွတ်လိုက်ပြီး ထိုကြမ်းတမ်းကာ ဂုဏ်ယူဝင့်ကြားသည့်သွင်ပြင်မှာ လူအားလုံး၏ အာရုံကို ဖမ်းစားလိုက်တော့သည်။ ထို့နောက်တောက်ပသည့်နေအောက်တွင် ဓားဖျားက ရေထုကလည်ကာကို ထိုးဖောက်သည့်အလျောက် သတ္တုရောင်စဉ်တစ်ခုကို အလင်းပြန်ပေးသည်။ လက်ကောက်ဝတ်တစ်ချက်လှည့်မှုနှင့် တပ်တစ်ခုလုံးကို ချေမှုန်းနိုင်သည့် လက်တစ်ဖက်အားနှင့်အတူ ဓားမှာ ရှေ့သို့ထိုးတက်သွားသည့်နောက် ဓား၏ ထိုးဖောက်ခြင်းခံလိုက်ရသည့် ဖြာထွက်သွားသောရေစက်ကလေးများမှာ နေရောင်ပြောက်များအောက်တွင် သက်တန့်၏ရောင်စဉ်တွေကို ထင်ဟပ်စေသည်။ မော်နီတာရှေ့ထိုင်နေသည့် ချန်ယိချမ်သည် စိတ်လှုပ်ရှားမှုအပြည့်နှင့် အော်ပြောလိုက်သည် "အနီးကပ်! အနီးကပ်ပေး! "

အခြားတစ်ဖက်၌ ကင်မရာ၏နောက်တွင် သန်းဝေနေသည့် ကင်မရာမန်းမှာလည်း ပြန်လည်နိုးကြားလာပြီး အလျင်အမြန် ကင်မရာကိုလိုက်ပါစေသည်။

နောက်စက္ကန့်တွင်တော့ အရည်အသွေးမြင့် close-up မော်နီတာသည် မိုးရေကြားထဲ ကခုန်နေသည့် အဖြူရောင်ပုံရိပ်တစ်ခုကို ဖော်ပြလာသည်။ ထိုပုံရိပ်၏ လက်မောင်းကိုကွေးလိုက်ပုံ ။ လက်ကောက်ဝတ်ကို လှည့်လိုက်ပုံ။ လေထဲ၌ လှန်ချလိုက်ပုံပဲဖြစ်ဖြစ် တန်းနေသည့်လက်မောင်းနှင့် ရှေ့တိုးကာ ထိုးသွင်းလိုက်ပုံ၊ ဓား၏ဦးတည်ရာက လည်သွားသည်မျိုး သို့မဟုတ် အသာအယာ အထက်သို့လှုပ်ရှားသွားသည်မျိုးနှင့် ရှေ့သို့ လျင်မြန်သည့် ထိုးသွင်းချက်များဖြစ်ဖြစ်ပေါ့။ ထိုပုံရိပ်မှာ ပေါ့ပါးကာ သွယ်လျသည်။ ဓားချက်များမှာ ချက်ချာကာ မြန်ဆန်သည်။ ထို့နောက် အတော်လေးများသော မိုးကို နောက်ခံအဖြစ်ပေါင်းစပ်လိုက်တော့ ဤမြင်ကွင်းမှာ ပြောမပြတတ်အောင် သိမ်မွေ့ကာ ခမ်းနားထည်ဝါသောမြင်ကွင်းတစ်ခုဖြစ်လာသည် ။ အမှန်တကယ်ပင် စွန့်စားမှုကို ဖွေရှာနေသည့် သူရဲကောင်းတစ်ဦးမှ ထာဝရရှင်သန်ခြင်းကို ကျင့်ကြံနေသည့်နှယ်။

ပွဲကောင်းတစ်ပွဲကို စောင့်မျှော်နေသည့် လော့ယန်မှာ သတိမပြုမိဘဲ ဒါရိုက်တာခုံပေါ်မှ ထရပ်လိုက်မိသည်။ ကောင်းကင်ထဲရှိ နဂါးတစ်ကောင်လို နွဲ့ပျောင်းကာ ကျက်သရေရှိသည့် ပုံရိပ်ကိုမော့ကြည့်လိုက်ရင်း အတော်ကြာအောင် စကားမဟနိုင်ဘဲ ရှိလေသည်။

***

[Zawgyi]
ျပန္လည္ေမြးဖြားလာေသာ အေျမႇာက္စာဇာတ္ေကာင္ေလး
အပိုင္း ၀၀၃ ။ အသက္ရႉမွားေလာက္ဖြယ္  (၂)

ေထာင္မုက "ဘယ္သေဘာတူညီမႈမဆို အခ်ိန္ကန္႔သတ္ခ်က္ရွိနတယ္။ ကြၽန္ေတာ္ ခင္ဗ်ားနဲ႔တခ်ိန္လုံးမကစားႏိုင္ဘူး"

"ဒါဆိုရင္ ဒီည မင္းရႈတင္မၿပီးခင္ထိ" ေလာ့ယန္က သူ႔လက္ကိုေျမႇာက္လိုက္ၿပီး လက္ေကာက္ဝတ္ရွိ မီလီယမ္ခ်ီတန္သည့္ အေရအတြက္အကန္႔အသတ္ႏွင့္ နာရီကို ၾကည့္လိုက္သည္ "ငါ ခုေလးတင္ မင္းရဲ႕႐ိုက္ကြင္းအခ်ိန္ဇယားကိုၾကည့္လိုက္တာ။ ညဆယ္နာရီမွာၿပီးမယ့္ ဇာတ္ဝင္ခန္းႏွစ္ခန္းရွိတယ္ဟုတ္?"

ေထာင္မုက အဝက်ယ္ေသာ ဝတ္႐ုံလက္ေအာက္တြင္ လက္သီးက်စ္က်စ္ဆုပ္လိုက္သည္။ သို႔ေသာ္လည္း သူ႔မ်က္ႏွာမွာ တည္ၿငိမ္ေနဆဲပင္ "ေကာင္းၿပီ"

ေလာ့ယန္က ေထာင္မု၏ ဂ႐ုမစိုက္ဟန္ ၾကည္လင္ေနဆဲျဖစ္သည့္ မ်က္ႏွာအသြင္အျပင္ကို ၾကည့္လိုက္ရင္း ေျခတံရွည္ႏွစ္ဖက္ႏွင့္ ေထာင္မုထံ ေျဖးညႇင္းစြာခ်ဥ္းကပ္လိုက္သည္။ သူ႔ဟန္ပန္မွာ သူ႔ရဲ႕ေယာက္်ားသိကၡာတရားကိုကာကြယ္ေစာင့္ၾကပ္ေနသည့္ ျခေသၤ့တစ္ေကာင္၏ႀကိဳးပမ္းျခင္းလိုပင္။ "မပူပါနဲ႔၊ ငါတို႔ေစာေစာရပ္လည္းရတယ္ေနာ္။ ဥပမာအေနနဲ႔ မင္းထပ္မခံႏိုင္ေတာ့ဘူးဆိုရင္.. မင္းဘက္ကေန အရင္ ငါ့ကို မင္းကိုလႊတ္ေပးဖို႔ ေတာင္းပန္တာမ်ိဳးေပါ့"

ေထာင္မုက ေလာ့ယန္ထံ အမူအရာမရွိစြာ ၾကည့္သည္ ။ ထို႔ေနာက္ ေလာ့ယန္ကိုေက်ာ္ကာ စတူဒီယိုထဲဝင္သြားသည္ ။

ဒါ႐ိုက္တာခုံကို ျပန္ေရာက္လာေသာ ဒါ႐ိုက္တာခ်န္သည္ သက္ျပင္းခ်ကာ စက္အဖြဲ႕ထံ ဝိုင္ယာေတြကူညီဆင္ေပးဖို႔ ေဝွ႔ယမ္းျပလိုက္သည္။

ေလာ့ယန္က တစ္ဖက္မွာရပ္ကာ လက္ေမာင္းေတြကိုခ်ိတ္လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ႏွင့္ သတိေပးလာသည္ "ကင္မရာစလွိမ့္ဖို႔လည္းမေမ့နဲ႔ေနာ္။ ဒီေန႔ ဒီအခန္းကို ေသခ်ာ႐ိုက္ရမယ္။ ေထာင့္ေတြအကုန္လုံးကေန အနီးကပ္႐ိုက္ခ်က္ေတြကို ကြၽန္ေတာ္အမွတ္တရသိမ္းထားမွာ"

တခဏရပ္သြားၿပီးေနာက္ ရင္းႏွီးျမႇဳပ္ႏွံသူတစ္ေယာက္အျဖစ္ သူ႔ေနရာသူမေမ့ေပ။ သူကအထင္ေသးဟန္ႏွင့္ေျပာလိုက္သည္ "အကုန္လုံး အလုပ္ႀကိဳးစားၾကရမယ္ေနာ္။ အလုပ္ေကာင္းေကာင္းလုပ္ၿပီးရင္ ကြၽန္ေတာ္ ၾကက္ေပါင္တစ္ေပါင္စီထပ္ထည့္ေပးဖို႔ ေမ့မွာမဟုတ္ဘူး။"

စက္အဖြဲ႕မွာ ျပန္လွန္မေျပာရဲဘဲ ေဒါသေတြကိုသာၿမိဳခ်လိုက္ရသည္။ သူတို႔သည္ ေထာင္မုကိုသာ ခ်ဥ္းကပ္ၿပီး ဝိုင္ယာမ်ားကို ဂ႐ုတစိုက္ဆင္ေပးၾကသည္။ တစ္ေယာက္မွ တီးတိုးဆိုလာသည္ "အရမ္းစိတ္မပူနဲ႔။ ငါတို႔ဝိုင္ယာကို အတင္းႀကီးေရာ အေလ်ာ့ႀကီးေရာမခ်ည္ဘူး။ ေနာက္မင္းအေပၚေရာက္ရင္ အရမ္း မသက္မသာျဖစ္မွာမဟုတ္ဘူး"

သို႔ေပမဲ့ ဝိုင္ယာေပၚမွာခ်ည္ခံရတာက ဘယ္လိုမ်ား မသက္မသာမျဖစ္မွာလဲ? မဟုတ္ရင္ နာမည္ရၿပီး ၾကယ္ပြင့္ေတြက မလိုအပ္ဘဲ လူစားထိုးဘယ္သုံးပါ့မလဲ။ အေၾကာင္းက သူတို႔ကိုယ္ခံပညာလႈပ္ရွားမႈက ပေရာ္ဖယ္ရွင္နယ္ကိုယ္ခံပညာသ႐ုပ္ေဆာင္ေတြေလာက္ မလွပႏိုင္၍ျဖစ္သည္။ အမွန္တရားကေတာ့ လူေတာ္ေတာ္မ်ားမ်ားမွာ ဝိုင္ယာေပၚသ႐ုပ္ေဆာင္ျခင္း၏ ခက္ခဲမႈႏွင့္ ခံစားနာက်င္ရမႈတို႔ကို ခံႏိုင္ရည္မရွိလို႔ပဲျဖစ္သည္။

မီးသတ္ကားကိုင္တြယ္သည့္ စက္ဘက္ဆရာကလည္း ဆိုသည္ "ငါ ေရထိုးပိုက္အားကိုခ်ိန္ၿပီးၿပီ။ မစိုးရိမ္နဲ႔။ မင္းကိုထိခိုက္မွာမဟုတ္ဘူး"

ေထာင္မုက အမူအရာမျပေသာ္လည္း အသံတိုးတိုးႏွင့္ စက္ဆရာေတြထံ ေက်းဇူးတင္ေၾကာင္းေျပာလိုက္သည္။

ေလာ့ယန္က ဒါ႐ိုက္တာခုံတြင္ထိုင္ေနရင္း ဝိုင္ယာဆင္ေနသည့္လူအခ်ိဳ႕ သူတို႔အခ်င္းခ်င္း အခ်ိန္အေတာ္ၾကာ တီးတိုးဆိုေနသည္ကို ၾကည့္ၿပီး စိတ္မရွည္ျဖစ္လာသည္။ "ဘာေတြျဖစ္ေနတာလဲ။ ငါဒီမွာ ၾကာၾကာမေနေလာက္ဘူးလို႔ေတြးၿပီး တမင္တကာအခ်ိန္ဆြဲမေနၾကနဲ႔!"
ခ်န္ယိခ်မ္မွာ ျပႆနာပဲရွာတတ္သည့္ ဤသူေဌးသားေလေအေပၚ အထင္ေသးမႈပဲရွိေသာ္လည္း ေလာ့မိသားစုကိုေတာ့ သူရန္မျပဳရဲပါ။ သူ႔တြင္ေ႐ြးခ်ယ္စရာမရွိဘဲ အၿပဳံးမ်က္ႏွာဆင္ျမန္းကာ ရွင္းျပရေတာ့သည္ "ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလ‌ေ။ ဝိုင္ယာမွာဆြဲခံရတာက အႏၲရာယ္ရွိေခ်ျမင့္တယ္။ စက္အဖြဲ႕အေနနဲ႔ သ႐ုပ္ေဆာင္ေတြရဲ႕ေဘးကင္းမႈကို ေသခ်ာအာမခံႏိုင္ရမယ္လ။ ဒီေတာ့ ဝိုင္ယာနဲ႔မခ်ိတ္ခင္ အထက္ထပ္အခါခါစစ္ေဆးရတာေပါ့"

ေလာ့ယန္က ဒါ႐ိုက္တာခ်န္ကိုၾကည့္လိုက္ၿပီး ဘာမွေတာ့မေျပာလာ။ ထို႔ေနာက္ သူက အေရးပါအရာေရာက္သည့္လူတခ်ိဳ႕လို ေျခေထာက္ကိုခ်ိတ္ကာ ပြဲႀကီးပြဲေကာင္းကိုေစာင့္ေမွ်ာ္ေနသလို ေနရာယူလိုက္သည္။

အျခားတစ္ဖက္၌ ေထာင္မုသည္ ျဖည္းျဖည္းခ်င္း ေလထုထဲသို႔ ၁၀မီတာအျမင့္ထိ စက္ဆရာ၏ဆြဲတင္ျခင္းခံလိုက္ရသည္။ မီးသတ္ကားကလည္း အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး ပိုျမင့္သည့္အကြာအေဝးကေန ေလထဲရွိ ေထာင္မုထံ ခ်ိန္လိုက္ေလသည္။

ေႏြရာသီေန၏ ေတာက္ေလာင္ပူျပင္းေနသည့္ အပူခ်ိန္ေအာက္တြင္ေပမဲ့ မီးသတ္ကားမွေရကေတာ့ အသည္းခိုက္ေအာင္ ေအးလွသည္။ ဤကဲ့သို႔ ေလာင္းခ်႐ုံႏွင့္ပင္ ႐ိုက္ကြင္းတစ္ခုလုံး ခ်က္ခ်င္း အပူၿငိမ္းသြားသည္။ ေလထုထဲခ်ိတ္ဆြဲခံထားရသည့္ ထိုေရေအာက္ တိုက္႐ိုက္ရွိေနသည့္ ေထာင္မုကိုဆိုလွ်င္ မဆိုႏွင့္ေတာ့။ အဲ့ဒါက တကယ္ကို ေရေအးႏွင့္ခ်ိဳးျခင္းပင္။

တမုဟုခ်င္း ေလာ့ယန္မွာ မေပ်ာ္မ႐ႊင္ျဖစ္လာၿပီး မ်က္ေမွာင္ႀကဳံ႕ကာ သေရာ္လိုက္သည္ "ဘာကျပႆနာလဲ? ငါ့ကိုလာေနာက္ေနတာလား?ငါက သူ႔ကိုေရခ်ိဳးဖို႔မ်ား ေခၚထားတယ္ထင္လို႔လား!"

ခ်န္ယိခ်မ္မွာ စိတ္ကုန္ေနၿပီျဖစ္ေသာ္လည္း စက္အဖြဲ႕ကို အခ်က္ျပရသည္ပင္ျဖစ္သည္ ။

ေရပိုက္ကိုင္တြယ္သည့္ စက္ဆရာက ပိုက္ေခါင္းကို ေထာင္မုထံ ျပင္လိုက္သည္ ။ အမတတစ္ဦး၏ေၾကာ့ရွင္းေသာ မူလသြင္ျပင္မွာ ခ်က္ခ်င္းလိုပင္ ေရစိုေနသည့္ၾကက္တစ္ေကာင္ျဖစ္သြားသည္။

ေလာ့ယန္မွာ မေက်နပ္ေသးေပ။ "မင္းက ဘာလို႔ဒီတိုင္းရပ္ေနတာလဲ။ တိုက္ကြက္ေတြ႐ိုက္ေနတာမလား? လႈပ္ဖို႔မလိုဘူးလား? ၿပီးေတာ့ ေရအားကိုျပင္းဦး။ ေအးေအာင္လို႔ ေရဖ်န္းတာ လာၾကည့္တာမဟုတ္ဘူး!"

ပိုက္ကိုင္သည့္ ဆရာမွာ ေ႐ြးစရာမရွိဘဲ ေရဖိအားကို ညႇိျပင္လိုက္ရသည္။ ေလာ့ယန္၏ အဓိပၸာယ္မရွိသည့္ ေတာင္းဆိုခ်က္ေတြကို လိုက္လုပ္ဖို႔ ဒါ႐ိုက္တာခ်န္က စက္ပစၥည္းအဖြဲ႕ကို ေထာင္မုထံ ဓားေပးဖို႔ အခ်က္ျပလိုက္သည္။ ရႈတင္အခ်ိန္စာရင္းအရ ဆက္႐ိုက္ရမည့္ ေနာက္ထပ္ဇာတ္ဝင္ခန္းႏွစ္ခုကို ျပင္ဆင္ရင္းႏွင့္ျဖစ္သည္ ။

ဇာတ္ၫြန္းအရ သည္ဇာတ္ဝင္ခန္းမွာ အမ်ိဳးသားဇာတ္လိုက္က မိုးေရေအာက္ ဓားေရးက်င့္ေနသည့္အခန္းျဖစ္သည္ ။ အလားတူပင္ ေႏြဦး၊ ေႏြ၊ ေဆာင္းဦး၊ ေဆာင္းရာသီအခန္းေတြပါ ပါဝင္မွာျဖစ္သည္။ ဇာတ္လိုက္က ဘယ္လိုရာသီဥတုျဖစ္ေနပါေစ ေလ့က်င့္ေနမွာျဖစ္သည့္အတြက္ ဒီဂ်စ္တယ္နည္းပညာမ်ား ေနာက္ပိုင္းမွာ လိုအပ္လာမွာပင္။ ဤအခန္းမ်ားအားလုံးက သူ႔ဆရာလက္ေအာက္မွာ ဇာတ္လိုက္မွႀကိဳးႀကိဳးစားစားေလ့က်င့္ေနေၾကာင္းျပသဖို႔သာျဖစ္သည္။

(ရွီးဖု (shifu) သို႔မဟုတ္ ဆရာ(master)က ဤေနရာတြင္ သင္ၾကားသည့္ဆရာကိုရည္ၫႊန္း) *

ရႈတင္အရ ယေန႔႐ိုက္ကူးမည့္ဇာတ္ဝင္ခန္းသည္ မိုး႐ြာသည့္အခန္းျဖစ္သည္။ သို႔ေပမဲ့ လက္ရွိအေျခအေနကိုၾကည့္ရသေလာက္ ႐ိုက္ကူးေရးက အခ်ိန္စာရင္းအတိုင္းမျဖစ္ေလာက္ဟုခန္႔မွန္းရသည္။

ေနာက္ရက္တစ္ရက္ ျဖဳန္းတီးလိုက္တာပဲ!

ဒါ႐ိုက္တာခ်န္က တိတ္တိတ္ေလးက်ိန္ဆဲလိုက္သည္။ ဒီလို ျဖစ္မယ္မွန္းသာသိရင္ ရွန္းယြီ ရဲ႕ေမြးေန႔ျဖစ္တာကို အေၾကာင္းျပၿပီး အကုန္လုံးကိုတစ္ရက္နားခိုင္းလိုက္တာ ပိုေကာင္းတာေပါ့။ အခုေတာ့ၾကည့္ ေကာင္းပါေလေရာ။ နားရက္လည္းမရ၊ ႐ိုက္ကူးေရးလည္းမတိုးတက္၊ ၿပီးေတာ့ တစ္ဖြဲ႕လုံးက အ႐ူးတစ္ေယာက္ရဲ႕ အာဏာျပခရီးစဥ္ကို အေဖာ္ျပဳေပးရဦးမယ္!

ဒါ႐ိုက္တာခ်န္မွာ သူ႔ဗိုက္ထဲ ေဒါသေလေတြျပည့္ႏွက္ေနသလိုခံစားရသည္။ သူ ဇာတ္ၫႊန္းႀကီးၾကပ္သူမလိုပါ။ တိုက္႐ိုက္သာ ေအာ္လန္ေကာက္ကိုင္ၿပီး ေအာ္လိုက္ေတာ့သည္ "အက္ရွင္!"

႐ုတ္ခ်ည္းပင္ ေရနဂါးႀကီးမွာ အရွိန္အဟုန္ႏွင့္ ေထာင္မု၏ ခႏၶာကိုယ္သို႔တိုးဝင္လိုက္ေတာ့သည္။ ဝိုင္ယာတြင္ခ်ိတ္ဆြဲခံထားရသည့္ ေထာင္မုမွာ လႈပ္ခါသြားရၿပီး ဟိုမွသည္ ယိမ္းထိုးေနေတာ့ကာ အေတာ္ေလးဆိုး႐ြားသည့္ ပုံသ႑ာန္ကိုျဖစ္ေပၚေစသည္။

အဖြဲ႕သားမ်ား၏ စာနာမႈ၊ အားရေက်နပ္ေနမႈ၊ သေဘာမတူေနပုံႏွင့္ စိုးရိမ္မႈ၊ ေလာ့ယန္၏ ေမ်ာက္ျပပြဲတစ္ခုကို ၾကည့္ေနသလို အၾကည့္မ်ိဳးႏွင့္ ရင္ဆိုင္လိုက္ရၿပီးေနာက္ ေထာင္မုက အံတင္းတင္းႀကိတ္လိုက္ၿပီး အသုံးအေဆာင္ဓားကိုေျမႇာက္ကာ တိုက္ကြက္ခႏၶာကိုယ္အေနအထားထဲဝင္ဖို႔ ႀကိဳးစားသည္။ သို႔ေပမဲ့ ေရပိုက္ရဲ႕အရွိန္က အားေကာင္းလြန္းသည္မို႔ လႈပ္ရွားမႈေတြကို သူအေျခမက်ႏိုင္ျဖစ္ေနသည္။ သူ႔ဓားကိုေျမႇာက္ကာ ပုံစံက်ဖို႔ႀကိဳးစားသည္ႏွင့္ သူ႔လက္ထဲရွိ ဓားမွာ ခ်က္ခ်င္းလို ေရအလ်ဥ္ႏွင့္ ပါသြားၿပီး ေျမႀကီးေပၚျပဳတ္က်သြားေတာ့သည္။

စက္ပစၥည္းအဖြဲ႕က ဓားကိုျပန္ေကာက္ၿပီး ေထာင္မုထံ လွမ္းေပးလိုက္ျပန္သည္။ ေထာင္မုက ဓားကိုဆုပ္ကိုင္ရင္း လႈပ္ရွားမႈေတြဆက္လုပ္ဖို႔ ႀကိဳးစားသည္.... တစ္ခါ ။ ႏွစ္ခါ ။ သုံးခါ... ဆယ္ခါ ။ အခါႏွစ္ဆယ္....
ဘယ္ႏွႀကိမ္ သူႀကိဳးစားခဲ့ၿပီးၿပီလည္း မေျပာႏိုင္။ သူဘယ္ႏွခါ NG ျဖစ္ၿပီးၿပီလဲကိုေရာေပါ့။ ေထာင္မုမွာ သူ႔ခႏၶာကိုယ္ခြန္အားေတြေလ်ာ့လာေနတာကိုသာ ခံစားရသည္။ သို႔ေပမဲ့ သူ႔ခႏၶာကိုယ္က ေရပိုက္အားႏွင့္ တျဖည္းျဖည္းခ်င္း ညႇိယူေနသည္။ မူလအစက မတည္ၿငိမ္ေနသည့္ လႈပ္ရွားမႈမ်ားက ပိုတိုးတက္လာသလိုျမင္ရသည္။

ေထာင္မု ႏွလုံးသားထဲ မီးေတာက္တစ္ခု ေလာင္ကြၽမ္းေနသည္။ အံႀကိတ္လိုက္ၿပီး လႈပ္ရွားမႈေတြျပဳလုပ္ဖို႔ ႀကိဳးစားသည္။ ေရ၏ဖိအားကို တိတ္ဆိတ္စြာတြက္ခ်က္ရင္း သူ႔ခႏၶာကိုယ္ကထုတ္သင့္သည့္ အားအဆကိုလည္း မွန္းဆေနသည္။ သူ႔တြင္ ဒီအတိုင္းစီးေမ်ာၿပီး လက္ေလွ်ာ့လိုက္ဖို႔ စိတ္ကူးမရွိ...

အရင္ဘဝက သူအႏုပညာလုပ္ငန္းထဲရွိစဥ္က ေ႐ႊက်ီးဆုကို အက္ရွင္႐ုပ္ရွင္တစ္ကားႏွင့္အတူ အေကာင္းဆုံးမင္းသားဆုရရွိခဲ့ဖူးသည္။ ထို႐ုပ္ရွင္ကို ေကာင္းစြာ႐ိုက္ကူးႏိုင္ဖို႔ လူစားထိုးပင္ သူမသုံးခဲ့။ အႏၲရာယ္မ်ားသည့္ ဇာတ္ဝင္ခန္းမ်ား႐ိုက္ကူးျခင္းမွ မ်ားျပားလွသည့္ က်ိဳးပဲ့ျခင္းေတြကို ခံစားခဲ့ရၿပီး ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ခဲ့လုနီးပါးပင္။ အဆုံးတြင္ သည္ဇာတ္႐ုပ္ကို သူဂႏၳဝင္အျဖစ္ ေျပာင္းလဲႏိုင္ခဲ့သည္။ အေကာင္းဆုံးမင္းသားဆုကိုရယူဖို႔ ရွန္းယြီကိုပင္ အႏိုင္ပိုင္းႏိုင္ခဲ့သည္။ ဤကဲ့သို႔အရာအားလုံးက ဘယ္ေတာ့မွ လက္မေလွ်ာ့ဖို႔ သူ၏ မဆုတ္မနစ္ခိုင္မာၿပီး ေခါင္းမာသည့္ ကိုယ္ပိုင္တြန္းအားေၾကာင့္ျဖစ္သည္။

"ရား... "

ထုံထိုင္းေနၿပီျဖစ္သည့္ အဖြဲ႕သားမ်ားမွာ ႐ုတ္တရက္ပင္ ထိုအားျပင္းသည့္ ေအာ္သံေၾကာင့္ လန္႔ဖ်ပ္သြားၾကသည္။ ထို႔ေနာက္ အားလုံးက မသိလိုက္မသိဘာသာႏွင့္ ေထာင္မု ရွိရာဘက္သို႔ လွမ္းၾကည့္လိုက္ၾကသည္။
အားျပင္းေသာ ေရတို႔က်ဆင္းေနသည့္ေအာက္တြင္ အသက္ရႉမွားေလာက္ဖြယ္ အျဖဴေရာင္သ႑ာန္တစ္ခုက ေရထိုးပိုက္မွ အားအျပည့္ႏွင့္ ဖ်န္းပက္အားကို အသုံးျပဳ၍ ေလထဲ၌ ရင္သပ္ရႈေမာဖြယ္ေကာင္းလွေသာ လွည့္ပတ္မႈတစ္ခုကို အလ်င္အျမန္လုပ္ေဆာင္လိုက္သည္။ ဤသန္မာေသာ လွည့္ပတ္အားေအာက္ ေရေအးတို႔စိုနစ္၍ ေလးလံေနသည့္ ေရွးဝတ္႐ုံမွာ ငွက္တစ္ေကာင္၏ ေတာင္ပံေတြလို တဖ်ပ္ဖ်ပ္ဝဲေနေတာ့သည္။ ထိုတဖ်ပ္ဖ်ပ္ဝဲလြင့္ေနသည့္ ဝတ္႐ုံအနားကြပ္မ်ားတြင္ က်က္သေရတင့္တယ္လ်က္ရွိေသာ ေရမႈန္အမႊားေလးမ်ားက ခ်ာလည္လွည့္ကာ အဝိုင္းျပတ္ကေလးမ်ားအျဖစ္ ပက္ဖ်န္းေနေလသည္။ ေနျခည္တန္းေအာက္တြင္ ထိုေရစက္ကေလးမ်ားမွာ သက္တန္႔တစ္စင္း၏အေရာင္မ်ားကို ျဖစ္ေပၚေစလ်က္ ပင့္သက္မွားေလာက္သည့္ အလင္းကို ထုတ္လႊင့္ေနေလသည္။

ဝိုင္ယာအပိုင္းတာဝန္ယူသည့္ စက္ဆရာမွာ အလြန္စိတ္လႈပ္ရွားလာၿပီး မသိစိတ္ကပင္ ေကာင္းေကာင္းလိုက္ပူေပါင္းေပးေနသည္။ ေက်ာက္သလင္းလိုၾကည္လင္လွေသာ မိုးေရမွာ ေနေရာင္ထဲတြင္ ေတာက္ပ႐ြန္းလက္ေနေလသည္။ သ႑ာန္တစ္ခုမွာ တဟုန္ထိုး လည္ပတ္ေတာ့သည္။ ထိုအရာက ေရခဲျပင္စကိတ္စီးသူတစ္ဦးမွ ခုန္ကာ လွည့္ေနပုံႏွင့္ ဆင္တူေသာ္လည္း အခုအခ်ိန္ကမူ ေလထုအျမင့္ထဲမွာ လွည့္ေနျခင္းျဖစ္သည္။ ဝိုင္ယာမ်ား၏ တြန္းတင္ေပးသည့္အားႏွင့္ ပက္ဖ်န္းေပးေနေသာ ပိုက္မွေရအားေၾကာင့္ လႈပ္ရွားမႈမ်ားမွာ လက္ရာေျမာက္သပ္ရပ္ေသသပ္ကာ ေၾကာ့ရွင္းၿပီး သိမ္ေမြ႕ပုံပိုေပၚေနသည္။ ထိုအားျပင္းေသာ အလွတရားႏွင့္ အသြင္အျပင္ ထြက္ေပၚလာသည့္ အခိုက္အတန္႔သည္ ရင္သပ္ရႈေမာဖြယ္ပင္။

ထို႔ေနာက္ ေခ်ာေမြ႕ေသာ လွည့္ပတ္ျခင္းၿပီးေနာက္တြင္ ေထာင္မုက ဓားကိုလွည့္လိုက္သည္။ ခိုင္မာသည့္အေျခခံအုတ္ျမစ္ေပၚ တည္ေဆာက္ထားသည့္ အရည္အခ်င္းေတြကို အေသအခ်ာျပသေနသည္မွာ ေနာက္ကလိုက္ပါလာေသာ ႐ုတ္တရက္ဆန္သည့္ ထိုးသြင္းခ်က္မ်ားျဖစ္သည္။ သူ႔ရဲ႕ ခႏၶာကိုယ္အေနအထားသည္ ေပါ့ပါးဖ်တ္လတ္ၿပီး နဂါးတစ္ေကာင္လိုပင္ က်က္သေရရွိလွသည္။ သူ႔ရဲ႕ေသးသြယ္ေသာ ခါးက စက္ဝိုင္းျပတ္သဖြယ္ေကြးၫြတ္လိုက္ၿပီး ထိုၾကမ္းတမ္းကာ ဂုဏ္ယူဝင့္ၾကားသည့္သြင္ျပင္မွာ လူအားလုံး၏ အာ႐ုံကို ဖမ္းစားလိုက္ေတာ့သည္။ ထို႔ေနာက္ေတာက္ပသည့္ေနေအာက္တြင္ ဓားဖ်ားက ေရထုကလည္ကာကို ထိုးေဖာက္သည့္အေလ်ာက္ သတၱဳေရာင္စဥ္တစ္ခုကို အလင္းျပန္ေပးသည္။ လက္ေကာက္ဝတ္တစ္ခ်က္လွည့္မႈႏွင့္ တပ္တစ္ခုလုံးကို ေခ်မႈန္းႏိုင္သည့္ လက္တစ္ဖက္အားႏွင့္အတူ ဓားမွာ ေရွ႕သို႔ထိုးတက္သြားသည့္ေနာက္ ဓား၏ ထိုးေဖာက္ျခင္းခံလိုက္ရသည့္ ျဖာထြက္သြားေသာေရစက္ကေလးမ်ားမွာ ေနေရာင္ေျပာက္မ်ားေအာက္တြင္ သက္တန္႔၏ေရာင္စဥ္ေတြကို ထင္ဟပ္ေစသည္။ ေမာ္နီတာေရွ႕ထိုင္ေနသည့္ ခ်န္ယိခ်မ္သည္ စိတ္လႈပ္ရွားမႈအျပည့္ႏွင့္ ေအာ္ေျပာလိုက္သည္ "အနီးကပ္! အနီးကပ္ေပး! "

အျခားတစ္ဖက္၌ ကင္မရာ၏ေနာက္တြင္ သန္းေဝေနသည့္ ကင္မရာမန္းမွာလည္း ျပန္လည္ႏိုးၾကားလာၿပီး အလ်င္အျမန္ ကင္မရာကိုလိုက္ပါေစသည္။

ေနာက္စကၠန္႔တြင္ေတာ့ အရည္အေသြးျမင့္ close-up ေမာ္နီတာသည္ မိုးေရၾကားထဲ ကခုန္ေနသည့္ အျဖဴေရာင္ပုံရိပ္တစ္ခုကို ေဖာ္ျပလာသည္။ ထိုပုံရိပ္၏ လက္ေမာင္းကိုေကြးလိုက္ပုံ ။ လက္ေကာက္ဝတ္ကို လွည့္လိုက္ပုံ။ ေလထဲ၌ လွန္ခ်လိုက္ပုံပဲျဖစ္ျဖစ္ တန္းေနသည့္လက္ေမာင္းႏွင့္ ေရွ႕တိုးကာ ထိုးသြင္းလိုက္ပုံ၊ ဓား၏ဦးတည္ရာက လည္သြားသည္မ်ိဳး သို႔မဟုတ္ အသာအယာ အထက္သို႔လႈပ္ရွားသြားသည္မ်ိဳးႏွင့္ ေရွ႕သို႔ လ်င္ျမန္သည့္ ထိုးသြင္းခ်က္မ်ားျဖစ္ျဖစ္ေပါ့။ ထိုပုံရိပ္မွာ ေပါ့ပါးကာ သြယ္လ်သည္။ ဓားခ်က္မ်ားမွာ ခ်က္ခ်ာကာ ျမန္ဆန္သည္။ ထို႔ေနာက္ အေတာ္ေလးမ်ားေသာ မိုးကို ေနာက္ခံအျဖစ္ေပါင္းစပ္လိုက္ေတာ့ ဤျမင္ကြင္းမွာ ေျပာမျပတတ္ေအာင္ သိမ္ေမြ႕ကာ ခမ္းနားထည္ဝါေသာျမင္ကြင္းတစ္ခုျဖစ္လာသည္ ။ အမွန္တကယ္ပင္ စြန္႔စားမႈကို ေဖြရွာေနသည့္ သူရဲေကာင္းတစ္ဦးမွ ထာဝရရွင္သန္ျခင္းကို က်င့္ႀကံေနသည့္ႏွယ္။

ပြဲေကာင္းတစ္ပြဲကို ေစာင့္ေမွ်ာ္ေနသည့္ ေလာ့ယန္မွာ သတိမျပဳမိဘဲ ဒါ႐ိုက္တာခုံေပၚမွ ထရပ္လိုက္မိသည္။ ေကာင္းကင္ထဲရွိ နဂါးတစ္ေကာင္လို ႏြဲ႕ေပ်ာင္းကာ က်က္သေရရွိသည့္ ပုံရိပ္ကိုေမာ့ၾကည့္လိုက္ရင္း အေတာ္ၾကာေအာင္ စကားမဟႏိုင္ဘဲ ရွိေလသည္။

***

Seguir leyendo

También te gustarán

216K 24.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.6M 66.7K 78
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.3M 94K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
19.5K 2.4K 57
Description 💥 January 28, 2024 ​TITLE - I Heard That I Am ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ် ကဲကဲအသစ်ကလေးလာပြီနော် Hello... Hello... Hello... ဒါဒါလေး...