Like Love But Not [ Myanmar T...

By Eri1485EXOL

33.6K 4.1K 263

Hello... This is just a translation! Original author is Orange Rain and we translated from novelupdates.com. ... More

Summary
Chapter - 1.1
Chapter - 1.2
Chapter - 1.3
Chapter - 1.4
Chapter - 2.1
Just Announcement
Chapter - 2.2
Chapter - 2.3
Chapter - 2.4
Chapter - 2.5
Chapter - 3.1
💫💫😩
Chapter - 3.2
Chapter - 3.3
Chapter - 3.4
Chapter - 4.1
Chapter - 4.2
Chapter - 4.3
Chapter - 4.4
Chapter - 5.1
Chapter - 5.2
Chapter - 5.3
Chapter - 5.4
Chapter - 5.5
Chapter - 6.1
Chapter - 6.2
Chapter - 6.3
Chapter - 6.4
Chapter - 7.1
Chapter - 7.2
Chapter - 7.3
Chpater - 7.4
Chapter - 9.1
Chapter - 9.2
Chapter - 10.1
Chapter - 10.2
Chapter - 10.3
Chapter - 11.1
Chapter -11.2
Chapter - 11.4
Chapter - 12.1
Chapter - 12.2
Please read!
Chapter - 12.3
Chapter - 12.4

Chapter - 11.3

508 52 4
By Eri1485EXOL


Unicode







"သူရော ဘယ်လိုနေလဲ?"

ငါ စိုးရွံ့နေသလို ခံစားရပြီး သူ့လက်ကိုလှမ်းကိုင်ကာလှုပ်ရမ်းရင်းမေးလိုက်မိတယ်။

"မဆိုးပါဘူး"

ဖန်ရှဲ့ယီက ပြန်ပြောတယ်။

ငါသူ့ကိုလက်လွှတ်ခဲ့ပြီပဲ စိတ်ချလက်ချ ခံစားနေရမှာလေ။

"မဆိုးပါဘူး"ဆိုတဲ့စကားလုံးနှစ်လုံးက ဖန်းရှဲ့ယီရဲ့ပါးစပ်မှ ထွက်လာတာမို့လို့ ငါ့အတွက်စိတ်အချမ်းသာဆုံး ခံစားရစေသည့်စကားလုံးတွေဖြစ်လေတယ်။အကယ်၍ လောင်ယွီချန်တစ်ခုခုဖြစ်နေခဲ့တာမို့ ဖန်းရှဲ့ယီက လောင်ယွီချန် ကောင်းကောင်းလုပ်နေတယ်လို့ ပြောရင် ပဲဖြစ်ဖြစ်, ဒါမှမဟုတ် ရက်စက်တဲ့အမှန်တရားကို တိုက်ရိုက်ပြောပြရင်ပဲဖြစ်ဖြစ်လုပ်တတ်တဲ့လူမျိုးမို့ပါပဲ။

"မဆိုးပါဘူး" ဆိုတဲ့ အဓိပ္ပါယ်မှာ အဆိုးဆုံးတော့ဖြစ်မလာနိုင်ပါဘူး။

"ဒါပေမယ့်... သူဝဋ်လည်နေပြီလေ..." ဖန်းရှဲ့ယီက ပေါ့ပေါ့ပါးပါးပဲ ထပ်ပြောတယ်။

လောင်ယွီချန်အပေါ် ဘာ့ကြောင့် ဖန်းရှဲ့ယီ ရဲ့ ရန်လိုမှုဟာ အရင်ကလို မပြင်းထန်တော့ဘူးဆိုတာကို ငါဂရုမစိုက်ခဲ့ပါဘူး။နောက်ပြီး သူပြောတဲ့ "ဝဋ်လည်တယ်" ဆိုတာကိုလည်း ငါအများကြီး မတွေးချင်တော့ဘူး။

လောင်ယွီချန်က ငါ့အတွက်နဲ့ ဝဋ်လည်တယ်ဆိုတာကိုလည်းသိအောင် သူပြောပြနေစရာမလိုပါဘူး။လူတိုင်းက ငါ့ကိုမေ့မြောနေတယ်လို့ထင်နေကြချိန်မှာ ငါက လောင်ယွီချန်ရဲ့ဘေးနားမှာအမြဲရှိနေခဲ့ပြီး သူ့ရဲ့ဆိုးဝါးတဲ့ပြောင်းလဲမှုတွေကိုတွေ့ခဲ့ရတာပဲလေ။

ဖန်းရှဲ့ယီအတွက်ကျတော့ ငါဟာ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က အသည်းကွဲပြီးကိုယ့်ကိုကို သတ်သေဖို့ကြိုးစားခဲ့ဖူးတဲ့ ရှောင်ဟန်ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် ဒီနှစ်ဝက်အတွင်းမှာ ငါ အများကြီးသင်ယူခဲ့ရတာတွေကိုတော့သူသိမှာမဟုတ်ချေဘူး ။

"လောင်ယွီချန်ကိုတွေ့ချင်တယ်......"

ငါ့စကားကြားတော့ ဖန်းရှဲ့ယီက သက်ပြင်းတစ်ချက်ချပြီး ဒေါသမထွက်မိအောင် အစွမ်းကုန်ကြိုးစားနေလေရဲ့။သူ့အတွက်တော့ ငါက ဘယ်သူမှကယ်တင်လို့မရနိုင်တော့တဲ့ ပြဿနာရှိနေသူလိုမျိုးဖြစ်နိုင်တယ်။ ငါ ကအရမ်းစိတ်သောကရောက်ပြီး ခက်ခက်ခဲခဲအသက်ရှင်လာခဲ့ပြီးနောက်မှာတောင် နိုးနိုးချင်းလောင်ယွီချန်ကိုပဲရှာနေခဲ့တယ်လေ။

ဘယ်လိုပဲဖြစ်ဖြစ် အခုကိစ္စမှာ ငါ,သူ့ကိုခုချက်ချင်းတွေ့ချင်နေတာပဲငါသိတယ်။အခွင့်အရေးကိုတစ်ခါလက်လွှတ်ခဲ့ပြီးပြီပဲ။ ဒုတိယအကြိမ်ဆိုတာကို ငါ လက်မလွှတ်နိုင်တော့တာတော့သေချာနေပါပြီ။

ငါတို့တွေ အမှားတွေလုပ်ခဲ့ကြပြီးလို့ နာကျင်မှုတွေကိုလည်းမချိမဆံ့ ခံစားခဲ့ရပြီးပြီလို့လည်း ငါ ထင်တယ်။

ငါ့ရဲ့တောင်းဆိုမှုအောက်မှာ ဖန်းရှဲ့ယီ က လောင်ယွီချန်ဆီ ဖုန်းခေါ်လေတယ်။ ဖုန်းခေါ်ဆိုမှုဟာတိုတိုနှင့်ရိုးရှင်းပါတယ်။ "ရှောင်ဟန် နိုးလာပြီ၊ မင်းလာမှာလား ,မလာဘူးလား?" လို့သာပြောပြီးဖုန်းချလိုက်လေရဲ့။

တကယ်တော့ အခုအချိန်က ညသန်းခေါင်ကျော်နေပြီ။ ငါအရမ်းခေါင်းမာမနေသင့်ပေမယ့် လောင်ယွီချန်ကိုတွေ့ချင်မိတယ်။နောက်ပြီး သူလည်း ငါ့ကို တွေ့ချင်နေမယ်လို့ငါထင်တယ်။

ပြန်လည်ဆုံဆည်းမှုဟာလည်း ငါတို့ ကြုံတွေ့ခဲ့ရသမျှတွေပြီးရင် ဘယ်လိုတွေဆက်ဖြစ်မလဲလို့ ရင်ခုန်မိတာတော့အမှန်ပဲ။

"လောင်ယွီချန်နဲ့ ရှမင်ရှု တို့လမ်းခွဲလိုက်ကြပြီ....."

ငါ့ရဲခေါင်းမာတာကိုမြင်တော့ဖန်းရှဲ့ယီလည်းမနေနိုင်တော့ပဲဖြစ်ပျက်ခဲ့သမျှအဖြစ်ပျက်တွေကိုပြောပြလေတယ်။သူက ပြတင်းပေါက်ကိုမှီလိုက်ပြီးဖြည်းညှင်းစွာပြောတယ်။

"ငါ့အထင် သူလည်းမင်းကိုသဘောကျနေတာဖြစ်နိုင်တယ်...."

နောက်တော့ သူက ငါ , ဇာတ်လမ်းတွဲတွေထဲက အမျိုးသမီးဇာတ်ဆောင်လိုသရုပ်ဆောင်တာကို ကြည့်ဖို့အတွက်သူ့ကိုယ်သူပြင်ဆင်ထားလေရဲ့။

ဖန်းရှဲ့ယီအတွက် ကံမကောင်းစွာပဲ, သူစိတ်ကူးထားတဲ့ လှုပ်လှုပ်ရွရွ ဖြစ်နေတဲ့ငါ့ရဲ့ အမူအရာတွေကို သူ မမြင်ခဲ့ရပါဘူး။ တစ်ဖက်ကလည်း ငါ အရမ်းသဘောကျနေတယ်ဆိုပေမယ့်လည်းပေါ့လေ။ ငါ့ရဲ့အေးဆေးတည်ငြိမ်မှုက သူ့ကိုရှုံးနှိမ့်သွားသလို ခံစားစေရလို့ ဖြစ်ပေါ်လာတဲ့ သူမျက်နှာပုံစံကို ငါ အတော်လေးသဘောကျမိပါရဲ့။

ဖန်းရှဲ့ယီက ငါ့ကိုကြည့်လိုက်တယ်, အကြာကြီးအိပ်ယာထဲလဲနေခဲ့သူတစ်ယောက် ရဲ့ ရုတ်တရက်ဆန်တဲ့ပြောင်းလဲသွားတဲ့အပြုအမူတွေကို အံ့ဩတကြီးဖြစ်နေလျှက်ပေါ့။

"ဟေး, ငါ့ကိုမပြောနဲ့နော်!! မင်း ညနက်သန်းခေါင်ကြီး သူ့ကိုလှမ်းခေါ်လိုက်တာက သူနဲ့လမ်းခွဲချင်တာလို့!!! "

အဲဒါ ဘယ်လို ဖြစ်နိုင်မှာလဲ? ငါ ဖန်းရှဲ့ယီကို မျက်စောင်းထိုးလိုက်တယ်။ သူက ငါ့ကို ထူးဆန်းနေသလိုကြည့်ပြီး "ဘာဖြစ်လို့ မင်းပြောင်းလဲသွားတယ်လို့ငါခံစားနေရတာလဲ?"လို့ပြောလာလေတယ်။

အဘယ်ကြောင့်ဆိုသော် ... လွန်ခဲ့သော နှစ်ဝက်အတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့တယ်။

ငါ အရာအားလုံးကို ဘေးနားကနေ ကြည့်နေတဲ့ရအခါ နောက်ဆုံးမှာ နားလည်လာပြီး အရာအားလုံးကို လက်ခံတတ်လာခဲ့တယ်။

ငါလျှောက်နေတဲ့လမ်းကို နောက်ဆုံးမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မယ်လို့လည်း ခံစားခဲ့ရတယ်။

ငါ လမ်းပျောက်ခဲ့ပြီးနောက် လမ်းကြောင်းအမှန်ပေါ်ကို ချက်ချင်းပြန်မလာနိုင်ခဲ့ပေမယ့် ကမ္ဘာမြေကြီးကတော့ ဆက်လက်လည်နေတုန်းပဲလေ။

အမှားအယွင်းတွေလုပ်ခဲ့ပြီးနောက်မှာ ခက်ခဲကြမ်းတမ်းတဲ့ စက်ဝိုင်းကြီးတစ်ခုလုံးကို လျှောက်လှမ်းပြီး နောက်ဆုံးပန်းတိုင်သို့ ရောက်နိုင်ခဲ့တယ်။ဒါဟာ ဂုဏ်ပြုထိုက်တဲ့ အရာတစ်ခုပဲပေါ့......

ယခုဖြစ်ပျက်သမျှအရာအားလုံးက ကောင်းကင်ဘုံရဲ့ကရုဏာ, ဒါမှမဟုတ် မကောင်းတဲ့ဟာသတစ်ခု , ဒါမှမဟုတ်ရင်တော့ အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်သလားဆိုတာတော့ ငါအသေချာမသိနိုင်ဘူးလေ။ ငါလုပ်နိုင်တာ က ငါ့ကံကြမ္မာနောက်ကို ငါလိုက်ဖို့ပဲ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ ကိုယ်ချစ်ရတဲ့သူကို ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

ငါ့ကတိကို ထပ်မဖျက်တော့ဘူး။

"ကျွန်တော် တောင်းပန်ပါတယ်.."

အပေါက်ဆိုးပေမယ့်လည်း ညဉ့်နက်နေတာတောင်မှ ငါ့ကိုလာတွေ့တဲ့အစ်ကိုဖြစ်သူကိုကြည့်ကာ ငါရိုးရိုးသားသားပြောလိုက်မိတယ်။

"ဖန်းရှဲ့ယီ , ကျွန်တော် အစ်ကို့ကို ဒုက္ခပေးမိပြီ"

ငါက လူတိုင်းကို ဒုက္ခပေးခဲ့ပြီး ဝမ်းနည်းစေခဲ့တယ်။

ရှောင်လုနဲ့ရှမင်ရှုတို့ကို တော့နောက်တစ်ကြိမ်တွေ့မှ တောင်းပန်မယ်။

တကယ်ကို လေးလေးနက်နက် တောင်းပန်ပါ့မယ်။

"မေ့လိုက်တော့.."

ဖန်းရှဲ့ယီက သိသိသာသာရှက်ရွှံသွားပြီး ခေါင်းကိုလှည့်လိုက်တယ်။ "အဲ့ဒီအစားမင်းတကယ်တောင်းပန်သင့်တာက ရှောင်လုကိုပဲ၊ သူက အငိုဆုံးပဲ......"

"အဲဒါဆိုဒီကိစ္စဖြစ်တုန်းက ကျွန်တော်သေသွားပြီလို့ ဘာလို့သူ့ကိုပြောလိုက်တာလဲ?" ငါအဲ့တာကိုအခုသတိရလိုက်တော့ စိတ်ဓာတ်တောင်ကျချင်သလိုပဲ.......

အဲ့ဒီအချိန်တုန်းက ရှောင်လုက လောင်ယွီချန်နဲ့ ရန်ဖြစ်နေတာ နောက်ပြောင်တာတော့ဟုတ်ဟန်မတူ။

ဖန်းရှဲ့ယီက ငါမသေသေးဘူးဆိုတာ သိပြီးသားမို့ ဒီအကြောင်းကို မသိတဲ့ ငါ့အရင်က လူတော်တော်များများကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ တရားခံလို့ သတ်မှတ်လို့မရပါဘူး။ အဲဒီအစားဖန်းရှဲ့ယီကသာ အမြဲတမ်း ခန့်မှန်းလို့မရတဲ့ လိမ္မာပါးနပ်ပြီး ဆိုးယုတ်သူတစ်ယောက်ပါပဲ......

"မင်းသေသွားပြီလို့ ငါပြောခဲ့တာ မင်းဘယ်လိုသိတာလဲ?"

ဖန်းရှဲ့ယီက ငါ့ကိုပြန်ကြည့်ပြီး ငါ့ရဲ့ပြောဆိုချက်ကိုမေးခွန်းပြန်ထုတ်လိုက်တယ်။

"ရှောင်လုက ဘာလို့ငိုရတာလဲ?"

ငါ့အဖြေက ဘောလုံးကို သူ့ဆီပြန်ပစ်ပေးသလိုပါပဲ။ငါလောင်ယွီချန်ရဲ့နံဘေးမှာ လွင့်မျောနေချိန် ကိုယ်တိုင်တွေ့ခဲ့ရတာပါလို့တော့ ပြောလို့မရဘူး။ ဘယ်သူကယုံမတဲ့လဲ?

"မင်း နိုးထဖို့ အလားအလာ အရမ်းနည်းတယ်လို့ ဆရာဝန်က ပြောတယ်, မင်းက ဒီအတိုင်းပဲဆက်အိပ်နေတော့ သေလုနီးပါးဖြစ်နေတာနဲ့အတူတူပဲမဟုတ်လား"

ဖန်းရှဲ့ယီဟာ မှန်မှန်ကန်ကန်နဲ့ပွင့်ပွင့်လင်းလင်းပြောပြလာပုံရတယ်။  









Zawgyi







"သူေရာ ဘယ္လိုေနလဲ?"ငါ စိုး႐ြံ႕ေနသလို ခံစားရၿပီး သူ႕လက္ကိုလွမ္းကိုင္ကာလႈပ္ရမ္းရင္းေမးလိုက္မိတယ္။ "မဆိုးပါဘူး" ဖန္း႐ွဲ႕ယီက ျပန္ေျပာတယ္။ငါသူ႕ကိုလက္လႊတ္ခဲ့ၿပီပဲ စိတ္ခ်လက္ခ် ခံစားေနရမွာေလ။ "မဆိုးပါဘူး"ဆိုတဲ့စကားလုံးႏွစ္လုံးက ဖန္း႐ွဲ႕ယီရဲ႕ပါးစပ္မွ ထြက္လာတာမို႔လို႔ ငါ့အတြက္စိတ္အခ်မ္းသာဆုံး ခံစားရေစသည့္စကားလုံးေတြျဖစ္ေလတယ္။အကယ္၍ ေလာင္ယြီခ်န္တစ္ခုခုျဖစ္ေနခဲ့တာမို႔ ဖန္း႐ွဲ႕ယီက ေလာင္ယြီခ်န္ ေကာင္းေကာင္းလုပ္ေနတယ္လို႔ ေျပာရင္ ပဲျဖစ္ျဖစ္, ဒါမွမဟုတ္ ရက္စက္တဲ့အမွန္တရားကို တိုက္႐ိုက္ေျပာျပရင္ပဲျဖစ္ျဖစ္လုပ္တတ္တဲ့လူမ်ိဳးမို႔ပါပဲ။ "မဆိုးပါဘူး" ဆိုတဲ့ အဓိပၸါယ္မွာ အဆိုးဆုံးေတာ့ျဖစ္မလာႏိုင္ပါဘူး။ "ဒါေပမယ့္... သူဝဋ္လည္ေနၿပီေလ..." ဖန္း႐ွဲ႕ယီက ေပါ့ေပါ့ပါးပါးပဲ ထပ္ေျပာတယ္။


ေလာင္ယြီခ်န္အေပၚ ဘာ့ေၾကာင့္ ဖန္း႐ွဲ႕ယီ ရဲ႕ ရန္လိုမႈဟာ အရင္ကလို မျပင္းထန္ေတာ့ဘူးဆိုတာကို ငါဂ႐ုမစိုက္ခဲ့ပါဘူး။ေနာက္ၿပီး သူေျပာတဲ့ "ဝဋ္လည္တယ္" ဆိုတာကိုလည္း ငါအမ်ားႀကီး မေတြးခ်င္ေတာ့ဘူး။ေလာင္ယြီခ်န္က ငါ့အတြက္နဲ႔ ဝဋ္လည္တယ္ဆိုတာကိုလည္းသိေအာင္ သူေျပာျပေနစရာမလိုပါဘူး။လူတိုင္းက ငါ့ကိုေမ့ေျမာေနတယ္လို႔ထင္ေနၾကခ်ိန္မွာ ငါက ေလာင္ယြီခ်န္ရဲ႕ေဘးနားမွာအၿမဲ႐ွိေနခဲ့ၿပီး သူ႕ရဲ႕ဆိုးဝါးတဲ့ေျပာင္းလဲမႈေတြကိုေတြ႕ခဲ့ရတာပဲေလ။ ဖန္း႐ွဲ႕ယီအတြက္က်ေတာ့ ငါဟာ လြန္ခဲ့တဲ့ ႏွစ္ဝက္ေလာက္က အသည္းကြဲၿပီးကိုယ့္ကိုကို သတ္ေသဖို႔ႀကိဳးစားခဲ့ဖူးတဲ့ ေ႐ွာင္ဟန္ျဖစ္ေနတုန္းပါပဲ။ ဒါေပမယ့္ ဒီႏွစ္ဝက္အတြင္းမွာ ငါ အမ်ားႀကီးသင္ယူခဲ့ရတာေတြကိုေတာ့သူသိမွာမဟုတ္ေခ်ဘူး ။"ေလာင္ယြီခ်န္ကိုေတြ႕ခ်င္တယ္......"ငါ့စကားၾကားေတာ့ ဖန္း႐ွဲ႕ယီက သက္ျပင္းတစ္ခ်က္ခ်ၿပီး ေဒါသမထြက္မိေအာင္ အစြမ္းကုန္ႀကိဳးစားေနေလရဲ႕။သူ႕အတြက္ေတာ့ ငါက ဘယ္သူမွကယ္တင္လို႔မရႏိုင္ေတာ့တဲ့ ျပႆနာ႐ွိေနသူလိုမ်ိဳးျဖစ္ႏိုင္တယ္။ ငါ ကအရမ္းစိတ္ေသာကေရာက္ၿပီး ခက္ခက္ခဲခဲအသက္႐ွင္လာခဲ့ၿပီးေနာက္မွာေတာင္ ႏိုးႏိုးခ်င္းေလာင္ယြီခ်န္ကိုပဲ႐ွာေနခဲ့တယ္ေလ။ဘယ္လိုပဲျဖစ္ျဖစ္ အခုကိစၥမွာ ငါ,သူ႕ကိုခုခ်က္ခ်င္းေတြ႕ခ်င္ေနတာပဲငါသိတယ္။အခြင့္အေရးကိုတစ္ခါလက္လႊတ္ခဲ့ၿပီးၿပီပဲ။ ဒုတိယအႀကိမ္ဆိုတာကို ငါ လက္မလႊတ္ႏိုင္ေတာ့တာေတာ့ေသခ်ာေနပါၿပီ။ငါတို႔ေတြ အမွားေတြလုပ္ခဲ့ၾကၿပီးလို႔ နာက်င္မႈေတြကိုလည္းမခ်ိမဆံ့ ခံစားခဲ့ရၿပီးၿပီလို႔လည္း ငါ ထင္တယ္။ ငါ့ရဲ႕ေတာင္းဆိုမႈေအာက္မွာ ဖန္း႐ွဲ႕ယီ က ေလာင္ယြီခ်န္ဆီ ဖုန္းေခၚေလတယ္။ ဖုန္းေခၚဆိုမႈဟာတိုတိုႏွင့္႐ိုး႐ွင္းပါတယ္။ "ေ႐ွာင္ဟန္ ႏိုးလာၿပီ၊ မင္းလာမွာလား ,မလာဘူးလား?" လို႔သာေျပာၿပီးဖုန္းခ်လိုက္ေလရဲ႕။တကယ္ေတာ့ အခုအခ်ိန္က ညသန္းေခါင္ေက်ာ္ေနၿပီ။ ငါအရမ္းေခါင္းမာမေနသင့္ေပမယ့္ ေလာင္ယြီခ်န္ကိုေတြ႕ခ်င္မိတယ္။ေနာက္ၿပီး သူလည္း ငါ့ကို ေတြ႕ခ်င္ေနမယ္လို႔ငါထင္တယ္။


ျပန္လည္ဆုံဆည္းမႈဟာလည္း ငါတို႔ ၾကဳံေတြ႕ခဲ့ရသမွ်ေတြၿပီးရင္ ဘယ္လိုေတြဆက္ျဖစ္မလဲလို႔ ရင္ခုန္မိတာေတာ့အမွန္ပဲ။"ေလာင္ယြီခ်န္နဲ႔ ႐ွမင္႐ႈ တို႔လမ္းခြဲလိုက္ၾကၿပီ....." ငါ့ရဲေခါင္းမာတာကိုျမင္ေတာ့ဖန္း႐ွဲ႕ယီလည္းမေနႏိုင္ေတာ့ပဲျဖစ္ပ်က္ခဲ့သမွ်အျဖစ္ပ်က္ေတြကိုေျပာျပေလတယ္။သူက ျပတင္းေပါက္ကိုမွီလိုက္ၿပီးျဖည္းညႇင္းစြာေျပာတယ္။"ငါ့အထင္ သူလည္းမင္းကိုသေဘာက်ေနတာျဖစ္ႏိုင္တယ္...."ေနာက္ေတာ့ သူက ငါ , ဇာတ္လမ္းတြဲေတြထဲက အမ်ိဳးသမီးဇာတ္ေဆာင္လိုသ႐ုပ္ေဆာင္တာကို ၾကည့္ဖို႔အတြက္သူ႕ကိုယ္သူျပင္ဆင္ထားေလရဲ႕။ ဖန္း႐ွဲ႕ယီအတြက္ ကံမေကာင္းစြာပဲ, သူစိတ္ကူးထားတဲ့ လႈပ္လႈပ္႐ြ႐ြ ျဖစ္ေနတဲ့ငါ့ရဲ႕ အမူအရာေတြကို သူ မျမင္ခဲ့ရပါဘူး။ တစ္ဖက္ကလည္း ငါ အရမ္းသေဘာက်ေနတယ္ဆိုေပမယ့္လည္းေပါ့ေလ။ ငါ့ရဲ႕ေအးေဆးတည္ၿငိမ္မႈက သူ႕ကို႐ႈံးႏွိမ့္သြားသလို ခံစားေစရလို႔ ျဖစ္ေပၚလာတဲ့ သူမ်က္ႏွာပုံစံကို ငါ အေတာ္ေလးသေဘာက်မိပါရဲ႕။ဖန္း႐ွဲ႕ယီက ငါ့ကိုၾကည့္လိုက္တယ္, အၾကာႀကီးအိပ္ယာထဲလဲေနခဲ့သူတစ္ေယာက္ ရဲ႕ ႐ုတ္တရက္ဆန္တဲ့ေျပာင္းလဲသြားတဲ့အျပဳအမူေတြကို အံ့ဩတႀကီးျဖစ္ေနလွ်က္ေပါ့။"ေဟး, ငါ့ကိုမေျပာနဲ႔ေနာ္!! မင္း ညနက္သန္းေခါင္ႀကီး သူ႕ကိုလွမ္းေခၚလိုက္တာက သူနဲ႔လမ္းခြဲခ်င္တာလို႔!!! " အဲဒါ ဘယ္လို ျဖစ္ႏိုင္မွာလဲ? ငါ ဖန္း႐ွဲ႕ယီကို မ်က္ေစာင္းထိုးလိုက္တယ္။ သူက ငါ့ကို ထူးဆန္းေနသလိုၾကည့္ၿပီး "ဘာျဖစ္လို႔ မင္းေျပာင္းလဲသြားတယ္လို႔ငါခံစားေနရတာလဲ?"လို႔ေျပာလာေလတယ္။ အဘယ္ေၾကာင့္ဆိုေသာ္ ... လြန္ခဲ့ေသာ ႏွစ္ဝက္အတြင္း အျဖစ္အပ်က္မ်ားစြာ ျဖစ္ပ်က္ခဲ့တယ္။ ငါ အရာအားလုံးကို ေဘးနားကေန ၾကည့္ေနတဲ့ရအခါ ေနာက္ဆုံးမွာ နားလည္လာၿပီး အရာအားလုံးကို လက္ခံတတ္လာခဲ့တယ္။ ငါေလွ်ာက္ေနတဲ့လမ္းကို ေနာက္ဆုံးမွာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ခ်ႏိုင္မယ္လို႔လည္း ခံစားခဲ့ရတယ္။ ငါ လမ္းေပ်ာက္ခဲ့ၿပီးေနာက္ လမ္းေၾကာင္းအမွန္ေပၚကို ခ်က္ခ်င္းျပန္မလာႏိုင္ခဲ့ေပမယ့္ ကမ႓ာေျမႀကီးကေတာ့ ဆက္လက္လည္ေနတုန္းပဲေလ။ အမွားအယြင္းေတြလုပ္ခဲ့ၿပီးေနာက္မွာ ခက္ခဲၾကမ္းတမ္းတဲ့ စက္ဝိုင္းႀကီးတစ္ခုလုံးကို ေလွ်ာက္လွမ္းၿပီး ေနာက္ဆုံးပန္းတိုင္သို႔ ေရာက္ႏိုင္ခဲ့တယ္။ဒါဟာ ဂုဏ္ျပဳထိုက္တဲ့ အရာတစ္ခုပဲေပါ့...... ယခုျဖစ္ပ်က္သမွ်အရာအားလုံးက ေကာင္းကင္ဘုံရဲ႕က႐ုဏာ, ဒါမွမဟုတ္ မေကာင္းတဲ့ဟာသတစ္ခု , ဒါမွမဟုတ္ရင္ေတာ့ အေရးႀကီးတဲ့ စမ္းသပ္မႈတစ္ခုမွ်သာ ျဖစ္သလားဆိုတာေတာ့ ငါအေသခ်ာမသိႏိုင္ဘူးေလ။ ငါလုပ္ႏိုင္တာ က ငါ့ကံၾကမၼာေနာက္ကို ငါလိုက္ဖို႔ပဲ။ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအခ်ိန္မွာေတာ့ ကိုယ္ခ်စ္ရတဲ့သူကို ေပ်ာ္႐ႊင္မႈေတြ ေပးစြမ္းႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ငါ့ကတိကို ထပ္မဖ်က္ေတာ့ဘူး။ "ကြၽန္ေတာ္ ေတာင္းပန္ပါတယ္.."အေပါက္ဆိုးေပမယ့္လည္း ညဥ့္နက္ေနတာေတာင္မွ ငါ့ကိုလာေတြ႕တဲ့အစ္ကိုျဖစ္သူကိုၾကည့္ကာ ငါ႐ိုး႐ိုးသားသားေျပာလိုက္မိတယ္။"ဖန္း႐ွဲ႕ယီ , ကြၽန္ေတာ္ အစ္ကို႔ကို ဒုကၡေပးမိၿပီ" ငါက လူတိုင္းကို ဒုကၡေပးခဲ့ၿပီး ဝမ္းနည္းေစခဲ့တယ္။


ေ႐ွာင္လုနဲ႔႐ွမင္႐ႈတို႔ကို ေတာ့ေနာက္တစ္ႀကိမ္ေတြ႕မွ ေတာင္းပန္မယ္။တကယ္ကို ေလးေလးနက္နက္ ေတာင္းပန္ပါ့မယ္။ "ေမ့လိုက္ေတာ့.."ဖန္း႐ွဲ႕ယီက သိသိသာသာ႐ွက္႐ႊံသြားၿပီး ေခါင္းကိုလွည့္လိုက္တယ္။ "အဲ့ဒီအစားမင္းတကယ္ေတာင္းပန္သင့္တာက ေ႐ွာင္လုကိုပဲ၊ သူက အငိုဆုံးပဲ......" "အဲဒါဆိုဒီကိစၥျဖစ္တုန္းက ကြၽန္ေတာ္ေသသြားၿပီလို႔ ဘာလို႔သူ႕ကိုေျပာလိုက္တာလဲ?" ငါအဲ့တာကိုအခုသတိရလိုက္ေတာ့ စိတ္ဓာတ္ေတာင္က်ခ်င္သလိုပဲ.......အဲ့ဒီအခ်ိန္တုန္းက ေ႐ွာင္လုက ေလာင္ယြီခ်န္နဲ႔ ရန္ျဖစ္ေနတာ ေနာက္ေျပာင္တာေတာ့ဟုတ္ဟန္မတူ။ ဖန္း႐ွဲ႕ယီက ငါမေသေသးဘူးဆိုတာ သိၿပီးသားမို႔ ဒီအေၾကာင္းကို မသိတဲ့ ငါ့အရင္က လူေတာ္ေတာ္မ်ားမ်ားကို စိတ္ဆိုးေအာင္လုပ္ခဲ့တဲ့ တရားခံလို႔ သတ္မွတ္လို႔မရပါဘူး။ အဲဒီအစားဖန္း႐ွဲ႕ယီကသာ အၿမဲတမ္း ခန္႔မွန္းလို႔မရတဲ့ လိမၼာပါးနပ္ၿပီး ဆိုးယုတ္သူတစ္ေယာက္ပါပဲ...... "မင္းေသသြားၿပီလို႔ ငါေျပာခဲ့တာ မင္းဘယ္လိုသိတာလဲ?"ဖန္း႐ွဲ႕ယီက ငါ့ကိုျပန္ၾကည့္ၿပီး ငါ့ရဲ႕ေျပာဆိုခ်က္ကိုေမးခြန္းျပန္ထုတ္လိုက္တယ္။ "ေ႐ွာင္လုက ဘာလို႔ငိုရတာလဲ?"ငါ့အေျဖက ေဘာလုံးကို သူ႕ဆီျပန္ပစ္ေပးသလိုပါပဲ။ငါေလာင္ယြီခ်န္ရဲ႕နံေဘးမွာ လြင့္ေမ်ာေနခ်ိန္ ကိုယ္တိုင္ေတြ႕ခဲ့ရတာပါလို႔ေတာ့ ေျပာလို႔မရဘူး။ ဘယ္သူကယုံမတဲ့လဲ? "မင္း ႏိုးထဖို႔ အလားအလာ အရမ္းနည္းတယ္လို႔ ဆရာဝန္က ေျပာတယ္, မင္းက ဒီအတိုင္းပဲဆက္အိပ္ေနေတာ့ ေသလုနီးပါးျဖစ္ေနတာနဲ႔အတူတူပဲမဟုတ္လား"ဖန္း႐ွဲ႕ယီဟာ မွန္မွန္ကန္ကန္နဲ႔ပြင့္ပြင့္လင္းလင္းေျပာျပလာပုံရတယ္။

Continue Reading

You'll Also Like

625K 41.1K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...