Unicode
ငါ ဘာပြောရမှန်းမသိတော့ဘူး။ သူက အခု ငါ့ကို ချစ်ပြီး ပွေ့ဖက်နေတယ်။ ငါကလည်း သူ့ကို ချစ်တယ်။
ဒါပေမယ့် ငါ သိပါတယ်။ အခု ဘယ်လောက်ပဲ လှပနေပါစေ, အရာအားလုံးက ပူဖောင်းတွေလိုမျိုး ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာကိုပေါ့။
အရာအားလုံးက နောက်စက္ကန့်မှာ ပြီးဆုံးသွားနိုင်တယ်။ ငါကလည်း နောက်တစ်စက္ကန့်မှာ ပျောက်ကွယ်သွားနိုင်တယ်။
ဒါပေမယ့်လည်း လောင်ယွီချန်ကတော့ သူ့ရဲ့နှိုင်းယှဥ်စရာမရှိတဲ့ပျော်ရွှင်မှုထဲမှာ နှစ်မြှုပ်နေတုန်းပဲ။ ငါ သူ့ကို ထိုင်ခုံပေါ်မှာ အနားယူအောင် တွန်းထုတ်လိုက်ပေမယ့် သူက ဘာပဲဖြစ်ဖြစ် ငါ့လက်ကို လွှတ်မပေးဘူးလေ။
သူက ပြောတယ်, "ဒီတစ်ခါတော့ ငါ မင်းကို ထပ်ထွက်သွားခွင့်မပေးတော့ဘူး"
လောင်ယွီချန်ကို မျက်လုံးတွေမှာ မျက်ရည်တွေအပြည့်ဖြစ်နေပြီး နူးညံ့တဲ့အပြုံးတစ်ခုနဲ့အတူ နာခံမှုရှိစွာ လဲလျောင်းနေတာကို မြင်လိုက်ရတာက ဘယ်လောက်တောင် တုန်လှုပ်စရာကောင်းမှန်း ငါ မသိခဲ့ဘူး။
သူက အေးစက်ပြီး ချစ်စရာကောင်းတဲ့လူ မဟုတ်တော့ဘဲ ဒီအခိုက်အတန့်မှာတော့ သူ့ရဲ့ နုနယ်ပြီး နှလုံးသားကို လွမ်းဆွတ်ဖွယ်ကောင်းစေတဲ့ပုံရိပ်က လွှမ်းမိုးလို့နေတယ်။
"မင်း ငါ့ကိုထားခဲ့မှာမဟုတ်ဘူးလို့ ငါ အမြဲတမ်းထင်နေခဲ့တာ" သူ့အသံက အက်ကွဲနေပြီး သူပြောသမျှ စကားလုံးတိုင်းက နာကျင်စေပေမယ့် သူက စကားပြောဖို့အတွက် အစွမ်းကုန်ကြိုးစားနေတုန်းပဲ။
"မင်းက ငါ့အနားမှာ အမြဲရှိနေတာလေ, ငါ့အတွက် အရာရာတိုင်းကို ပြင်ဆင်လုပ်ပေးနေတာ, အခုတော့ ငါ ဘာလုပ်ရမှန်းမသိတော့ဘူး, ငါ မင်းမရှိဘဲ မနေနိုင်တော့ဘူး... ငါ အရမ်းမိုက်မဲခဲ့တာပဲ, ငါ ဘာလို့ ဒါကို သတိမထားမိခဲ့တာလဲ? မင်းကတော့ ဒါကို သိပြီးတော့ စီစဉ်နေတာ ကြာလောက်ပြီ, မင်း ထွက်သွားမယ်ဆိုရင် ငါ အသက်မရှင်နိုင်ဘူးဆိုတာကို မင်း သိနေတယ်... မင်းက အရမ်းမိုက်တာပဲ, အခု ကြည့်, မင်းလိုချင်တဲ့ ရလဒ်တွေ ရနေပြီလေ…”
သူ့မျက်လုံးထောင့်ကနေ မျက်ရည်တွေ စီးကျလာရင်း ပြုံးပြုံးလေးနဲ့ ငါ့ကို ကြည့်ပြီး ရေရွတ်နေတယ်။
ငါ့နှလုံးသားတွေ အရမ်းနာကျင်လာပြီး မျက်ရည်တွေကလည်း ထိန်းမရတော့ဘူး။
ငါ ဝိညာဉ်ပုံစံနဲ့ရှိနေတုန်းက ငါ့မှာ မျက်ရည်တစ်စက်မှမရှိခဲ့ဘူး။ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ, နှလုံးသားထဲမှာပဲ သိမ်းထားနိုင်ခဲ့ပြီး လေသံတောင်မှ မထွက်နိုင်ခဲ့ဘူးလေ။
သေတဲ့လူက ဘယ်တော့မှ ထပ်မငိုနိုင်ဘူး။ အဲ့ဒါကြောင့်လည်း လူတွေက သေချင်ကြတာ ဖြစ်နိုင်တယ်။
"မငိုပါနဲ့ ရှောင်ဖန်ရယ်..." သူက ငါ ငိုနေတာကို မြင်တော့ ဝမ်းနည်းစွာနဲ့ ငါ့ရဲ့မျက်ရည်တွေကို သုတ်ပေးရင်း ပြောတယ်, "ငါ ဒီတိုင်း နောက်နေတာပါ, မငိုနဲ့တော့နော်, မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး, မင်းက အရမ်းတော်တာ, အဲ့ဒါက ငါ့ရဲ့အမှား, အရာအားလုံးက ငါ့အမှားတွေပါ…ငါက လူယုတ်မာပဲရော်, မင်း ငါ့အပေါ်ကောင်းတယ်ဆိုတာကို ငါ အမြဲသိနေခဲ့တယ်, အဲ့ဒါကြောင့် ငါ ဘာမှမလုပ်ရင်တောင်မှ မင်းကို အခွင့်ကောင်းယူပြီးတော့ မင်း ငါ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံမယ်လို့ ခံစားခဲ့ရတာ..."
"ဒီလိုမျိုး ထပ်မဖြစ်စေရဘူး, ငါ မင်းကို ကောင်းကောင်းဆက်ဆံမယ်, မင်းကို မြတ်နိုးပြီးတော့ ပြုစုစောင့်ရှောက်ပေးမှာမို့ မငိုနဲ့တော့နော်… ရှောင်ဖန်, ရှောင်ဖန်?”
သူ ငါ့ကိုခေါ်နေတာ ငါ ကြားတယ်။ ပထမဆုံးကြားလိုက်ရတဲ့အချိန်က သိပ်မသဲကွဲပေမယ့် သူ့ရဲ့ကြောက်ရွံ့နေတဲ့အသံက ငါ့ရဲ့မျက်လုံးတွေကို ပွင့်သွားစေခဲ့တယ်။ သူ ငါရဲ့မျက်ရည်တွေကို သုတ်ပေးချင်နေတာ တွေ့လိုက်ရပေမယ့် သူ့အထိအတွေ့ကို ငါ ခံစားလို့မရဘူး။
ငါ ငါ့လက်တွေကို ငုံ့ကြည့်လိုက်တယ်။ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်နေပြီ။
ဘုရားရေ… သူ့ရဲ့အရှေ့မှာလား? … ဘယ်လောက် ရက်စက်လိုက်သလဲ!
လောင်ယွီချန်က မျက်လုံးပြူးသွားတယ်။ သူ ထိုင်နေရာကနေ ထလာပြီး ငါ့ကို ပွေ့ဖက်ဖို့ ကြိုးစားပေမယ့် အားလုံးက အချည်းနှီးပဲ။
သူ့လက်က ငါ့ရဲ့ဖောက်ထွင်းမြင်နေရတဲ့ ခန္ဓာကိုယ်တစ်ခြမ်းကို ဖြတ်ကျော်သွားတာကြောင့် ထူးဆန်းပြီးတော့ အဓိပ္ပါယ်မရှိတဲ့ပုံစံပေါက်နေတယ်။
သူက ပြောတယ်, "ရှောင်ဖန်, ရှောင်ဖန်, မင်း ငါ့ကိုနောက်နေတာမဟုတ်လား?"
သူက အိပ်မက်ဆိုးကနေ နိုးထဖို့ ကြိုးစားသလိုမျိုး သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်တယ်။
ငါ သူ့ကို နောက်ဆုံး အပြုံးတစ်ပွင့်ပေးခဲ့ချင်ပေမယ့် မျက်ရည်တွေပဲ စီးကျလာခဲ့တယ်။
သူက ငါ့ကို ပွေ့ဖက်ဖို့ ကြိုးစားပေမယ့် တစ်ဖက်ကိုသာ လဲကျသွားတယ်။ သူက ကြောက်ရွံ့စိတ်နဲ့အတူ မျက်လုံးမှာလည်း မျက်ရည်တွေအပြည့်နဲ့ ငါ့ကို ကြည့်လို့နေတယ်။
အရာအားလုံးက မကြာခင် ပြီးဆုံးတော့မယ်။
ထွက်သွားဖို့အတွက် ငါ ဘယ်လောက်ပဲ သည်းမခံနိုင်ပါစေ, အဆုံးမှာတော့ ထွက်ခွာသွားရမယ့်နေ့က ရောက်ရှိလာခဲ့ပြီ။
ကြောက်ရွံ့မှု, အားကိုးရာမဲ့မှုနဲ့ အားအင်မဲ့မှုတွေ ပြည့်နှက်နေတဲ့ သူ့ရဲ့မျက်လုံးတွေကို ငါ ကြည့်ပြီးတော့ ပေါ့ပေါ့ပါးပါးပြောလိုက်တယ်, "လောင်ယွီချန်, ဂရုစိုက်နော်"
ငါ့လက်က သူ့ကိုမထိတွေ့နိုင်တော့ပေမယ့် သူ့လက်ပေါ်မှာ တင်းတင်းကျပ်ကျပ် တင်ထားတုန်းပဲ။ ဒီဟာက လုံလောက်တယ်လို့ ငါ ခံစားရတယ်။ ပွေ့ဖက်နမ်းတာမျိုးတွေ ငါ မလိုအပ်ဘူး။ ငါ့လက်ကိုပဲ သူ့လက်ဖဝါးပေါ်မှာ မြင်ချင်တာ။
နှစ်ပေါင်းများစွာ ခါးသီးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ငါပြောခဲ့ဖူးတဲ့, မရေမတွက်နိုင်တဲ့ စကားလုံးတွေဟာ "ဂရုစိုက်ပါ" ဆိုတဲ့ စကားလုံးအသွင်သာ ပြောင်းလဲသွားခဲ့တယ်။
နာကျင်ခြင်း, ခံစားရခြင်း, မလိုလားခြင်း, နောင်တရခြင်း, ချစ်ခြင်းနဲ့ တောင်းပန်ခြင်းတွေအားလုံးဟာ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ။
အခုကစပြီး ငါဆိုတာ မရှိတော့ဘူး။ ငါ့ရဲ့ တမ်းတမှုတွေကကော မင်းရဲ့အနားမှာ အဆုံးမသတ်ဘဲ တည်ရှိနေမှာလား?
ငါက မကြာခင် ပျောက်ကွယ်သွားတော့မှာ။ ငါ ဘယ်ကိုသွားရမှာလဲ? မင်းအတွက် ငါ့အချစ်တွေကကော ဘယ်ကို ရောက်သွားမှာလဲ?
ငါက ငါ့ရဲ့နောက်ဘဝတွေကို စွန့်လွှတ်ထားခဲ့ပြီလေ။ ငါတို့ ပြန်ဆုံကြဦးမှာလား?
သူ့အသံကို ငါ မကြားနိုင်တော့ဘူး။ သူ့ရဲ့ ရူးသွပ်တဲ့အမူအရာတွေကိုပဲ မြင်နေရတယ်။ သူက ငါ့ကို ဆုပ်ကိုင်ဖို့ ကြိုးစားရင်း မျက်ရည်တွေ စီးကျနေတယ်။
လောင်ယွီချန်, လောင်ယွီချန်...
ငါ ထွက်သွားဖို့ သည်းမခံနိုင်ဘူး, ငါ တကယ်မတတ်နိုင်ဘူး။
ငါ သူ့ကို နောက်ဆုံးအကြိမ် ပွေ့ဖက်ချင်တယ်။
အဆုံးသတ်မှာတောင် ငါက ဒီလောက်ထိ လောဘကြီးတဲ့သူ ဖြစ်နေသေးတယ်ရော်။
ဒါပေမယ့် နောက်ဆုံးတစ်ကြိမ်ဆိုတာ ရှိမလာတော့ဘူးလေ။
နောက်ဆုံးမှာတော့ ကိစ္စတွေက ပြောင်းလဲလို့မရအောင် တည်ရှိနေတာဖြစ်ပြီး အတိတ်ကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး။
မင်းကပဲ နောက်ကျမှ သိခဲ့တာလား? ဒါမှမဟုတ် ငါကပဲ စောစောစီးစီး စွန့်လွှတ်ခဲ့တာလား?
ဒါမှမဟုတ် အစကတည်းက ငါတို့ကို မကောင်းဆိုးဝါး ဟာသတစ်ခုလို လုပ်ပြီး တစ်နေရာကနေ စောင့်ကြည့်နေတဲ့တစ်စုံတစ်ယောက်ကြောင့်လား?
ငါဟာ စမတ်ကျတဲ့ အရွေးချယ်ခံတစ်ယောက်မဟုတ်ဘူး။ ငါက အမြဲတမ်း ပြတ်ပြတ်သားသား မဆုံးဖြတ်တတ်တဲ့သူတစ်ယောက်ပါ။ ငါ မလိုချင်ဆုံးအချိန်, အရာအားလုံးကို ပြန်မရနိုင်တော့တဲ့အချိန်တုန်းကတော့ ငါဘာလို့ ဒီလောက် ပြတ်ပြတ်သားသား ဖြစ်ခဲ့တာလဲ?
ငါ ဒီမေးခွန်းကို ကောင်းကင်နဲ့ မြေကြီး, ပြီးတော့ မြင်နိူင်တဲ့အရာတွေ, မမြင်နိုင်တဲ့ အရာတွေကို မေးပြီးရင်း ဆက်မေးနေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ငါ ဒါအတွက် ဘယ်တော့မှရပ်နားမှာမဟုတ်ဘူး။
ငါ့မှာ ဝိညာဉ်တစ်ခု, နောက်ဘဝတစ်ခု, ဒါမှမဟုတ် အခွင့်အရေးတွေလည်း မရှိတော့ဘူး။ သူ့ကို စောင့်မျှော်ပြီး နောက်ဘဝကို သူနဲ့အတူလိုက်ဖို့အတွက် နရကိတ်တံတား*နားက လက်ဖက်ရည်ရောင်းတဲ့ အဘွားကြီးကို ဆက်တွန်းထုတ်လို့မရတော့ဘူး။
ဒါကြောင့် ငါ ဒါကို ဘယ်တော့မှာ ရပ်နားမှာမဟုတ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် လောင်ယွီချန် ပျော်ရွှင်ပါစေလို့ ငါ ဆုတောင်းနေတုန်းပါပဲ။ ကျေးဇူးပြုပြီးတော့ ငါ့ကို မြန်မြန်မေ့ကာ ငါ မရှိတော့တဲ့ ကမ္ဘာ, မင်းအနားမှာ ငါ တိတ်တဆိတ်နဲ့ မင်းကို ဆက်မကာကွယ်ပေးနိုင်တော့တဲ့ကမ္ဘာမှာ ပျော်ရွှင်စွာနဲ့ နေထိုင်ပါ။
ဒီလိုနည်းနဲ့ ငါ ပြုံးပြုံးရွှင်ရွှင် ပျောက်ကွယ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ ငါ နောက်ဆုံးတော့ စိတ်ချလက်ချနေလို့ရပြီလေ။
ငါ ဆက်ပြီးတစ်ကိုယ်ကောင်းမဆန်နိူင်တော့တဲ့အချိန်မှာ နောက်ဆုံးတော့ တခြားတစ်ယောက်နဲ့အတူရှိမယ့် မင်းရဲ့ပျော်ရွှင်မှုကို ငါ ပြုံးပြီး အလိုရှိနိူင်ခဲ့ပြီ။
မျက်စိရှေ့မှာ အရာအားလုံးက မှုန်ဝါးပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့တယ်။ ငါ ကိုယ့်ကိုကိုယ် မခွဲခြားနိုင်တော့သလို ခံစားလို့လည်း မရတော့ဘူး။
ဒါပေမယ့် ငါ ရေတွေ ရွှဲနေသလို ခံစားနေရတယ်။ စီးကျလာတဲ့ရေတွေက ငါ့ရဲ့နှလုံးသားထဲကို စီးဝင်သွားတယ်။
ငါ မချစ်နိူင်တော့တာ, ဒါမှမဟုတ် နာကျင်မှုတွေ မခံစားနိုင်တော့ရင်တောင်မှ ဒါကိုတော့ ငါ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။
လောင်ယွီချန်, ဒါတွေက မင်း ငါ့အတွက် ငိုခဲ့တဲ့မျက်ရည်တွေပါပဲ။
နောက်ဆုံးတော့ ငါဟာ လေနဲ့ ဖုန်မှုန့်တွေလို လွင့်စင်ပြီး ထာဝရ အထီးကျန်မှုနဲ့ အမှောင်ထုထဲကို ပြန့်ကျဲသွားတော့တယ်။
T/N - နရကိတ်တံတားနဲ့ ပတ်သက်ပြီး မူရင်းသာသာရှင်းပြထားတာလေးကို ပြန်ပြောပြမယ်နော်, နရကိတ်တံတားဆိုတာက လူတွေ နောက်ဘဝကို သွားလို့ရတဲ့ နေရာလို့ ပြောလို့ရပါတယ်။ အဲ့တံတားမှာ မန်ပိုလို့ခေါ်တဲ့ အဘွားကြီးတစ်ယောက်ရှိတယ်။ သူမက လာတဲ့ဝိဥာဥ်တွေကို မန်ပိုစွပ်ပြုတ်တစ်ခွက်စီပေးပြီး အဲ့စွပ်ပြုတ်က သူတို့ နောက်ဘဝကို ကူးဖို့အတွက် အရင်ဘဝက မှတ်ဥာဏ်တွေကို မေ့အောင် ကူညီပေးပါတယ်တဲ့။
Zawgyi
ငါ ဘာေျပာရမွန္းမသိေတာ့ဘူး။ သူက အခု ငါ့ကို ခ်စ္ၿပီး ေပြ႕ဖက္ေနတယ္။ ငါကလည္း သူ႕ကို ခ်စ္တယ္။
ဒါေပမယ့္ ငါ သိပါတယ္။ အခု ဘယ္ေလာက္ပဲ လွပေနပါေစ, အရာအားလုံးက ပူေဖာင္းေတြလိုမ်ိဳး ေပ်ာက္ကြယ္သြားလိမ့္မယ္ဆိုတာကိုေပါ့။
အရာအားလုံးက ေနာက္စကၠန္႔မွာ ၿပီးဆုံးသြားႏိုင္တယ္။ ငါကလည္း ေနာက္တစ္စကၠန္႔မွာ ေပ်ာက္ကြယ္သြားႏိုင္တယ္။
ဒါေပမယ့္လည္း ေလာင္ယြီခ်န္ကေတာ့ သူ႕ရဲ႕ႏိႈင္းယွဥ္စရာမ႐ွိတဲ့ေပ်ာ္႐ႊင္မႈထဲမွာ ႏွစ္ျမႇဳပ္ေနတုန္းပဲ။ ငါ သူ႕ကို ထိုင္ခုံေပၚမွာ အနားယူေအာင္ တြန္းထုတ္လိုက္ေပမယ့္ သူက ဘာပဲျဖစ္ျဖစ္ ငါ့လက္ကို လႊတ္မေပးဘူးေလ။
သူက ေျပာတယ္, "ဒီတစ္ခါေတာ့ ငါ မင္းကို ထပ္ထြက္သြားခြင့္မေပးေတာ့ဘူး"
ေလာင္ယြီခ်န္ကို မ်က္လုံးေတြမွာ မ်က္ရည္ေတြအျပည့္ျဖစ္ေနၿပီး ႏူးညံ့တဲ့အျပဳံးတစ္ခုနဲ႔အတူ နာခံမႈ႐ွိစြာ လဲေလ်ာင္းေနတာကို ျမင္လိုက္ရတာက ဘယ္ေလာက္ေတာင္ တုန္လႈပ္စရာေကာင္းမွန္း ငါ မသိခဲ့ဘူး။
သူက ေအးစက္ၿပီး ခ်စ္စရာေကာင္းတဲ့လူ မဟုတ္ေတာ့ဘဲ ဒီအခိုက္အတန္႔မွာေတာ့ သူ႕ရဲ႕ ႏုနယ္ၿပီး ႏွလုံးသားကို လြမ္းဆြတ္ဖြယ္ေကာင္းေစတဲ့ပုံရိပ္က လႊမ္းမိုးလို႔ေနတယ္။
"မင္း ငါ့ကိုထားခဲ့မွာမဟုတ္ဘူးလို႔ ငါ အၿမဲတမ္းထင္ေနခဲ့တာ" သူ႕အသံက အက္ကြဲေနၿပီး သူေျပာသမွ် စကားလုံးတိုင္းက နာက်င္ေစေပမယ့္ သူက စကားေျပာဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားေနတုန္းပဲ။
"မင္းက ငါ့အနားမွာ အၿမဲ႐ွိေနတာေလ, ငါ့အတြက္ အရာရာတိုင္းကို ျပင္ဆင္လုပ္ေပးေနတာ, အခုေတာ့ ငါ ဘာလုပ္ရမွန္းမသိေတာ့ဘူး, ငါ မင္းမ႐ွိဘဲ မေနႏိုင္ေတာ့ဘူး... ငါ အရမ္းမိုက္မဲခဲ့တာပဲ, ငါ ဘာလို႔ ဒါကို သတိမထားမိခဲ့တာလဲ? မင္းကေတာ့ ဒါကို သိၿပီးေတာ့ စီစဥ္ေနတာ ၾကာေလာက္ၿပီ, မင္း ထြက္သြားမယ္ဆိုရင္ ငါ အသက္မ႐ွင္ႏိုင္ဘူးဆိုတာကို မင္း သိေနတယ္... မင္းက အရမ္းမိုက္တာပဲ, အခု ၾကည့္, မင္းလိုခ်င္တဲ့ ရလဒ္ေတြ ရေနၿပီေလ…”
သူ႕မ်က္လုံးေထာင့္ကေန မ်က္ရည္ေတြ စီးက်လာရင္း ျပဳံးျပဳံးေလးနဲ႔ ငါ့ကို ၾကည့္ၿပီး ေရ႐ြတ္ေနတယ္။
ငါ့ႏွလုံးသားေတြ အရမ္းနာက်င္လာၿပီး မ်က္ရည္ေတြကလည္း ထိန္းမရေတာ့ဘူး။
ငါ ဝိညာဥ္ပုံစံနဲ႔႐ွိေနတုန္းက ငါ့မွာ မ်က္ရည္တစ္စက္မွမ႐ွိခဲ့ဘူး။ ဘယ္ေလာက္ပဲ ဝမ္းနည္းေနပါေစ, ႏွလုံးသားထဲမွာပဲ သိမ္းထားႏိုင္ခဲ့ၿပီး ေလသံေတာင္မွ မထြက္ႏိုင္ခဲ့ဘူးေလ။
ေသတဲ့လူက ဘယ္ေတာ့မွ ထပ္မငိုႏိုင္ဘူး။ အဲ့ဒါေၾကာင့္လည္း လူေတြက ေသခ်င္ၾကတာ ျဖစ္ႏိုင္တယ္။
"မငိုပါနဲ႔ ေ႐ွာင္ဖန္ရယ္..." သူက ငါ ငိုေနတာကို ျမင္ေတာ့ ဝမ္းနည္းစြာနဲ႔ ငါ့ရဲ႕မ်က္ရည္ေတြကို သုတ္ေပးရင္း ေျပာတယ္, "ငါ ဒီတိုင္း ေနာက္ေနတာပါ, မငိုနဲ႔ေတာ့ေနာ္, မင္း ဘာအမွားမွ မလုပ္ခဲ့ဘူး, မင္းက အရမ္းေတာ္တာ, အဲ့ဒါက ငါ့ရဲ႕အမွား, အရာအားလုံးက ငါ့အမွားေတြပါ…ငါက လူယုတ္မာပဲေရာ္, မင္း ငါ့အေပၚေကာင္းတယ္ဆိုတာကို ငါ အၿမဲသိေနခဲ့တယ္, အဲ့ဒါေၾကာင့္ ငါ ဘာမွမလုပ္ရင္ေတာင္မွ မင္းကို အခြင့္ေကာင္းယူၿပီးေတာ့ မင္း ငါ့ကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံမယ္လို႔ ခံစားခဲ့ရတာ..."
"ဒီလိုမ်ိဳး ထပ္မျဖစ္ေစရဘူး, ငါ မင္းကို ေကာင္းေကာင္းဆက္ဆံမယ္, မင္းကို ျမတ္ႏိုးၿပီးေတာ့ ျပဳစုေစာင့္ေ႐ွာက္ေပးမွာမို႔ မငိုနဲ႔ေတာ့ေနာ္… ေ႐ွာင္ဖန္, ေ႐ွာင္ဖန္?”
သူ ငါ့ကိုေခၚေနတာ ငါ ၾကားတယ္။ ပထမဆုံးၾကားလိုက္ရတဲ့အခ်ိန္က သိပ္မသဲကြဲေပမယ့္ သူ႕ရဲ႕ေၾကာက္႐ြံ႕ေနတဲ့အသံက ငါ့ရဲ႕မ်က္လုံးေတြကို ပြင့္သြားေစခဲ့တယ္။ သူ ငါရဲ႕မ်က္ရည္ေတြကို သုတ္ေပးခ်င္ေနတာ ေတြ႕လိုက္ရေပမယ့္ သူ႕အထိအေတြ႕ကို ငါ ခံစားလို႔မရဘူး။
ငါ ငါ့လက္ေတြကို ငုံ႔ၾကည့္လိုက္တယ္။ တျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္ေနၿပီ။
ဘုရားေရ… သူ႕ရဲ႕အေ႐ွ႕မွာလား? … ဘယ္ေလာက္ ရက္စက္လိုက္သလဲ!
ေလာင္ယြီခ်န္က မ်က္လုံးျပဴးသြားတယ္။ သူ ထိုင္ေနရာကေန ထလာၿပီး ငါ့ကို ေပြ႕ဖက္ဖို႔ ႀကိဳးစားေပမယ့္ အားလုံးက အခ်ည္းႏွီးပဲ။
သူ႕လက္က ငါ့ရဲ႕ေဖာက္ထြင္းျမင္ေနရတဲ့ ခႏၶာကိုယ္တစ္ျခမ္းကို ျဖတ္ေက်ာ္သြားတာေၾကာင့္ ထူးဆန္းၿပီးေတာ့ အဓိပၸါယ္မ႐ွိတဲ့ပုံစံေပါက္ေနတယ္။
သူက ေျပာတယ္, "ေ႐ွာင္ဖန္, ေ႐ွာင္ဖန္, မင္း ငါ့ကိုေနာက္ေနတာမဟုတ္လား?"
သူက အိပ္မက္ဆိုးကေန ႏိုးထဖို႔ ႀကိဳးစားသလိုမ်ိဳး သူ႕ကိုယ္သူ ျပင္းျပင္းထန္ထန္ ႐ိုက္ပစ္လိုက္တယ္။
ငါ သူ႕ကို ေနာက္ဆုံး အျပဳံးတစ္ပြင့္ေပးခဲ့ခ်င္ေပမယ့္ မ်က္ရည္ေတြပဲ စီးက်လာခဲ့တယ္။
သူက ငါ့ကို ေပြ႕ဖက္ဖို႔ ႀကိဳးစားေပမယ့္ တစ္ဖက္ကိုသာ လဲက်သြားတယ္။ သူက ေၾကာက္႐ြံ႕စိတ္နဲ႔အတူ မ်က္လုံးမွာလည္း မ်က္ရည္ေတြအျပည့္နဲ႔ ငါ့ကို ၾကည့္လို႔ေနတယ္။
အရာအားလုံးက မၾကာခင္ ၿပီးဆုံးေတာ့မယ္။
ထြက္သြားဖို႔အတြက္ ငါ ဘယ္ေလာက္ပဲ သည္းမခံႏိုင္ပါေစ, အဆုံးမွာေတာ့ ထြက္ခြာသြားရမယ့္ေန႔က ေရာက္႐ွိလာခဲ့ၿပီ။
ေၾကာက္႐ြံ႕မႈ, အားကိုးရာမဲ့မႈနဲ႔ အားအင္မဲ့မႈေတြ ျပည့္ႏွက္ေနတဲ့ သူ႕ရဲ႕မ်က္လုံးေတြကို ငါ ၾကည့္ၿပီးေတာ့ ေပါ့ေပါ့ပါးပါးေျပာလိုက္တယ္, "ေလာင္ယြီခ်န္, ဂ႐ုစိုက္ေနာ္"
ငါ့လက္က သူ႕ကိုမထိေတြ႕ႏိုင္ေတာ့ေပမယ့္ သူ႕လက္ေပၚမွာ တင္းတင္းက်ပ္က်ပ္ တင္ထားတုန္းပဲ။ ဒီဟာက လုံေလာက္တယ္လို႔ ငါ ခံစားရတယ္။ ေပြ႕ဖက္နမ္းတာမ်ိဳးေတြ ငါ မလိုအပ္ဘူး။ ငါ့လက္ကိုပဲ သူ႕လက္ဖဝါးေပၚမွာ ျမင္ခ်င္တာ။
ႏွစ္ေပါင္းမ်ားစြာ ခါးသီးတဲ့ ခ်စ္ျခင္းေမတၱာေတြနဲ႔ ငါေျပာခဲ့ဖူးတဲ့, မေရမတြက္ႏိုင္တဲ့ စကားလုံးေတြဟာ "ဂ႐ုစိုက္ပါ" ဆိုတဲ့ စကားလုံးအသြင္သာ ေျပာင္းလဲသြားခဲ့တယ္။
နာက်င္ျခင္း, ခံစားရျခင္း, မလိုလားျခင္း, ေနာင္တရျခင္း, ခ်စ္ျခင္းနဲ႔ ေတာင္းပန္ျခင္းေတြအားလုံးဟာ ေနာက္ဆုံးေတာ့ ၿပီးဆုံးသြားခဲ့ၿပီ။
အခုကစၿပီး ငါဆိုတာ မ႐ွိေတာ့ဘူး။ ငါ့ရဲ႕ တမ္းတမႈေတြကေကာ မင္းရဲ႕အနားမွာ အဆုံးမသတ္ဘဲ တည္႐ွိေနမွာလား?
ငါက မၾကာခင္ ေပ်ာက္ကြယ္သြားေတာ့မွာ။ ငါ ဘယ္ကိုသြားရမွာလဲ? မင္းအတြက္ ငါ့အခ်စ္ေတြကေကာ ဘယ္ကို ေရာက္သြားမွာလဲ?
ငါက ငါ့ရဲ႕ေနာက္ဘဝေတြကို စြန္႔လႊတ္ထားခဲ့ၿပီေလ။ ငါတို႔ ျပန္ဆုံၾကဦးမွာလား?
သူ႕အသံကို ငါ မၾကားႏိုင္ေတာ့ဘူး။ သူ႕ရဲ႕ ႐ူးသြပ္တဲ့အမူအရာေတြကိုပဲ ျမင္ေနရတယ္။ သူက ငါ့ကို ဆုပ္ကိုင္ဖို႔ ႀကိဳးစားရင္း မ်က္ရည္ေတြ စီးက်ေနတယ္။
ေလာင္ယြီခ်န္, ေလာင္ယြီခ်န္...
ငါ ထြက္သြားဖို႔ သည္းမခံႏိုင္ဘူး, ငါ တကယ္မတတ္ႏိုင္ဘူး။
ငါ သူ႕ကို ေနာက္ဆုံးအႀကိမ္ ေပြ႕ဖက္ခ်င္တယ္။
အဆုံးသတ္မွာေတာင္ ငါက ဒီေလာက္ထိ ေလာဘႀကီးတဲ့သူ ျဖစ္ေနေသးတယ္ေရာ္။
ဒါေပမယ့္ ေနာက္ဆုံးတစ္ႀကိမ္ဆိုတာ ႐ွိမလာေတာ့ဘူးေလ။
ေနာက္ဆုံးမွာေတာ့ ကိစၥေတြက ေျပာင္းလဲလို႔မရေအာင္ တည္႐ွိေနတာျဖစ္ၿပီး အတိတ္ကို ဘယ္ေတာ့မွ ျပန္မရႏိုင္ေတာ့ဘူး။
မင္းကပဲ ေနာက္က်မွ သိခဲ့တာလား? ဒါမွမဟုတ္ ငါကပဲ ေစာေစာစီးစီး စြန္႔လႊတ္ခဲ့တာလား?
ဒါမွမဟုတ္ အစကတည္းက ငါတို႔ကို မေကာင္းဆိုးဝါး ဟာသတစ္ခုလို လုပ္ၿပီး တစ္ေနရာကေန ေစာင့္ၾကည့္ေနတဲ့တစ္စုံတစ္ေယာက္ေၾကာင့္လား?
ငါဟာ စမတ္က်တဲ့ အေ႐ြးခ်ယ္ခံတစ္ေယာက္မဟုတ္ဘူး။ ငါက အၿမဲတမ္း ျပတ္ျပတ္သားသား မဆုံးျဖတ္တတ္တဲ့သူတစ္ေယာက္ပါ။ ငါ မလိုခ်င္ဆုံးအခ်ိန္, အရာအားလုံးကို ျပန္မရႏိုင္ေတာ့တဲ့အခ်ိန္တုန္းကေတာ့ ငါဘာလို႔ ဒီေလာက္ ျပတ္ျပတ္သားသား ျဖစ္ခဲ့တာလဲ?
ငါ ဒီေမးခြန္းကို ေကာင္းကင္နဲ႔ ေျမႀကီး, ၿပီးေတာ့ ျမင္ႏိူင္တဲ့အရာေတြ, မျမင္ႏိုင္တဲ့ အရာေတြကို ေမးၿပီးရင္း ဆက္ေမးေနခဲ့တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ငါ ဒါအတြက္ ဘယ္ေတာ့မွရပ္နားမွာမဟုတ္ဘူး။
ငါ့မွာ ဝိညာဥ္တစ္ခု, ေနာက္ဘဝတစ္ခု, ဒါမွမဟုတ္ အခြင့္အေရးေတြလည္း မ႐ွိေတာ့ဘူး။ သူ႕ကို ေစာင့္ေမွ်ာ္ၿပီး ေနာက္ဘဝကို သူနဲ႔အတူလိုက္ဖို႔အတြက္ နရကိတ္တံတား*နားက လက္ဖက္ရည္ေရာင္းတဲ့ အဘြားႀကီးကို ဆက္တြန္းထုတ္လို႔မရေတာ့ဘူး။
ဒါေၾကာင့္ ငါ ဒါကို ဘယ္ေတာ့မွာ ရပ္နားမွာမဟုတ္ဘူး။
ဘယ္လိုပဲျဖစ္ျဖစ္ ေလာင္ယြီခ်န္ ေပ်ာ္႐ႊင္ပါေစလို႔ ငါ ဆုေတာင္းေနတုန္းပါပဲ။ ေက်းဇူးျပဳၿပီးေတာ့ ငါ့ကို ျမန္ျမန္ေမ့ကာ ငါ မ႐ွိေတာ့တဲ့ ကမ႓ာ, မင္းအနားမွာ ငါ တိတ္တဆိတ္နဲ႔ မင္းကို ဆက္မကာကြယ္ေပးႏိုင္ေတာ့တဲ့ကမ႓ာမွာ ေပ်ာ္႐ႊင္စြာနဲ႔ ေနထိုင္ပါ။
ဒီလိုနည္းနဲ႔ ငါ ျပဳံးျပဳံး႐ႊင္႐ႊင္ ေပ်ာက္ကြယ္သြားႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ငါ ေနာက္ဆုံးေတာ့ စိတ္ခ်လက္ခ်ေနလို႔ရၿပီေလ။
ငါ ဆက္ၿပီးတစ္ကိုယ္ေကာင္းမဆန္ႏိူင္ေတာ့တဲ့အခ်ိန္မွာ ေနာက္ဆုံးေတာ့ တျခားတစ္ေယာက္နဲ႔အတူ႐ွိမယ့္ မင္းရဲ႕ေပ်ာ္႐ႊင္မႈကို ငါ ျပဳံးၿပီး အလို႐ွိႏိူင္ခဲ့ၿပီ။
မ်က္စိေ႐ွ႕မွာ အရာအားလုံးက မႈန္ဝါးၿပီး အစိတ္စိတ္အမႊာမႊာ ျဖစ္သြားခဲ့တယ္။ ငါ ကိုယ့္ကိုကိုယ္ မခြဲျခားႏိုင္ေတာ့သလို ခံစားလို႔လည္း မရေတာ့ဘူး။
ဒါေပမယ့္ ငါ ေရေတြ ႐ႊဲေနသလို ခံစားေနရတယ္။ စီးက်လာတဲ့ေရေတြက ငါ့ရဲ႕ႏွလုံးသားထဲကို စီးဝင္သြားတယ္။
ငါ မခ်စ္ႏိူင္ေတာ့တာ, ဒါမွမဟုတ္ နာက်င္မႈေတြ မခံစားႏိုင္ေတာ့ရင္ေတာင္မွ ဒါကိုေတာ့ ငါ ဘယ္ေတာ့မွ ေမ့မွာမဟုတ္ဘူး။
ေလာင္ယြီခ်န္, ဒါေတြက မင္း ငါ့အတြက္ ငိုခဲ့တဲ့မ်က္ရည္ေတြပါပဲ။
ေနာက္ဆုံးေတာ့ ငါဟာ ေလနဲ႔ ဖုန္မႈန္႔ေတြလို လြင့္စင္ၿပီး ထာဝရ အထီးက်န္မႈနဲ႔ အေမွာင္ထုထဲကို ျပန္႔က်ဲသြားေတာ့တယ္။
T/N - နရကိတ္တံတားနဲ႔ ပတ္သက္ၿပီး မူရင္းသာသာ႐ွင္းျပထားတာေလးကို ျပန္ေျပာျပမယ္ေနာ္, နရကိတ္တံတားဆိုတာက လူေတြ ေနာက္ဘဝကို သြားလို႔ရတဲ့ ေနရာလို႔ ေျပာလို႔ရပါတယ္။ အဲ့တံတားမွာ မန္ပိုလို႔ေခၚတဲ့ အဘြားႀကီးတစ္ေယာက္႐ွိတယ္။ သူမက လာတဲ့ဝိဥာဥ္ေတြကို မန္ပိုစြပ္ျပဳတ္တစ္ခြက္စီေပးၿပီး အဲ့စြပ္ျပဳတ္က သူတို႔ ေနာက္ဘဝကို ကူးဖို႔အတြက္ အရင္ဘဝက မွတ္ဥာဏ္ေတြကို ေမ့ေအာင္ ကူညီေပးပါတယ္တဲ့။