Like Love But Not [ Myanmar T...

By Eri1485EXOL

33.6K 4.1K 263

Hello... This is just a translation! Original author is Orange Rain and we translated from novelupdates.com. ... More

Summary
Chapter - 1.1
Chapter - 1.2
Chapter - 1.3
Chapter - 1.4
Chapter - 2.1
Just Announcement
Chapter - 2.2
Chapter - 2.3
Chapter - 2.4
Chapter - 2.5
Chapter - 3.1
💫💫😩
Chapter - 3.2
Chapter - 3.3
Chapter - 3.4
Chapter - 4.1
Chapter - 4.2
Chapter - 4.3
Chapter - 4.4
Chapter - 5.1
Chapter - 5.2
Chapter - 5.3
Chapter - 5.4
Chapter - 5.5
Chapter - 6.1
Chapter - 6.2
Chapter - 6.4
Chapter - 7.1
Chapter - 7.2
Chapter - 7.3
Chpater - 7.4
Chapter - 9.1
Chapter - 9.2
Chapter - 10.1
Chapter - 10.2
Chapter - 10.3
Chapter - 11.1
Chapter -11.2
Chapter - 11.3
Chapter - 11.4
Chapter - 12.1
Chapter - 12.2
Please read!
Chapter - 12.3
Chapter - 12.4

Chapter - 6.3

408 61 4
By Eri1485EXOL

Unicode

ရှမင်ရှုက ​ရှောင်လုကို အ​လျှော့​ပေးလိုက်ပြီလားလို့ ငါ တွေးနေမိတယ်။

ရှမင်ရှုက ​လှေနံနှစ်ဖက်နင်း​နေလားဆိုတာကို မငြင်းခုံဘဲ​​ နေရအောင်။ သူတို့ရဲ့ ဆက်ဆံရေးမှာ အဆင်မပြေမှုကို ဘယ်သူကမှ မေးခွန်းမထုတ်ကြတာကို ငါ အံ့သြမိတယ်။ သူတို့နှစ်ယောက်က နာမည်အရ,သာ ချစ်သူတွေဖြစ်​နေပုံ​​ပေါ်ပေမယ့် သူတို့နှစ်ယောက်ရဲ့ ဘဝကို​တော့ အေးအေးချမ်းချမ်းနဲ့ ဆက်လက်နေထိုင်နိုင်ခဲ့တယ်။

အိပ်ချိန်ရောက်တဲ့အခါ ​လောင်ယွီချန်က အိပ်ခန်းထဲက​နေ မကြာခဏ ခိုးထွက်တတ်တယ်။ အဲ့ဒီနောက် ဧည့်ခန်းထဲရှိ မှိန်ဖျော့ဖျော့မီးအိမ်ကို ဖွင့်ပြီး ဓာတ်ပုံရိုက်တယ်။ ပြီး​တော့ သူက အဲ့ဒါကို အချိန်အကြာကြီး ဘဝင်ကျစွာနဲ့ စိုက်ကြည့်နေမှာဖြစ်တယ်။

ငါ နားမလည်ဘူး။ ရှမင်ရှုက အခန်းထဲရောက်နေပေမယ့် ​လောင်ယွီချန်က သူ့ကို မထိဘူး။ အဲ့အစား သူက ဒီမှာ ထိုင်ပြီး အတိတ်ကို ပြန်သတိရဖို့အတွက် ဓာတ်ပုံကို စိုက်ကြည့်နေတယ်။ သူ ဘာလို့ ဒီလိုလုပ်တာလဲ?

ငါ သူတို့နှစ်ယောက်ကို နားမလည်နိုင်တော့ဘူး။

တစ်လတာက မြန်မြန်ကုန်ဆုံးသွားတယ်။ အခုနှစ် ဆောင်းရာသီက အေးခဲနေပြီး အကြိမ်များစွာ နှင်းကျခဲ့တယ်။ ဖေဖော်ဝါရီလအစောပိုင်းက နွေဦးပွဲတော်နဲ့ ချစ်သူများနေ့ရဲ့အစဖြစ်တယ်။

ပွဲတော်​​တွေအားလုံးက တညီတညွတ်တည်း စည်ကားလျက်ရှိ​နေတယ်။

​​လောင်ယွီချန်ရဲ့အယ်လ်ဘမ်အသစ်က နောက်ဆုံးအဆင့် ထုတ်လုပ်မှု ပြီးဆုံးသွားခဲ့တယ်။

သူ့အသံသွင်းစတူဒီယိုထဲဝင်ခွင့်ရလို့ ကံကောင်းလိုက်တာ။

သူရဲ့ ပထမဆုံးထုတ်ဝေတဲ့သီချင်းကို နားထောင်ရတာ ငါ အရမ်းကျေနပ်မိတယ်။

သူ လေးလေးနက်နက် သီချင်းဆိုနေတဲ့အချိန်မှာ အရမ်းကြည့်​ကောင်းတယ်။ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှ ရှိမ​နေဘူးဆိုတာကို သိပြီး, နက်နဲတဲ့ပင်လယ်ကြီးနဲ့ ဆင်တူတဲ့ အထီးကျန်ဆန်တဲ့ခံစားချက်ကို ဖော်ထုတ်နိုင်မှသာ သူက ဂီတထဲမှာ နှစ်မြုပ်လို့ရတယ်။

အကြောင်းတစ်ခုခုကြောင့် မကြာသေးခင်က ငါ စိတ်ကူးယဉ်ဆန်တဲ့ခံစားမှုကို ခံစားခဲ့ရတယ်။ မျက်နှာပြင်ပေါ်က​နေ ပြုတ်ကျလာတဲ့ ဖုန်မှုန့်​တွေလိုမျိုး အခုချိန်မှာ ငါက ကိစ္စများစွာကြောင့် မငြိမ်မသက်ဖြစ်​နေရတယ်။

သိပ်မကြာခင်မှာ ငါ သူ့ကို ထားသွားရတော့မယ်ဆိုတဲ့ ကြိုတင်သတိပေးချက်တစ်ခုရှိ​နေတယ်။

ထုံးစံအတိုင်း ငါ မကျေမနပ်ဖြစ်မိတာပါပဲ။ ဒါ​ပေမယ့် ငါ့ရဲ့လက်ရှိစိတ်နေသဘောထားက လွန်ခဲ့သော နှစ်လက ငါ့ရဲ့စွဲလမ်းမှုနဲ့ အလွန်ကွာခြားသွားတယ်။ ဘုရားသခင်က ငါ့ကို ဟာသတစ်ခုအဖြစ် လုံလုံ​လောက်လောက် ​တွေ့မြင်ခဲ့ပြီးပြီဖြစ်မယ်။

ငါ သူ့ကို နောက်ဆုံးအကြိမ် ထိတွေ့ပြီး​တော့ ဒီပုံစံကို ပြန်ပြောင်းသွားပြီးကတည်းက ငါ့ရဲ့ စိတ်ဓာတ်က အရင်ကလို မသန်မာတော့ဘူး။

အရင်တုန်းက​တော့ စမ်းတဝါးဝါးနဲ့ မောပန်းနေတာမျိုးကို ငါ မခံစားရဘူး။ မကြာသေးခင်က ငါ့ရဲ့ခန္ဓာကိုယ်ဟာ အရင်ကထက် ပိုမိုလေးလံလာတယ်။

အဲဒီ့အချိန်တုန်းက သူ့ကို ထိ​တွေ့ဖို့ အခွင့်အရေးအတွက် ငါ့ရဲ့ ဝိညာဉ်က သူ့ကိုယ်သူ မထိန်းသိမ်းနိုင်တော့ဘူး။ မကြာခင် ပျောက်ကွယ်သွားတော့မယ်လို့ ငါ ယုံကြည်မိတယ်။

တကယ်တော့ ငါ မညည်းညူ​နေသင့်ဘူး။ ငါ သေဆုံးသွားပြီးနောက် သူ့​ဘေးမှာရှိ​နေခွင့်ရတဲ့, တိုတောင်းပေမယ့် မယုံနိုင်စရာကောင်းလောက်တဲ့အချိန်အတွက် ဘုရားသခင်ကို ကျေးဇူးတင်သင့်တယ်။

သူနဲ့အတူနေခဲ့ရတဲ့ အချိန်တွေက ခါးသီးပေမယ့် ချိုမြိန်လွန်းတယ်။ ငါ သတိရတမ်းတဖို့အတွက် အချိန်ကောင်းတစ်ခု​ ရှိသင့်တယ်​လေ။

......

​လောင်ယွီချန်က တစ်လလုံးလုံး သူ့ရဲ့အယ်လ်ဘမ်အသစ်ကို လူသိရှင်ကြားထုတ်​ဝေဖို့အတွက် အလုပ်များ​နေတယ်။ ရှမင်ရှုကတော့ သူ့မွေးရပ်မြေ B City မှာ ရှိုးအသစ်တစ်ခုရိုက်ကူးဖို့ ပြန်သွားခဲ့ရတယ်။ နွေဦးပွဲတော်အတွက် သူ့မိဘတွေနဲ့ အတူရှိနေဖို့ကိုလည်း သူ ဆုံးဖြတ်ခဲ့တယ်​လေ။ တစ်လလုံးလုံး သူတို့နှစ်ယောက်စလုံးက ကိုယ့်အစီအစဉ်နဲ့ကိုယ် အလုပ်ရှုပ်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် အတူတူရှိနေတာထက် ပိုဝေးကွာနေခဲ့ကြတယ်။

ဇန်နဝါရီလမှာ နှင်းသုံးကြိမ်ကျခဲ့တယ်။

ငါ လောင်ယွီချန်နဲ့အတူ လှပဖြူစင်တဲ့ ရှုခင်းတွေကို အကြိမ်ပေါင်းများစွာ သဘောကျခဲ့ဖူးပါတယ်။ ဆောင်းရာသီမှာ S City တွင် မကြာခဏ နှင်းကျတတ်တယ်။ ငါတို့ငယ်ငယ်တုန်းက မကြာခဏ နှင်းလူသားတွေ အတူတူပြုလုပ်ပြီး နှင်းဘောလုံး​တွေနဲ့ တိုက်ခိုက်ကြတယ်။ ကျောင်းအပြန်မှာ ရေစို​နေတဲ့အဝတ်အစားတွေနဲ့ အမြဲတမ်း အိမ်ပြန်ရ​ပေမယ့်လည်း ငါတို့ အရမ်းပျော်ခဲ့ကြတယ်။

​နောက်ပိုင်း, ငါတို့ အတူရှိတဲ့အချိန်မှာ ငါ သူ့ကို ဘယ်နှစ်ခါ​မေး​မေး, သူက ငါ့ကို အနှောက်အယှက်ပေးခိုင်းမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ငါက နှစ်စဉ်နှစ်တိုင်း ငါ့ရဲ့ခြံဝင်းထဲမှာ အကျည်းတန်ပြီး အထီးကျန်တဲ့ နှင်းလူသားကိုပဲ ပြုလုပ်နိူင်ခဲ့တယ်။

ဒါ​ပေမယ့် ​လောင်ယွီချန်က ဒီနှစ်မှာ​တော့ အားလပ်​နေပုံရတယ်။ တတိယအကြိမ် နှင်းကျလာတဲ့အခါ သူကအတန်ကြာအောင် အေးမြတဲ့လေနုအေးကို ခံစားဖို့အတွက် မြစ်ကမ်းနားကို ကားမောင်းသွားခဲ့တယ်။

ဒါက ငါ့အတွက် စိတ်ကူးယဉ်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးပါ။ ဘာပဲဖြစ်ဖြစ် ငါက သူ့အနားမှာ အမှန်တကယ်ရှိနေတယ်​လေ။ လှပတဲ့ နှင်းတွေထူထပ်​နေတဲ့ ရှုခင်းတွေကို အတူတူကြည့်​နေရင်း, ဒီအဖြူရောင်ကမ္ဘာကြီးကို နောက်ဆုံးအကြိမ် ကြည့်​နေရတာလို့ ငါ ကိုယ့်ကိုယ်ကို တွေးမိသွားတယ်။

နှစ်သစ်ကူးအကြိုနေ့က ငါတို့အတွက် အမြဲတမ်း ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခုဖြစ်တယ်။ ငါတို့​တွေ အမြဲတမ်း ပါတီပွဲတစ်ခုကို ကျင်းပကြပြီး အရက်မသောက်ဘဲ အိမ်မပြန်ကြဘူး။

ဒီနှစ်မှာ ငါက ဦးဆောင်ဖို့ ရှိမ​နေတော့တဲ့အတွက် အားလုံးက တိတ်တိတ်နေဖို့ တိတ်တဆိတ် နားလည်မှုရှိထားကြပုံရတယ်။

ရှမင်ရှုဟာ B City မှာ ဝေးကွာနေပေမယ့်လည်း သူက ​လောင်ယွီချန်ကို ဖုန်း​ခေါ်ပြီး​တော့ မိသားစုနဲ့အတူ ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့တယ်။

နှစ်သစ်ကူးနေ့မှာ သူ့ဘာသာ ပြန်လာမယ်လို့ ပြောတယ်။ မျှော်လင့်ထားတဲ့အတိုင်း သူက ​လောင်ယွီချန်ကို အမြဲတွေး​တယ်။

​လောင်ယွီချန်နဲ့ သူ့ရဲ့ဆက်ဆံရေးအကြောင်းကို ရှမင်ရှုက သူ့မိသားစုကို ဝန်ခံခဲ့သလားတော့ ငါ မသိဘူး။ ဖြစ်နိူင်တာက​တော့ သူ ဝန်ခံမှာ မဟုတ်ဘူး။

ရှမိသားစုက ငါနဲ့ ​လောင်ယွီချန်ကို နှင်းတွေကျ​နေတဲ့နေ့မှာ သူတို့ကို မီးသွေးပို့ပေးတဲ့ မြင့်မြတ်သူတွေလိုမျိုး ဆက်ဆံကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ငါတို့ကို နွေးထွေးစွာ ဆက်ဆံ​ပေးတယ်။

သူတို့က ရိုးသားတဲ့ မိသားစုတစ်စုပါပဲ။

ရှမင်ရှုက ပုံမှန်ငွေကြေးနောက်ခံရှိတဲ့ မိသားစုက ဆင်းသက်လာပြီး တစ်ဦးတည်းသောသားဖြစ်တယ်။ သူ့ရောဂါကို ကုသပေးဖို့အတွက် အဲ့ဒီနှစ်မှာ မိသားစုက ဒေဝါလီခံခဲ့ရတယ်။ ​ဒါက ရှမင်ရှုကို ​မြေ​တောင်​မြှောက်​ပေးဖို့အတွက် ​လောင်ယွီချန် ငါ့ကို တောင်းပန်ရတဲ့ အကြောင်းရင်းပါပဲ။ ရှမင်ရှုက ပိုက်ဆံလိုတယ်ဆိုတာကို သူ သိတယ်​လေ။

သူ ငါ့အနားမှာ ​နေခဲ့ရတဲ့ ဆယ်​နှစ်​တာက ရှမင်ရှုအတွက်​ပဲ ။

ငါ ဒါကို သတိရမိတိုင်း မနာလိုဖြစ်မိတယ်။

​လောင်ယွီချန်က ရှမင်ရှုကိုကူညီဖို့အတွက် ဒီလိုမျိုး စွန့်လွှတ်အနစ်နာခံမှုကို ပြုလုပ်လို​ပေမယ့် ငါ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ သူ့အတွက် ပံ့ပိုးကူညီမှု​တွေအားလုံးက သူ့ကို လှုပ်ရှား​လာအောင် မစွမ်း​ဆောင်နိုင်ဘူး။

ဒါပေမယ့် ဒုတိယအကြိမ်​ တွေးကြည့်တော့ ငါ ဒီဟာကို အသုံးချခဲ့တာ အရမ်း စက်ဆုပ်ရွံရှာစရာ ကောင်းခဲ့တယ်။

ရုတ်​တရက်​ ငါ့ရဲ့ခေါင်းထဲမှာ နောက်​ထပ်​စိတ်​ညစ်​စရာ​တွေ ​ပေါ်လာတယ်​။ ရှမိသားစုမှာ သားတစ်ယောက်သာရှိတယ်။ သူတို့က သူ့ကို ယောက်ျားတစ်ယောက်နဲ့ အတူနေခွင့်ပေးပြီး သားစဉ်မြေးဆက်ရနိုင်တဲ့ အခွင့်အရေးတွေကို ဖျက်ဆီးပစ်မှာလား?

ရှမင်ရှုနဲ့ ​လောင်ယွီချန်တို့ရဲ့ ဖုန်း​ပြောဆိုမှုက ည ၉ နာရီဝန်းကျင်မှာ ပြီးဆုံးခဲ့တယ်။ အဲ့နောက်မှာ ​လောင်ယွီချန်က အိပ်ငိုက်နေပုံရတယ်။

သူက များသောအားဖြင့် နေ့လည် ၂ နာရီမှ ၃ နာရီအထိ အိပ်ရာဝင်တယ်။ အံ့သြစရာကောင်းတာက ပွဲတော်ရက်တွေမှာ သူက ပုံမှန်နဲ့ မတူဘူး။

စောစောအိပ်ရင် စောစောနိုးလာလိမ့်မယ်​လေ။ မနက်ဖြန်မှာ မင်း မတွေ့တာ ကြာပြီဖြစ်တဲ့ ရှမင်ရှုနဲ့ တွေ့ဆုံနိုင်ဖို့အတွက် မင်းကိုယ်မင်း ပြင်ဆင်နေတာလား?

ဒါက ဖြစ်နိုင်ခြေရှိတဲ့ပုံပဲ။

သူ မအိပ်ခင်မှာ ဖုန်းကို ထုတ်လိုက်ပြန်တယ်။

ငါ တချက်ကြည့်လိုက်တယ်။ သူ ငါ့ကို ဖုန်းခေါ်ပေမယ့် မအောင်မြင်ဘူး။

ငါ ရယ်မိတယ်။ မင်း ငါ့ကို တကယ်​တွေးခဲ့တာပဲ။ ကျေးဇူးတင်ပါတယ်။

ဖုန်းမြည်လာကတည်းက ဘယ်သူမှ လာမကိုင်တော့ဘူး။ သူက သူ့စိတ်နှလုံးကို တင်းတင်းကြပ်ကြပ် ပြင်ဆင်ထားကာ ဖန်ရှဲ့ယီကို ဖုန်းခေါ်လိုက်တယ်။

ဖန်ရှဲ့ယီက သူ့ဖုန်းကို သုံးကြိမ်တိုင်တိုင် မကိုင်ဘူး။

​​နောက်ဆုံး​တော့ စတုတ္ထအကြိမ်​ ဖုန်းခေါ်ဆိုမှုမှာ သူ ပြန်လည်ဖြေကြားခဲ့တယ်။

ညသန်းခေါင်ယံမှာ လူတွေက လုပ်စရာတွေ ရှိနေသေးပေမယ့် လူတိုင်းက ပွဲတော်ရဲ့ အောင်ပွဲခံတဲ့ ခံစားချက်မှာ နှစ်မြှုပ်ထားကြတယ်။ အပြင်ဘက်မှာ မီးရှူးမီးပန်းပစ်သံတွေက တဟုန်ထိုး ကျယ်လောင်နေတော့ ငါ ဖန်ရှဲ့ယီပြောတာကို မကြားရဘူး။ ​လောင်ယွီချန်တောင် အော်​ပြောနေရတယ်။

သူက "ကျေးဇူးပြုပြီး​တော့ ရှောင်ဟန့်ကို ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါစေလို့ ကျွန်​တော် ဆု​တောင်း​​ပေးတယ်ဆိုတာကို ​ပြောပေးပါ, သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ကိုလည်း ပြောပေးပါ​နော်, ကျေးဇူးပြုပြီး​တော့ ကျွန်​တော်က ကျေးဇူးတင်တယ်ဆိုတဲ့အ​ကြောင်းကိုလည်း ​ပြော​ပေးပါ​ဦး!"

အဲဒီတုန်းက သူ့ကို ပြုစုပေးလို့ ငါ့ကို ကျေးဇူးတင်တာ ထင်ပါတယ်။

ဖန်ရှဲ့ယီက ဘာကိုမှ ရည်ရွယ်ချက်ရှိရှိ​ ပြောမှာမဟုတ်ဘူး။ ဒါက နှစ်သစ်ကူးအကြို​လေ။ ​လောင်ယွီချန်က ကျေနပ်စွာနဲ့ ဖုန်းကို ချလိုက်တယ်။ သူက ဝမ်းသာအားရပြုံးရင်း မျက်နှာက နီရဲသွားတယ်။

သူ ဘယ်လောက်တောင် ရှားရှားပါးပါးနဲ့ ချစ်ဖို့ကောင်း​နေလိုက်သလဲ?

ဒါဟာ ကောင်းမွန်တဲ့ အဆုံးသတ်တစ်ခုလို့ ငါ ခံစားမိတယ်။

ငါ တိတ်တိတ်လေး စောင့်နေခဲ့တယ်။ 12 နာရီကျော်သွားတော့ ငါ ဒီမှာရှိနေတုန်းပဲ။

ဒီဇင်ဘာ ၃၁ ရက်​နေ့, ည ၁၂ နာရီထိုးခါနီးမှာ ငါ နာရီကို စိုက်ကြည့်လိုက်ပေမယ့် ဒီမှာ ဆက်ရှိနေတုန်းပဲဆိုတာကို သိလိုက်ရတယ်။

နှစ်သစ်တိုင်းမှာ နှစ်သစ်ကို ကြိုဆိုဖို့အတွက် ပစ္စည်းဟောင်းတွေကို ရှင်းထုတ်ရတယ်။ ငါလည်း နှစ်သစ်မှာ ပျောက်ကွယ်ပြီး ရှင်းထုတ်ခံရလိမ့်မယ်လို့ ထင်ထားခဲ့တာ။

အထူးသဖြင့် ​​လောင်ယွီချန်က "​ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါ​စေ" နဲ့ "ကျေးဇူးတင်ပါတယ်" လို့ပြောပြီးနောက် ကန့်လန့်ကာချချိန်ရောက်ပြီလို့ ငါ ထင်ခဲ့တယ်။

ငါ ကူကယ်ရာမဲ့စွာ ရယ်​မောလိုက်မိတယ်။ အဆုံးမှာတော့ ဒါဟာ ပုံမှန်နေ့သစ်တစ်ခုရဲ့ အစသာ ဖြစ်တယ်။



T/N - Hello, we're back><
အိုင်တို့လည်း အလုပ်​လေး ပတ်လည်ရှုပ်​​နေ​တာမို့ ​တော်​​တော်​လေး update နောက်ကျသွားတယ်ရယ်😅 အဲ့အတွက်လည်း တကယ်ကို sorry ပါ​နော်, But ခုကစပြီး​တော့ တစ်ပတ်တစ်ခါ​ ပုံမှန် update ​ပေးပါ့မယ်​ရှင့်, ​စိတ်ရှည်ရှည်နဲ့ စောင့်​နေ​​ပေးကြတဲ့အတွက်လည်း တကယ်ကို ​ကျေးဇူးပါလို့<3



Zawgyi

႐ွမင္႐ႈက ​ေ႐ွာင္လုကို အ​ေလွ်ာ့​ေပးလိုက္ၿပီလားလို႔ ငါ ေတြးေနမိတယ္။

႐ွမင္႐ႈက ​ေလွနံႏွစ္ဖက္နင္း​ေနလားဆိုတာကို မျငင္းခုံဘဲ​​ ေနရေအာင္။ သူတို႔ရဲ႕ ဆက္ဆံေရးမွာ အဆင္မေျပမႈကို ဘယ္သူကမွ ေမးခြန္းမထုတ္ၾကတာကို ငါ အံ့ၾသမိတယ္။ သူတို႔ႏွစ္ေယာက္က နာမည္အရ,သာ ခ်စ္သူေတြျဖစ္​ေနပုံ​​ေပၚေပမယ့္ သူတို႔ႏွစ္ေယာက္ရဲ႕ ဘဝကို​ေတာ့ ေအးေအးခ်မ္းခ်မ္းနဲ႔ ဆက္လက္ေနထိုင္ႏိုင္ခဲ့တယ္။

အိပ္ခ်ိန္ေရာက္တဲ့အခါ ​ေလာင္ယြီခ်န္က အိပ္ခန္းထဲက​ေန မၾကာခဏ ခိုးထြက္တတ္တယ္။ အဲ့ဒီေနာက္ ဧည့္ခန္းထဲ႐ွိ မွိန္ေဖ်ာ့ေဖ်ာ့မီးအိမ္ကို ဖြင့္ၿပီး ဓာတ္ပုံ႐ိုက္တယ္။ ၿပီး​ေတာ့ သူက အဲ့ဒါကို အခ်ိန္အၾကာႀကီး ဘဝင္က်စြာနဲ႔ စိုက္ၾကည့္ေနမွာျဖစ္တယ္။

ငါ နားမလည္ဘူး။ ႐ွမင္႐ႈက အခန္းထဲေရာက္ေနေပမယ့္ ​ေလာင္ယြီခ်န္က သူ႕ကို မထိဘူး။ အဲ့အစား သူက ဒီမွာ ထိုင္ၿပီး အတိတ္ကို ျပန္သတိရဖို႔အတြက္ ဓာတ္ပုံကို စိုက္ၾကည့္ေနတယ္။ သူ ဘာလို႔ ဒီလိုလုပ္တာလဲ?

ငါ သူတို႔ႏွစ္ေယာက္ကို နားမလည္ႏိုင္ေတာ့ဘူး။

တစ္လတာက ျမန္ျမန္ကုန္ဆုံးသြားတယ္။ အခုႏွစ္ ေဆာင္းရာသီက ေအးခဲေနၿပီး အႀကိမ္မ်ားစြာ ႏွင္းက်ခဲ့တယ္။ ေဖေဖာ္ဝါရီလအေစာပိုင္းက ေႏြဦးပြဲေတာ္နဲ႔ ခ်စ္သူမ်ားေန႔ရဲ႕အစျဖစ္တယ္။

ပြဲေတာ္​​ေတြအားလုံးက တညီတၫြတ္တည္း စည္ကားလ်က္႐ွိ​ေနတယ္။

​​ေလာင္ယြီခ်န္ရဲ႕အယ္လ္ဘမ္အသစ္က ေနာက္ဆုံးအဆင့္ ထုတ္လုပ္မႈ ၿပီးဆုံးသြားခဲ့တယ္။

သူ႕အသံသြင္းစတူဒီယိုထဲဝင္ခြင့္ရလို႔ ကံေကာင္းလိုက္တာ။

သူရဲ႕ ပထမဆုံးထုတ္ေဝတဲ့သီခ်င္းကို နားေထာင္ရတာ ငါ အရမ္းေက်နပ္မိတယ္။

သူ ေလးေလးနက္နက္ သီခ်င္းဆိုေနတဲ့အခ်ိန္မွာ အရမ္းၾကည့္​ေကာင္းတယ္။ သူ႕ပတ္ဝန္းက်င္မွာ ဘယ္သူမွ ႐ွိမ​ေနဘူးဆိုတာကို သိၿပီး, နက္နဲတဲ့ပင္လယ္ႀကီးနဲ႔ ဆင္တူတဲ့ အထီးက်န္ဆန္တဲ့ခံစားခ်က္ကို ေဖာ္ထုတ္ႏိုင္မွသာ သူက ဂီတထဲမွာ ႏွစ္ျမဳပ္လို႔ရတယ္။

အေၾကာင္းတစ္ခုခုေၾကာင့္ မၾကာေသးခင္က ငါ စိတ္ကူးယဥ္ဆန္တဲ့ခံစားမႈကို ခံစားခဲ့ရတယ္။ မ်က္ႏွာျပင္ေပၚက​ေန ျပဳတ္က်လာတဲ့ ဖုန္မႈန္႔​ေတြလိုမ်ိဳး အခုခ်ိန္မွာ ငါက ကိစၥမ်ားစြာေၾကာင့္ မၿငိမ္မသက္ျဖစ္​ေနရတယ္။

သိပ္မၾကာခင္မွာ ငါ သူ႕ကို ထားသြားရေတာ့မယ္ဆိုတဲ့ ႀကိဳတင္သတိေပးခ်က္တစ္ခု႐ွိ​ေနတယ္။

ထုံးစံအတိုင္း ငါ မေက်မနပ္ျဖစ္မိတာပါပဲ။ ဒါ​ေပမယ့္ ငါ့ရဲ႕လက္႐ွိစိတ္ေနသေဘာထားက လြန္ခဲ့ေသာ ႏွစ္လက ငါ့ရဲ႕စြဲလမ္းမႈနဲ႔ အလြန္ကြာျခားသြားတယ္။ ဘုရားသခင္က ငါ့ကို ဟာသတစ္ခုအျဖစ္ လုံလုံ​ေလာက္ေလာက္ ​ေတြ႕ျမင္ခဲ့ၿပီးၿပီျဖစ္မယ္။

ငါ သူ႕ကို ေနာက္ဆုံးအႀကိမ္ ထိေတြ႕ၿပီး​ေတာ့ ဒီပုံစံကို ျပန္ေျပာင္းသြားၿပီးကတည္းက ငါ့ရဲ႕ စိတ္ဓာတ္က အရင္ကလို မသန္မာေတာ့ဘူး။

အရင္တုန္းက​ေတာ့ စမ္းတဝါးဝါးနဲ႔ ေမာပန္းေနတာမ်ိဳးကို ငါ မခံစားရဘူး။ မၾကာေသးခင္က ငါ့ရဲ႕ခႏၶာကိုယ္ဟာ အရင္ကထက္ ပိုမိုေလးလံလာတယ္။

အဲဒီ့အခ်ိန္တုန္းက သူ႕ကို ထိ​ေတြ႕ဖို႔ အခြင့္အေရးအတြက္ ငါ့ရဲ႕ ဝိညာဥ္က သူ႕ကိုယ္သူ မထိန္းသိမ္းႏိုင္ေတာ့ဘူး။ မၾကာခင္ ေပ်ာက္ကြယ္သြားေတာ့မယ္လို႔ ငါ ယုံၾကည္မိတယ္။

တကယ္ေတာ့ ငါ မညည္းညဴ​ေနသင့္ဘူး။ ငါ ေသဆုံးသြားၿပီးေနာက္ သူ႕​ေဘးမွာ႐ွိ​ေနခြင့္ရတဲ့, တိုေတာင္းေပမယ့္ မယုံႏိုင္စရာေကာင္းေလာက္တဲ့အခ်ိန္အတြက္ ဘုရားသခင္ကို ေက်းဇူးတင္သင့္တယ္။

သူနဲ႔အတူေနခဲ့ရတဲ့ အခ်ိန္ေတြက ခါးသီးေပမယ့္ ခ်ိဳၿမိန္လြန္းတယ္။ ငါ သတိရတမ္းတဖို႔အတြက္ အခ်ိန္ေကာင္းတစ္ခု​ ႐ွိသင့္တယ္​ေလ။

......

​ေလာင္ယြီခ်န္က တစ္လလုံးလုံး သူ႕ရဲ႕အယ္လ္ဘမ္အသစ္ကို လူသိ႐ွင္ၾကားထုတ္​ေဝဖို႔အတြက္ အလုပ္မ်ား​ေနတယ္။ ႐ွမင္႐ႈကေတာ့ သူ႕ေမြးရပ္ေျမ B City မွာ ႐ိႈးအသစ္တစ္ခု႐ိုက္ကူးဖို႔ ျပန္သြားခဲ့ရတယ္။ ေႏြဦးပြဲေတာ္အတြက္ သူ႕မိဘေတြနဲ႔ အတူ႐ွိေနဖို႔ကိုလည္း သူ ဆုံးျဖတ္ခဲ့တယ္​ေလ။ တစ္လလုံးလုံး သူတို႔ႏွစ္ေယာက္စလုံးက ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အလုပ္႐ႈပ္ေနၾကၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အတူတူ႐ွိေနတာထက္ ပိုေဝးကြာေနခဲ့ၾကတယ္။

ဇန္နဝါရီလမွာ ႏွင္းသုံးႀကိမ္က်ခဲ့တယ္။

ငါ ေလာင္ယြီခ်န္နဲ႔အတူ လွပျဖဴစင္တဲ့ ႐ႈခင္းေတြကို အႀကိမ္ေပါင္းမ်ားစြာ သေဘာက်ခဲ့ဖူးပါတယ္။ ေဆာင္းရာသီမွာ S City တြင္ မၾကာခဏ ႏွင္းက်တတ္တယ္။ ငါတို႔ငယ္ငယ္တုန္းက မၾကာခဏ ႏွင္းလူသားေတြ အတူတူျပဳလုပ္ၿပီး ႏွင္းေဘာလုံး​ေတြနဲ႔ တိုက္ခိုက္ၾကတယ္။ ေက်ာင္းအျပန္မွာ ေရစို​ေနတဲ့အဝတ္အစားေတြနဲ႔ အၿမဲတမ္း အိမ္ျပန္ရ​ေပမယ့္လည္း ငါတို႔ အရမ္းေပ်ာ္ခဲ့ၾကတယ္။

​ေနာက္ပိုင္း, ငါတို႔ အတူ႐ွိတဲ့အခ်ိန္မွာ ငါ သူ႕ကို ဘယ္ႏွစ္ခါ​ေမး​ေမး, သူက ငါ့ကို အေႏွာက္အယွက္ေပးခိုင္းမွာမဟုတ္ဘူး။ အဲ့ဒါေၾကာင့္ ငါက ႏွစ္စဥ္ႏွစ္တိုင္း ငါ့ရဲ႕ျခံဝင္းထဲမွာ အက်ည္းတန္ၿပီး အထီးက်န္တဲ့ ႏွင္းလူသားကိုပဲ ျပဳလုပ္ႏိူင္ခဲ့တယ္။

ဒါ​ေပမယ့္ ​ေလာင္ယြီခ်န္က ဒီႏွစ္မွာ​ေတာ့ အားလပ္​ေနပုံရတယ္။ တတိယအႀကိမ္ ႏွင္းက်လာတဲ့အခါ သူကအတန္ၾကာေအာင္ ေအးျမတဲ့ေလႏုေအးကို ခံစားဖို႔အတြက္ ျမစ္ကမ္းနားကို ကားေမာင္းသြားခဲ့တယ္။

ဒါက ငါ့အတြက္ စိတ္ကူးယဥ္ဖို႔ ၿပီးျပည့္စုံတဲ့ အခြင့္အေရးပါ။ ဘာပဲျဖစ္ျဖစ္ ငါက သူ႕အနားမွာ အမွန္တကယ္႐ွိေနတယ္​ေလ။ လွပတဲ့ ႏွင္းေတြထူထပ္​ေနတဲ့ ႐ႈခင္းေတြကို အတူတူၾကည့္​ေနရင္း, ဒီအျဖဴေရာင္ကမ႓ာႀကီးကို ေနာက္ဆုံးအႀကိမ္ ၾကည့္​ေနရတာလို႔ ငါ ကိုယ့္ကိုယ္ကို ေတြးမိသြားတယ္။

ႏွစ္သစ္ကူးအႀကိဳေန႔က ငါတို႔အတြက္ အၿမဲတမ္း ႀကီးက်ယ္ခမ္းနားတဲ့ အခမ္းအနားတစ္ခုျဖစ္တယ္။ ငါတို႔​ေတြ အၿမဲတမ္း ပါတီပြဲတစ္ခုကို က်င္းပၾကၿပီး အရက္မေသာက္ဘဲ အိမ္မျပန္ၾကဘူး။

ဒီႏွစ္မွာ ငါက ဦးေဆာင္ဖို႔ ႐ွိမ​ေနေတာ့တဲ့အတြက္ အားလုံးက တိတ္တိတ္ေနဖို႔ တိတ္တဆိတ္ နားလည္မႈ႐ွိထားၾကပုံရတယ္။

႐ွမင္႐ႈဟာ B City မွာ ေဝးကြာေနေပမယ့္လည္း သူက ​ေလာင္ယြီခ်န္ကို ဖုန္း​ေခၚၿပီး​ေတာ့ မိသားစုနဲ႔အတူ ေပ်ာ္႐ႊင္ဖြယ္ တ႐ုတ္ႏွစ္သစ္ကူးျဖစ္ပါေစလို႔ ဆုေတာင္းေပးခဲ့တယ္။

ႏွစ္သစ္ကူးေန႔မွာ သူ႕ဘာသာ ျပန္လာမယ္လို႔ ေျပာတယ္။ ေမွ်ာ္လင့္ထားတဲ့အတိုင္း သူက ​ေလာင္ယြီခ်န္ကို အၿမဲေတြး​တယ္။

​ေလာင္ယြီခ်န္နဲ႔ သူ႕ရဲ႕ဆက္ဆံေရးအေၾကာင္းကို ႐ွမင္႐ႈက သူ႕မိသားစုကို ဝန္ခံခဲ့သလားေတာ့ ငါ မသိဘူး။ ျဖစ္ႏိူင္တာက​ေတာ့ သူ ဝန္ခံမွာ မဟုတ္ဘူး။

႐ွမိသားစုက ငါနဲ႔ ​ေလာင္ယြီခ်န္ကို ႏွင္းေတြက်​ေနတဲ့ေန႔မွာ သူတို႔ကို မီးေသြးပို႔ေပးတဲ့ ျမင့္ျမတ္သူေတြလိုမ်ိဳး ဆက္ဆံၾကတယ္။ ဘာပဲျဖစ္ျဖစ္ သူတို႔က ငါတို႔ကို ေႏြးေထြးစြာ ဆက္ဆံ​ေပးတယ္။

သူတို႔က ႐ိုးသားတဲ့ မိသားစုတစ္စုပါပဲ။

႐ွမင္႐ႈက ပုံမွန္ေငြေၾကးေနာက္ခံ႐ွိတဲ့ မိသားစုက ဆင္းသက္လာၿပီး တစ္ဦးတည္းေသာသားျဖစ္တယ္။ သူ႕ေရာဂါကို ကုသေပးဖို႔အတြက္ အဲ့ဒီႏွစ္မွာ မိသားစုက ေဒဝါလီခံခဲ့ရတယ္။ ​ဒါက ႐ွမင္႐ႈကို ​ေျမ​ေတာင္​ေျမႇာက္​ေပးဖို႔အတြက္ ​ေလာင္ယြီခ်န္ ငါ့ကို ေတာင္းပန္ရတဲ့ အေၾကာင္းရင္းပါပဲ။ ႐ွမင္႐ႈက ပိုက္ဆံလိုတယ္ဆိုတာကို သူ သိတယ္​ေလ။

သူ ငါ့အနားမွာ ​ေနခဲ့ရတဲ့ ဆယ္​ႏွစ္​တာက ႐ွမင္႐ႈအတြက္​ပဲ ။

ငါ ဒါကို သတိရမိတိုင္း မနာလိုျဖစ္မိတယ္။

​ေလာင္ယြီခ်န္က ႐ွမင္႐ႈကိုကူညီဖို႔အတြက္ ဒီလိုမ်ိဳး စြန္႔လႊတ္အနစ္နာခံမႈကို ျပဳလုပ္လို​ေပမယ့္ ငါ့ရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ သူ႕အတြက္ ပံ့ပိုးကူညီမႈ​ေတြအားလုံးက သူ႕ကို လႈပ္႐ွား​လာေအာင္ မစြမ္း​ေဆာင္ႏိုင္ဘူး။

ဒါေပမယ့္ ဒုတိယအႀကိမ္​ ေတြးၾကည့္ေတာ့ ငါ ဒီဟာကို အသုံးခ်ခဲ့တာ အရမ္း စက္ဆုပ္႐ြံ႐ွာစရာ ေကာင္းခဲ့တယ္။

႐ုတ္​တရက္​ ငါ့ရဲ႕ေခါင္းထဲမွာ ေနာက္​ထပ္​စိတ္​ညစ္​စရာ​ေတြ ​ေပၚလာတယ္​။ ႐ွမိသားစုမွာ သားတစ္ေယာက္သာ႐ွိတယ္။ သူတို႔က သူ႕ကို ေယာက်္ားတစ္ေယာက္နဲ႔ အတူေနခြင့္ေပးၿပီး သားစဥ္ေျမးဆက္ရႏိုင္တဲ့ အခြင့္အေရးေတြကို ဖ်က္ဆီးပစ္မွာလား?

႐ွမင္႐ႈနဲ႔ ​ေလာင္ယြီခ်န္တို႔ရဲ႕ ဖုန္း​ေျပာဆိုမႈက ည ၉ နာရီဝန္းက်င္မွာ ၿပီးဆုံးခဲ့တယ္။ အဲ့ေနာက္မွာ ​ေလာင္ယြီခ်န္က အိပ္ငိုက္ေနပုံရတယ္။

သူက မ်ားေသာအားျဖင့္ ေန႔လည္ ၂ နာရီမွ ၃ နာရီအထိ အိပ္ရာဝင္တယ္။ အံ့ၾသစရာေကာင္းတာက ပြဲေတာ္ရက္ေတြမွာ သူက ပုံမွန္နဲ႔ မတူဘူး။

ေစာေစာအိပ္ရင္ ေစာေစာႏိုးလာလိမ့္မယ္​ေလ။ မနက္ျဖန္မွာ မင္း မေတြ႕တာ ၾကာၿပီျဖစ္တဲ့ ႐ွမင္႐ႈနဲ႔ ေတြ႕ဆုံႏိုင္ဖို႔အတြက္ မင္းကိုယ္မင္း ျပင္ဆင္ေနတာလား?

ဒါက ျဖစ္ႏိုင္ေျခ႐ွိတဲ့ပုံပဲ။

သူ မအိပ္ခင္မွာ ဖုန္းကို ထုတ္လိုက္ျပန္တယ္။

ငါ တခ်က္ၾကည့္လိုက္တယ္။ သူ ငါ့ကို ဖုန္းေခၚေပမယ့္ မေအာင္ျမင္ဘူး။

ငါ ရယ္မိတယ္။ မင္း ငါ့ကို တကယ္​ေတြးခဲ့တာပဲ။ ေက်းဇူးတင္ပါတယ္။

ဖုန္းျမည္လာကတည္းက ဘယ္သူမွ လာမကိုင္ေတာ့ဘူး။ သူက သူ႕စိတ္ႏွလုံးကို တင္းတင္းၾကပ္ၾကပ္ ျပင္ဆင္ထားကာ ဖန္႐ွဲ႕ယီကို ဖုန္းေခၚလိုက္တယ္။

ဖန္႐ွဲ႕ယီက သူ႕ဖုန္းကို သုံးႀကိမ္တိုင္တိုင္ မကိုင္ဘူး။

​​ေနာက္ဆုံး​ေတာ့ စတုတၳအႀကိမ္​ ဖုန္းေခၚဆိုမႈမွာ သူ ျပန္လည္ေျဖၾကားခဲ့တယ္။

ညသန္းေခါင္ယံမွာ လူေတြက လုပ္စရာေတြ ႐ွိေနေသးေပမယ့္ လူတိုင္းက ပြဲေတာ္ရဲ႕ ေအာင္ပြဲခံတဲ့ ခံစားခ်က္မွာ ႏွစ္ျမႇဳပ္ထားၾကတယ္။ အျပင္ဘက္မွာ မီး႐ွဴးမီးပန္းပစ္သံေတြက တဟုန္ထိုး က်ယ္ေလာင္ေနေတာ့ ငါ ဖန္႐ွဲ႕ယီေျပာတာကို မၾကားရဘူး။ ​ေလာင္ယြီခ်န္ေတာင္ ေအာ္​ေျပာေနရတယ္။

သူက "ေက်းဇူးျပဳၿပီး​ေတာ့ ေ႐ွာင္ဟန္႔ကို ေပ်ာ္႐ႊင္စရာ တ႐ုတ္ႏွစ္သစ္ကူးျဖစ္ပါေစလို႔ ကြၽန္​ေတာ္ ဆု​ေတာင္း​​ေပးတယ္ဆိုတာကို ​ေျပာေပးပါ, သူ႕ခႏၶာကိုယ္ကို ဂ႐ုစိုက္ဖို႔ကိုလည္း ေျပာေပးပါ​ေနာ္, ေက်းဇူးျပဳၿပီး​ေတာ့ ကြၽန္​ေတာ္က ေက်းဇူးတင္တယ္ဆိုတဲ့အ​ေၾကာင္းကိုလည္း ​ေျပာ​ေပးပါ​ဦး!"

အဲဒီတုန္းက သူ႕ကို ျပဳစုေပးလို႔ ငါ့ကို ေက်းဇူးတင္တာ ထင္ပါတယ္။

ဖန္႐ွဲ႕ယီက ဘာကိုမွ ရည္႐ြယ္ခ်က္႐ွိ႐ွိ​ ေျပာမွာမဟုတ္ဘူး။ ဒါက ႏွစ္သစ္ကူးအႀကိဳ​ေလ။ ​ေလာင္ယြီခ်န္က ေက်နပ္စြာနဲ႔ ဖုန္းကို ခ်လိုက္တယ္။ သူက ဝမ္းသာအားရျပဳံးရင္း မ်က္ႏွာက နီရဲသြားတယ္။

သူ ဘယ္ေလာက္ေတာင္ ႐ွား႐ွားပါးပါးနဲ႔ ခ်စ္ဖို႔ေကာင္း​ေနလိုက္သလဲ?

ဒါဟာ ေကာင္းမြန္တဲ့ အဆုံးသတ္တစ္ခုလို႔ ငါ ခံစားမိတယ္။

ငါ တိတ္တိတ္ေလး ေစာင့္ေနခဲ့တယ္။ 12 နာရီေက်ာ္သြားေတာ့ ငါ ဒီမွာ႐ွိေနတုန္းပဲ။

ဒီဇင္ဘာ ၃၁ ရက္​ေန႔, ည ၁၂ နာရီထိုးခါနီးမွာ ငါ နာရီကို စိုက္ၾကည့္လိုက္ေပမယ့္ ဒီမွာ ဆက္႐ွိေနတုန္းပဲဆိုတာကို သိလိုက္ရတယ္။

ႏွစ္သစ္တိုင္းမွာ ႏွစ္သစ္ကို ႀကိဳဆိုဖို႔အတြက္ ပစၥည္းေဟာင္းေတြကို ႐ွင္းထုတ္ရတယ္။ ငါလည္း ႏွစ္သစ္မွာ ေပ်ာက္ကြယ္ၿပီး ႐ွင္းထုတ္ခံရလိမ့္မယ္လို႔ ထင္ထားခဲ့တာ။

အထူးသျဖင့္ ​​ေလာင္ယြီခ်န္က "​ေပ်ာ္႐ႊင္စရာ တ႐ုတ္ႏွစ္သစ္ကူးျဖစ္ပါ​ေစ" နဲ႔ "ေက်းဇူးတင္ပါတယ္" လို႔ေျပာၿပီးေနာက္ ကန္႔လန္႔ကာခ်ခ်ိန္ေရာက္ၿပီလို႔ ငါ ထင္ခဲ့တယ္။

ငါ ကူကယ္ရာမဲ့စြာ ရယ္​ေမာလိုက္မိတယ္။ အဆုံးမွာေတာ့ ဒါဟာ ပုံမွန္ေန႔သစ္တစ္ခုရဲ႕ အစသာ ျဖစ္တယ္။



T/N - Hello, we're back><
အိုင္တို႔လည္း အလုပ္​ေလး ပတ္လည္႐ႈပ္​​ေန​တာမို႔ ​ေတာ္​​ေတာ္​ေလး update ေနာက္က်သြားတယ္ရယ္😅 အဲ့အတြက္လည္း တကယ္ကို sorry ပါ​ေနာ္, But ခုကစၿပီး​ေတာ့ တစ္ပတ္တစ္ခါ​ ပုံမွန္ update ​ေပးပါ့မယ္​႐ွင့္, ​စိတ္႐ွည္႐ွည္နဲ႔ ေစာင့္​ေန​​ေပးၾကတဲ့အတြက္လည္း တကယ္ကို ​ေက်းဇူးပါလို႔<3



Continue Reading

You'll Also Like

613K 40.5K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
1.8M 303K 160
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...
1.6M 65.9K 77
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
269K 6.5K 74
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်