ကြူး(KYUU)

Por Han_Me7012

198K 18.3K 2.8K

အိပ်မရတဲ့ ရက်များစွာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ​ဖြစ်ကြောင်း... အိပ္မရတဲ့ ရက္မ်ား... Más

About Story
Part 1(Unicode)
Part 1(Zawgyi)
Part 2(Unicode)
Part 2(Zawgyi)
Part 3(Unicode)
Part 3(Zawgyi)
Part 4(Unicode)
Part 4(Zawgyi)
Part 5(Unicode)
Part 5(Zawgyi)
Part 6(Unicode)
Part 6(Zawgyi)
Part 7(Unicode)
Part 7(Zawgyi)
Part 8(Unicode)
Part 8(Zawgyi)
Part 9(Unicode)
Part 9(Zawgyi)
Part 10(Unicode)
Part 10(Zawgyi)
Part 11(Unicode)
Part 11(Zawgyi)
Part 12(Unicode)
Part 12(Zawgyi)
Part 13(Unicode)
Part 13(Zawgyi)
Part 14(Unicode)
Part 14(Zawgyi)
Part 15(Unicode)
Part 15(Zawgyi)
Part 16(Unicode)
Part 16(Zawgyi)
Part 17(Unicode)
Part 17(Zawgyi)
Part 18(Unicode)
Part 18(Zawgyi)
Part 19(Unicode)
Part 19(Zawgyi)
Part 20(Unicode)
Part 20(Zawgyi)
Part 21(Unicode)
Part 21(Zawgyi)
Part 22(Unicode)
Part 22(Zawgyi)
Part 23(Unicode)
Part 23(Zawgyi)
Part 24(Unicode)
Part 24(Zawgyi)
Part 25(Unicode)
Part 25(Zawgyi)
Part 26(Unicode)
Part 26(Zawgyi)
Part 27(Unicode)
Part 27(Zawgyi)
Part 28(Unicode)
Part 28(Zawgyi)
Part 29(Unicode)
Part 29(Zawgyi)
Part 30(Unicode)
Part 30(Zawgyi)
Part 31(Unicode)
Part 31(Zawgyi)
Part 32(Unicode)
Part 32(Zawgyi)
Part 33(Unicode)
Part 33(Zawgyi)
Part 34(Unicode)
Part 34(Zawgyi)
Part 35(Unicode)
Part 35(Zawgyi)
Part 36(Unicode)
Part 36(Zawgyi)
Part 37(Unicode)
Part 38(Unicode)
Part 38(Zawgyi)
Part 39(Unicode)
Part 39(Zawgyi)
Part 40(Unicode)
Part 40(Zawgyi)
Part 41(Unicode)
Part 41(Zawgyi)
Part 42(Unicode)
Part 42(Zawgyi)
Part 43(Unicode)
Part 43(Zawgyi)
Part 44(Unicode)
Part 44(Zawgyi)
Part 45(Unicode)
Part 45(Zawgyi)
Part 46(Unicode)
Part 46(Zawgyi)
Part 47(Unicode)
Part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Part 49(Unicode)
Part 49(Zawgyi)
Part 50(Unicode)
Part 50(Zawgyi)
Part 51(Unicode)
Part 51(Zawgyi)
Part 52(Unicode)
Part 52(Zawgyi)
Part 53(Unicode)
Part 53(Zawgyi)
Part 54(Unicode)
Part 54(Zawgyi)
Part 55(Unicode)
Part 55(Zawgyi)
Final(Unicode)
Final(Zawgyi)
Han_Me' Letter
"အချစ်နှင်းမှုန်ရီ"
"အချစ်နှင်းမှုန်ရီ"
Feelings About KYUU
KYUU (1) Unicode
KYUU (1) Zawgyi
KYUU (2) Unicode
KYUU (2) Zawgyi
KYUU (3) Unicode
KYUU (3) Zawgyi
KYUU (4) Unicode
KYUU (4) Zawgyi
KYUU (5) Unicode
KYUU (5) Zawgyi
KYUU (6) Unicode
KYUU (6) Zawgyi
KYUU (7) Unicode
KYUU (7) Zawgyi
Choco Wine (Unicode)
Choco Wine (Zawgyi)
KYUU (8) Unicode
KYUU (8) Zawgyi
"နူးညံ့စွာသက်ဝင်"
"နူးညံ့စွာသက်ဝင်"
Thingyan Extra(U/Z)
Adorable Artwork by JH's ArtDiary

Part 37(Zawgyi)

479 19 0
Por Han_Me7012

ကြူးက သူဘာလုပ်လိုက်လဲ သူ့ကိုယ်သူ
သိရောသိရဲ့လား...။

ကျွန်တော် သူ့ကို တွန်းထုတ်ပစ်တာရော၊ သူ့ရှေ့မှာ
ငိုချလိုက်တာရော ဘာတစ်ခုမှ မလုပ်ရသေးခင် စကားတစ်ခွန်းကို ပြောချင်သလိုပြောပြီး အရင်ထွက်သွားခဲ့တာ...။ တကယ်ဆိုရင် သူ ကျွန်တော့်ဆီက အဖြေတစ်ခုခုကိုလည်း နားထောင်သွားခဲ့ရမှာ....။

အခုတော့ ဘာလဲ။
သူပြောသလိုဆိုရင် ဒီအနမ်းကို ရှိခဲ့တယ်လို့လည်း
ယူဆနိုင်ပြီး၊ လက်မခံချင်ရင်တော့ အိပ်မက်တစ်ခုအဖြစ် သတ်မှတ်နိုင်တယ်ပေါ့။

အဲ့လောက်တောင် လွယ်သလား ကြူးရယ်လို့
ကျွန်တော့်အိပ်မက်ထဲမှာ မြင်ရတဲ့ ပုံရိပ်လေးကို ထပ်ခါထပ်ခါ မေးနေမိပေမယ့် ပုံရိပ်ယောင်ထဲကလူကတော့ ဘယ်ဖြေနိုင်ပါ့မလဲ။ အဲ့ဒီအစား နောက်တစ်နေ့မနက်မှာ ကျွန်တော်ထပ်တွေ့ရတဲ့ တက်သစ်ကြူးကတော့ ကျွန်တော့်အပေါ်မှာ ဘာမှမပြုမူခဲ့သလို ပြောဆိုဆက်ဆံနေခဲ့တာ...သူပေးခဲ့တဲ့အနမ်းက တကယ်ကို အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သလိုမျိုး...။

"တစ်နေ... လဘ္ဘက်ရည်ဆိုင် ထိုင်ဦးမှာလား။"

"မထိုင်ဘူး"

"မင်း ဗိုက်မဆာဘူးလား။ ဘာလဲ အိမ်ကနေ တစ်ခုခုစားလာလို့လား။"

"မဆာဘူး။ စားလည်း မစားလာဘူး။"

"ငါကတော့ ဆာတယ်။ မင်း ဘာမှမစားချင်ရင်တောင် ငါ့ကိုအဖော်လုပ်ပေးပါလား။"

"တစ်ယောက်တည်း ထိုင်စားလေ။ မင်းက တစ်ယောက်တည်းဆိုလည်း အဆင်ပြေတဲ့သူပဲ။"

ရယ်နေတယ် ဟုတ်လား...။ ကြူးကတော့
ကျွန်တော့်ကို ပိုဒေါသထွက်အောင် လုပ်နေပြီ။ "ဘာလို့
ရယ်နေတာလဲ မင်းက အရူးလား"ဆိုပြီး ထပ်မေးလိုက်တော့ ဘာမှမပြောဘဲ ခေါင်းခါပြနေတာ မျက်နှာပိုးလည်း
မသေသေးဘူး။ ကျွန်တော်လည်း စိတ်တိုတိုနဲ့
လဘ္ဘက်ရည်ဆိုင်ထဲ သူ့ထက်အရင်ဦးအောင်ဝင်ပြီး
ကိုယ့်စိတ်ကြိုက် နေရာတစ်ခု ရွေးထိုင်တော့ ကြူးကလည်း ကျွန်တော့်ရှေ့ကခုံမှာ တန်းတန်းမတ်မတ် ဝင်ထိုင်လာသည်။

အဲ့ဒီခုံက လမ်းမနဲ့နီးလို့ သူ မထိုင်ချင်တဲ့ခုံ...။
ဖုန်တွေ၊သဲတွေက အစားအသောက်ထဲ ဝင်လာတတ်လို့
ခါတိုင်းဆို ဆိုင်အတွင်းပိုင်းက နေရာကို သူ့ကိုယ်တိုင် ရွေးချယ်ပြီး ကျွန်တော်ကတော့ တက်သစ်ကြူးရဲ့ နောက်လိုက်ကလေးပေါ့။

အခုလို အဆင်မပြေတဲ့နေရာကြီးကို ရွေးထိုင်လိုက်ရင် ကြူးတစ်ယောက် စိတ်တိုပြီး ကျွန်တော်ကြားချင်နေတဲ့ စကားတစ်ခုခု ပြောလာမလားအထင်နဲ့ လုပ်ချင်တာလုပ်ခဲ့ပြီးမှ ကြူးကလည်း ဘာမှပြောမလာတဲ့အပြင် အရှိန်နဲ့မောင်းလာတဲ့ ကားတစ်စီးနောက်က ဖုန်လုံးတွေကိုမြင်ပြီး ကျွန်တော်တို့ နှစ်ယောက်စလုံး ထပြေးရသည်သာ အဖက်တင်၏။
နောက်ဆုံး​ကျတော့ နေရာမှန်ကိုပဲ ပြန်ရောက်သွားခဲ့တယ် ဆိုပါတော့...။

"လုပ်ချင်တာလုပ်ရတော့ ပျော်လား။"

"ပျော်ချင်လို့ လုပ်နေတာ မဟုတ်ဘူး။"

လဘ္ဘက်ရည်ခွက်ဆီ ခပ်ပြုံးပြုံး စိုက်ငေးနေတဲ့
ကြူးရဲ့မျက်နှာကို ကျွန်တော် မလွတ်တမ်း ကြည့်နေမိရင်း နောက်ဆက်တွဲ စကားများကို ပြောသင့်၊မပြောသင့် ချင့်ချိန်နေမိသည်။ ပြောသင့်၊မပြောသင့်ဆိုတာထက် မေးသင့်၊မမေးသင့်ပေါ့။

မင်းလည်း ငါ့လိုခံစားချက်ဖြစ်နေတာကြာပြီလား။

မနေ့ညကအနမ်းက ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို သေချာမတွေးဘဲ ပေးခဲ့တဲ့အနမ်းလား။

တကယ်လို့...ငါသာ မင်း ထင်နေသလိုမျိုး
မဟုတ်ခဲ့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။

ငါတို့တွေ သူငယ်ချင်းဆက်မလုပ်တော့ရုံပေါ့လို့တွေးပြီး အဲ့ဒီအတွေးကို ခပ်လွယ်လွယ်ပဲ လက်ခံနိုင်တာလား။

ဒီအနမ်းက ငါတို့အတူဖြတ်သန်းခဲ့တဲ့အချိန်တွေကို
တစ်ခဏလေးမှာပဲ ပျက်စီးသွားစေနိုင်တယ်လို့ မတွေးခဲ့ဘူးလား။

"တစ်နေ...အများကြီးမတွေးပါနဲ့။"

အကြာကြီး ငြိမ်နေပြီးတော့မှ ကျွန်တော်သွားချင်တဲ့ လမ်းကြောင်းပေါ်သို့ ကြူးရောက်လာသည်။ ကျွန်တော် အတွေးများနေတာကို သူသိသားပဲ။ သေချာတာပေါ့
ဥာဏ်ကောင်းတဲ့ တက်သစ်ကြူးက တောင်းတနေ
တွေးနေသမျှကို လွယ်လွယ်ကူကူသိနိုင်ပြီး အဲ့ဒီလို သိနေခဲ့တာကိုလည်း သူမသိပါဘူးလို့ ဟန်ဆောင်နေခဲ့တာ ဘယ်တုန်းကတည်းကများလဲ....။

"မင်းဆိုရင်ရော မတွေးဘဲနေနိုင်မလား။"

"မင်းထက် ပိုဆိုးခဲ့တာပေါ့။ မှားသွားမှာကိုလည်း
ကြောက်ရသေးတယ်။ အခုက ငါမမှားဘူးမလား။"

"စဉ်းစားကြည့်လေ"

ထပ်ရယ်ပြန်ပြီ။ သူကတော့ ခဏခဏ
ရယ်နေနိုင်ပေမယ့် ကျွန်တော့်မှာ မရယ်နိုင်ဘူး။ ခပ်တည်တည်နဲ့ စိုက်ကြည့်နေလိုက်တော့ မထင်မှတ်ထားတဲ့ အပြုအမူတစ်ခုကို ထပ်လုပ်လာပြန်၏။ ကြူးက ခုံပေါ်တင်ထားတဲ့ ကျွန်တော့် လက်ချောင်းတွေကို သူ့လက်ချောင်းလေးတွေနဲ့ တတို့တို့ လာထိနေခြင်းဖြစ်သည်။ သူထိလိုက်တဲ့ လှုပ်ရှားမှုအတိုင်း နှလုံးသားမှာပါ ယားယံလာတော့ ကျွန်တော် ခပ်ကြာကြာ
ငြိမ်မခံနိုင်။ လက်ချောင်းတွေကို ခုံအောက်မှာ ပြန်ဖွက်ထားမိရင်း သူ့ကို စဉ်းစားခိုင်းတဲ့အဖြေကို ကျွန်တော့်ဘာသာပဲ ထုတ်ပြောလိုက်ရ၏။

"မင်း နိုင်ပါတယ် ဟုတ်ပြီလား။ ဒါပေမယ့်
ငါသိချင်တာက မင်းယူဆချက် ဘယ်လောက်ရာခိုင်နှုန်းအထိ
မှန်မယ်ထင်ပြီး ငါ့ကိုနမ်းခဲ့တာလဲ..."

"ရာခိုင်နှုန်းရယ်လို့ တွက်ချက်မထားဘူး။ ကို​ထူးကို အချစ်အကြောင်းမေးနေတဲ့ မင်းပုံစံကိုမြင်ပြီး ငါတွေးခဲ့တာ နှစ်ခုပဲရှိတယ်။ ငါ့ယူဆချက် မှန်ဖို့နဲ့ မမှန်ဖို့။ အဲ့ဒါကြောင့် ငါ မင်းကိုပြောခဲ့တာပေါ့။ ငါ့ယူဆချက်က မှားတယ်ဆိုလည်း အိပ်မက်တစ်ခုလို့ပဲ သဘောထားလိုက်ဖို့...။ မှန်ခဲ့တယ်ဆိုရင်
မင်း ဝေခွဲရခက်နေတာတွေကို ဖြေရှင်းပြီးသားဖြစ်မယ်။
ငါ အရဲစွန့်ခဲ့တာ တစ်နေ...။ ငါ မင်းကိုယုံကြည်ပြီးတော့...။"

ကြူးက လူလည်လေးတစ်ယောက်ပဲ။ သူ့ရဲ့
အကြောင်းပြချက်က ရိုးရှင်းပေမယ့် တစ်ချက်မှားသွားရင် အရာအားလုံး ပျက်စီးသွားမှာဖြစ်ပြီး အခုချိန်မှာ ကျွန်တော်တို့ နှစ်ယောက်စလုံးက ငယ်လွန်းသေးတဲ့အပြင် ယောက်ျားလေး နှစ်ယောက်ရဲ့ သာမန်ထက်ပိုတဲ့ ခံစားချက်တွေဆိုတာက ရေရှည်အထိ သယ်ဆောင်သွားလို့ရော ရနိုင်ပါ့မလား။

"ငါကတော့ အခုထိလည်း မသေချာသေးဘူး ကြူး...။ မင်းနဲ့ပတ်သက်ပြီးခံစားရတဲ့ ကြိုးထုံးကြီးက ပြေသွားပေမယ့် နောက်တစ်ခု လာထုံးနေသလိုပဲ။"

"ငါပြောပြီးသားပဲ အများကြီးမတွေးပါနဲ့လို့။ ငါကလည်း... ဒီလိုခံစားနေရတာက မင်းတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိစေချင်ရုံလေးပါ။ ကျန်တာတွေကတော့ ဖြည်းဖြည်းချင်းပါပဲ။ ငါတို့အတူတူ ဖြည်းဖြည်းချင်း စဉ်းစားသွားလို့ရတယ်လေ တစ်နေရဲ့..."

"အဲ့ဒါဆို အခု မင်းနဲ့ငါက ဘာလဲ"

"ခေါင်းစဉ်တစ်ခုတည်းအောက်မှာ ရှိမနေတော့တဲ့ သူငယ်ချင်းတွေ...။ အဲ့ဒါကြောင့် အမျိုးမျိုးဖြစ်နိုင်တယ်။ တစ်ခါတလေကျ သူငယ်ချင်းလို၊ တစ်ခါတလေကျတော့လည်း ချစ်..."

"တော်ပြီ ပါးစပ်ပိတ်ထားလိုက်တော့"

"ငါပြောလို့ မပြီးသေးဘူးလေ"

"ရပြီလို့... ငါသဘောပေါက်တယ်"

"ဟုတ်လား...အဲ့ဒါဆိုရင် ကျောင်းချိန်နီးပြီမို့
သွားကြရအောင် အချစ်ကလေး"

"ဘာကြီး မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာ"

"အချစ်ကလေးလေ"

"ဖွီးးးးးး တော်စမ်း...အရင်အတိုင်းပဲ ဆက်ဆံ။
အခုကတော့ သူငယ်ချင်းပဲ"

ဒီတစ်ခါတော့ ရယ်တာက ကြူးတစ်ယောက်တည်း
မဟုတ်တော့ဘူး။ ပြီးတော့ ကိုကြီးဇင်ထူးပြောတာ မှန်တယ်။ ခံစားချက်ကတော့ ဘယ်လိုမှ မညာနိုင်ဘဲ တစ်ယောက်ယောက်ကို ချစ်မိရင် မျက်လုံးတွေမှာကို ပေါ်လွင်နေမယ်ဆိုတဲ့စကားက ကြူးရဲ့မျက်လုံးတွေမှာ ရှိနေတဲ့ ကျွန်တော့်အရိပ်ကို မြင်လိုက်ရရုံနဲ့ သံသယကင်းကင်း ယုံကြည်​သွားစေပြီး ကြူးသာ သတ္တိမရှိခဲ့ရင် အဲ့ဒီပုံရိပ်ကို ကျွန်တော် ဘယ်အချိန်ကျမှ မြင်နိုင်မလဲ။
ထွက်ပြေးနိုင်သလောက် ထွက်ပြေးပြီး ကိုယ့်ကိုယ်ကိုယ် ညာနိုင်သလောက် ညာပြီးတဲ့ ခြေကုန်လက်ပမ်းကျမှု အဆုံးမှာမှ ရှေ့တိုးချင်တိုးမိမှာ...။

သေချာတာကတော့ ဒါဟာ အိပ်မက်တစ်ခုမဟုတ်ဘူး။
ကျွန်တော့်အနေနဲ့လည်း...ပုဏ္ဍရိက်ပန်းရုံအနားက ကြူးရဲ့အနမ်းကို အိပ်မက်တစ်ခုအဖြစ် မသတ်မှတ်လိုက်နိုင်ဘူး။

ဒါဟာ ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ ကျွန်တော်တို့နှစ်ယောက်အတွက် ရူးမိုက်မှုတစ်ခု ဖြစ်ချင်ဖြစ်လိမ့်မယ်။ သို့ပေမယ့် ဒီရူးမိုက်မှုက
ကြူးရဲ့ အဖြူရောင်ပြက္ခဒိန်စာအုပ်အဖုံးလိုမျိုး ဖြူစင်ရှင်းသန့်လွန်းတဲ့ ဆယ်ကျော်သက်အရွယ်ရဲ့ ရင်ခုန်စရာ အချစ်စာမျက်နှာလေးတစ်ခုပါပဲ...။

>>>>>>>>>

"ခိုင်ခိုင်က နောက်လဆယ်ရက်နေ့ကျရင် ပြန်လာမယ်တဲ့။ နေ့ခင်းတုန်းက ဖုန်းဆက်တယ်။"

"ဟုတ်လား မေမေ။ ရေး....ပျော်စရာကြီးကွ။ မမခိုင်
အိမ်မှာမရှိတာ တော်တော်ပျင်းဖို့ကောင်းတယ်နော် မေမေ။ တစ်ခုခုလိုနေသလိုကြီး...."

"သူကပဲ ညည်းရတယ်ရှိသေး...။ အိမ်မှာ တစ်နေကုန်နေနေရတဲ့ ကျွန်မ ညည်းဖို့လည်း ထားပါဦး အစ်ကိုလေးရဲ့။"

မေမေက ရယ်သံနှော၍ ပြောခဲ့ခြင်းဖြစ်သော်လည်း
ထိုရယ်သံတွေမှာ အသက်ကင်းမဲ့နေတဲ့ ဟန်ပန်ကတော့ မဖုံးဖိနိုင်အောင် ပေါ်လွင်နေခဲ့သည်။ သေချာသတိထားကြည့်တော့မှ ဒီရက်ပိုင်းအတွင်းမှာတင် မေမေ့ကိုယ်လုံးလေးက သေးသထက် ပိုသေးသွားကာ အရယ်အပြုံးဆိုတာလည်း မရှိသလောက် ဖြစ်လာ၏။ ဖေဖေကတော့...ပြဿနာစဖြစ်တဲ့နေ့ကတည်းက အိမ်မှာ ပြန်မအိပ်တော့တာကြာပြီ။ ဒါမှမဟုတ် ကျွန်တော် မရှိတဲ့ အချိန်တွေမှာမှ ဖေဖေ အိမ်ကိုရောက်လာသလား...။ ဖေဖေ့အကြောင်း  မေးသင့်၊မမေးသင့် အကြာကြီး စဉ်းစားပြီးနောက်မှာတော့ ကျွန်တော် မေမေ့ကို မေးလိုက်မိသည်။ ကျွန်တော်လည်း ဖေဖေ့သားပဲမို့ ဖေဖေနှင့် ပတ်သက်သမျှ အကြောင်းအရာတွေကို သိချင်သေးသည်။

"ဖေဖေ အိမ်ကိုလာသေးလား မေမေ။"

"စာကျက်စရာမရှိဘူးလား"

"မေမေ​ပြောတာနားထောင်ပြီးမှ ကျက်မယ်"

"မေမေ မပြောချင်ဘူး တတရယ်"

"သားမှာ သိခွင့်မရှိဘူးလား မေမေ။ သားက သူစိမ်းတစ်ယောက်လား။"

"တတ စိတ်ညစ်မှာစိုးလို့ပါ။"

မေမေက ဒီစကားတစ်ခွန်းတည်းကိုပဲ သုံးလေးကြိမ်မက
ပြောခဲ့သည်။ ကျွန်တော့်ကို အော်ထုတ်ပစ်၍ရသော်လည်း
ကျွန်​​တော် ဒီအသက်အရွယ်အထိ အသံမာမာနှင့် တစ်ခါမှ မဆူမငေါက်ဖူးသော မေမေ့အတွက် ထိုကဲ့သို့ ပြုမူဆက်ဆံပစ်ရန် ခက်ခဲနေပုံရ၏။ တစ်ခုခုကို စဉ်းစားနေသလိုနှင့် တစ်နေရာတည်းကိုသာ ခပ်တွေတွေ စိုက်ကြည့်ရင်း သက်ပြင်းတချချဖြစ်နေသော မေမေ့ကို မြင်ရသည်ကလည်း ဝဋ်ကြွေးတစ်ခုကဲ့သို့ပင်။ မေမေ ကျွန်တော့်ကို ပြန်ငေးကြည့်ပြီး ကျွန်တော့်ဆံပင်တွေကို သပ်ပေးလိုက်သည့်အချိန်မှာတော့ မေမေ မျက်ရည်ဝဲနေသလိုမျိုး ကျွန်တော်ပါ မျက်ရည်ဝဲချင်လာသည်။

မေမေက ပြောသည်။

"သူက နောက်မိန်းမအတွက် စက်လှေပါ ထောင်ပေးထားတာ...။ မုန်တိုင်းဖြစ်တော့ သူတို့စက်လှေတွေ အပျက်အစီးဖြစ်ကုန်တယ်တဲ့။ အဲ့ဒါပိုက်ဆံလိုတယ်။ မေမေတို့အိမ်ကို ရောင်းပေးစေချင်တယ်။မေမေ့ကိုလည်း ကွာရှင်းချင်တယ်တဲ့။"

မေမေ ဘာကြောင့် ကျွန်တော် စိတ်ညစ်မှာစိုးနေလဲဆိုသည့် အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ငါခံနိုင်ရည်ရှိရမယ်ဆိုတဲ့ အတွေးက ထိုတဒင်္ဂအတွင်းမှာတင် ပြိုလဲသွားသည်။ အခုတော့ ဖေဖေက ကိုငယ်တို့အိမ်တင်မကတော့ဘဲ သူ့ပထမမိသားစုအိမ်ကိုပါ ရောင်းစေချင်နေပြီပေါ့။

"မေ...မေကြီးက ဘာပြောလဲ။"

"တတမေကြီးကတော့ စိတ်မာတယ် တတရဲ့။
မရောင်းပေးဘူး တစ်ခွန်းမပြောဘူး ရောင်းပေးမယ်တဲ့။ အိမ်ရောင်းပြီးလို့ ပစ္စည်းခွဲယူပြီးရင် တတအဖေကို မေမေတို့နဲ့ဘယ်တော့မှ လာမပတ်သက်ဖို့ ပြောလိုက်တယ်။ သူနဲ့လည်း လာမပတ်သက်ပါနဲ့တဲ့။ သူသေရင်တောင် လာစရာမလိုဘူးတဲ့။ ဒါပေမယ့် အိမ်ကိုတော့ တတ ဆယ်တန်းဖြေပြီးတော့မှ ရောင်းမှာပါ။ မေမေလည်း အဲ့ကျမှ သူ့ကို ကွာရှင်းမယ်။"

"ဒါဆိုရင် ဒီအိမ်ကို တကယ်ရောင်းမှာပေါ့။ ပြီးရင်
သားတို့က ဘယ်မှာသွားနေမှာလဲ။"

"မေမေလည်း မသိဘူး တတရယ်။ တတအဘွားပဲ စီစဉ်လိမ့်မယ်။ ယောက်ျားက မကောင်းပေမယ့် ယောက္ခမ,ကောင်းလို့ မေမေတို့ နေသာထိုင်သာရှိတာသားရဲ့။ တော်သေးတာပေါ့ အမေက သားဘက်ကမပါဘဲ ချွေးမဘက်ကပါလို့....။ ဒီကြားထဲတော့ ဘာမှ ထပ်ဖြစ်မှာ မဟုတ်တော့ဘူး။ တတကသာ စာကြိုးစားနော်။မေမေ့မှာ သားလေးပဲရှိတော့တာ...။"

မေမေ မျက်ရည်ကျလာသည်။ ကျွန်တော် မေမေ့ကို
ဖက်ထားရင်း "သားကို စိတ်မပူပါနဲ့"လို့ တတွတ်တွတ် ပြောနေမိသော်လည်း မျက်ရည်က မထိန်းနိုင်ခဲ့...။ အိမ်မှာ ဘာတွေပဲဖြစ်ဖြစ် ကျောင်းရောက်တဲ့အခါ ကျွန်တော့်ပုံစံက ပျော်ရွှင်ပြီး လူရှေ့သူရှေ့ ဘယ်လောက်ပဲ စိတ်တင်းထားနိုင်တယ်ဆိုဆို နေ့စံညခံပုံစံမျိုးဖြင့် ရှင်သန်နေရသော ဆယ်ကျော်သက် တစ်ယောက်အတွက်တော့ သာမန်ကြုံတွေ့နေကျ အဆင်မပြေမှု သေးသေးလေးကပင် ဒေါသထွက်စရာဖြစ်လာပြီး သည်းခံလိုစိတ်လည်း နည်းပါးလာသည်။ လမ်းမှာ ခဲလုံးလေးနဲ့ ခလုတ်တိုက်မိတာကအစ ဆရာမ စာရှင်းပြတာကို နားမလည်သည့်အဆုံး ကျွန်တော်ဟာ ခပ်လွယ်လွယ်နဲ့ ဒေါသထွက်တတ်လာပြီး ထိုကဲ့သို့ ပြောင်းလဲသွားတာကို ကြူးကလည်း သိနေခဲ့၏။

"တစ်နေ...စက်ဘီးပတ်စီးချင်လား"

"မိုးချုပ်နေပြီလေ"

"ခဏပဲ...ခဏဆိုရပြီ။ မင်း ညဘက် စက်ဘီးလျှောက်မစီးဖူးဘူးမလား။ ငါ့စက်ဘီးနဲ့ပဲ အတူတူသွားမယ်လေ။ မင်းက ငါ့အနောက်မှာ ငြိမ်ငြိမ်လေးထိုင်နေရုံပဲ။"

ကြူးပုံစံက စိတ်အားထက်သန်နေတော့
ကျွန်တော်လည်း မငြင်းနိုင်တော့ဘူး။ ကိုကြီးဇင်ထူးတို့
အိမ်က ပြန်ထွက်လာတော့ပဲ အချိန်က ကိုးနာရီဖြစ်နေပြီ။ စက်ဘီးစီးဦးမယ်ဆိုရင် ဆယ်နာရီလောက် ဖြစ်သွားမှာ...။ နည်းနည်းလောက် နောက်ကျမယ်ဆိုရင်လည်း အဆင်ပြေမှာပါ။ မေမေတို့မေးရင် စာလုပ်စရာများတယ်လို့ ဖြေလိုက်မယ်။ အဲ့ဒါမှ ဆူချင်ရင်လည်း ဆူပေါ့ကွာ။ ငါလည်း တစ်ခါတလေ ကိုယ့်စိတ်ကိုယ် လွှတ်ပေးသင့်တယ်....ဆိုတဲ့ အတွေးတွေ တသီကြီး တွေးပြီးတော့မှ
ကြူးကို ခေါင်းညိတ်ပြလိုက်တော့ ကြူးက ကျွန်တော့်ကို ပုဏ္ဍရိက်ပန်းရုံနားမှာ အစောင့်ထားခဲ့သည်။ နှစ်ထပ်အိမ်ဆီ ဖြည်းဖြည်းချင်း ဦးတည်သွားတဲ့ ကြူးရဲ့ နောက်ကျောကို
ငေးနေရင်း ဝရန်တာမှာ ရပ်နေတတ်တဲ့ သူ့အဖေကို မြင်​ယောင်မိတော့ ကြောက်စိတ်နည်းနည်းဝင်လာ၏။

ကြူးတစ်ယောက် စက်ဘီးယူနေတာကို
သူ့အဖေသိရင် ကျွန်တော်တို့နှစ်ယောက်စလုံး
အဆူခံထိနေမလား၊ အန်တီကြူသိရင်ရော
အဆင်ပြေပါ့မလားဟု လျှောက်တွေးနေချိန်မှာပဲ သူ ကျွန်တော့်ဆီ ပြန်ရောက်လာသည်။ ကြူးက ကျွန်တော့်ရှေ့ရောက်ရောက်ချင်း သူ့စက်ဘီးနောက်ခုံပေါ်ကို လက်ပုတ်ပြသည်။ သူ့အိမ်ဘက် လက်ညှိုးထိုးပြပြီး အဆင်ပြေမပြေ လက်ဟန်ပြမေးခဲ့တဲ့ ကျွန်တော်နဲ့ အဆင်ပြေကြောင်း လက်မပြန်ထောင်ပြခဲ့တဲ့ ကြူး... မီးရောင်မှိန်မှိန်နဲ့ ပတ်ဝန်းကျင်ကြောင့် ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုက ခိုးကြောင်ခိုးဝှက် ဆန်နေခဲ့သော်လည်း ထိုအပြုအမူလေးတွေက ကျွန်တော့်ကို စိတ်ရွှင်လာစေ၏။

နောက်ဆုံးတော့ ကြူးရဲ့စက်ဘီးနောက်က
နေရာလေးက ကျွန်တော့်အတွက် ဖြစ်လာသည်။
တစ်ခါတလေ ဘေးချင်းယှဉ်လျက်၊ တစ်ခါတလေ ရှေ့ဆင့်နောက်ဆင့် ရှိခဲ့သော သွားလာမှုကနေ ကျွန်တော်တို့ အဆင့်တက်ခဲ့ကြပြီး နောက်တစ်နေ့မနက်မှာ ပုံမှန်ပြန်ဖြစ်သွားရမှာ ဆိုပေမယ့် အခုချိန်မှာတော့ ကြူးရဲ့ကျောပြင်လေးဟာ ကျွန်တော့်ရဲ့ နားခိုရာ...၊ ဒီထက်ပိုပြီး တင်စားရမယ်ဆို ဒီကျောပြင်လေးဟာ ကျွန်တော့်ရဲ့ စိတ်အေးချမ်းရာပဲ ဖြစ်သည်။

"ကြူး..."

"အင်း"

"ကြူးရေ..."

"အင်း...."

"တက်သစ်ကြူးရေ...ငါခေါ်တိုင်း ထူးမနေနဲ့လေ"

"အရင်ကတော့ မထူးလို့ဆိုပြီး ပြဿနာရှာတာ ဘယ်သူလဲ။"

"ငါ မင်းကို ဖက်ထားချင်တယ်"

ကျွန်တော် သူ့အ​ဖြေကို မစောင့်ဘဲ စက်ဘီးထိုင်ခုံ
ကိုင်ထားတဲ့ လက်နှစ်ဖက်ကို သူ့ခါးပေါ် နေရာရွှေ့လိုက်သည်။ ကြူးက ပထမတော့ တွန့်သွားပေမယ့် သူ ဘာမှမပြောတာကို အခွင့်ကောင်းယူပြီး ကျွန်တော့်လက်တွေကို အချင်းချင်း ဆုပ်ကိုင်ထားနိုင်သည်အထိ ထပ်တိုးဝှေ့လိုက်တော့  ကျွန်တော့်မျက်နှာနဲ့ သူ့ကျောပြင်က တစ်သားတည်း ဖြစ်သွားကြတဲ့ ကပ်ခွာတွေလို....။

ဗိုက်သားချပ်ချပ်လေးရဲ့ နိမ့်ချည်မြင့်ချည်
လှုပ်ရှားမှုက နှစ်ယောက်စာ အားထည့်နင်းနေရလို့ မောပန်းခြင်းပေလား၊ သို့မဟုတ်၊ ကျွန်တော့်ထိတွေ့မှုကြောင့် အဆင်မပြေဖြစ်ရခြင်းပေလား...မရေမရာပေမယ့် တဒိတ်ဒိတ်ခုန်နေတဲ့ ကျွန်တော့်နှလုံးခုန်သံနဲ့ထပ်တူ အနိုင်မခံ အရှုံးမပေး စည်းချက်လိုက်နိုင်သည်ကတော့ တိုက်ဆိုင်မှု မဖြစ်နိုင်တာ သေချာသည်။

ကြယ်စုံညကောင်းကင်အောက် ငြိမ်ငြိမ်သက်သက်
အိပ်မောကျနေတဲ့ ပတ်ဝန်းကျင်ထဲက အရင်းနှီးဆုံး နေရာလေးတွေကို ဖြတ်ရချိန်ခဏတော့ ကြူးရဲ့
ကျောပြင်ကနေ ခွာပြီး ထိုနေရာတွေကို စေ့စေ့စပ်စပ် လိုက်ကြည့်မိသည်။ ကျွန်တော် ငှားနေကျ ကာတွန်းစာအုပ်ဆိုင်၊ ဘေးချင်းယှဉ်လျက် ရှိနေတဲ့ မုန့်တီဆိုင်နှစ်ဆိုင်၊ ခြောက်ခန်းတွဲတိုက်ခန်းရှေ့က ဂုန်နီအိတ်အခင်းပေါ် အိပ်မောကျနေတဲ့ အရူးတစ်ယောက်၊ ငယ်ဘဝအမှတ်တရတွေ ပြည့်​နှက်နေတဲ့ ကျောင်းကလေးနဲ့ နောက်ဖေးလမ်းကြားထဲက နှစ်ထပ်တိုက်အိမ်ကလေး...။

တစ်ခါတုန်းက ကြူးပြောခဲ့တဲ့...
"သက်မဲ့အရာလေးတစ်ခုအတွက်ကြောင့်လည်း
သေမလောက် ခံစားရတတ်တယ်" ဆိုတဲ့စကားကို
သတိရသွားတော့ စိတ်ရွှင်နေရင်းကြားမှ မျက်ရည်ကျချင်လာခဲ့၏။

ကျွန်တော့်အတွက်တော့ ဒီပတ်ဝန်းကျင်မှာ တန်ဖိုးထားရတဲ့ သက်မဲ့အရာတွေဆိုတာ တစ်ခုတည်းမှ မကခဲ့တာ....။

"နောက်နေ့ကျရင် မုန့်တီလာသောက်ရအောင် ကြူး...။
မင်း မုန့်တီမကြိုက်ဘူးဆိုကတည်းက ငါ ကိုငယ်နဲ့ပဲ လာသောက်ရတာ။ နောက်တစ်ခါကျ မင်းနဲ့အတူတူ သွားချင်တယ်။"

"ပြီးတော့ ငါတို့အရင်ကျောင်းကို သွားကြည့်မယ်။ လမ်းလျှောက်ပြီးတော့ သွားမှာနော်။ အရူးရှေ့ကနေ
ဖြတ်ရဲသေးလား သိချင်တယ်။"

"ငါ ဘောလုံးမကန်ရတာလည်း ကြာပြီ။
ခုနှစ်တန်းဆောင်ရှေ့က မြက်ခင်းပေါ်မှာ ဘောလုံးကန်ချင်တယ်။ ဒါပေမယ့် ကျောင်းစောင့်က ငါတို့ကို ခွင့်ပြုပါ့မလားနော်။ ရပါတယ်...ဒီတိုင်းလေး သွားကြည့်ရုံ​ကြည့်ပြီး အပြန်ကျရင် မင်းကြိုက်တဲ့ ကော်ဖီဘူးဝယ်စားမယ်။ မင်းလည်း မစားရတာ ကြာပြီမလား။ အာ...ဒါပေမယ့် ညနေဘက်ဆို မုန့်ဆိုင်က
ရှိတော့မှာ မဟုတ်ဘူး။"

"ပြီးတော့ မနှစ်သင်္ကြန်တုန်းကလည်း ငါ မင်းကို
ရေခဲရေနဲ့ မလောင်းလိုက်ရဘူးလေ။ အခုကျမှပဲ...
လောင်းချင်စိတ် ပေါ်လာတယ်။ သင်္ကြန်ကျဖို့ကလည်း
လိုသေးတယ်နော်။ သင်္ကြန်မြန်မြန်ရောက်ပါစေ
ဆုတောင်း...နိုးးးးး မဟုတ်သေးဘူး အဲ့ဒါဆိုရင် ဆယ်တန်းမြန်မြန်ပြီးပါစေ ဆုတောင်းသလို ဖြစ်သွားလိမ့်မယ်။"

"နောက်ပြီးတော့...."

နောက်ပြီးတော့.... ကျွန်တော်ဆက်မပြောနိုင်ဘဲ
ကြူးရဲ့ကျောပေါ်မှာ ငိုချလိုက်မိပြီ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

See You!!!

AN/

Ongoingလိုက်တဲ့ စာဖတ်သူတွေ
ပိုများလာလို့ ဟန်မီ ပျော်ရွှင်မိပါတယ်💗

Love you all❤
Han_Me
(24.7.2022)

Seguir leyendo

También te gustarán

394K 42.4K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
334K 32.5K 37
Zawgyi အချစ်ဆိုတာ လွယ်လွယ်ကူကူပေါက်ဖွားလာနိုင်တဲ့ အရာမဟုတ်ဖူး ကိုကို.....ဆုံစည်းမှု.. အရင်ဆုံး လူနှစ်ဦးရဲ့ ဆုံစည်းမှုကနေမှ အစပြုတယ် အဲဒီဆုံတွေ့ဖို့ဆ...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
12.1K 1.7K 17
"ခင်ဗျားကလေ ပြစ်မှုတစ်ခုကိုလွယ်လွယ်လေးကျူးလွန်နိုင်တာပဲ...ကျွန်တော့်နှလုံးသားကို လွယ်လွယ်လေးခိုးယူသွားပြီး အခုထိတာဝန်မယူဘူး မကောင်းတဲ့လူ" "မင်း ရူးနေ...