Part 9(Unicode)

2.4K 274 28
                                    

"ငါက အမှိုက်ပုံးလား"

အမှိုက်ပုံးလား....။ အမှိုက်ပုံးလား...။ အမှိုက်ပုံးလား...။

ကျစ်... ဘယ်သူက သူ့ကို အမှိုက်ပုံးလို့ သဘောထားနေလို့လဲ။

လက်တစ်ကမ်းအကွာတွင် ရှိနေသော အဖြူရောင်လွင့်လွင့် ကျောပြင်ကလေးကတော့ ငြိမ်ချက်သားကောင်းနေ​သည်။ ပြတင်းပေါက်မှတဆင့် တိုးဝင်နေသော လေနုအေးကို ညင်သာစွာခံယူလျက်  ကျောက်သင်ပုန်းပေါ် သို့ မော့ကြည့်လိုက်၊ စာကို ခေါင်းငုံ့ရေးနေလိုက်ဖြင့် အေးချမ်းလှပါဘိခြင်း။

ကျွန်တော်ကသာ သူပြောခဲ့သော စကားတစ်ခွန်းအတွက် အတွေးမျိုးစုံပွားရင်း မခံချိမခံသာ ဖြစ်နေရသည်မှာ ဆရာမ စာသင်နေသည်ကိုပင် စိတ်မဝင်စားနိုင်တော့သည်အထိ။

အင်း.....။ ကြူးကတော့ ပြောချင်ရာပြောပြီး သူ့အာရုံနှင့်သူ ရှေ့ဆက်နေသည်။ ကျွန်တော်ကတော့ဖြင့် ကြက်မောက်သီး လေးလုံးမှ အစပြုခဲ့သော စကားတစ်ခွန်းကြောင့် စိတ်အာရုံတွေ ထွေပြားနေရသည့် အဖြစ်ရယ်။

ငါ မှားများ မှားသွားပြီလား ဟူ၍ တစ်မျိုး။

ငါမမှားဘူး...။ သူကသာ ဆတ်ဆတ်ထိမခံနိုင် ဖြစ်နေတာ ဟူ၍ တစ်မျိုးဖြင့် တစ်ညနေသာ ကုန်သွားသော်လည်း ကြူးပြောခဲ့သည့် စကားအပေါ်တွင် ဖြစ်ပေါ်​နေသော ခံစားချက်များကိုတော့ သေချာသဲကွဲစွာ အဖြေမရှာနိုင်ခဲ့ပါပေ။

သည်ကြားထဲတွင် ကျောင်းနှစ်ရက်ပိတ်သွားပြန်သဖြင့် ကြူးနှင့် ပတ်သက်နေသော စိတ်ခံစားချက်တို့မှာ ကျွန်တော့်အား ထမင်းလုံးတစ္ဆေခြောက်နေသကဲ့သို့ ခြေဖဝါးတွင် ထမင်းလုံးကပ်မိသည့် တစ်ခါတရံတွင်မှ ကြောက်စရာ အိပ်မက်ဆိုးများအဖြစ် ပေါ်လာတတ်သော်လည်း ထိုပုံရိပ်များကတော့
ကျွန်​တော့်အတွေးထဲမှ ထွက်မသွားနိုင်တော့ချေ။

ဤသို့ဖြင့် ကျောင်းပြန်ဖွင့်သော တနင်္လာနေ့၌ ကျွန်တော့်ထမင်းချိုင့်ထဲတွင် ထမင်းဘူးနှင့် ရေဘူးတို့အပြင် ကြွပ်ကြွပ်အိတ်နှင့် လုံအောင်ထုတ်ထားသော ကြက်မောက်သီး ဆယ်လုံးပါ အပိုထပ်ဆောင်း ပါလာရတော့သည်။ မျက်စိလျင်သော ကိုငယ်က ခြင်းတောင်းထဲသို့ ကြည့်ပြီး ကြက်မောက်သီးထုပ်ကို မြင်ပြီးနောက်တွင် စပ်စုဖြစ်အောင် စပ်စုလာသည်။

ကြူး(KYUU)Wo Geschichten leben. Entdecke jetzt