Part 55(Unicode)

2.2K 247 49
                                    

"ငါက ဒီထက်ပိုဆိုးလိမ့်မယ် ထင်ထားတာ"

"ဆိုးတော့မလို့ဘဲလေ"

"အစကတည်းက မင်းကိုပဲ
ပြောခိုင်းလိုက်ရင်ကောင်းသား..."

"ဖွားဖွားက ငါ့ကိုပိုချစ်တယ်ဆိုတာ သိပြီမလား"

"ငါ့မေကြီးက အချိန်ယူပြီး စဥ်းစားဦးမယ်
ပြောထားတာနော်။ အမြင်ကတ်ကတ်နဲ့ မကောင်းကြောင်းတွေချည်း သွားချွန်ပေးလိုက်ဦးမယ်"

"မကောင်းကြောင်းက ဘာလဲ။ သူ့မြေးလေးကို
ခဏခဏနမ်းဖို့ ကြံစည်နေတယ်ဆိုတဲ့ အကြောင်းလား"

"အဲ့အကြောင်းသာ သွားပြောကြည့်
ငါတို့နှစ်ယောက်စလုံး မာလကီးယားသွားလိမ့်မယ်"

ကျွန်တော့်အပြောမှာ အားပါးတရ ရယ်မောနေတဲ့ ကြူး...။ ရယ်သံတွေရဲ့ လှုပ်ရှားမှုအတိုင်း ရွေ့လျားသွားတဲ့ အမြတ်နိုးရဆုံး နှုတ်ခမ်းလွှာတွေကို ငေးမောရင်း ကျွန်တော်လည်း ရယ်သံတစ်ချက်နဲ့ သက်ပြင်းဖွဖွရှိုက်မိခဲ့ချိန် မလွတ်လပ်တဲ့ ပတ်ဝန်းကျင်မှာ အလိုက်ကမ်းဆိုးမသိ ရုန်းထွက်လာခဲ့တာက ပန်းနုရောင် ခံစားချက်တွေ...။ ကျွန်တော့်အိမ်ကနေ တက္ကစီဂိတ်ဆီသွားတဲ့ လမ်းကလေးက ကမ္ဘာပေါ်မှာ အရှည်လျားဆုံး လမ်းတစ်လမ်း မဟုတ်ခဲ့သည့်တိုင် ခပ်နှေးနှေး ရွေ့နေတဲ့ ထပ်တူခြေလှမ်းတွေကြောင့်ပဲ ပုံမှန်ကြာချိန်ထက် သုံးလေးဆမက နှေးဖင့်ကြန့်ကြာနေခဲ့ရသည်။ 

"နောက်အပတ်ကျရင်ရော အဆင်ပြေပါ့မလား"

"ပြေမှာပါ။ ဖွားဖွားက ငါ့အမေတို့နဲ့ စကားပြောကြည့်ချင်သေးတာကလည်း သဘာဝကျပါတယ်။ အမေတို့ဘက်ကပါ လက်ခံတယ်လို့ သိလိုက်ရရင် အားလုံး အိုခေသွားမှာ...။ အဲ့တော့ နောက်ပိုင်းကျရင် ဟန်းနီးမွန်းထွက်ဖို့ပဲ ရှိတော့တယ်နော်"

နားရွက်ဖျားတွေ ပူထူသွားရတဲ့အခိုက်အတန့်...။ ​
ကျွန်တော့်ဘက် လှည့်ငေးနေတဲ့ သူ့မျက်နှာကို ရှူတည်တည်စိုက်ကြည့်မိရုံမှလွဲ...စကားမဆိုဖြစ်တော့
ကြူးက အသံထွက်ရယ်မောရင်း ကျွန်တော့်ပခုံးကို တွန်းတိုက်လာခဲ့တာ...။

"စကားနဲ့ပြောရုံလေးတောင် ရှက်နေပြီလား"

"မရှက်ပါဘူး...ဟန်းနီးမွန်းအကြောင်း ရုတ်တရက်ပါလာတော့ ကြောင်သွားတာ"

ကြူး(KYUU)Where stories live. Discover now