Part 28(Unicode)

1.8K 230 52
                                    

၂၀၀၇ခုနှစ်၊ ဇွန်လ တစ်ရက်၊ သောကြာနေ့။
စာသင်နှစ်အစ၏ ပထမဆုံးကျောင်းဖွင့်ရက်၊ သို့မဟုတ် ဇွန်လပထမအပတ်၏ နောက်ဆုံးကျောင်းတက်ရက်။

"တစ်တန်းထပ်တိုးပြီဆိုတော့ ရော့...မုန့်ဖိုးတစ်ထောင်။ မတည့်တာတွေ ဝယ်မစားရဘူးနော် တတ။"

မေကြီးလက်ထဲက တစ်ထောင်တန်ကို ဝမ်းသာအားရ
ဆွဲယူလိုက်သည်။ "ဟုတ်ကဲ့ပါ"ဆိုသော စကားကတော့ ကျွန်တော့်လက်ထဲ မုန့်ဖိုးရောက်သွားတော့မှ ပျော်ရွှင်စွာ ထုတ်ပြောမိခြင်းဖြစ်သည်။ တစ်ထောင်တန်လေးကို ဖင်တစ်ပြန်၊ခေါင်းတစ်ပြန် သေချာကြည့်ပြီး ကျွန်တော့်ပိုင် ပိုက်ဆံဆိုတာ သေချာသွားတော့မှ စိတ်ထဲမှာ ကျေကျေနပ်နပ် တွေးရသေး၏။

အတန်းတစ်တန်းကြီးလာရတာက ဒီလိုကျတော့လည်း ပျော်စရာကောင်းသားပဲလို့...။

မုန့်ဖိုးပိုရပြီး နေ့တစ်ဝက်ကျောင်းကို
ပြောင်းရတာဖြစ်တော့ ထမင်းချိုင့်ယူစရာမလိုတဲ့အပြင် ကျေနပ်စရာအကောင်းဆုံး မဟာကိစ္စထူးကြီးက ကျောင်းအသစ်ကို စက်ဘီးအသစ်လေးနဲ့ သွားခွင့်ရခဲ့တာ...။

အဲ့လို စက်ဘီးနဲ့သွားခွင့်မရခင်မှာ တောင်းတနေတို့ ဘယ်လောက်တောင် ပူဆာခဲ့ရသလဲဆိုရင် ပြန်တွေးလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် သနားမိတဲ့အထိပဲ။ ငိုချင်ယောင်ဆောင်ရတာက တစ်မျိုး၊ အစာအငတ်ခံမယ်လို့ ဆန္ဒပြရတာကတစ်မျိုးနှင့် နောက်ဆုံးမှာ ကျောင်းမတက်တော့ဘူးလို့ ခြိမ်းခြောက်လိုက်မှ မေကြီးက စက်ဘီးအဟောင်းလေးကို အသစ်နှင့် ပြန်လဲပေးတော့သည်။

ထိုကဲ့သို့ ပြန်လဲပေးသည်ဆိုသော်လည်း ကြည်ကြည်သာသာ
ဖြစ်ခဲ့ခြင်းမျိုးတော့မဟုတ်။ "တတနော် ဒီတစ်ခါရှိစေတော့။ နောက်ဒီလိုခြိမ်းခြောက်ရဲခြိမ်းခြောက်ကြည့် မေကြီးက တစ်ခါတည်း ကျောင်းထုတ်ပစ်မှာ။"ဆိုသည့် သတိပေးချက်ကိုပါ တစ်ပါတည်း ရရှိခဲ့ခြင်းဖြစ်သည်။ ထိုစကားကြားကြားချင်းတုန်းက မှီခိုသူဗီဇအရ အနည်းငယ်ထိတ်လန့်သွားမိသော်လည်း မေမေက နောက်မှ မေကြီးနောက်ကွယ်မှာ ကျွန်တော့်ကို တိုးတိုးတိတ်တိတ် လာပြောခဲ့သည်။

ကြူး(KYUU)Where stories live. Discover now