Part 2(Unicode)

4.4K 400 48
                                    

ညီအစ်ကိုသုံးယောက်သား ပူးကပ်လျှက်ပင် နောက်ဖေးလမ်းကြားဆီမှ လွတ်မြောက်လာရသည်။
အိမ်ရှေ့လည်း ရောက်ရော တိုင်ကီများ၏ အနောက်ဘက်တွင်ရှိနေသည့် သစ်သားခုံတန်း​ပေါ်တွင် ထိုင်လိုက်ကြသည်မှာ ခြေပစ်လက်ပစ်။

ကျွန်တော်ကတော့ အပြန်တွင်
သိပ်မခံလိုက်ရသော်လည်း ကျွန်တော့်ကို
ကာပေးထားကြ​သော ကိုထွန်းနှင့် ကိုငယ်တို့ကတော့ ကျောများ အီစိမ့်နေကြပုံပင်။

"အခုထိတောင် စပ်ဖျင်းဖျင်းဖြစ်နေသေးတယ်ကွာ။ ဒီကောင်တွေ ဘာအငြိုးနဲ့များ ဒီလောက်ထိ
လုပ်လဲမသိဘူး။ "

ကိုငယ့်ရဲ့စကားကို ကိုထွန်း ပြန်ပြောတာက...

"ဘာအငြိုးနဲ့ ဖြစ်ရမလဲ ကိုငယ်ရ။ မနှစ်က သင်္ကြန်တုန်းကလေ သူတို့ ငါတို့ဘက်လာတော့ ရေခွက်ထဲ တံတွေးတွေ ထွေးထည့်ပြီး ပက်လိုက်တာမလား။ ပြီးတော့ မင်းက ပါးစပ်အငြိမ်မနေဘဲ တံတွေးထည့်ပက်တဲ့အကြောင်း သူတို့ကြားအောင်ပြောလိုက်တော့ ငါတို့တွေကို ပြန်လုပ်တော့မှာပေါ့ဟ။"

"အဲ့တာ မင်းအကြံပဲလေ ကိုထွန်း။ မင်းပြောတဲ့အတိုင်း.ငါက လိုက်လုပ်ပေးတာပဲကို။ မင်း ငါ့ကို အပြစ်တင်ချင်တဲ့ လေသံမျိုးနဲ့ လာမပြောပါနဲ့။ လုပ်တော့လည်းအတူတူ ခံရတော့လည်း အတူတူပဲပေါ့။"

ကိုထွန်း၊ကိုငယ် ညီအစ်ကိုနှစ်ယောက်၏ စကားကို နားထောင်ရင်း ကျွန်တော့်ရဲ့အတွေးများက မနှစ်က သင်္ကြန်နေ့ရက်များထံသို့ အလည်ရောက်သွားကြပြန်သည်။ ထိုနေ့တုန်းက သင်္ကြန်နောက်ဆုံးရက် ဖြစ်လိမ့်မည်။ တစ်နေကုန် မျောက်ရှုံးအောင် ဆော့ပြီး၍ ကျွန်တော်တို့ ညီအစ်ကိုသုံးယောက် ကျွန်တော့်အိမ်မှာပင် ဒိုးဇက် ကစားနေကြချိန်  ကြူးနှင့် သူ့အစ်ကိုဝမ်းကွဲတို့ အိမ်ရှေ့မှ ဖြတ်သွားသည်ကို မြင်လိုက်ကြရသည်။ လက်ထဲမှာလည်း အုန်းလက်ခြောက်တွေကို ကိုယ်စီကိုင်သွားကြသဖြင့် လမ်းထိပ်က အမှိုက်ပုံးဆီ သွားတာပဲဟု သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ညစ်ကျယ်ကျယ်အပြုံးများက ကျွန်တော်တို့အားလုံး၏ မျက်နှာထက်သို့ ရောက်လာပါသည်။

ကြူး(KYUU)Unde poveștirile trăiesc. Descoperă acum