Part 33(Unicode)

1.8K 230 71
                                    

စနေ၊ တနင်္ဂနွေရက်များက ခပ်မြန်မြန်
ကုန်ဆုံးခဲ့ပြီး နှစ်ကုန်ခါနီးနှစ်လအလိုသို့ပင်
စတင်ချဥ်းကပ်လာသည်။ ပုဏ္ဍရိက်ပန်းရုံအနားမှ
အငြင်းအခုံတစ်ခု ပြီးဆုံးကတည်းက ကျွန်တော်နှင့် တက်သစ်ကြူးတို့၏ ဆက်ဆံရေးကို မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုရမည်မှန်း မသိတော့....။

ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှုတစ်ခုမှ
အစပြု၍ ကိုယ့်နည်းကိုယ့်ဟန်နှင့် တဖြည်းဖြည်းချင်း ပြောင်းလဲလာကြတာက နှစ်ယောက်စလုံးဖြစ်ပြီး
ထိုပြောင်းလဲမှုထဲမှာ မည်သူက မည်သူ့အလိုကို
လိုက်နေရသလဲ ဆိုသည်မှာလည်း ​​မေးခွန်းထုတ်စရာ
တစ်ခုဖြစ်လာသည်။

မကြိုက်တာ တစ်ခုခုတွေ့တိုင်း (ကျွန်တော်​ဖွန်ကြောင်မိတဲ့
အခါမျိုး) သူမကြိုက်ဘူးဆိုသည့်အကြောင်း ခဏခဏ ထုတ်ပြောလာတတ်တဲ့ တက်သစ်ကြူးလား...။

ဒါမှမဟုတ်

သူပြောသမျှအတိုင်း ဆင်ခြင်နေထိုင်တတ်လာရင်း
မမကျော့ကိုပါ စိတ်ဝင်စားမှုနည်းပါးလာတဲ့ ကျွန်တော်ကိုယ်တိုင်ပဲလား...။

မည်သို့ပင်ဆိုစေ...အချိန်တိုင်း
တပူးပူးတတွဲတွဲ ဖြစ်နေတဲ့ ကျွန်တော်နဲ့ တက်သစ်ကြူးကို တခြားသူငယ်ချင်းတွေ စနောက်ကျီစယ်ကြတဲ့ အကြိမ်ရေပိုလာတော့ ထိုကိစ္စနှင့် ပတ်သက်၍ နှစ်ယောက်သား ငြင်းခုံကြရပြန်၏။

"သူငယ်ချင်းအချင်းချင်း ပူးပူးကပ်ကပ်နေတာ ဘာထူးဆန်းလို့လဲကွာ။ မိန်းကလေးတွေဆိုရင် ဘယ်လိုလုပ်မလဲ။ လမ်းသွားရင် အမြဲတမ်း လက်ချင်းတွဲထားကြတယ်။ မထင်ရင် မထင်သလို ဖက်တာ၊နမ်းတာဘာညာလည်းရှိတယ်။ သူတို့ကျတော့ ပေးစားမခံရဘဲ ငါတို့ကျမှ လင်မယားတွေဆိုပြီး အပြောခံရတော့တယ်။ မင်းနဲ့ငါက သူတို့မျက်စိနောက်အောင် ဘာတွေများ လုပ်နေကြလို့လဲ။ ကျောင်းအတူတူလာတယ်၊ စာအတူတူလုပ်တယ်၊ ထမင်းအတူတူစားတယ်၊ အိမ်အတူတူပြန်တယ်။ ငါတို့က တခြားသူတွေနဲ့ မပေါင်းတော့သလိုဖြစ်နေတာ တစ်ခုတည်းကြောင့်နဲ့တော့ မပေးစားသင့်ဘူးလေ။ သူတို့ရှေ့မှာ ဖက်နေတယ်၊နမ်းနေတယ်ဆိုရင်လည်း တစ်မျိုးပေါ့။ ဟေ့...ကြူး
မင်းက ဘာရယ်တာလဲ။"

ကြူး(KYUU)Onde as histórias ganham vida. Descobre agora