Part 23(Unicode)

1.9K 252 35
                                    

"တော်ပြီလား မုန့်မဝယ်တော့ဘူးလား။"

"အေး တော်ပြီ။"

အေးခဲနေသော ကော်ဖီဘူးလေး သူ့လက်ထဲ
ရောက်သွားချိန်မှစပြီး ကြူးက ကျွန်တော် ဘာပြောပြော လှည့်မကြည့်တော့။ မုန့်စျေးတန်းကို အတူတူသွားကြမည်ဟု ပြောထားသည့်အတိုင်း မုန့်စားဆင်းချိန်မှာ ကျွန်တော်တို့ နှစ်ယောက်စလုံး ထမင်းကို ခပ်သွက်သွက် စားခဲ့ကြပြီး ကျွန်တော်ကတော့ ကြူးနှင့်အတူ မုန့်စျေးတန်းသွားနိုင်ရန်အတွက် ဘောလုံးကန်မည့် အစီအစဥ်ကိုပင် ဖျက်လိုက်ရသည်။ ကျွန်တော်ပါမှ ပွဲစည်သည်ဟု ယူဆကြသော သူငယ်ချင်းအချို့၏ မကျေမနပ် မြည်တွန်တောက်တီးမှုတွေကိုတော့ "နောက်နေ့ကျရင် မင်းတို့ကိုလည်း မုန့်ဝယ်ကျွေးပါမယ်ကွာ" ဟူသော မက်လုံးနှင့် ချွေးသိပ်ခဲ့ရ၏။

အမှန်တော့  ကြူးက "မင်းသူငယ်ချင်းတွေနဲ့ပဲ သွားကစားပါ။ ငါက မစားရလည်း ဘာမှမဖြစ်ဘူး" လုပ်နေလို့ ကျွေးချင်နေတဲ့ ကျွန်တော်ကပဲ မုန့်ဖိုးတွေ ပိုအကုန်ခံပြီး ဟိုကောင်တွေကိုပါ မုန့်ဝယ်ကျွေးမယ်ဆိုပြီး ပြောလိုက်ရတာ။ သထာလို့တော့ မဟုတ်ဘူး။

ကြူးကိုရော သထာလားဆိုတော့...။

"တစ်နေ... ဘာတွေ တွေးနေတာလဲ
ငါပြောနေတာ မကြားဘူးလား။"

"ဟမ်...ဘာပြောလိုက်လို့လဲ။"

ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာ ကြူးက သူ့ရဲ့
မျက်ခုံးနှစ်ဖက်ကို လွတ်နေတဲ့အလယ်နေရာမှာ သွားစုအောင်  တွန့်ချိုးပစ်ပြီးနေပြီ။ အတူယှဥ်ရပ်မိတိုင်း ကျွန်တော့်ထက် အရပ်ပိုရှည်တဲ့ကြူးကို ခေါင်းမော့ကြည့်နေရတာက ဘယ််အချိန်ထိ ဆက်ဖြစ်နေမှာလဲ။ ကျွန်တော်ပြန်စိုက်ကြည့်ဖို့ လုပ်ခဲ့သော်လည်း ဖြတ်သန်းနေကျ မုန့်စျေးတန်း လျှောက်လမ်းလေး၏ မညီမညာ သဲနှင့်ကျောက်စရစ် ရောနှောမြေကပါ ကျွန်တော်ဘက် မပါ။

"တ...သတိထားလေ။"

ချော်လဲမလိုဖြစ်တိုင်း ကျွန်တော့်ဘေးမှာ
တက်သစ်ကြူးတစ်ယောက် အမြဲတမ်းရှိနေပြီး မျက်နှာက ရှစ်ခေါက်ချိုးနဲ့ စိတ်မရှည်ပုံ ဖြစ်နေခဲ့လည်း ကျွန်တော် ချော်မလဲအောင် လှမ်းဆွဲလိုက်ရန်တော့ ကြူးက မမေ့တတ်ခဲ့။

ကြူး(KYUU)Where stories live. Discover now