အပိုင်း(၂၈)
အတိတ်ဆိုတာမျိုးက ပြန်တွေးကြည့်ပြီး နာကျင်နေရမှာထက် ပေါ့ပေါ့ပါးပါးလွမ်းမောနေရတာမျိုး။
လူတစ်ဦးက သဲသောင်ပြင်မှာ သူလမ်းလျှောက်ခဲ့တဲ့ ခြေလှမ်းတိုင်းကို တစ်ထေရာတည်း ထပ်ပြီး တစ်ကြော့ပြန်လျှောက်ဖို့က မဖြစ်နိုင်တဲ့အရာတစ်ခု။ အတိတ်ရဲ့ခြေရာတိုင်းကို အကုန်လုံးမှတ်မိဖို့ကလည်း ခက်တဲ့အရာတစ်ခုပဲ။
အဲ့ထဲက နာကျင်စရာတွေကို အနာဂတ်မှာရယ်မောစရာအဖြစ်အသွင်ပြောင်းလိုက်ခြင်းက သဲသောင်ပြင်ကို ပင်လယ်ရေကတိုက်စား ချေဖျက်သွားသလိုမျိုး။
အတိတ်က သန်မာစေဖို့ နာကျင်စေဖို့မှမဟုတ်တာ။
ဒါတွေထားပါ။ အခု ပင်တိုင်သွားချင်တဲ့ ××လမ်းက ××တိုက်ခန်းရဲ့ မြေညီထပ်မှာဖွင့်ထားတဲ့ ဆိုင်တစ်ခုရှေ့ကို ရောက်လာခဲ့ပြီ။ ဆိုင်ရဲ့အပြင်အဆင်က ရိုးရှင်းတယ်ပဲပြောရမယ်။ အဝင်အဝတွင် Menu listကို ဝါးတွေနဲ့ ဘောင်သွင်းပြီး ထောင်ထားသည်။ ဆိုင်အဝင်အဝတွင် မြန်မာလို 'လှိုက်လှဲစွာကြိုဆိုပါ၏'ဆိုတဲ့ ဆိုင်းဘုတ်အပြင် ဂျာမန်၊အင်္ဂလိပ်လို စသည့် ဘာသာစကားတွေနဲ့ပါ နှုတ်ဆက်စကားတွေ ထားထားသည်။
ဆိုင်ထဲကို ဝင်သွားတာနဲ့ လှည်းဘီးတွေပေါ်မှာ က,နေတဲ့ ရုပ်သေးတွေကိုမြင်ရမှာဖြစ်ပြီး အဲ့အပေါ်မှာတော့ ဆိုင်ရဲ့ဆိုင်းဘုတ်ဖြစ်၏။
" ကျွန်တော် ဒီနေ့လာတာကတော့ ZUZU Burmese restaurantကိုဖြစ်ပါတယ်။ ဒီမှာကြည့် အပြင်အဆင်တွေကအစ အိမ်လွမ်းနေတဲ့လူတွေကို မြန်မာကို ပြန်ခေါ်သွားစေတဲ့ ခံစားချက်မျိုးရစေတယ်"
ပင်တိုင် ဆိုင်ရဲ့ စားသောက်ခုံတန်းတွေဘက်ကိုဝင်သွားသည်။
ဆိုင်က တစ်ဝက်မှန်ကာ တစ်ဝက်အုတ်ကာထားသည့်ပုံစံဖြစ်ပြီး အုတ်နံရံတွေဟာ vintage styleဖြစ်၏။ public tableတွေက လေးထောင့်စားပွဲခုံတွေဖြစ်၏။ ထိုအရာတွေ၏အပေါ်မှာ လှည်းယာဉ်ပုံသဏ္ဍာန် တစ်သျှူးဘူးတွေရှိပြီး နှင်းဆီတစ်ပွင့်ထည့်ထားသည့် အနုပညာမြောက် မြေပန်းအိုးရှိ၏။ ဆိုင်ထဲဝင်လိုက်တာနဲ့ လက်ဖက်နံ့ရ၍ မြန်မာကိုပြန်ရောက်သွားသလိုပင်။
ပင်တိုင်ဝင်သွားတာနဲ့ ဝန်ထမ်းတွေက ခေါင်းငုတ်ကြိုဆိုသည်။ ပင်တိုင်လည်း ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ဝန်ထမ်းတစ်ဦးခေါ်ရာ private roomထဲကိုလိုက်သွားလိုက်သည်။
" Hey bro "
" မတွေ့တာကြာတဲ့လူတွေကြနေတာပဲ ထိုင် "
ထိုသူက လျှမ်းဖြစ်၏။ လျှမ်းက လွန်ခဲ့တဲ့နှစ်တွေကလိုပဲ နည်းနည်းလေးမှမပြောင်းလဲ။
" ဒါကတော့ ကျွန်တော့်ရဲ့ အချစ်ဆုံးချင်းဂု(친구=သူငယ်ချင်း) လျှမ်းဖြစ်ပါတယ်။ သူနဲ့ကျွန်တော်က ချိန်းထားတာမဟုတ်ဘဲ ဒီမှာလာတွေ့တာပါ။ သူငယ်ချင်းဖြစ်တာကြာတော့ စိတ်ချင်းဆက်နေတာပေါ့ ဟား ဟား "
" မင်းစကားလာများလို့ စာရင်းမှားသွားရင် မင်းရာခိုင်နှုန်းထဲကပဲ ငါမှတ်မှာနော်။ စကားလာမများနဲ့ "
" ဟုတ်ပါပြီ။ အဖေရယ် ကျွန်တော်မျိုး စားပါတော့မယ် "
ပင်တိုင် လျှမ်းနဲ့စကားပြောအပြီးမှာ ကင်မရာကို စားပွဲမှာ သေချာထောင်ကာ private roomမှာရတဲ့ vibeကို သေချာပြောပြနေမိသည်။
" ဒီမှာ လက်သုတ်ဝတ်တွေကို ကြိမ်ခြင်းလေးနဲ့ထည့်ထားတာ။ ဒါကကျ လှည်းယာဉ်လေးနဲ့ တစ်သျှူးထည့်ထားတာ။ private room နဲ့ public room ဘာကွာလည်းဆို နှင်းဆီပန်းကွာတာပါ။ အပြင်မှာ တစ်ပွင့် ဒီမှာသုံးပွင့်ဖြစ်ပါတယ်"
ပင်တိုင့်ရယ်သံနှောနေတဲ့ စကားအပြီးမှာ လျှမ်းရဲ့မျက်စောင်းကြီးရလာခဲ့သည်။
'ဒီကောင် ကိုယ့်ဆိုင်ကိုယ် သိက္ခာချတဲ့ အကောင်'
ဆိုပြီး လျှမ်းတွေးကာ စာရင်းပဲပြန်စစ်နေလိုက်သည်။
" ဟင်း..နောက်တာ နောက်တာ။ ဒီမှာကျ စကားအေးဆေးပြောလို့ရတယ်။ လူ(၈)ယောက်လောက် ဆံ့တယ်။ လူဦးရေနဲ့ စားပွဲထားပေးတာပေါ့ ကျွန်တော်တို့က နှစ်ယောက်ထဲဆိုတော့ လေးယောက်ဝိုင်းကိုပဲယူလိုက်တယ်။ ဒီမှာ Menu cardက အဆန်းကြီးနော်။ ရှေးခေတ် ပေစာ ပုရပိုက်တွေလိုမျိုး ထားထားပေးတာ။ ဒီမှာကြည့် Menuတွေကလည်း ကရင်၊မွန်၊ရှမ်း၊ဗမာ၊ချင်း အဲ့လူမျိုးလေးမျိုးရဲ့ အစားအစာတွေ စုံတယ်။ ကျန်တာတော့ နောက်မှ ထပ်ဖြည့်မယ်လည်း ပြောတယ်"
" ကျွန်တော်ကတော့ ရှမ်းတို့ဟူးနွေး၊ဗမာမုန့်ဟင်းခါး၊
ဆက်သားခြောက်ကြော်၊ ရွှေထမင်း ဒါတွေကို ကျွန်တော့် တစ်ယောက်စာပဲမှာလိုက်တယ်။ အရှေ့က နွားက စားမှာမဟုတ်ဘူး။ ကျွန်တော်က ဗမာမုန့်တွေကလွဲရင် ကျန်တာသိပ်မစားတတ်လို့ ဒါတွေပဲမှာလိုက်တာ"
ပင်တိုင် အစားတွေမှာလိုက်ပြီး ကင်မရာကိုခဏပိတ်လိုက်သည်။ ပြီးနောက် အရှေ့ကကောင်ကို စကားပြောရန်ကြံရသည်။
" ဟေ့ကောင် စာရင်းစာအုပ်ထဲခေါင်းဝင်သွားအုံးမယ်။ ငါပြောစရာရှိလို့ "
" အေး ပြောပြော။ ဒီစာရင်းတွေက ဘယ်သူ မလုပ်လို့ ငါလုပ်နေရတာလဲပါပြော "
စာရင်းစာအုပ်ပေါ် ဘောပင်ချကာ လျှမ်းက ရွဲ့မေး၏။
" အဟီး သားကြီးကလည်း စားပြီးရင် ငါကူလုပ်ပါ့မယ်နော်..အခုတော့ ငါပြောတာကိုနားထောင် "
လျှမ်းက ဘာလဲပြောဆိုတဲ့သဘောဖြင့် မေးဆက်ပြသည်။
" မင်း ဟိုကလေးဖုန်းတွေမကိုင်ဘူးဆို အဲ့တာ သူက ငါ့ကိုမင်းနဲ့တွေ့ရင် မင်းအသက်ရှင်သေးလားကြည့်ပြီး ဖုန်းကိုင်ပါလို့ပြောပေးပါတဲ့။ မကိုင်ရင် မင်းရောက်နေတဲ့ နေရာကို သူလိုက်လာရပါမယ်တဲ့ ကဲ "
" ဖုန်းခဏခဏခေါ်ပြီး ချစ်ကြောင်း၊ကြိုက်ကြောင်းတွေပြောတာလေ ငါကဘာလို့ ကိုင်ရမှာလဲ "
" ဪ ဪ အဲ့တော့ တေဇဖုန်းခေါ်ပြီး ချစ်ကြောင်း၊ကြိုက်ကြောင်းတွေပြောရင် မင်းက ရင်ခုန်ပြီး အလုပ်ပျက်ရပါတယ်ပေါ့"
" ဘာ..ဘာမှ ရင်ခုန်စရာအကြောင်းမရှိဘူး။ အဲ့ကလေးကို ငါကရင်ခုန်ရမှာလား "
" ငါတို့ထက်(၆)နှစ်ပဲ ငယ်တာပါကွာ။ အဲ့ကလေးက မင်းကိုတောင် တက်အုပ်လို့ရတယ် ကဲ ရှင်းရော "
" ရားး ဒီခွေးကောင် "
လျှမ်းရဲ့ မျက်နှာ ခရမ်းချဉ်သီးလို နီရဲနေပါ၏။
လျှမ်းဆိုတဲ့ကောင်က ညောင်ပင်တန်းကပြန်လာပြီးထဲ ရည်းစားထားတာ ကျဲသွားသည်။ မထားတော့တာမဟုတ်ဘဲ တစ်လကိုတစ်ယောက်၊နှစ်လကိုတစ်ယောက်နဲ့ တဖြည်းဖြည်းအလှမ်းဝေးကာ မထားဖြစ်တော့တဲ့ အဆင့်အထိရောက်သွား၏။
အလကား ဒီကောင်မစွံတော့တာ။
" အဲ့ကလေးမင်းကိုလိုက်နေတာကြာပြီ မင်းက မူနေတုန်းလား။ ဟိုက(၂၀)အရွယ်ဖလန်းဖလန်းလေးနော် ကိုယ့်အသက်ကိုယ့်အရွယ်နဲ့ မူမနေနဲ့။ ဘာဖြစ်လဲ ကြိုက်ရင်ကြိုက်တယ် ချစ်ရင်ချစ်တယ်ပေါ့။ အမူလွန်ပြီး သူများနောက်ပါသွားမယ် "
ပင်တိုင် ပြုံးစိစိဖြင့် အတည်ပြောသလိုလိုနဲ့ စ နေသည်။
ဒီကောင် မကြိုက်တာမှမဟုတ်တာ။ ပင်တိုင်သိသားပဲ အိုင်တင်ခံနေတာ။
" ချီးး ဘယ်သူ့ကိုလာ စ နေတာလဲ ဖေ့သားက။ မင်းလိုမျိုး ဟိုပြေး ဒီပြေးနဲ့ ဆပ်ပြာသယ် လင်ပျောက်နေသလိုမျိုး မဖြစ်ချင်လို့ပါ ငါ့သားရယ် ဟား..ဟား "
" ဒါကတော့ ချစ်တာကိုကွ။ မင်းကလှည့်ကျမှ ဆေးတက္ကသိုလ်ရှေ့ချောင်းပေါက်မတက်သွားမှာ မြင်ယောင်သေးတယ် "
" ဆောရီးပဲ ငါ့ကောင်ရေ ဝေးသေး။ ဒါနဲ့စားပြီးလို့မှ စာရင်းမကူရင် Zwel Groupက ဒါရိုက်တာ ပင်တိုင်က ဦးဇွဲကိုကိုရဲ့ ဇွဲပင်တိုင်ဖြစ်ကြောင်း လိုက်ဖွလိုက်မှာ "
" ဪ အေးပါကွာ တော်တော်ကြောက်စရာကြီးကို "
ဟင်းပွဲတွေလာလို့ ပင်တိုင်တို့ စကားပျက်သွားကာ ပင်တိုင်ကင်မရာကို ပြန်ဖွင့်လိုက်သည်။
" ဟင်းပွဲတွေရောက်လာပြီဆိုတော့ ဆော်ကီပွားတာရပ်ပြီး ကြည့်လိုက်ရအောင်။ ဒါက မုန့်ဟင်းခါးတဲ့ သူက ကျွန်တော်တို့မြန်မာမှာလို ငရုတ်ဆီတွေတေ့မနေဘဲ ဝါကျင့်ကျင့်ပုံစံရှိတယ် အင်း..အရသာကတော့ ကုလားပဲဆန်နဲ့ ငါးအရသာ ချိုချိုလေးထွက်တယ်။ မြန်မာပြည်မှာစားရတဲ့ မုန့်ဟင်းခါးနဲ့မတူဘဲ Europeကလူတွေရဲ့ပုံစံအတိုင်း ထွင်ပြီးချက်ထားတဲ့ပုံစံမျိုးလေး။ ကျွန်တော်မှာတဲ့အထဲမှာ မုန့်ဟင်းခါးတစ်ခုပဲ အရသာကွဲတာ ကျန်တာတွေက ဒီအတိုင်းပဲ စားလို့ကောင်းတယ် "
" အကယ်လို့ Switzerlandမှာ လာနေမှာပဲဖြစ်ဖြစ် အလည်လာတာပဲဖြစ်ဖြစ် ××လမ်းက တိုက်အမှတ် ××ရဲ့ မြေညီထပ်မှာရှိတဲ့ ဒီဆိုင်လေးကို လာဖို့ဖိတ်ခေါ်ပါတယ်။ တိုင်းတစ်ပါးမှာ မြန်မာအစားအစာကို ရောင်းတဲ့ဆိုင်မို့ ကျွန်တော်တို့ အနေနဲ့Supportပေးသင့်ပါတယ်။ ဒါဆို ဒီBlogလေးကတော့ ဒီလောက်ပါပဲ။ ကျွန်တော် ဘယ်သွားပြီး ဘာစားမလဲသိချင်ရင် ဒီpageလေးကို like and followလေးလုပ်သွားကြပါအုံးနော်။ ဒီတော့ ဒီလောက်ပါပဲ bye "
ပင်တိုင် ကင်မရာကိုပိတ်ကာ စာရင်းတွေကူပြီးနောက် သူတို့နှစ်ယောက် ဇူးရစ်မြို့ထဲသို့ လည်ပတ်ကြပါသည်။
—----------------------
" မပင်ပန်းဘူးလားကွာ အိပ်တော့ "
" ဦးအိမ်က ကျွန်တော့်ကို ငြိုငြင်တာလား။ အေးပေါ့လေ (၅)နှစ်တောင်ကျော်လာပြီဆိုတော့ ငြိုငြင်ရောပေါ့။ နားလည်ပါတယ်လေ "
" မဟုတ်ဘူးလေကွာ။ ကိုယ်မနက်က မအိပ်ရသေးလို့ပါကွာ အိပ်တော့ မရစ်နဲ့တော့ကွာ "
မာန်ဟုမ် မွေ့ရာပေါ်တက်ထိုင်နေတဲ့ ကောင်လေးရဲ့ ပခုံးကို လှဲချကာ ရင်ခွင်ထဲတွင်ဆွဲဖက်ထားလိုက်သည်။ မာန်ဟုမ် မနက်က ရွာဦးကျောင်းမှာအလှူရှိ၍ အိုးသူကြီးလုပ်နေရတာနဲ့ တစ်မနက်လုံးမအိပ်ရသေးချေ။ ထို့ကြောင့် အရမ်းအိပ်ချင်တာ မျက်လုံးတောင်မဖွင့်နိုင်တော့ချေ။
ဖြစ်ချင်တော့ ညနေလည်းကျရော အရေးပါဆုံး ဧည့်သည်လေးက ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာပါရော။ ထို့ကြောင့် ဧည့်သည်လေးကို ထမင်းကျွေးပြီးတာနဲ့ ရေချိုးနေတာတောင်မစောင့်ဘဲ အိပ်လိုက်မိသည်။
" တွေ့လား ယောင်္ကျားတွေများ..အဟမ်း..ဦးအိမ်တို့များ ကောင်းကိုမကောင်းဘူး။ မရခင်ကတော့ ကောင်လေးစိတ်တိုင်းကျ။ တိုင့်စိတ်တိုင်းကျနဲ့ ရလည်းရပြီးရော မရစ်ပါနဲ့။ အိပ်ချင်လို့ပါ ဖြစ်သွားရော…"
ပင်တိုင် ရင်ခွင်ထဲကရုန်းပြီး တင်ပလေခွေထိုင်ကာ ရင်ဘက်ကို တဖျန်းဖျန်းရိုက်ရင်း နစ်နာသူကြီးလိုအသံနဲ့ပြောနေသည်။
" ကျွန်တော်ကတော့ လွမ်းလို့ လေဆိပ်ကနေအိမ်တောင်မဝင်ဘဲ ဒီတန်းလာတာကို ဦးအိမ်ကတော့ လုပ်ရက်တယ် ဟင့်..မကောင်းတဲ့လူကြီး "
ပင်တိုင်မနက်အစောကြီး လေယာဉ်နဲ့ ရန်ကုန်ပြန်ရောက်၏။ ထိုမှတစ်ဆင့် မကွေးကိုတန်းလာခဲ့သည်။ ဘယ်လိုပဲ လင်ထိပ်ထားစံတယ်ဆိုအုံး ဖြစ်နိုင်ရင် အနားကတစ်ဖဝါးမှ မခွာဘဲနေချင်တာဖြစ်သည်။
" တော်ပြီကွာ မငိုနဲ့တော့။ ကောင်လေးဘာဖြစ်ချင်တာလဲ ကိုယ့်ကိုပြော ဟုတ်ပြီလား ပြီးမှပဲ ပြန်အိပ်တော့မယ်နော် ကိုယ့်ကိုပြော "
မာန်ဟုမ် အိပ်ချင်နေသည့် မျက်လုံးကို ပြူးကျယ်အောင်လုပ်ကာ ထုရိုက်နေသည့်လက်ကိုဆွဲကိုင်ပြီး ဖက်ထားလိုက်သည်။
" ဟင့်..ကျွန်တော်က ဘာဖြစ်ချင်တာလဲဆိုတော့ နမ်းစေချင်တာလေ"
ပြွတ်စ်~~
မာန်ဟုမ် နှုတ်ခမ်းလှလှကို အနမ်းခြွေလိုက်တော့ ရင်ဘတ်ကိုထပ်ထုလာပြန်၏။
" အဲ့ကိုမဟုတ်ဘူး နှာဘူးကြီးရဲ့။ ကျွန်တော် Night creamအနံ့ပြောင်းထားလို့ မွှေးလားနမ်းခိုင်းတာ မျက်နှာကို နှုတ်ခမ်းကိုမဟုတ်ဘူး "
" ဟုတ်ပါပြီဗျား…ဟောဒီ့က နှဖူးလေးကိုရော ရွှတ်~ ဟောဒီ့က ပါးပြင်လေးတွေကိုရော ရွှတ်~ ဟောဒီ့က မေးစိလေးကိုရော ရွှတ်~ ဟောဒီ့က လည်စိသေးသေးလေးကိုရော ရွှတ်~ ဟောဒီ့က လက်ကလေးကိုရော ရွှတ် "
တရွှတ်ရွှတ်နဲ့ မျက်နှာနေရာမလပ်လိုက်နမ်းနေမှုကြောင့် ပင်တိုင်ပြုံးလာရသည်။
" နောက်ဆုံး ဟောဒီ့က နှုတ်ခမ်းလေးကိုရော "
ပြွတ်စ်~~
ဖလှယ်ရဂုဏ်သတ္တိကို အခြေခံတဲ့အနမ်းတွေဟာ နာရီလက်တံတဂျက်ဂျက်..အိမ်မြှောင်စုပ်ထိုးသံ တတော့တော့ကြားထဲမှာ ပျော်ဝင်သွားရတော့သည်။
" အိပ်ကြရအောင် "
" အင်း အိပ်တန်းတက်ကြမယ် "
" ဘယ်လို ဟား..ဟား "
မာန်ဟုမ့်အတွက် ဇွဲပင်တိုင်ဟာ ပျော်ရွှင်အောင် လုပ်ပေးနိုင်သလို ဝမ်းနည်စအောင်လည်း လုပ်ပေးနိုင်သူ။ နာကျင်အောင်လုပ်ပေးနိုင်သလို သာယာမှုအပေါင်းကိုလည်း ပေးနိုင်သည့် စကြာဝဠာမှ တစ်ယောက်ထဲရှိတဲ့သူ။
ထိုလူသားကိုရင်ခွင်ထဲ ပွေ့ဖက်ထားရရင် တစ်စကြာဝဠာလုံးကို တစ်ယောက်ထဲအပိုင်ရသည့် ခံစားချက်မျိုးကို ရစေသည့် တစ်ဦးတည်းသောသူ။
မေတ္တာတွေအထပ်ထပ်နဲ့ ချည်နှောင်ထားတဲ့ ဒီတိုင်ဟာ မြဲမြံကောင်းပါရဲ့..။
—--------------------
" ဦးအိမ် ကျွန်တော့်ရဲ့ followerတွေကမေးတယ် ဘယ်သူက ကျွန်တော့်ရည်းစားလဲတဲ့။ လျှမ်းနဲ့ ဦးအိမ်ကို"
ပင်တိုင် အိပ်ယာထဲမှာပဲရှိသေး၏။ နိုးနိုးချင်း အိပ်ယာထဲက မထွက်ဘဲ ဖုန်းကိုင်နေတာဖြစ်၏။ ညောင်ပင်တန်းက လွန်ခဲ့တဲ့နှစ်တွေကလိုမဟုတ် မီးရော အင်တာနက်ရော ရနေပြီဖြစ်၏။
" အဲ့တော့ ဘယ်သူက ကောင်လေးရဲ့ ရည်းစားတုန်း ကိုယ်တော့မဟုတ်ဘူးနော် "
မာန်ဟုမ် မျက်နှာသုတ်ပြီး ကောင်လေးအနားသွားထိုင်ကာ ခေါင်းလေးကိုပွတ်ပြီး ပြောနေ၏။
ယခုဆို မာန်ဟုမ်တို့အိမ်က တိုက်ခံအိမ်ဘေးဖြစ်ပြီး air-conတက်ထား၏။ မယန်ဟုမ် တစ်ယောက်ထဲဆို မဖွင့်ဖြစ်ပေမယ့် ရန်ကုန်သားကျ ဒီအခန်းထဲမှာဆို air-conဖွင့်ပြီး ဇိမ်ခံတတ်၏။
" ဟုတ်ပါတယ် ကိုပိုကြီးရယ် ခင်ဗျားက ကျွန်တော့်ရည်းစားမဟုတ်ဘူး ယောင်္ကျားပါ ကဲ "
ပင်တိုင် ဦးအိမ်ရဲ့ ခါးကိုဖက်ကာ ပေါင်ပေါ်ကို ခေါင်းအုံးပြီး ဖုန်းပြန်ကြည့်နေ၏။ ဦးအိမ်ကတော့ ပင်တိုင့်မျက်နှာ အစိတ်အပိုင်းတစ်ခုစီတိုင်းကို တရှုံ့ရှုံ့နမ်းရှိုက်နေ၏။
အရင်က အနေအေးတဲ့ ဦးမာန်ဟုမ်က အခုကျ လူစားထိုးထားသလိုပင်။
အဲ့ ဦးအိမ်ကလေ သူ့ကိုရည်းစားလို့ပြောရင် တစ်စက်မှ မကြိုက်ဘူး။ ချစ်သူ (သို့မဟုတ်) ယောင်္ကျားဆိုတော့မှ ပြုံးဖြီးနေတတ်တာ။
" ကောင်လေး ကိုယ်တို့ ကောင်လေးမိဘတွေကို သွားတွေ့ရအောင်။ ကိုယ်တို့ လက်ထပ်ကြမယ် ပြီးရင် ကောင်လေး ဘယ်သွားသွား ကိုယ်လိုက်မယ်။ ကိုယ်တို့ အနေဝေးနေတာ (၅)နှစ်ဆိုရုံနဲ့လုပ်လောက်ပြီလို့ ကိုယ်ထင်တယ်"
" အင်း..ကျွန်တော်လည်း ပြောမလို့ဘဲ။ ကျွန်တော်လည်း ထပ်မခွဲနိုင်တော့ဘူး။ ဖေဖေတို့ကို သွားတွေ့မယ် ပြီးရင် ကျွန်တော်တို့ လက်ထပ်ကြမယ်။ ကျွန်တော်တို့ လက်ထပ်ပြီးရင် ဘယ်မှာနေကြမလဲဟင် "
" ကိုယ်ပြောပါရောလား ကောင်လေးဘယ်သွားသွား ကိုယ်က လိုက်မှာပါဆို။ ကိုယ့်အတွက် ကောင်လေးက ကိုယ့်ရဲ့အိမ်၊ကိုယ့်ရဲ့ ပိုင်ဆိုင်မှု၊ ကိုယ့်ရဲ့ မိသားစုပဲ။ သိပ်ချစ်တယ် ကောင်လေး "
" ကျွန်တော်ရောပါပဲ ဦးအိမ်ရဲ့ အိမ်က ကျွန်တော်ဆို ကျွန်တော့်ရဲ့ မျက်နှာမူရာက ဦးအိမ်ပါပဲ။ ဦးအိမ်ရှိတဲ့ အရပ်မှာ အုပ်မြစ်တည်ပြီး ဦးအိမ်ရှိရာဘက် မျက်နှာမူပါ့မယ်။ ဒီနေ့ကစ နောက်နှစ် နောင်နှစ်များစွာအထိ "
မင်းသာ ချစ်တတ်သူတစ်ဦးဆို မင်းရဲ့အချစ်ရှိရာအရပ်က ဝင်ရိုးစွန်းဖြစ်ပါစေ နွေးနွေးထွေးထွေးနဲ့ သာသာယာယာဆိုပြီး မင်းထင်နေပါလိမ့်မယ်။ ဒါဟာ မင်းရဲ့ နှလုံးအိမ်က ရိုက်ခတ်လာတဲ့ အချစ်လှိုင်းတွေကြောင့် ဖြစ်ပါလိမ့်မယ်။
—----------------------------------------
#19.7.22
update-20.7.22
အပိုင်း(၃၀)ကျရင်ဇာတ်သိမ်းပါမယ် Extraရေးဖြစ်မယ်ထင်တာပါပဲ။ မနက်ဖြန်(သို့မဟုတ်) သန်ဘတ်ခါမှာ ဇာတ်သိမ်းအထိတင်ပေးပါမယ်နော်။
ဈေးဗန်းလေးကူခင်းပေးကြပါအုံးလို့နော်