ဖေဖေနှင့်မေမေပြန်သွားပြီးထဲက ပင်တိုင်တို့အလုပ်ရှုတ်နေခဲ့သည်။ ပင်တိုင်နှင့်လျှမ်းက luggageအဆင်သင့်ပေမို့ အများအပြားမပြင်ဆင်လိုက်ရချေ။ luggageများကို အိမ်အပေါက်ဝ၌ချပြီး ခုံနှင့်ထိုင်ကာ အလုပ်ရှုတ်နေသည့် လူများကိုကြည့်နေခြင်းဖြစ်သည်။
" ပိန္နဲသီးတွေကို မပိစေနဲ့ "
" ဟုတ်ကဲ့ဆရာ "
ဦးအိမ်၏အသံကြောင့် ပင်တိုင် ဖုန်းသုံးနေ ရာမှမော့ကြည့်လိုက်သည်။ ဦးအိမ်က မနက်ကအဝတ်အစားနှင့်မဟုတ်၍ ရေချိုးလာဟန်ရသည်။ ပုဆိုးကွက်စိပ်နက်ပြာရောင်နှင့် ထုံးစံအတိုင်း မြင်းခေါင်းလက်တိုစွပ်ကျယ်ကိုဝတ်ကာ သားရေစိမ်းဖိနပ်ကိုစီးထားလေသည်။
ဦးအိမ်က ခန့်ညားတည်ကြည်သည်။ ဒီလိုရိုးရိုးရှင်းရှင်းဝတ်ထားလည်း သူဌေးသူကြွယ်ရုပ်ပေါက်သည်။
ဦးအိမ်က သူ၏တပည့်ကတုံးနှင့်ကောင်လေး လေးယောက်ကို ပိန္နဲသီးတွေကိုဂရုစိုက်ရန်လှမ်းပြောနေသည်မို့ ပင်တိုင်တို့ဘက်ကိုကြည့်မလာချေ။ ထိုလေးယောက် သယ်လာသော ဝဝဖိုင်း
ဖိုင်းပိန္နဲသီးလေးလုံးသည် မှည့်ပါကာ မွှေးအီနေမည်ဖြစ်ကြောင်း တွေးကြည့်စရာပင်မလိုချေ။" အကိုတို့ ကျွန်တော် အိတ်တွေယူသွားပြီး ကားပေါ်တင်လိုက်မယ်နော် "
" အင်း "
သက်နိုင်က မနိုင်မနင်းနဲ့ အိတ်လေးလုံးကိုဆွဲနေသည်မို့ မကြည့်ရက်သည့် မာန်ဟုမ်ကပဲ ကူညီပေးရပါတော့သည်။ ဟိုငတိနှစ်ယောက်ကတော့ ချိတ်ထားသည့်ခြေထောက်ပင်မဖြုတ်ဘဲ ဖုန်းကြည့်မြဲ။
တကယ် အားနာရကောင်းမှန်းမသိ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေရသည့် သူဌေးသားတွေမှန်းသိသာသည်။ ဝိုင်းကူခြင်းမရှိသည့်အပြင် ယဉ်ကျေးသည့်အမူအရာတွေပါမရှိချေ။
လူကြီးတွေ မျက်စိဆံပင်မွှေးစူးချင်စရာ!
ကိုယ့်တပည့်တွေမို့ မျက်နှာပျက်ခြင်းမရှိဘဲ ကူညီပေးတာထားပါတော့ သူများဆို
တကယ့်ရိုက်ပေါက်တွေ!" ပေးသက်နိုင် "
" ရပါတယ် ဆရာရဲ့ ကျွန်တော်နိုင်ပါတယ် "
YOU ARE READING
မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)