အပိုင်း(၂၈)

1.9K 106 0
                                    

အပိုင်း(၂၈)

အတိတ်ဆိုတာမျိုးက ပြန်တွေးကြည့်ပြီး နာကျင်နေရမှာထက် ပေါ့ပေါ့ပါးပါးလွမ်းမောနေရတာမျိုး။
လူတစ်ဦးက သဲသောင်ပြင်မှာ သူလမ်းလျှောက်ခဲ့တဲ့ ခြေလှမ်းတိုင်းကို တစ်ထေရာတည်း ထပ်ပြီး တစ်ကြော့ပြန်လျှောက်ဖို့က မဖြစ်နိုင်တဲ့အရာတစ်ခု။ အတိတ်ရဲ့ခြေရာတိုင်းကို အကုန်လုံးမှတ်မိဖို့ကလည်း ခက်တဲ့အရာတစ်ခုပဲ။

အဲ့ထဲက နာကျင်စရာတွေကို အနာဂတ်မှာရယ်မောစရာအဖြစ်အသွင်ပြောင်းလိုက်ခြင်းက သဲသောင်ပြင်ကို ပင်လယ်ရေကတိုက်စား ချေဖျက်သွားသလိုမျိုး။

အတိတ်က သန်မာစေဖို့ နာကျင်စေဖို့မှမဟုတ်တာ။

ဒါတွေထားပါ။ အခု ပင်တိုင်သွားချင်တဲ့ ××လမ်းက ××တိုက်ခန်းရဲ့ မြေညီထပ်မှာဖွင့်ထားတဲ့ ဆိုင်တစ်ခုရှေ့ကို ‌ရောက်လာခဲ့ပြီ။ ဆိုင်ရဲ့အပြင်အဆင်က ရိုးရှင်းတယ်ပဲပြောရမယ်။ အဝင်အဝတွင် Menu listကို ဝါးတွေနဲ့ ဘောင်သွင်းပြီး ထောင်ထားသည်။ ဆိုင်အဝင်အဝတွင် မြန်မာလို 'လှိုက်လှဲစွာကြိုဆိုပါ၏'ဆိုတဲ့ ဆိုင်းဘုတ်အပြင် ဂျာမန်၊အင်္ဂလိပ်လို စသည့် ဘာသာစကားတွေနဲ့ပါ နှုတ်ဆက်စကားတွေ ထားထားသည်။

ဆိုင်ထဲကို ဝင်သွားတာနဲ့ လှည်းဘီးတွေပေါ်မှာ က,နေတဲ့ ရုပ်သေးတွေကိုမြင်ရမှာဖြစ်ပြီး အဲ့အပေါ်မှာတော့ ဆိုင်ရဲ့ဆိုင်းဘုတ်ဖြစ်၏။

" ကျွန်တော် ဒီနေ့လာတာ‌ကတော့ ZUZU Burmese restaurantကိုဖြစ်ပါတယ်။ ဒီမှာကြည့် အပြင်အဆင်တွေကအစ အိမ်လွမ်းနေတဲ့လူတွေကို မြန်မာကို ပြန်ခေါ်သွားစေတဲ့ ခံစားချက်မျိုး‌ရစေတယ်"

ပင်တိုင် ဆိုင်ရဲ့ စားသောက်ခုံတန်းတွေဘက်ကိုဝင်သွားသည်။
ဆိုင်က တစ်ဝက်မှန်ကာ တစ်ဝက်အုတ်ကာထားသည့်ပုံစံဖြစ်ပြီး အုတ်နံရံတွေဟာ vintage styleဖြစ်၏။ public tableတွေက လေးထောင့်စားပွဲခုံတွေဖြစ်၏။ ထိုအရာတွေ၏အပေါ်မှာ လှည်းယာဉ်ပုံသဏ္ဍာန် တစ်သျှူးဘူးတွေရှိပြီး နှင်းဆီတစ်ပွင့်ထည့်ထားသည့် အနုပညာမြောက် မြေပန်းအိုးရှိ၏။ ဆိုင်ထဲဝင်လိုက်တာနဲ့ လက်ဖက်နံ့ရ၍ မြန်မာကိုပြန်ရောက်သွားသလိုပင်။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now