အပိုင်း(၃)

3.1K 201 8
                                    

ညကြီးမင်းကြီးဖုန်းဆက်သူကြောင့် အိပ်နေတာမဟုတ်သည့် လျှမ်းဆဲချင်သွားသည်။ Contactကိကြည့်လိုက်တော့ ပင်တိုင် လူကစိတ်ညစ်ရတဲ့ကြားထဲ ဖုန်းလာခေါ်တဲ့ ငတိကိုဆဲချင်သွားသည်။

" ပြော "

" ဟ.! မာလှချည်လား ဘရို "

" မာမာပဲ မပြောချင်ရင်ဖုန်းချပြီ "

" အချစ်လေးကလည်း ကိုယ်ကပြောစရာရှိလို့ကို "

ဖွီ••အဟွတ်••အဟွတ်

" သဒေါင်းစားရယ် ဘယ်လိုအသံနဲ့ လူကို ဘယ်လိုလာခေါ်နေရတာလဲ "

ခပ်နွဲ့နွဲ့အသံကို ချွဲအီပြောလာတာ့ လျှမ်းသောက်လက်စ နွားနို့ပါ သီးသွားသည်။

" အချစ်လေး မသောက်ချင်တဲ့နွားနို့တွေ ထွေးထုတ်ပြီးသား ဖြစ်တာပေါ့ ဟား..ဟား"

ပင်တိုက်သိသည်။ ဒီကောင်လျှမ်း ဒီအချိန်ဆို နွားနို့သောက်ဖို့ပြေးနေပြီဖြစ်သည်။ ဒီကောင်ကနွားနို့မုန်းပေမယ့် သူ့အစ်မအပျိုကြီးက နွားနို့လာပို့တဲ့ကုလားချောချောလေးကို ကြိုက်လို့ မကုန်ကုန်အောင် အကြပ်ကိုင်ပြီးသောက်ခိုင်းတာဖြစ်သည်။ အကြပ်ကိုင်တာတော့ ရှားရှားပါးပါး လျှမ်းရဲ့ ငယ်ငယ်က ငယ်ပါတန်းလန်းနဲ့ပုံကို လိုင်းပေါ်ဖြန့်မယ် ဟူ၍ပင်။

" ပြောစရာရှိတာပြော "

" မနက်ဖြန် ငါဟိုလူကြီးဆီသွားရတော့မယ်။
အဲ့တာ မင်းလည်းလိုက်ခဲ့ "

" ဟင် အဲ့လူကြီးက ဘယ်မှာနေတာမို့တုန်း "

" ဧရာဝတီတိုင်းဘက်လို့ပြောတာပဲ ငါလည်းမသိဘူး "

" အေး လိုက်ခဲ့မယ်။ အတွေ့အကြုံအသစ် ကောင်မလေးအသစ်ရှာရင်းပေါ့ကွာ ဟား..ဟား "

" ဒါပေါ့ကွာ ဟား..ဟား "

အကြံတူ ဉာဏ်တူသူမို့ ညီအစ်ကိုအရင်းလိုပေါင်း၍ ရနေသော နှစ်ယောက်။ နှစ်ယောက်စလုံးက နှစ်ဖက်အမျိုးတွေရဲ့ ရွာစော်တွေပင်။

လျှမ်းက တရုတ်စပ်ပေမယ့် ရှောင်ကောကောတွေလို အရပ်မရှည်ဘူး။ ကင်းမုံသီးလိုပဲ ပုပုသေးသေးရယ်။ အသားကတော့ ရှယ်ဖြူတယ်။ ရယ်လိုက်ရင်မမြင်ရတဲ့မျက်လုံးတွေလည်းသူ့မှာရှိတယ်။ သွားတက်ချွန်ချွန်၊ မျက်ခုံးပါးပါးတွေရောပဲ။ ဒီလို ကင်းမုံသီးကို ကြိုက်လှချည်ရဲ့ဆိုတဲ့ ကောင်မလေးတွေဟာလည်း မနည်း။ လျှမ်းမှာ အမှည့်လွန်နေသည့် အပျိုကြီးမမရှိတယ်။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now