အပိုင်း(၁၆)

2K 149 5
                                    

အပိုင်း(၁၆)

ထန်းတောမှာ ခင်းထားသည့် ဖျာကြမ်းကြီးပေါ်မှာ ဇွဲပက်တိုင်တစ်ယောက် ပိုးလို့ပက်လက်။ ရာသီဥတုအရရော ယမကာကြောင့်ရော ပူလွန်း၍ ဝတ်ထားသည့် အင်္ကျီစလေးမှာ ရင်ခေါင်းအထိလိတ်တက်လို့။
ဖျာကြမ်းပေါ်မှာ ကားယားကြီးအိပ်နေသည့်
ဇွဲပင်တိုင်ကို ‌ထန်းလက်တွေကြားမှ နေပျောက်က တိုက်ရိုက် ရိုက်ခတ်နေသည်။

လျှမ်းဆိုသည့် လျှမ်းတောက်ထိန်ကတော့ စားပွဲဝိုင်းပေါ်မှာ ခေါင်းငိုက်ကာ အိပ်မောကျနေသယောင်ရှိသော်လည်း သူအိပ်မနေခဲ့ချေ။

သက်နိုင်ကတော့ စားပွဲဝိုင်းပေါ် ခေါင်းစိုက်ကာ အိပ်နေချေသည်။ မမူးသည့် ဂွတိုကတော့ တနင့်တပိုးစားသောက်အပြီး ပင်တိုင့်နည်းတူ ဗျာကြမ်းပေါ်မှာ ပြစ်လှဲကာ လောကစည်းစိမ်ကို အပြည့်အဝခံယူနေလေသည်။ သူ(ဂွတို)၏စိတ်ထဲတွင်လည်း ဒီအမူးသမားသုံးယောက်ကို အိမ်ဘယ်လိုပြန်ခေါ်သွားရလဲတွေးနေ၏။ သုံးယောက်လုံးကို ဂွတိုမနိုင်၍ အကူခေါ်ပါက အမ(အမေ)ရဲ့ ကြိမ်လုံးစာ မိမှာအသေအခါမို့ ဂွတို ကျောချမ်းသွားရ၏။

ငါးမိနစ်၊ဆယ်မိနစ်လောက် မှိန်းအပြီးမှာ ဂွတို ရွာထဲသို့ သုတ်ချေတင်ကာ ပြေးလာ၏။ နေစောင်းပြီဖြစ်၍ ဆရာရောက်နေလောက်ပြီဟုတွေးကာ ဆရာတို့ဝိုင်းကို ဂွတိုသုတ်ခြေတင်ပြေးလာခဲ့ပါသည်။ တကယ်လည်း ဆရာပြန်ရောက်နေပြီဖြစ်သည်။

ဂွတို ဖိနပ်ကိုကြုံသလိုချွတ်ကာ အိမ်ပေါ်သို့ပြေးတက်လာခဲ့၏။ ဘုရားခန်းကျောင်းဆောင်ဘေးရှိ လွတ်နေတဲ့နေရာမှာ ဆရာကရပ်‌နေပါ၏။ ဆရာတစ်ယောက်ထဲမဟုတ်ဘဲ စင်ပေါ်မှာ အခန့်သားနေရာယူထားသည့် တီဗွီပြားပြားကြီးနှင့် စင်အောက်ရှိ အမျိုးအစားကောင်း အောက်စက်ဟာလည်း အခန့်သား နေရာယူထားလေသည်။

ဂွတို ခဗျာ့ တစ်ခဏတာ သတိလွတ်သွားသည်။ ဒီလို တီဗွီပြားပြား အကြီးကြီးမပြောနှင့် အနောက်မှာ ဗောက်ကြီးထွက်နေသည့်တီဗွီတောင် ဂွတိုတို့ရွာလို မီးမရတဲ့ရွာမှာ နှစ်လုံးသာရှိသည်။ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ လက်ဖက်ရည်ဆိုင်တွေမှာပဲ တီဗွီများရှိလေသည်။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Waar verhalen tot leven komen. Ontdek het nu