အပိုင်း(၈)

2.2K 160 8
                                    

ဖျက်.! ဖျက်.! အောက်အီးအီးအွတ်.!

မနက်(၄)နာရီခွဲ အချိန်မှန်နှိုးတတ်သော နှိုးစက်လိုပင် မနက်ခင်း၏ကြက်တွန်သံသည်  (၄)ခွဲအတိမှာထွက်ပေါ်လာသည်။ မာန်ဟုမ်၏ မျက်လုံးတို့သည်လည်း အော်တိုပွင့်သွားပါသည်။ မာန်ဟုမ် မျက်နှာသစ်ကာ ခေါင်းပေါ်မှ ရေလောင်းချိုးလိုက်သည်။ လေစိမ်းတွေကြောင့် အနည်းငယ် အေးနေသော်ငြားလည်း နေသားကျသူအဖို့ မမှု့ပါချေ။

တီ.! တီ.!

အိမ်ရှေ့မှ လာခေါ်ရန်ပြောထားသော သက်န်ုသည် ဆိုင်ကယ်ဟွန်းတီး၍ ရောက်ကြောင်းအသိပေးတော့သည်။ မာန်ဟုမ် သနပ်ခါးရေကျဲကို ပါးပါးပွတ်ကာ သရက်သီးဘူးနှစ်ဘူးကို ထပ်ကိုင်ပြီး ထွက်လာခဲ့သည်။

မာန်ဟုမ် ဝတ်နေကျ မြင်းခေါင်းလက်ပါစွပ်ကျယ်နှင့် ချည်ပုဆိုး အပြာကွက်စိပ်လေးဖြင့်သာ။ သားရေစိမ်းဖိနပ်သည် ရှင်းသန့်သည့် ခပ်ညိုညိုခြေအစုံမှာ ခစားစေသည်။

" ကျောင်းမှာ ဒီနေ့ဘာဆွမ်းတုန်း "

" မုန့်ဟင်းခါးလို့တော့ အမပြောတာပဲဆရာ။ ရွာတောင်ပိုင်းက အရီးဒေါ်ပုတို့လှူတာတဲ့ "

" ဪ စားပွဲတွေရော ခင်းပြီးရဲ့လား "

" အမနဲ့ မနှင်းတော့ထွက်သွားတာကြာပြီ ခင်းပြီးလောက်ရောမယ် "

" အင်း "

သက်နိုင်၏ဆိုင်ကယ်နောက်မှ မာန်ဟုမ်လိုက်လာသည်။ ရွာဦးကျောင်းသည် လယ်ကွင်းစုမှာရှိသည်မို့ လူနေအိမ်တွေနှင့်ဝေးပါသည်။ ခါတိုင်း မာန်ဟုမ်ခြေလျင်သွားတာဖြစ်ပြီး ဒီနေ့မှ သရက်သီးဘူးတွေပါ၍ ဆိုင်ကယ်နှင့်သွားတာဖြစ်သည်။

တောင်ယာလုပ်တဲ့လူတွေမို့ မနက်ခင်းစောစောနိုးကြသည်။ လူငယ်တွေမှအစ ဘုရားတရားသိတတ်ကြသူမို့ ဘုန်းကြီးကျောင်းဝေယာဝိစ္စတွေကို ရွာတောင်ပိုင်းနှင့်မြောက်ပိုင်းအလှည့်ကျ သူ့နေ့နှင့်သူလုပ်ကြသည်။ ဒီနေ့က တောင်ပိုင်း၏နေ့ဖြစ်သည်။ မာန်ဟုမ်က မြောက်ပိုင်းသားဖြစ်ပြီး သက်နိုင်ကတောင်ပိုင်းသားဖြစ်သည်။ တောင်ပိုင်းနှင့် မြောက်ပိုင်းကို အလည်မှာခြားထားသည့် ရိုးပျက်လေးကြောင့် ခွဲခြားသက်မှတ်ထားဟန်။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now