အပိုင်း(၁၃)

681 12 0
                                    

ညနေစောင်းတော့ မာန်ဟုမ်တို့ပြန်ရောက်လာသည်။ ရွာဦးကျောင်းအတွက် လိုအပ်တာမှန်သမျှပါလာပြီး မငွေခင်အိမ်အတွက် စဥ့်အိုးကြီးလည်းပါလာသည်။ အရွယ်တူကာ ပိုကောင်းသော စဥ့်အိုးကြီးကြောင့် မငွေခင်မျက်နှာမှာ တပြုံးပြုံး။

မငွေခင်အိမ်မှာ စဥ့်အိုးကြီးချပေးပြီးသည်နှင့် ရွာဦးကျောင်းကို ပစ္စည်းသွားပို့သည်။ ပြီးမှ အိမ်အတွက် ပစ္စည်းတချို့နှင့် ထော်လာဂျီကို ကိုယ်တိုင်မောင်းကာ ပြန်လာခဲ့သည်။

စကားနားထောင်ပုံရသည့် သုံးယောက်မှာ တစ်ယောက်ပါထပ်တိုးပြီး အိမ်ရှေ့ကွပ်ပျစ်၌ ပိုးလို့ပလက် အတုံးအရုံးပင်။ ချက်ထားတဲ့ ဟင်းတွေမရှိတော့၍ ထမင်းတော့ စားထားပုံရသည်။ ယခုနေ သူတို့ကိုဆင်တက်နင်းတောင် နိုးမည်မဟုတ်ချေ။ မာန်ဟုမ် ခြေသံကိုဖွနင်းကာ ဝယ်လာတဲ့ဟာတွေချပြီး ရေမိုးချိုးကာ ဝက်သားလုံးထားတာတွေကို ပြန်ချက်ပြီး ချဉ်ပေါင်ရွက်
ဟင်းချိုပါချက်လိုက်သည်။

" ဟေ့ကောင်လေးတွေ ထတော့။ နေစောင်းနေပြီ ဖျားတာ နာတာဖြစ်မယ် "

တစ်ယောက်ချင်းစီလိုက်နှိုး၍ အင်း၊အဲဖြစ်ကာ ခေါင်းစုတ်ဖွားဖြင့် ထလာကြသည်။

" ဝှားး ဦးအိမ် ဘယ်တုန်းကပြန်ရောက် ဝှားး "

လက်နှစ်ဖက်ကိုအကြောဆန့်ကာ တဝှားဝှားသမ်းနေသည့်ပုံက အိပ်ရေးမဝသေးပုံ။

" အွင်းး ဆရာပြန်ရောက်ပြီလား "

" အာဟီးး ဦးမာန်ပြန်ရောက်တာစောလိုက်တာ"

" အင်းး သားက ဆရာမနက်မှ ပြန်ရောက်မယ်ထင်နေတာ "

စသည့် အိပ်ချင်မူးတူးသမားများ၏ စကားသံတွေဟာ ပျင်းပျင်းရိရိထွက်ပေါ်လာသည်။ မာန်ဟုမ်ကတော့ ကွပ်‌ပျစ်ဘေးမှာ ခပ်ပြုံးပြုံးကြည့်နေသည်။

" လေးယောက်လုံးထတော့ ရေမိုးချိုးကြ ညနေစောင်းနေပြီ။ ဂွတို မင်းအမ(အမေ)လိုက်ရှာနေတယ် "

" ဟာ သွားပြီ။ နွားစာကျွေးဖို့ကိုမေ့နေတာ ကျောကွဲတော့မှာပဲ။ သွားပြီ ဆရာ..သွားပြီနော် ကိုကြီးတို့ "

အသံနှင့်အလင်းတွင် အလင်းကပိုမြန်သလို ဂွတို၏ပြေးနှုန်းကလည်း အသံထက်ပိုမြန်သည်။ ဖိနပ်တောင် မစီးနိုင်ပဲ ပြေးသည့် ဂွတိုသည် သူ့အမေကိုတော့ အတော်ကြောက်ပုံပင်။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now