အပိုင်း(၂၀)
မီးတဝင်းဝင်းနှင့် ညမှောင်မှောင်မှာ ကြက်ရှာပုံတော်ထွက်ရသည်။ မြို့ပြနှင့်မတူစွာ ကြယ်တွေတောက်ပနေပေမယ့် လမိုက်ရက်မို့ အနည်းအကျဉ်းမှောင်နေသည်။
" ကလေးရေ ကလေးရေ "
ကြက်တစ်ကောင်ကို လူရှာသလို ကလေးရေ ကလေးရေ အော်ကာ ရှာဖွေ၏။ တခြားဝိုင်း(ခြံ)တွေကကြပါလျှင် လူပျိုကြီးမှာတိတ်တိတ်ပြန်းကလေးရှိတယ်ဟူ၍ မှတ်ချက်ပေးကြလိမ့်မည်။
" ဒီဘက်မှာ ကောက်ရိုးပုံရှိတာလား နွားလည်းမရှိဘဲနဲ့ကို "
" အဲ့ကောက်ရိုးပုံတွေက ရွာထဲက ခြံနေရာမလောက်တဲ့လူတွေကို လာထားခိုင်းတာလေ။ ကိုယ့်ခြံကလည်းလွတ်နေတော့ "
" ခင်ဗျားကတော့ စံပဲ ဦးအိမ် "
ပင်တိုင် ခေါင်းသာခါနေမိ၏။ အလှူအတန်းရက်ရောပုံက ဘယ်သူမှလိုက်မှီမယ်မထင်။
" အဲ့တာဆို အဲ့ဘက်သွားရှာရအောင် အဲ့နေရာမှာရှိချင်ရှိနေမှာ။ ဦးအိမ်က အိပ်ရာမလုပ်ပေးတော့ ကျွန်တော့်ကလေးက အိပ်ရာသွားရှာအိပ်ရင်အိပ်နေမှာ "
ဪ။ မာန်ဟုမ်နေရင်းထိုင်ရင်း စွပ်စွဲခံလိုက်ရသည်။ ကိုယ်က အိပ်ရာမခင်းပေးလို့ သူ့ကလေးပျောက်သွားသလို ထိုကောင်ငယ်လေးက လာပြောနေ၏။
" အဲ့ဘက်ကမြွေပါးကင်းပါးနဲ့ "
မာန်ဟုမ် အနောက်ကအမြန်လိုက်ရသည်။ ကောင်ငယ်လေးက လူကသာသေးတာ စိတ်ကမြန်ချက်။
" ကလေးရေ ကလေးရေ ဘယ်ဂျောင်မှာအိပ်နေလဲကွာ "
" တိုင် ကိုယ့်နောက်ကလိုက်ခဲ့ ကိုယ့်ပြောစကားနားထောင်ပါဆိုနေ "
အလိုမကျစွာ ဆူပူမိပြန်တော့ ခပ်မဲ့မဲ့လုပ်ပြသည်။ မာန်ဟုမ်လည်း ခေါင်းခါကာ အရှေ့ကနေသွား၏။
" အောက်ကိုသေချာ…"
" အာ့.."
မာန်ဟုမ်က ဒီဘက်လှည့်အပြော ပင်တိုင် ခလုတ်အတိုက်နှင့် ပက်ပင်းတိုးပါတော့သည်။ ရုတ်တရက် ရုပ်ရှင်ဆန်သော အခြေအနေကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကုန်ကြ၏။
YOU ARE READING
မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)