အပိုင်း(၇)

2.4K 158 5
                                    

နွေရာသီဖြစ်၍ ညနေ(၆)နာရီဟူသော အချိန်တွင် နေ၏အလင်းရောင်ထည်ထည်ဝါဝါရှိနေသေးသည်။ ညောင်ပင်တန်းကိုသွားသည့် ခုန်ဆွ ခုန်ဆွထော်လာဂျီ၏နောက်စွန်းဖျား၌ ယိမ်းထိုးကာ လိုက်လာကြသည်။ ပစ္စည်းတွေက သစ်သီးတွေဖြစ်တာကြောင့် အခုန်နည်းသည့် ထော်လာဂျီ၏အရှေ့ဘက်မှာတင်ထားရလေသည်။ နေပူပူ၌ မြှီးညှောင်ရိုးအောင့်သည်အထိ ထော်လာဂျီ စီးရသည့်ကိစ္စ မည်သူကပျော်မည်နည်း။ ထို့နည်းတူစွာ ပင်တိုင်လည်းပျော်မနေခဲ့ချေ။

နေကာမျက်မှန်အောက်က ပင်တိုင်၏ မျက်ဝန်းညိုညိုတွေတွင် စိတ်ဖိစီးမှုအပြည့်ကို တွေ့ရပေမည်။ shirtအညို‌ရောင်လက်ရှည်သည် အပါးဖြစ်၍ ပင်တိုင်၏ချွေးစများ ကပ်ငြိကာ ကပ်နေသည်။

လမ်းတစ်လျှောက်လုံး အရိပ်ရသည့်အပင်မရှိ၍ ပူပြင်းလှသည့်နေရောင်သည် အားမနာစွာ ထိန်ထိန်သာနေကာ ကန္တာရအလား။ လေပြည်ညင်းတို့က တစ်ချက်တစ်ချက်ဝေ့ပေမယ့် ၎င်းတို့လည်းပူပြင်းမှုကိုလျှော့ချပေးနိုင်ဟန်မရှိချေ။

ဂလုတ်! ဂလုတ်!

လမ်း၏အလည်၌ မုန့်လင်ပြားဒယ်အိုးလိုမျိုး အတော့်ကိုကြီးသည့် ချိုင့်ခွက်တွေရှိလေသည်။ ပုခက်လိုမျိုး အိပဲ့ အိပဲ့ပေမယ့် မြှီးညှောင်ရိုးတော့ အတော့်ကိုအောင့်စေသည်။ လက်လွှတ်ကာ စီးနေသည့် ပင်တိုင်သည် အလန့်တကြား ထော်လာဂျီ၏ ဝါးတန်းရံထားသည့် လက်ရမ်းကို ကိုင်လိုက်သည်။ ဘယ်သူထင်မှာလဲ ရင်ထဲမှာ နွေခေါင်ခေါင်မိုးကြိုးပြစ်သလို တဂျိန်းဂျိန်း တဒိုင်းဒိုင်းခံစားသွားရမယ်လို့။

လမ်းတစ်လျှောက်လုံးစိတ်ပျက်လာခဲ့သမျှ အခုမှာမူ အသက်ရှူပင်မမှန်ချင်တော့ချေ။ ပင်တိုင်ကိုင်လိုက်သော လက်ရမ်းသည် ပင်တိုင်၏အရှေ့ဖြစ်ရာ ထိုလက်ရမ်းပေါ်၌ ချွေးစတို့ခပ်စိုစိုဖြစ်နေသော လက်ပခုံနွေးနွေးကြီးဖြင့် ဂဟေဆက်မိလေသည်။ ပင်တိုင်အလန့်တကြား အနောက်သို့ ပြန်လှည့်ကြည့်မိလေတော့ နေရောင်အောက်မှာ တည်တည်ကြည်ကြည်ခန့်ညားနေသော ဦးအိမ်နှင့် အကြည့်ချင်းစုံမိလေသည်။

အို..နွေလည်ခေါင် ကောင်းကင်ယံမှာလျှပ်စီးတဖျပ်ဖျပ်၊မိုးကြိုးသံ တဒိန်းဒိန်းဖြစ်နေသလိုပါပဲ။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now