အပိုင်း(၂၆)
မကွေး၌ ဟိုမသက်ဆိုတဲ့ အဒေါ်ကြီးအိမ်မှာ လေးငယ်က ပင်တိုင်တို့ကို စောင့်နေသည်။ လေးငယ်က ပင်တိုင်တို့ထက် နာရီဝက်စောရောက်ပြီး ဟိုအဒေါ်ကြီးအိမ်မှာ ထမင်းတောင်စားနေပြီဖြစ်သည်။
" လေးငယ် ဘာလို့ဇွဲကောင်းကောင်းနဲ့ ဒီလောက်အစောကြီး လာရတာတုန်း "
ပင်တိုင် လေးငယ်ကိုတွေ့တာနဲ့ ရန်တွေ့ပြီးသားဖြစ်၏။ လေးငယ် ရောက်နေတော့ ပင်တိုင်တို့ စောစောပြန်ရမှာပေါ့။
မခွဲချင်ဘူး ဒီမြေကို..
မဝေးချင်ဘူး ဒီလူနဲ့…လွမ်းရတဲ့အရသာက ခါးသလား။ ချိုသလားမသိခဲ့တဲ့ ပင်တိုင့်ကို ကံကြမ္မာက အရသာမြည်းစမ်းစေဖို့ အကြောင်းပြုလာတော့ ပင်တိုင်ရုန်းထွက်ချင်သည်။
လွမ်းရမှာကြီးကို တကယ်မကြိုက်ပါဘူး…
" ဟ..ဆရာလေး..ကျွန်တော်မျိုးက အလုပ်တွေဖျက်ပြီး လာခေါ်ရတာပါ။ ပြောမယ်ဆို ကျွန်တော်မျိုးက ပြောရမှာမဟုတ်လား "
လေးငယ်က ဖေဖေနှင့်မတူဘဲ သူ့ဘာသာ သူ အေးအေးဆေးဆေးနေတတ်သည်။ ဖြူအုအုအသားအရေနဲ့ စတိုင်လ်ကျကျနေတတ်သူဖြစ်ပြီး ပင်တိုင်နဲ့ယှဉ်လျှင် ညီအစ်ကိုလိုဖြစ်နေ၏။ အေးအေးဆေးဆေးနေတတ်သည့် လေးငယ်လို လူကိုတောင် ပြဿနာရှာဖူးသည့် ပင်တိုင်က အရင်ကတော့ အတော်ဆိုးချင်ကောင်းဆိုခဲ့ပါလိမ့်မည်။
အခုတော့ ကိုယ့်လူကြီးကောင်းမှုအကြောင်းပြုကာ လိမ္မာပြရပါတော့မည်။
ကိုယ့်လူကြီးက ချုပ်ချယ်ပြီး အရာရာကိုဆရာကြီးလုပ်သွန်သင်တာမျိုး မဟုတ်ဘဲ အလိုလိုက်ကာ မှားတဲ့နေရာကို ထောက်ပြတတ်သူဖြစ်၏။
မကြည်နေသည့် ဖေဖေတို့ဟာ ပငျိုင့်ထက်ကြီးသော လူကြီးထံ အပြစ်ပုံချလိမ့်မည်ဆို၍ ပင်တိုင်လိမ္မာပြပါမည်။ စို့သော် ဆိုးချင်သည့်အချိန်၌လည်း ဆိုးပါမည်။
ပင်တိုင်က ပုံစံခွက်ထဲက ရေလေ။ အစိုင်အခဲမှမဟုတ်တာ။
" ဟုတ်ပါပြီ ဦးကြီးတော်ရယ်။ ကျွန်တော်မျိုးက သိပ်..သိပ်ကို ကျေးဇူးတင်ပါတယ် ဟုတ်ပြီလား "
YOU ARE READING
မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)