အပိုင်း(၉)

2.2K 153 15
                                    

သက်ရှိရွှေစင်ရုပ်ထုသဖွယ် နေခြည်မှာဝင်းပနေသည့်  ရေစက်တို့တွဲလဲခိုရာ ပင်တိုင်၏ ပြစ်မျိုးမထင်သည့် အလှတရားကို နွားနို့ကျိုနေသည့် မာန်ဟုမ် အငေးကြီးငေးနေမိသည်။ သတိကိုအမြဲကပ်ထားသည့် မာန်ဟုမ်သည် ဇွဲပင်တိုင်နှင့်ကျမှ သတိအမြဲလွတ်ရသည်။

အဟမ်း.! သတိကပ်စမ်း။

မာန်ဟုမ် ကိုယ့်ကိုကိုယ်သတိပြန်ကပ်ကာ နွားနို့အိုးကြီးကို မေ့ပြီး အိမ်ထဲဝင်လာခဲ့သည်။ အိမ်ရှေ့ ဘုရားခန်းနားက လေသာပေါက်မှာ ကုလားထိုင်ကိုချပြီး စာအုပ်တစ်အုပ်ထိုင်ဖတ်နေသည်။

" ဦးအိမ်ရေ ဦးအိမ် အိုးထဲကဆပ်ပြာမြှုပ်တွေထွက်နေတယ် ဦးအိမ်ရေ "

အနောက်ဖေးက ပင်တိုင့်အော်သံကြောင့် မာန်ဟုမ် စာအုပ်ကြီးပြစ်ချကာ အိမ်နောက်ဖေးကိုပြေးရသည်။ ပြေးဝင်မိတော့မှ မှားလေသည်။ ရေချိုးထားပုံရသည့်  ပင်တိုင်၏အပေါ်ပိုင်းသည် မာန်ဟုမ်ကို တံတွေးမြိုချမိအောင်အထိ ဆွဲဆောင်နေလေသည်။

ကျော့ရှင်းနေသည့် လည်တိုင်ကျော့ကျော့လေး။ နီနီရဲရဲဖြစ်နေသည့် အသာပိုလေးတစ်စုံနှင့် ဗိုက်သားချပ်ချပ်လေးတို့သည် ကြည်လင်းသောအသားအရေ၌ နေရာတကျရှိနေလေသည်။ ထိုအသားအရေပေါ်၌ ကပ်ငြိနေသော ရေအစက်အပေါက်တို့သည် မီးကိုလောင်စာထည့်ပေးသည့်နယ်။

" ဦးအိမ် အောက်မှာဆပ်ပြာမြှုပ်တွေထွက်နေပြီလို့.!!! "

ပင်တိုင်၏အသံကြောင့် အပီအပြင်ငေးနေသည့် မာန်ဟုမ် အသိပြန်ဝင်ကာ ဝေကျနေသည့် နွားနို့အိုးအဖုံးကို လက်ဗလာဖြင့် ဖွင့်လိုက်မိသည်။

ဂလွမ်..ဂလွမ်

" အားလားလား ပူလိုက်တာ "

နွားနို့အိုးစလောင်းဖုံးသည် မြေခရလေသည်။ မာန်ဟုမ် ပူနေသည့် ညာလက်ကို နားတွင်အုပ်ကိုင်စေပြီး သက်သာစေသည်။ ပြီးနောက် ဝေနေသည့် နွားနို့အမြှုပ်တွေကို ပါးစပ်ဖြင့် တဟူးဟူးမှုတ်လေသည်။

" ဦးအိမ် ဦးအိမ် ပူသွားတယ်မလား "

ပင်တိုင်က မာန်ဟုမ့်အနားပြေးလာကာ နားကပ်ထားတဲ့ လက်ကိုဆွဲယူပြီး စူးရှရှအညိုရောင်မျက်ဝန်းလေးဖြင့် စိုက်ကြည့်နေသည်။ ပြီးနောက် အနားမှာရှိသော သွားတိုက်ဆေးတွေကို ကွမ်းသီးလုပ်လောက်ညှစ်ချပြီး အပူလောင်သည့် နေရာကို သုတ်ပေးလေသည်။ အပူလောင်တာက နှမ်းစေ့လောက်ဖြစ်ပြီး ဆေးလူးထားတာက ကွမ်းသီးလောက်ဖြစ်နေလေသည်။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now