အပိုင်း(၂၇)
ရန်ကုန်ပြန်ရောက်တော့ တစ်နေ့နဲ့တစ်နေ့ စားလိုက် သောက်လိုက်နဲ့ပဲအချိန်ကုန်နေခဲ့တယ်။ အရင်ကလို club၊barနေရာအစုံမှာ သောင်းကြမ်းတာမျိုး။ ကော်ဖီဆိုင်အမျိုးမျိုးမှာ dateတာမျိုးမလုပ်ဖြစ်တော့။
အိမ်မှာတောင် အခန်းထဲက အပြင်ကို ထမင်းစားချိန် တစ်ချိန်သာထွက်စားသည်။ တစ်အိမ်လုံးမှာ မေမေနဲ့ပဲ စကားနည်းနည်းပြောပြီး အခန်းအောင်းနေသည်။
အချိန်ပြည့်တိုင်းဖုန်းဆက်လို့မရပေမယ့် အားတဲ့အချိန်တိုင်းဆက်မယ့်ဖုန်းကို တစ်နေ့တစ်နေ့မျှော်ရတာလဲ အလုပ်တစ်ခုလိုပဲ။
လွမ်းရတာလဲ အလုပ်တစ်ခုလိုပဲ။
အိမ်ထဲမှာပဲ နေရတာကြာလာတော့ ပျင်းလာ၏။ ဒါကြောင့် အခုတစ်လော Blogရိုက်ရင်ကောင်းမလားစဉ်းစားမိသည်။
ညောင်ပင်တန်းက ပြန်လာထဲက အစားမျိုးစုံစားပြီး ကောင်း၏ မကောင်း၏ ဝေဖန်တတ်လာသည့်အကျင့်ကြောင့် blogရိုက်ဖို့စီစဉ်လိုက်သည်။ခရီးသွားရတာလည်းကြိုက်တော့ Zwel-Travelling and food blogနာမည်နှင့် pageထောင်ကာ အရင်ဆုံးဘယ်ခရီးမှမသွား၊ဘယ်ဆိုင်မှမသွားဘဲ အိမ်မှာပဲ မှာစားပြီး ရိုက်၏။ ရုပ်ခံလေးရှိတာရယ်၊ပွင့်ပွင့်လင်းလင်းဝေဖန်တတ်တာရယ်၊ ဟင်းထဲမှာပါတဲ့အမယ်စုံတွေကိုရှင်းပြပြီး ဘယ်လိုလူမျိုးတွေဆိုစားသင့်ကြောင်း၊ ဓာတ်မတည့်ပါက ရှောင်နိုင်အောင်ပါ ပြောပေးတာကြောင့် တစ်လအတွင်း follower 100kဖြစ်လာသည်။
Deliveryရောက်လို့ ခြံရှေ့ထွက်ယူချိန်နဲ့ ဖေဖေအလုပ်ကပြန်လာချိန်နဲ့တိုးရင် ဖေဖေ့ရဲ့ရွဲ့ပြောမှုတွေကို ပြန်မပြောမိအောင် သည်းခံရသေး၏။
" အလကား ငပျင်း "
" အလကား အရည်မရအဖက်မရတွေလုပ်နေတာ "
" အလကား မိဘကူမယ်တော့မရှိဘူး "
ဘာညာကွာစိတွေပြောနိုင်လွန်းသောဖေဖေ့ကြောင့် မေမေက ပင်တိုင့်ကိုအမြဲလာလာချော့ရ၏။
သားဖေဖေက သားကိုချစ်လို့ စတာဖြစ်ကြောင်း။ အခုလည်း ဘဏ်အကောင့်ထဲ မုန့်ဖိုးဘယ်လောက်ထည့်ပေးထားကြောင်း။ မေမေကတော့ အမျိုးစုံချော့ရှာပါသည်။
YOU ARE READING
မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)