အပိုင်း(၂၁)

1.8K 115 1
                                    

အပိုင်း(၂၁)

" ပိုးစုန်းကြူးလေးတွေကိုကြည့်စမ်းကွယ်..
ဖင်မှာမီးလင်းနေပါတယ်..မောင်ရယ်ဖမ်းပေးဟိုဝေးမပြေးသွားအောင်.. မေ့ဖင်မှာ မီးလင်းချင်တယ်.."

(ပိုးစုန်းကြူးသီချင်းကို ထိခိုက်‌စေလိုခြင်းမရှိပါ)

လောလောလတ်လတ်ချစ်သူနှစ်ဦးသည် ကောက်ရိုးပုံနံဘေးထိုင်ကာ နက်ပြာရောင်ညကောင်းကင်းကို ငွေမှုန်လေးများဖြန်းပက်ထားသကဲ့သို့ ဖြစ်နေသော မှိတ်တုတ် မှိတ်တုတ်ကြယ်လေးတွေကို ခန္ဓာကိုယ်ချင်းအလွန်နီးကပ်စွာထိထားပြီး ကြည့်နေသည်။ ထို့အတူ လေ၌ပျံဝဲနေသော မီးအလင်းလုံးသကဲ့သို့ ဖြစ်နေသော ပိုးစုန်းကြူးလေးများကိုလည်း တစ်ပြိုင်နက်ကြည့်နေသည်။

ပိုးစုန်းကြူးများကို မြင်မှ ပင်တိုင် အရွှန်းဖောက်မိသည်။ ခန္ဓာကိုယ်ချင်းနီးကပ်နေတာကလည်း ပင်တိုင်က အရိုးမပါတဲ့ တီကောင်လို မာန်ဟုမ့်အပေါ် ရစ်ပတ်မထားရုံတစ်မယ် ပျော့ခွေကာ မှီထား၍ ဖြစ်သည်။  လူပျိုကြီးက ဒီလောက်လက်သွက်ပါ့မလား။

" ဟာကွာ..အဟုတ်မှတ်လို့နားထောင်နေတာကို ဒီကောင်လေးကတော့ "

လူကြီးရှက်တော့ရယ်သည် ဆိုသလို မာန်ဟုမ် ဂုတ်ပိုးကိုပွတ်ကာ ရယ်လိုက်မိပါ၏။ ပေါက်ကရပြောနိုင်လွန်းသော ချစ်ရသူကိုလည်း ချစ်ရွှန်းဝေဆာစွာ နူးနူးညံ့ညံ့ကြည့်နေမိ၏။

" ဟမ် ကျွန်တော့်လူကြီးက ရှက်သွားတာလား။ ဟားဟား..ဒါလေးပြောတာကို ရှက်ရတယ်လို့ဗျာ။ ခင်ဗျားက တကယ့် ယင်ပျိုမသမ်းဖူးတဲ့ လူပျိုသိုးကြီးဆိုတာ ယုံသွားပါပြီဗျာ "

ပင်တိုင် သဘောတကျရယ်မိသည်။ လှောင်ရယ်တာမျိုးမဟုတ်ဘဲ အသည်းယားလွန်း၍ တစ်ခုခုမလုပ်မိအောင် အရံမတားအဖြစ် ရယ်ရခြင်းဖြစ်သည်။

" အွမ်း..ကိုယ့်လို ယင်ပျိုမသမ်းဖူးတဲ့ လူပျိုစစ်စစ်ကိုရထားတာ ကောင်လေးဂုဏ်ယူသင့်တယ်။ ပြီးတော့.."

ခက်ဖွဖွပြုံးလိုက်မိ၏။ ပြီးတော့နောက်ကစကားလုံးကို မာန်ဟုမ်ဆက်ပြောဖို့ရာ ရှက်ပါသည်။‌ ပြောချင်ပေမယ့်လည်း မပြောရဲချေ။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now