အပိုင်း(၂၅)

1.7K 110 1
                                    

အပိုင်း(၂၅)

(8kပြည့်အမှတ်တရမို့ double upထားတာပါ။ ဟီး ချစ်ရင် Gpတွေမှာ ဈေးဗန်းဝိုင်းခင်းပေးကြပါအုံး။ ဒါလေးက ရှယ်ဖလုတ်နေလို့ updateမှန်မယ်လေ ဒီတစ်လအတွင်းအပျက် ယုံတယ်မလား)

လူတွေက သူတို့ရဲ့တစ်နေ့တာပါမက သူတို့ရဲ့ဘဝကိုပါ ပုံစံခွက်ကိုယ်စီနဲ့ထည့်ထားလေ့ရှိတယ်။ ပုံစံခွက် တစ်ခုစီတိုင်စမှာ အခက်အခဲတွေ ပင်ပန်းတဲ့ ဒဏ်တွေကမတူကြပေမယ့် နောက်ဆုံးလွတ်မြောက်ချင်တာတော့ တူကြတယ်။

ဇွဲပင်တိုင်ဆိုတဲ့ သူကတော့ တခြားသူတွေလို ပုံစံခွက်ထဲမှာ အံဝင်ခွင်ကျဖြစ်နေတဲ့ လူမျိုးမဟုတ်ဘူး။ ပုံစံခွက်ထဲက ပြည့်လျှံနေတဲ့ အ‌ရည်တစ်မျိုးဖြစ်၏။ နည်းနည်းလှုပ်ခတ်လိုက်တာနဲ့ လျှံထွက်သွားတတ်တဲ့လူမျိုး။ အရည်တွေက ဘယ်လောက်ပဲ တင်းကြပ်တဲ့ပုံစံမျိုးမဆို အံဝင်ခွင်ကျဖြစ်တာမျိုးမရှိဘူး။ စည်းတွေဘောင်တွေထဲ အသားကျလေ့မရှိဘူး။

အဲ့လိုပဲ သူကလည်း စည်းတွေဘောင်တွေထဲမှာ အသားတကျမနေနိုင်ဘူး။ လူတွေရဲ့ ပြစ်တင်ရှုတ်ချခြင်းတွေကိုလည်း သူက ဂရုမထားတတ်တော့ဘူး။ ပြောရရင် သူကသိပ်ကို သန်မာလာပြီး ခေါင်းမာလာတယ်။ ဒါက အချစ်ကပေးတဲ့စွမ်းအားတွေပေါ့။

သိပ်ကိုလည်း လျှို့ဝှက်တတ်လာတယ်။ သူက လွန်ခဲ့တဲ့ ငါးနှစ်ကလို မိဘဂုဏ်ရှိန်ကို မော်မော်ကြွားကြွားလုပ်ပြီး သုံးဖြုန်းတတ်သူမဟုတ်တော့ဘူး။ မိသားစုနောက်ခံကိုဖျောက်ပြီး ကိုယ့်အစွမ်းအစနဲ့ ကိုယ်ပျော်သလိုနေတတ်တဲ့ သူမျိုးဖြစ်လာတယ်။

ဇွဲပင်တိုင်၏ နောက်ကျောင်းကို ညောင်လေးပင်ရွာက သူတွေရယ် ဇွဲပင်တိုင် ပြဿနာရှာဖူးတဲ့သူတွေရယ်ပဲ သိတော့မှာဖြစ်တယ်။

ကလင်~~ ကလင်~~

နှိုးစက်မြည်လာတာနဲ့ မျက်လုံးကိုအရင်မဖွင့်ဘဲ ဖုန်းကို လိုက်စမ်းပြီး နှိုးစက်ကိုပိတ်လိုက်သည်။ ပြီးနောက် ပြန်အိပ်သည်။ အိပ်ရာထဲမှာ သုံး၊လေးပတ်လောက် လှိမ့်ပြီးမှ အိပ်မှုန်စုန်ဖွားနဲ့ ခေါင်းကိုတဗျင်းဗျင်းကုတ်ပြီး အကြောဆန့်လိုက်သည်။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now