အပိုင်း(၂၃)
အချိန်တွေကုန်လာလိုက်တာ မိုးဦးကျသို့ ရောက်မှန်းမသိရောက်လာသည်။ မိုးစရွာထဲက ပင်တိုင်တို့ရထားတွဲကြီးငြိမ်ချက်သားကောင်းနေ၏။ အကြောင်းက ဦးအိမ်လုပ်စာထိုင်စားပြီး အိမ်ထဲမှာ မိုးအေးအေးနှင့်နှပ်နေခြင်းသာ။
ယခုလည်း အိမ်ထဲမှာ တီဗွီဖွင့်ကာ ဦးအိမ်ချက်သမျှဟင်းကိုစား၊ ဦးအိမ်ဝယ်ထားသမျှမုန့်တွေကိုစားကာ ဇိမ်ကျနေသည်။ ရန်ကုန်မှာလို လေတိုက်သည်နှင့်မီးမပျက်ဘဲ ဆီကုန်မှမီးပျက်တာဖြစ်၍ ပင်တိုင်တို့အတွက်အတော်အဆင်ပြေသည်။
"ပင်တိုင် အရိုးမပါဘူးလားကွာ သူ့ခန္ဓာကိုယ်ကြီးနဲ့ လူကိုပဲလာမှီနေတာ"
" မင်းကလဲကွာ ငြိုငြင်နေတာပဲ နေ နေ ငါ့လူကြီးငါမှီမယ်။ ဦးအိမ်ရေ ဦးအိမ် ကျွန်တော့်ချစ်ချစ်ကြီးရေ "
ပင်တိုင် အာပြဲအောင် အော်ခေါ်နေသည်။
အချိန်တွေတလီလီပြောင်းလဲလာလို့ အတူနေသုံးယောက်က ပင်တိုင်တို့နှစ်ဦး၏ အခြေအနေကိုရိပ်မိနေကြရုံမက သိပါသိနေကြသည်။ အစပိုင်းတော့ သက်နိုင်နဲ့ဂွတိုက အိမ်ကိုအလာကျဲသွားသည်။ နောက်တော့ လျှမ်းဘယ်လိုပြောလိုက်မှန်းမသိပါ အရာရာပုံမှန်ပြန်ဖြစ်သွားသလို သူတို့ကို သာမာန်လိုပဲ ဆက်ဆံသည်။ သူတို့နှစ်ဦးကလည်း ယခင်အတိုင်းတစ်ယောက်အပေါ် တစ်ယောက်ဂရုစိုက်မပျက်။ ယခင်က skin shipမများသော်လည်း ယခုက skin shipများလာသည်။ ဒါပဲကွဲပြားသွားတာဖြစ်၏။
အတူတူချိန်းတွေ့မည့်အချိန်ဆို လူအလစ်ကျမှ မာန်ဟုမ်၏အခန်းထဲ၌ ချိန်းတွေ့၏။ သူတို့နှစ်ဦးဖက်ကာ၊နမ်းကာ ကလူကလယ်ပြုမူတာတွေကို တစ်ဦးတစ်ယောက်ကိုမှမမြင်စေလို။ အထင်သေးကဲ့ရဲ့ခြင်းဒဏ်ကို အသားတကျရှိခဲ့သော်လည်းပဲ မသတီသလိုပြုမူမည့်လုပ်ရက်များကိုတော့ နှလုံးသားလေးကဖြူစင်သောကြောင့် နာကျင်စေနိုင်သည်။
ကောင်လေးတို့လွတ်လွတ်လပ်လပ်ပျော်ကြပါစေဆိုပြီး သူအခန်းထဲမှာ တရားထိုင်၊ပုတီးစိပ်နေမိသည်။ သည်းကြီးမည်းကြီးရွာနေသည့် မိုးသံတွေကို အာရုံငါးပါးသတိကပ်ကာ တရားမှတ်နေသည့်ကြားက အသံစူးစူးလေးကို ကြားလိုက်ရ၏။
YOU ARE READING
မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)