ဇာတ်သိမ်းပိုင်း

1K 17 0
                                    

အပိုင်း(၂၉)

အဝေးပြေးလမ်းမကြီးပေါ်မှာ တရိပ်ရိပ်ပြေးလွှားနေ‌တဲ့ အဝေးပြေးကားအနီရောင်တစ်စင်းရှိ၏။ ထိုကားထဲတွင် သီချင်းသံငြိမ့်ငြိမ့်လေး ပျံ့လွင့်နေ၏။

လွမ်း~~ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း~~

မာန်ဟုမ် သီချင်းကို သံယောင်လိုက်မိတော့ ပခုံးပေါ် ခေါင်းတင်ထားသူက ဇက်ခနဲ ထကာ ပါးစပ်ကို လက်ညှိုးတစ်ချောင်းနဲ့ပိတ်၏။ ပြီးတော့ ပြောသေးသည်။

" အတိတ်ဆိုတာ ရင်ထဲလှိုက်ပြီးလွမ်းစရာလား ဦးအိမ်ရဲ့ တခြားသူတွေမှာတော့ ရှိကောင်းရှိနိုင်ပေမယ့်  ကျွန်တော်တို့မှာတော့ မရှိဘူးလေ။ အတိတ်က ကျွန်တော်ကလည်း ဦးအိမ်ဘေးနားမှာ ပစ္စုန့်ပန်အထိရှိမှာပဲလေ။ အတိတ်ဆိုတာ ကျွန်တော်တို့အတွက် နည်းနည်းနာကျင်ဖို့တော့ကောင်းတယ် လွန်ခဲ့တဲ့ ငါးနှစ်တုန်းကပေါ့ "

" ကိုယ်ပြောပြမယ် သေချာ‌နားထောင်နော်။ ဥပမာ ကိုယ်တို့ရဲ့အတိတ်က သစ်သားတုံးကြီးကွာ အဲ့အတိတ်ကို နာကျင်မှုဆိုတဲ့ မီးတောက်လေးက တိုက်စားသွားတယ်။ မီးတောက်လေး အငြိမ်းမှာ ကိုယ်တို့ရဲ့ အနာဂတ်ရှိတယ်။ ကိုယ်တို့အနာဂတ်မှာ အဲ့အတိတ်က မီးကျွမ်းနေတဲ့ အရာတစ်ခုပဲ။ အချိန်တစ်ခုရောက်ရင် အဲ့အတိတ်ဆိုတဲ့ မီးကျွမ်းနေတဲ့အရာကို ကိုယ်တို့က ခြေဖျက်လိုက်ရမယ်။ အဲ့ကျရင် အဲ့အတိတ်က နာကျင်စရာတွေက ပြာအမှုန်အမွှားအဖြစ်နဲ့ပဲ လေထဲလွင့်သွားလိမ့်မယ်။ ဆိုလိုတာက ကိုယ်တို့အတွက်အတိတ်က အသုံးမဝင်ဘူး။

အခု ကိုယ်တို့က ပြာအမှုန်တွေကို လွှတ်ပေးဖို့ အချိန်တန်ပြီ။ အတိတ်ကိုမှတ်မိနေရင်တောင် အဲ့တဒင်္ဂကို မေ့ထားရအောင် "

မာန်ဟုမ် နှုတ်ခမ်းပေါ်က လက်ညှိုးလေးကို စုတ်ကိုင်ကာ ‌မျက်လုံးညိုညိုလေးကိုကြည့်ရင်း စကားသံအေးအေးဖြင့် ဖြောင်းဖျသည်။

" အင်းပါ ဦးအိမ်ရဲ့ ကျွန်တော်တို့အခု ပြာမှုန့်လေးတွေကို လွှတ်ပေးလိုက်တော့မယ်နော် ဟီး ချစ်တယ် ဒီနေ့ရော မနက်ဖြန်ရော "

" ဪ သန်ဘတ်ခါကျ ကိုယ့်ကိုမချစ်တော့ဘူးပေါ့ ဟုတ်လား "

ရင်ခွင်ထဲတိုး‌ဝင်နေတဲ့ ခေါင်းလုံးလုံးလေးကို ဖွဖွလေးပွတ်ကာ ကျီကျီစယ်စယ်ပြုတော့..။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now