အပိုင်း(၂၂)

1.8K 102 0
                                    

အပိုင်း(၂၂)

မာန်ဟုမ် လင်းကြက်တွန်သံနှင့်အတူ နိုးထလာခဲ့သည်။ ပုံစံခွက်ထဲကျနေသည့် ဘဝမို့ အိပ်ယာနိုးသည်နှင့် လုပ်မြဲ၊လုပ်စဲအရာများကို စက္ကန့်မခြားတွေးစရာမလိုအောင် အလိုအလျောက်လုပ်မိ၏။ မာန်ဟုမ်နှင့်နည်းတူ တစ်ဖက်အခန်းမှနိုးထနေသည့် ကောင်လေးလည်းရှိ၏။

ပင်တိုင် နောက်ကျသည်အထိ အိပ်ရခြင်းကို မနှစ်မြို့တော့ပဲ ဦးအိမ်၏အခန်းတံခါးဖွင့်သည်နှင့် နိုးလာတတ်၏။ အိပ်ရေးဆက်လာခြင်းမဟုတ်ဘဲ အိပ်ပုပ်ကြီးနေစဲပေမယ့် ဦးအိမ်၏တံခါးဖွင့်သံကြားမှ နိုးလာတတ်တာဖြစ်သည်။

ဘုရားခန်းမှ ဘုရားစာရေရွတ်သံကို ကြားမှ ပင်တိုင် အခန်းထဲမှထွက်ပြီး ဘုရားခန်းထဲကိုလာခဲ့သည်။ ဘုရားခန်း၌ တရားရိပ်၊ဘုရားရိပ်ကို အေးအေးချမ်းချမ်းခိုလုံပြီး မေတ္တာတရားတို့ပွားများတတ်သည့် မေတ္တာများသည့် လူသားကိုတွေ့ရ၏။ သူ(မာန်ဟုမ်)သည် မည်သည့်အမူအရာမှမရှိဘဲ အေးအေးချမ်းချမ်းနှင့် မေတ္တာသုတ်တော်ကိုရွတ်နေ၏။ ရေရွတ်နေသည့်အသံကအစ အေးချမ်းနေရာ တစ်ပါးသူများ မေတ္တာပွား၊သာဓုခေါ်စေရန် ညှို့ငင်နေသလိုပင်။

ပင်တိုင် ဤပုံရိပ်ကို ချောင်းချောင်းကြည့်ရတာ တစ်လပင် မကတော့ချေ။ ဤပုံရိပ်ကို ‌အဝေးကချောင်းကြည့်ရတာကို အိပ်ရတာထက်သဘောကျ၏။ သာဓုခေါ်ခါနီးကျရင်တော့ အရင်ကပင်တိုင်က ပြေးကာပုန်းတတ်၏။ ယခုတော့ သာဓုခေါ်ပြီးတဲ့ အထိထိုင်ကြည့်ပါမည်။

မာန်ဟုမ်အမြဲတမ်း အနောက်မှ ခိုးခိုးကြည့်တတ်သူကိုသိပါ၏။ သို့သော်မသိချင်ယောင်ဆောင်ထားပါ၏။ ယခုတွင်တော့ထိုသို့မဟုတ်။

" ချောင်းကြည့်နေရုံနဲ့မလုံလောက်ဘူးနော်။ ကိုယ်နဲ့အတူ ဘုရားရှိခိုးပြီး ကျွတ်လမ်းဝင်သင့်တယ်။ ဒါမှ ကိုယ်လည်း ကိုယ့်ကောင်းမှုတွေကိုစွန့်ပြီး မင်းလေးနဲ့ငရဲမလိုက်ရမှာလေ ဟင်းး "

ဘုရားရှိခိုးပြီးသည်နှင့် မာန်ဟုမ် အနောက်မှာကျုံ့ကျုံ့လေးထိုင်နေသည့် ပင်တိုင့်ကို လှည့်ကာ စနောက်၏။

" အာ..ဦးအိမ်ကလည်း ကျွန်တော်က ငရဲသွားရမှာမဟုတ်ပါဘူးနော် ဟွန်း..ဘုရားရှိခိုးပြီးတာနဲ့လူကိုလာ စ တယ် မကောင်းတဲ့လူကြီး "

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now