အပိုင်း(၁၈)
တစ်လုံးစ နှစ်လုံးစဆို မွှေးမည်ဖြစ်သော ပိန္နဲသီးရနံ့သည် ပင်တိုင်းနီးပါးပြွတ်ပြွတ်သီးကာ ရင့်မှည့်နေသောအခါ ခပ်အီအီဖြစ်စေသည်။ ခပ်လှိုင်လှိုင်ဖြစ်နေသော သရက်သီးရနံ့သည်လည်းပြောစရာမလိုအောင် အီလွန်းသည်။ မာလကာအူနီသီးတွေရဲ့ မှည့်နေသည့်ရနံ့၊ကျွဲကောသီးရနံ့..စသည့်ရနံ့ပေါင်းစုံတို့သည် လာစားလှည့်ပါဟု ဖိတ်ခေါ်နေသယောင်ရှိသည်။ အသီးရနံတို့ ထုံကြူမွှေးနေသော ဘုန်းကြီးကျောင်း၏ အနောက်ဘက်တောသည် ပင်တိုင်တို့အတွက်နိဗ္ဗာန်ပင်။
စစချင်းနေ့၌သာ ကျောင်းထိုင်ဘုန်းကြီးကို ကျောင်းကြီးပေါ်တက်၍ ကန်တော့သော်လည်း ယခုတွင်မူ မတက်ဖြစ်။ ထိုနေ့မှာပင် ကျောင်းထိုင်ဘုန်းကြီး၏ စားချင်တဲ့အသီးခူးစားလို့ရတယ် ဒကာလေးတို့ဟု မိန့်ကတည်းက တစ်ရက်ခြားတစ်ခါ ဘုန်းကြီးကျောင်းကိုလာကာ လိုင်းလေးသုံးလိုက် အသီးလေးစားလိုက်နှင့် သာသာယာယာ။
" ဒီနေ့ ပိန္နဲသီးခူးစားမယ် "
ထိုသို့ပြောကာ ဒူးအထက်ဘောင်းဘီအပေါ်မှ ဝတ်လာသည့် ပုဆိုးကို ဂွင်းလုံးချွတ်ချလိုက်သည်။ ထိုမှ ဖြူဖွေးနေကာ အမွှေးအမျှင်ကင်းသည့် ခြေသလုံးချောချောဟာ ပေါ်လွင်လာသည်။
လျှမ်းကလည်း ပင်တိုင့်လိုဝတ်လာ၍ ပုဆိုးကို ဖြည်ကာ ပုခုံးပေါ်တင်ပြီး ဂွင်းသိုင်းလိုက်သည်။ သူ့ပုံစံက နွားကျောင်းသားလိုလို ဘာလိုလိုရယ်ပါ။
ကျန်သည့်လူနှစ်ယောက်ကတော့ တက်ကြွနေသည့် ရန်ကုန်သားနှစ်ယောက်ကို အသေအချာကြည့်နေ၏။ ပိန္နဲသီးက ခူးတတ်တိုင်း စားလို့ရတဲ့အရာမှမဟုတ်ဘဲ။
" နေပါအုံး အကိုပင်တိုင်က ပိန္နဲသီး ခွဲတတ်လို့လား "
" အသီးခွဲတာ ဘာများခက်တာကျလို့ သက်နိုင်ရယ် "
" မဟုတ်ဘူးလေ။ ပိန္နဲသီးက ဒီတိုင်း…"
" သက်နိုင်ရယ် စကားများလိုက်တာကွာ လာခူးမယ် "
တက်ကြွနေသည့် နှစ်ယောက်ကို ဘာမှမပြောနိုင်တော့။ သူတို့သဘောအတိုင်းသာ ပိန္နဲသီးခူးဖို့ပြင်ရသည်။
VOUS LISEZ
မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)