အပိုင်း(၁၅)

682 13 0
                                    

နောက်ကိုတစ်လှမ်းဆုတ်လိုက်ခြင်းသည် ရှေ့ကို ဆယ်လှမ်းပြန်တိုးဖို့ အားယူခြင်းဖြစ်သည်။ ဒီသီအိုရီကို သိရဲ့သားနဲ့ မာန်ဟုမ် ပညာရှိသတိလွတ်ခဲဖြစ်နေသည်။ လွတ်လဲလွတ်စရာပင်။ ဟို‌ကလေးပေါက်က နေမကောင်းပြီးထဲက လိမ္မာပြနေတာ ပြဿနာကြီးကြီးမားမား တစ်ခုမှမရှာ၍ မာန်ဟုမ့်ရဲ့ နေ့ရက်တွေဟာ သာသာယာယာဖြစ်နေ၏။ သူတို့တောင် ဒီရွာရောက်တာ တစ်လကျော်ပါရောလား။

" ကိုကြီးဇွဲ ကိုကြီးဇွဲ သားသိလာပြီသိလား ဒီရွာမှာ နောက်ထပ်စားကောင်းတာ
တစ်ခုရှိသေးတယ်"

" ဘာတုန်းဟ။ ဒီနေ့ ဦးအိမ် အပြင်သွားတုန်းသွားစားကြမယ်လေ"

" အဲ့တာကလေ။ ကိုဖိုးအေးတို့ ထန်းတောက ကြွက်ကြော်တဲ့ စားလို့အရမ်းကောင်းတာလို့ပြောတယ် "

" အေး သွားစားကြတာပေါ့ "

" အိ..အဲ့ကိုသွားတာ သားအမ(အမေ)နဲ့ ဆရာသိသွားရင် ဆူလည်းအဆူခံရမယ်၊ ရိုက်လည်းအရိုက်ခံရမယ် "

" မသိအောင်သွားမှာပေါ့ကွာ "

ဒါပြီးပြီးရောပြောလိုက်တဲ့ ပင်တိုင့်စကားရယ်ပါ။ အခုမှရောက်တာ မကြာသေးတဲ့ နေရာမှာ ဘယ်လိုလုပ်လူမသိအောင် ထန်းတောသွားမလဲ။ မွေးကထဲက‌နေလာတဲ့ ရန်ကုန်မှာတောင် လူမသိအောင် ကလပ်မသွားဖူးဘူး။ ပင်တိုင်တို့က လူသိရှင်ကြားပဲ။ ကိုယ်တိုင်ကမလုပ်ရင်တောင် ပတ်ဝန်းကျင်က ပင်တိုင်အီးပေါက်တာကအစ လှော်ကြတာလေ။

မာန်ဟုမ် ကွပ်ပျစ်မှာ ရွာလူကြီးအဖွဲ့နဲ့ စကားပြောနေတုန်း အနောက်မှာ
ကျွတ်စိကျွတ်စိနဲ့ လုပ်နေကြသည့် လျှမ်း၊ပင်တိုင်နှင့် ဂွတိုကို လှည့်ကြည့်လိုက်သည်။ မာန်ဟုမ်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် သုံးယောက်လုံးသွားဖြီးကာ ရယ်ပြလာသည်။

မကောင်းတဲ့အငွေ့အသက်တစ်ခုခု ရနေသလိုပဲ။ မာန်ဟုမ် မျက်ခုံးခပ်လှုတ်လှုတ်ဖြစ်လာသည်။

ဒီနေ့ မာန်ဟုမ်တို့ ကျောင်းဆောက်ဖို့ရာ ထော်လာဂျီနှစ်စီးနှင့် မကွေးမြို့ထဲတက်ပြီး ဈေးဝယ်မည့်နေ့ဖြစ်သည်။ သူကြီးနှင့်ရွာက လူလေး၊ငါးယောက်ရာ် မာန်ဟုမ်ရယ်ပဲသွားမှာဖြစ်သည်။ မာန်ဟုမ် မလိုက်မဖြစ်လိုက်ရသည့် ကိစ္စမို့ သွားရပေမယ့် နောက်ကြောင်းတော့ သိပ်မအေးချင်။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now