အပိုင်း(၁၉)

1.7K 116 12
                                    

အပိုင်း(၁၉)

နေမင်းကြီး မိုးကုတ်စက်ဝိုင်း အောက်သို့ ငုတ်လျှိုးသွားချိန် ငှက်ကလေးတွေဟာလည်း အသိုက်အမြုံကိုပြန်၏။ လူသားတွေဟာလည်း ပုဇွန်နီရောင် ကောင်းကင်ကြီးအောက်မှာ ကိုယ့်ဌာနေကိုယ်ပြန်ကြ၏။

မာန်ဟုမ်တို့ ကျောင်းစောင့်ထားခဲ့ကာ လုပ်အားပေးတွေနှင့် တသီတတန်းကြီး ကိုယ့်အိမ်ကိုယ်ပြန်ကြသည်။ မာန်ဟုမ် ဝိုင်းထဲကိုဝင်လိုက်သည်နှင့် ဝိုင်း(ခြံ)တစ်ခုလုံးတိတ်ဆိတ်နေ၏။ အိမ်ကိုလည်း သော့ခတ်ထား၏။ ဒါကောင်လေးတွေမရှိဘူး ဆိုတာသိရ၏။ ညနေတိုင်း ဒီကောင်လေးတွေ ဒီအချိန်ဆိုပျောက်သွား၏။ တစ်နာရီခွဲလောက်ကြာရင် ပြန်လာ၏။ ဘာသွားလုပ်လဲတော့ မာန်ဟုမ်မမေးသလို ကောင်လေးတွေလည်း‌မဖြေ။

မာန်ဟုမ် ရေမိုးချိုးကာ အိမ်သာအိုးထဲရေဖြည့်ပြီး ဟင်းအိုးကိုလှန်ကြည့်လိုက်သည်။ ဟင်းအိုးထဲမှာ နီနီရဲရဲ ရွှေခေါင်းပြောင် ပက်လပ်လှန်တွေကိုတွေ့ရ၏။ မာန်ဟုမ် ကျောင်းဆောက်နေချိန် ဟင်းချက်ပေးပါ့မယ်ဆိုတဲ့ ကောင်လေးကြောင့် အီလည်လည်နှင့် လက်ခံခဲ့ရသည်။ ထိုနေ့မှစ၍ နေ့တိုင်းညနေထမင်းစားချိန်သည် ရိုလာကိုစတာစီးရသလို သည်းထိတ်ရင်ဖိုဖို့ကောင်းပါ၏။

တစ်အုပ်လုံး၌ သက်နိုင်တစ်ယောက်သာ ဟင်းနည်းနည်းပါးပါးချက်တတ်သူဖြစ်သည်။ ထိုဆရာသမား ချက်တတ်သည့်ဟင်းသည် ဘဲဥချဉ်ဟင်း ရွှေခေါင်းပြောင်ပက်လပ်လှန်‌ပဲဖြစ်၏။ ဆရာသမားသက်နိုင်၏ ညွှန်ပြမှုနှင့် တပည့်ဇွဲပင်တိုင်၏ အချက်အပြုတ်တော်မှုကြောင့် ပထမဆုံးနေ့တွင် ရေသောက်ဗိုက်မှောက်နေခဲ့ရသည်။ အကြောင်းက ဘဲဥထက်ခြမ်းချက်ထားသည့် ဟင်းတွေသည် တီဗွီးအငမ်းကောင်းမှုကြောင့် မီးသွေးခဲတွေဖြစ်သွား၏။

ဒုတိယနေ့၌ နံနွင်းမှုန့်အထည့်များမှုကြောင့် ဝါထိန်နေ၏။ တတိယနေ့၌ ချဉ်စုတ်နေ၏။ စတုတ္ထနေ့၌ ဆားများသွား၍ ငန်ကုန်၏။ ပဉ္စမနေ့၌ သက်နိုင်တို့ကိုစိတ်ဆိုးသမျှကို ဘဲဥတွေအပေါ်ပုံချမိ၍ ဘဲ‌ဥတွေကြေကုန်၏။ ဆဠမနေ့၌ ဘာအရသာမှမရှိ၍ ဘဲဥတွေပဲဆယ်စားခဲ့ရ၏။ ဒီနေ့သတ္တမမြောက်နေ့ဖြစ်၏။ ဒီနေ့တော့ ငရုတ်သီးအထည့်များသွား၍ နီရဲနေ၏။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now