အပိုင်း(၁)

7.2K 261 13
                                    

ညသန်းခေါင်းကျော်တွင် ရဲစခန်းတစ်ခု၏အထဲ၌ ပြိုးပြိုးပျက်ပျက်ဝတ်စားထားသော လူငယ်တချို့နှင့် သူတို့၏မိဘများစည်ကားလျက်ရှိသည်။ တချို့လူငယ်တွေ၏ မျက်နှာသည် သပြေသီးမှည့်လို ဖူးယောင်နေသည်။ 

မိဘများကအာမခံကိစ္စနှင့် ခေါင်းခြောက်နေသလောက် ထိုလူငယ်တွေသည် ရန်ပွဲကို အရှိန်မသက်ချင်သေးသည့်ဟန် မာန်ဖီနေကြသည်။ ထိုထဲတွင်မိန်းကလေးတချို့ပါ၍ ရဲမှူးများဟာလည်း ပြေပြေလည်လည်ရှိစေချင်လှသည်။ သို့သော် ဘယ်လောက်တားတား ထိုလူငယ်တွေသည် ရန်ထောင်စဲ။

တစ်ယောက်တစ်ထိုင်ခုံဆီမှာ ထားထားသော်လည်း လူငယ်တစ်ယောက်ဆီမှာ ကောင်မလေးတွေဝိုင်းအုံနေကြသည်။ ဒါကိုလည်း တစ်ဖက်ကလူငယ်တွေကြိတ်မနိုင်ခဲမရဖြစ်နေကြသည်။

ကောင်မလေးတွေဝိုင်းခြင်းခံရသည့် ထိုလူငယ်သည် ညာဘက်နှုတ်ခမ်းထောင့်ကို လက်မနှင့်ဖိကာ တစ်ဖက်လူဆီသို့ကြည့်ပြီး မျက်ခုံးတစ်ချက်တွန့်ပြလေသည်။ တစ်ဖက်လူကလည်း ဒါကိုပိုဒေါသထွက်လေသည်။

ကောင်မလေးတွေဝိုင်းတဲ့လူငယ်လေးဟာ တကယ်ကို အသားအရေပါးပါးကြည်ကြည် သေးသေးသွယ်သွယ်ပုံစံမျိုးဖြစ်ပေမယ့် တကယ့်ကိုအားသန်လွန်းသည်။ မျက်နှာကျလှလှလေးနဲ့ အရိုးအဆစ်ပြေပြစ်သည့် ခန္ဓာကိုယ်အချိုးအစားကြောင့် ပြဿနာတွေအားလုံး၏ အရင်းခံသည် ထိုကောင်လေးမဟုတ်ဟု ထင်လျှင်မှားသွားပေလိမ့်မည်။

" ဟေ့ကောင် ဇွဲပင်တိုင် အဲ့မှာဘာထိုင်လုပ်နေတာလဲ အခုလာစမ်း "

ဟုတ်ပါတယ်။ ပင်တိုင်ကောင်မလေးတွေကြားထဲမှာ ရှိုးထုတ်ပြီး တစ်ဖက်ကနွားတွေကိုရန်စနေတာကို ဖခင်ဖြစ်သည့် ဦးဇွဲကိုကိုကမြင်ပြင်းကတ်စွာလှမ်းခေါ်တော့တာပဲ။

တကယ်ပဲ။ ဖားသားကြီးက ဒီရုပ်ချောလွန်းတဲ့ သားလေးကို မနာလိုနေတာပဲ။

ပင်တိုင် ကောင်မလေးတွေ‌ကိုကျော်ကာ ထိုင်ခုံမှ smartကျကျထလာခဲ့သည်။ ဖားသားကြီးရဲ့ ထူထဲတဲ့မျက်ခုံးနဲ့ ‌မေမေ့ရဲ့ မျက်နှာကျသွယ်သွယ်လေး၊ မျက်လုံးအိမ်ကြည်ကြည်လေး အို..ပင်တိုင်က မျက်ခုံးကလွဲရင် မေမေနဲ့အကုန်တူ..အဲ..ဟိုနေရာကတော့ ခြွင်းချက်ပေါ့။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now