အပိုင်း(၂၁)
" ပိုးစုန်းကြူးလေးတွေကိုကြည့်စမ်းကွယ်..
ဖင်မှာမီးလင်းနေပါတယ်..မောင်ရယ်ဖမ်းပေးဟိုဝေးမပြေးသွားအောင်.. မေ့ဖင်မှာ မီးလင်းချင်တယ်.."
(ပိုးစုန်းကြူးသီချင်းကို ထိခိုက်စေလိုခြင်းမရှိပါ)
လောလောလတ်လတ်ချစ်သူနှစ်ဦးသည် ကောက်ရိုးပုံနံဘေးထိုင်ကာ နက်ပြာရောင်ညကောင်းကင်းကို ငွေမှုန်လေးများဖြန်းပက်ထားသကဲ့သို့ ဖြစ်နေသော မှိတ်တုတ် မှိတ်တုတ်ကြယ်လေးတွေကို ခန္ဓာကိုယ်ချင်းအလွန်နီးကပ်စွာထိထားပြီး ကြည့်နေသည်။ ထို့အတူ လေ၌ပျံဝဲနေသော မီးအလင်းလုံးသကဲ့သို့ ဖြစ်နေသော ပိုးစုန်းကြူးလေးများကိုလည်း တစ်ပြိုင်နက်ကြည့်နေသည်။
ပိုးစုန်းကြူးများကို မြင်မှ ပင်တိုင် အရွှန်းဖောက်မိသည်။ ခန္ဓာကိုယ်ချင်းနီးကပ်နေတာကလည်း ပင်တိုင်က အရိုးမပါတဲ့ တီကောင်လို မာန်ဟုမ့်အပေါ် ရစ်ပတ်မထားရုံတစ်မယ် ပျော့ခွေကာ မှီထား၍ ဖြစ်သည်။ လူပျိုကြီးက ဒီလောက်လက်သွက်ပါ့မလား။
" ဟာကွာ..အဟုတ်မှတ်လို့နားထောင်နေတာကို ဒီကောင်လေးကတော့ "
လူကြီးရှက်တော့ရယ်သည် ဆိုသလို မာန်ဟုမ် ဂုတ်ပိုးကိုပွတ်ကာ ရယ်လိုက်မိပါ၏။ ပေါက်ကရပြောနိုင်လွန်းသော ချစ်ရသူကိုလည်း ချစ်ရွှန်းဝေဆာစွာ နူးနူးညံ့ညံ့ကြည့်နေမိ၏။
" ဟမ် ကျွန်တော့်လူကြီးက ရှက်သွားတာလား။ ဟားဟား..ဒါလေးပြောတာကို ရှက်ရတယ်လို့ဗျာ။ ခင်ဗျားက တကယ့် ယင်ပျိုမသမ်းဖူးတဲ့ လူပျိုသိုးကြီးဆိုတာ ယုံသွားပါပြီဗျာ "
ပင်တိုင် သဘောတကျရယ်မိသည်။ လှောင်ရယ်တာမျိုးမဟုတ်ဘဲ အသည်းယားလွန်း၍ တစ်ခုခုမလုပ်မိအောင် အရံမတားအဖြစ် ရယ်ရခြင်းဖြစ်သည်။
" အွမ်း..ကိုယ့်လို ယင်ပျိုမသမ်းဖူးတဲ့ လူပျိုစစ်စစ်ကိုရထားတာ ကောင်လေးဂုဏ်ယူသင့်တယ်။ ပြီးတော့.."
ခက်ဖွဖွပြုံးလိုက်မိ၏။ ပြီးတော့နောက်ကစကားလုံးကို မာန်ဟုမ်ဆက်ပြောဖို့ရာ ရှက်ပါသည်။ ပြောချင်ပေမယ့်လည်း မပြောရဲချေ။
" ပြီးတော့..ပြီးတော့..ဘာဖြစ်လဲလို့ ဦးအိမ်။ ကျွန်တော့်ကိုပြောလေ.."
ပင်တိုင် ပါးအိအိလေးကို မာန်ဟုမ်၏ လက်မောင်းထက်ဝယ် အထက်အောက်ပွတ်တိုက်ပြီး ချစ်စရာကောင်းသည့် အမူအရာဖြင့် ဂျစ်တိုက်ကာမေးနေ၏။ ပင်တိုင်သိပေမယ့်လည်း အရှက်သည်းသည့်လူကြီး၏ နှုတ်မှဖွင့်ဟသော ချစ်စကား၊ကြိုက်စကားကို စက္ကန့်မလပ်နားထောင်ချင်ပါ၏။
" ပါးတွေတာကုန်တော့မှာပဲ ဆက်မပွတ်နဲ့တော့နော် "
ပင်တိုင့်ပါးကို လက်ဝါးဖြင့် မထိရက်မကိုင်ရက် ထိကိုင်လိုက်တာနှင့် ပဲ့ကြွေသွားမည့်အလား နူးနူးညံ့ညံ့ကိုင်ကာ လက်မဖြင့် ခပ်ဖွဖွပွတ်ပေး၏။ မာန်ဟုမ့်က ပင်တိုင့်ကို ငုံ့ကြည့်နေဟည့် အနေအထားမှာရှိနေ၏။
" ဟင့်အင်း…ဦးအိမ်ကလည်း ကျွန်တော့်ကို ပြောပြပါဆိုနေ။ ကျွန်တော့်ကို မချစ်ဘူးလားလို့…"
ပင်တိုင်၏ အသံသည် အသံရှည်ဆွဲကာ ခပ်ချွဲချွဲအသံမျိုးဖြစ်နေ၏။ မျက်လုံးများကို ခြံရံထားသည့် ယပ်တောင်သဖွယ်ဖြစ်နေသော မျက်တောင်ရှည်များကို အပေါ်အောက် ခပ်စိပ်စိပ်ပုတ်ခပ်လို့။ ခပ်ရဲရဲနှုတ်ခမ်းသားတွေက စတော်ဘယ်ရီသီးလုံးလေးကို စူနေ၏။ ပင်တိုင့်ပုံသည် မာန်ဟုမ်၏ လည်စလုပ်ကို အပေါ်အောက်ကူးလူးသွားစေသည်။ ပင်တိုင့်ပုံက ချစ်စရာအလွန်ကောင်းနေသလို မာန်ဟုမ့်ကိုလည်း အနေခက်စေပါ၏။
ပင်တိုင့်ယခုပုံကို ယခင်က သိပြီးသူများသာ တွေ့သွားပါလျှင် လှောင်ရယ်ရယ်ကြပေလိမ့်မည်။ ယခင်က လူ့ဘုဂလန့်ကိုလည်း လိုက်ရှာကြပါလိမ့်မည်။
" အင်း..အင်း..ကိုယ် မင်းကို ချစ်ပါတယ် ကိုယ့်ကောင်လေးရယ် "
မင်းကိုယ့်ကိုဘာလို့ချစ်လဲ ကိုယ်မသိဘူး။ ဘယ်လောက်ချစ်လဲ ကိုယ်မခန့်မှန်းနိုင်သေးဘူး။ ဘယ်တော့အထိချစ်မှာလဲ ကိုယ်မတိုင်းတာနိုင်သေးဘူး။ ဘယ်လိုချစ်တာလဲ ကိုယ်တစ်ထစ်ချမယုံရဲသေးဘူး။ ဒါပေမဲ့ မင်းကိုယ့်ကို ဘယ်ထိချစ်ချစ် ကိုယ်ကမင်းကိုအပြစ်မြင်မယ့်သူမဟုတ်ဘူး ကောင်ငယ်လေး။
" အပြင်မှာအေးပြီ ညဉ့်လည်းနက်ပြီ ကိုယ်တို့အိမ်ထဲဝင်ရအောင် ကောင်လေး "
" အွင်း ကျွန်တော့်ကိုတွဲ "
ပင်တိုင် မတ်တတ်ရပ်နေပြီဖြစ်တဲ့သူကို လေးတိလေးကန်ဖြင့် လက်ပေးကာ ထူစေ၏။ ပြီးနောက် လက်ချင်းယှက်ကာ အိမ်ထဲသို့ ပြန်လာ၏။
" ဪ ဪ ကြက်ကဖြင့် ဟင်းအိုးထဲရောက်နေလောက်ပြီ မင်းက အခုမှပြန်လာ သိလား "
လျှမ်းက ခပငေါ့ငေါ့ပြောသော်လည်း စိတ်ကြည်နေသည့် ပင်တိုင်က ခပ်ပြုံးပြုံးဖြင့် ပြန်မပြောချေ။ လက်လွှတ်ချင်နေသည့် လူကိုလည်း ပင်တိုင်နှိပ်စက်ကာ လက်ကိုအတင်းဖိကိုင်ထား၏။
" စပ်ဖြဲဖြဲနဲ့ ကြောင်**ရုပ်လုပ်မနေနဲ့ မင်းကြက်က သူ့အိမ်သူပြန်သွားတာကွ။ အဲ့တာကြောင့် ငါတို့လည်း အဲ့မှာပဲထားလိုက်တယ်။ ဒါနဲ့ မင်းတို့တကယ်ကြက်သွားရှာတာရောဟုတ်ရဲ့လား။ မင်းတို့ဟာက သွားချိန်းတွေ့ကြသလိုပဲ"
လူကဲခတ်မြန်သည့် လျှမ်းက တည့်တိုးဆိုလာတော့ ပင်တိုင်က ပြုံးစိစိဖြစ်ကာမာန်ဟုမ်သည်တော့ အရှက်သည်းနေ၏။ ဒီကြားထဲ လျှမ်း၏ သူခိုးဖမ်းသည့်မျက်လုံးကိုလည်း ရှောင်ရသေး၏။
ပင်တိုင် လျှမ်းနှင့် မျက်လုံးစုံကာ မျက်စိမှိတ်ပြလိုက်တော့ သကောင့်သားက နားလည်သွားပုံရကာ ဘာမှမပြောတော့ပဲ ပင်တိုင့်အခန်းထဲကိုဝင်သွား၏။ နောက်မှ သူတို့လည်း အခန်းအသီးသီးကိုဝင်ကာ အိပ်ကြ၏။
ရန်ကုန်၌ လိင်တူစုံတွဲများနှင့် အပေါင်းအသင်းရှိသည့် လျှမ်းက ရိပ်မိသလောက် ရွာမှာသာနေသည့် မကွေးသားလေးနှစ်ယောက်ကမူ မရိပ်မိချေ။
" ပြောပါအုံး ဖေ့သား။ ဘယ်လိုတောင် ဆွဲစိလို့ ဦးမာန်က ပါလာရတာတုန်း "
ပင်တိုင်၏ အိပ်ယာပေါ်တွင် ကားယားကြီးလှဲကာ စပ်စုစိန်လုပ်နေ၏။
" ဘယ့်နယ့်ကြောင့် ငါကဆွဲစိတယ်ဖြစ်ရတာတုန်း။ ဖယ်စမ်း ခြေထောက် "
ပင်တိုင် လျှမ်းရဲ့ခြေထောက်ကို ဖက်ခနဲရိုက်ချလိုက်ကာ အိပ်ယာပေါ်ဝင်ထိုင်လိုက်၏။
" မင်းကမဆွဲစိလို့ အဘက်ဘက်ကိုတွေးတောလွန်းတဲ့ ဦးအိမ်ကဆွဲစိမလား စဉ်းစားလေ စဉ်းစား "
" အင်း အဲ့တာလဲဟုတ်တာပဲ။ ဟီး ဒီလို ဒီလိုတွေရှိတယ်လေ "
ပင်တိုင် လျှမ်းကို ဖြစ်သမျှအကြောင်းကို ဖောက်သည်ချ၏။
သူ့မှာတိုင်ပင်ရင်ဖွင့်စရာ ရှားရှားပါးပါး
သူငယ်ချင်းတစ်ယောက်သာရှိသည် မို့လား။
" ဘယ်လို မင်းက အခွင့်ကောင်းယူပြီး အရင်နမ်းလိုက်ာတပေါ့ ဟုတ်လား "
" ချီးး တိုးတိုးပြောပါဟ။ ဒါမင်းမေလင် အိမ်မဟုတ်ဘူး "
ရွာ၌ လူခြေတိတ်ချိန်တွင် အီးပေါက်သံကအစ ကျယ်ကျယ်ကြားနိုင်၏။ ဒီသကောင့်သားက နမ်းတဲ့ကိစ္စကို ခုနှစ်အိမ်ချီအော်နေ၏။
ပင်တိုင် လျှမ်း၏ပါးစပ်ကို လက်ဖြင့်မြန်မြန်အုပ်လိုက်ရ၏။
" အေးပါကွာ။ ငါကအံ့ဩသွားတာမို့ပါ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့သားလေး falling in loveသွားတဲ့အတွက် ဂုဏ်ယူပါတယ်ကွာ။ ဒီတစ်ယောက်ကို အတည်တွဲမှာမလား "
" သေချာတယ်။ ဦးအိမ်ကို ငါ့အရိုးမြေကျတဲ့အထိ အတည်ချစ်ပြီး အတည်တွဲမှာ "
" ဒီဖေ..မေးမိတာမှားတယ်။ သောက်အာအက်စ်တွေ မင်းတို့ဘာသာဘယ်လိုချစ်ချစ် မေးတာပဲဖြေပါဟ "
" ဪ ဪ အက်ဖ်အေတစ်ယောက်ဆိုတော့လည်း ရင်နာမှာပေါ့ ငါကိုယ်ချင်းစာပါတယ် "
ရင်ဘတ်ပေါ်မှာ လက်ကိုတင်ပြီး ခေါင်းတခါခါနှင့် ပင်တိုင့်ကို လျှမ်းဒေါသထွက်လာရ၍ ခြေရင်းရှိ စောင်ကိုယူကာ အုပ်လိုက်ပြီး ခြေထောက်ဖြင့်ခွကာ ညှစ်ထားလိုက်သည်။ ထိုသို့ဖြင့် သူတို့နှစ်ဦး အိပ်ပျော်သွားပါ၏။
__________________________________
__________________________________
__________________________________
#4.7.22
နောက် သုံးလေးပိုင်းဆို ဇာတ်သိမ်းတော့မှာမို့ အသစ်လေးကို စတင်ထားပါတယ် ဝေဖန်အကြံပြုပေးကြပါအုံး နော်🧸