Cigarette and poison

By Tracy-26

348K 14.5K 450

I recommend reading over 18 years old. Seme is Possessive type and Asshole type. Htike+Koon Tracy/// More

Intro
Part1[Uni+Zawgyi]
Part2[Uni+Zawgyi]
Part3[Uni+Zawgyi]
Part4[Uni+Zawgyi]
Part5[Uni+Zawgyi]
Part6[Uni+Zawgyi]
Part7[Uni+Zawgyi]
Part8[Uni+Zawgyi]
Part9[Uni+Zawgyi]
Part10[Uni+Zawgyi]
Part11[Uni+Zawgyi]
Part12[Uni+Zawgyi]
Part13[Uni+Zawgyi]
Part14[Uni+Zawgyi]
Part15[Uni+Zawgyi]
Part16[Uni+Zawgyi]
Part17[Uni+Zawgyi]
Part18[Uni+Zawgyi]
Part19[Uni+Zawgyi]
Part20[Uni+Zawgyi]
Part21[Uni+Zawgyi]
Part22[Uni+Zawgyi]
Part23[Uni+Zawgyi]
part24[Uni+Zawgyi]
Part25[Uni+Zawgyi]
Part26[Uni+Zawgyi]
Part28[Uni+Zawgyi]
Part-29[Uni+Zawgyi]
Part30[Uni+Zawgyi]
Part31[Uni+Zawgyi]
Happy birthday Htike
Note
Part 32[Uni+Zawgyi]
Part33[Uni+Zawgyi]
Part34[Uni+Zawgyi]
Part35[Uni+Zawgyi]
Part36(final)[Uni+Zawgyi]
CAP Extra-1
CAP Extra-2[Htike's BD]
CAP Extra-3
Announcement
Notice
For Physical Book
Book Cover &Book Details
For Physical Book
Extra -1 Comic Version

Part27[Uni+Zawgyi]

5.1K 220 9
By Tracy-26

Unicode

ဘုတ်!

"မအေလိုး!"

အချစ်က ကာတွန်းကားကြည့်ချင်လို့ ဆို၍ ထိုက်နဲ့အတူ ဧည့်ခန်းတွင် နှစ်ယောက်သားထိုင်ကြည့်သည်။ ကာတွန်းကားထဲ စိတ်ဝင်စားနေရင်း နောက်ကနေ ထိုက်ခေါင်းကို ရိုက်လာသော လက်ချက်ကြောင့် လက်ထဲက ပေါက်ပေါက်စုပ်ဘူးက ‌ကြမ်းပြင်ပေါ်သို့ ကျသွားသည်။ ထန်လွန်းထိုက်ကို ရိုက်ရဲတဲ့သူကတော့ ခွန်းကမ္ဘာပင်။

"ဘာလာလုပ်တာလဲ မင်းက"

"မတွေ့တာကြာတဲ့ အိမ်မွေးခွေးကို အစာလာကျွေးတာ"

"ဘောကို အိမ်မွေးခွေးလေ"

မောင်သူငယ်ချင်းနဲ့သူ့အမျိုးသားရောက်လာတာကြောင့် ငါ မီးဖိုချောင်ထဲ ဝင်ကာ ဖျော်ရည်ဖျော်ပေးနေသည်။

"အဲ့ကလေးက"

ဆံပင်က အမဲရောင်မဟုတ်ဘဲ အဝါရောင်ဖြစ်နေသော ကလေးအား ထိုက် မေးငေါ့ကာ ကမ္ဘာအားမေးလိုက်သည်။

"ငါမွေးစားထားတဲ့ကလေးလေ နာမည်က Aiden"

"မြန်မာစကားတတ်လား"

"ကလေးအသက်က၃နှစ်ဘဲရှိသေးတယ်"

"ဒါနဲ့ သူက မင်းအမျိုးသားလား ကမ္ဘာ"

"ဟုတ်တယ် ငါ့အမျိုးသားလေ ရောင်သွေးဖြာတဲ့"

"ကျုပ်က ကမ္ဘာရဲ့သူငယ်ချင်း ထန်လွန်းထိုက်"

"ဟုတ်ကဲ့"

ကမ္ဘာအမျိုးသားက ခေါင်းလေးငြိမ့်ကာ ပြုံးပြသည်။ ခွန်းကမ္ဘာ ဘယ်က ကလေးကို မုန့်ပေးကြိုက်လားတောင်မသိပေ။ ကမ္ဘာနဲ့တောင် လုံးဝမလိုက်ပေ။ဒါကိုတော့ ထိုက်မပြောဖြစ်။ ဘာလို့ဆို ကမ္ဘာဆိုတဲ့အကောင်က ထိုက်အား မိုးမွှန်အောင်ဆဲလိမ့်မည်။

အချစ်က ဖျော်ရည်သုံးခွက်ယူလာကာ ကမ္ဘာတို့ မိသားစုအားပေးပြီး Aidenဆိုတဲ့ ကလေးအား အချစ်ပေါင်ပေါ်တွင် ပွေ့ချီထားသည်။ထိုကလေးကလည်း အချစ်ပေါင်ပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေကာ ဖျော်ရည်ကိုသောက်နေလေသည်။

ပြီးတော့ ကမ္ဘာနဲ့ ထိုက်က မတွေ့တာကြာပြီမို့ စကားပြောနေတော့ အချစ်က ကလေးကိုခေါ်ကာ ဆော့နေလေသည်။ အချစ်က ကလေးချစ်တတ်တာဘဲလား။အချစ်က ကလေးချစ်တတ်တာကို မောင့်အလိုကျ နေပေးတာလား အချစ်ကတော့ဗျာ။

"ဘာဖြစ်တာလဲ ငထိုက်!"

"ငါ အတ္တကြီးမိသွားပြီလား ကမ္ဘာ"

"ဘာကိုလဲ"

"အချစ်က ကလေးချစ်တတ်တာ ငါကကလေးမချစ်တတ်ဘူးပြောတော့ အချစ်က..."

"ထိုက် ငါပြောမယ် အိမ်ထောင်တစ်ခုမှ ကလေးရှိမှပြည့်စုံတာကွ"

"အဲ့တော့"

"မင်းကလေးမွေးလေး"

"လီးလို ကလေးမွေး ခွန်းကမ္ဘာ ခွန်းကမ္ဘာ ‌စောက်ခွက်က အပေါ်ထပ်ကလိုလို ဘာလိုလိုနဲ့ ၁၈နှစ်ရွယ်ချာတိတ်စီမှာ Bထိုင်ရတယ်‌လို့"

"အဲ့ဒါ ငါကချစ်လို့လေ မင်းလို ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံဘူး"

"ထားလိုက်တော့"

"အနာထိတော့စပ်တာလား"

"မင်းမေကြီးတော်ကိုစပ်လေ"

"ငါမေကြီးတော်ကိုစပ်ချင်ရင် ဩစီလိုက်သွား ခွေးကောင်!"

"ငါတို့နှစ်ယောက် အဆဲမပါဘဲပြောကြရအောင်လား"

"ငါလာတဲ့အထိမ်းအမှတ်နဲ့ကွာ အရင်ကလို Barတွေမသွားဘဲ ကျောက်တော်ကြီးဘုရားတို့ ကုသိုလ်တော်တို့ မန္တလေးတောင်တို့ သွားကြမလား"

"မင်း တောင်းစားမလို့လား"

"ထန်လွန်းထိုက် ငါစကားအကောင်းပြောတာနော်"

"အေးပါ ငါတောင်ဘုရားမရောက်တာကြာပြီ"

"ဘယ်တုန်းကလဲ"

"မွေးကတည်းက"

"ခွေးကောင် ‌စောက်ခွက်ဘဲပြောင်နေ ငါလိုးမသား"

ကမ္ဘာလာတုန်း အိမ်မှာအတူတူ ဂိမ်းဆော့ကြရင်းနဲ့ နေ့တစ်နေ့လုံးဖြတ်သန်းခဲ့သည်။ အချစ်ကတော့ ကမ္ဘာအမျိုးသားနဲ့အတူ Aidenကို ထိန်းနေလေသည်။ ကမ္ဘာတို့ မိသားစုပြန်သွားမှ အချစ်အနားကပ်လိုက်သည်။ထိုအချိန်ကလည်း အိပ်ရာဝင်ချိန်လေးပင်ဖြစ်သည်။

"အချစ်"

"ပင်ပန်းနေပြီလား"

‌မန္တလေးဆောင်းရောက်နေတော့ကြောင့် ချမ်းစိမ့်ချမ်းစိမ့်လေးဖြစ်ကာအချစ်က စောင်အထူကြီးကို ခြုံ၍ ကွေးကွေးလေးလှဲနေသည်။ အချစ်က ထိုက်အား ကျောပေးထားသောကြောင့် ထိုက်နှာခေါင်းနဲ့ အချစ်ရဲ့ဆံပင် နီးကပ်နေ‌သည်အထိ အချစ်နား ကပ်နေလိုက်ပြီး စောင်ထဲကနေ အချစ်ခါးကို ထိုက်လက်တစ်ဖက်တင်ထားသည်။

"ဘာကို ပင်ပန်းရမှာလဲမောင်"

"ကလေးထိန်းရတော့လေ ပင်ပန်းနေမယ်ထင်တာ"

"မပင်ပန်းပါဘူး ငါAidenလို ကလေးလိုချင်တယ် မောင်!"

"ဒါဆို မောင်တို့ ဒီလကုန်ရင် ကလေးတစ်ယောက်လောက် မွေးစားမယ်လေ Aidenလို၃နှစ်အရွယ်လောက်မွေးစားမယ် မောင်ကလေး မထိန်းချင်လို့"

"မောင်က ကလေးမချစ်တတ်ဘူးလေ"

"ခင်ဗျားလေး ချစ်တဲ့အရာမှန်သမျှကို မောင်ချစ်ပါတယ်"

"မောင် လက်က!"

ထိုက်လက်က တိမ်လရောင်မော်ကွန်းရဲ့ ဘောင်းဘီထဲရောက်နေသောကြောင့် တိမ်လရောင်မော်ကွန်းရဲ့ သတိပေးခံလိုက်ရခြင်းပင်။

"ဆောင်းရာသီမှာ အနွေးဓာတ်ယူရအောင်လေ"

"မောင် ငါပင်ပန်းနေတယ်"

"ခုနက ပြောတော့ မပင်ပန်းဘူးဆို လုပ်ပါ မောင်ဆာနေပြီ"

"ပြောမရရင်လည်း စားတော့"

"ဒါတွေကြောင့် မောင်အချစ်ကိုချစ်ရတာ မွ"

အချစ်ရဲ့နဖူးကို ခပ်မွမွအနမ်းပေးလိုက်ပြီး အချစ်ဝတ်ထားသော pajamasဝတ်စုံကို အသာအယာချွတ်ပေးလိုက်ပြီး ထွက်ပေါ်လာတဲ့ ဂုတ်သားဖွေးဖွေးလေးကို နမ်းလိုက်တဲ့အချိန်မှာတော့

အာ့!

"မောင် ငါဗိုက်တွေပြန်အောင့်နေပြီ"

"အချစ် ဉာဏ်နီဉာဏ်နက်မများနဲ့"

"မများဘူး မောင်ရဲ့ ဟင့် ငါတကယ်အောင့်နေတာ"

အချစ်က မျက်ရည်များစီးကျရင်း ထိုက်အား‌ကြည့်ကာ ပြောသည်။ ဒါကြောင့် အချစ်ကို ခုနက ချွတ်ထားတဲ့အင်္ကျီပြန် ဝတ်ပေးရင်း ဗိုက်ကို မုန့်ညှင်းဆီလိမ်းပေးလေသည်။

"အချစ် သက်သာလား မသက်သာရင် မောင်ကိုပြောနော် ဆရာဝန်သွားခေါ်ပေးမယ်"

"သက်သာပါတယ် မောင်"

"အိပ်နေနော် အချစ်"

"ဒါပေမယ့် မောင် ငါ ငါ"

"အိပ်လိုက်ပါ အချစ် မောင် ဘာမှမဖြစ်ပါဘူး ဒါပေမယ့် ခုနက အရှိန်ကြောင့် မောင် ရေချိုးခန်းထဲ သွားဖြေရှင်းလိုက်ဦးမယ်"

"ဟုတ်မောင်"

ထိုက်က အချစ်ကိုပြုံးပြပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ ထိုက် ရေချိုးခန်းထဲ ဝင်တာကြာလား မကြာလားဆို အချစ်က အိပ်တောင်ပျော်နေပြီ။ ထိုက် ပါးချိုင့်နှစ်ဖက်ပေါ်အောင် ပြုံးပြလိုက်ပြီး အချစ်ရဲ့ နဖူးလေးကို ငုံ့နမ်းလိုက်သည်။

"အိမ်မက်လှလှမက်ပါစေ အမြတ်နိုးဆုံးခင်ဗျားလေးရယ်"

Please vote and your feedback
Tracy///

Zawgyi

ဘုတ်!

"မအေ-ိုး!"


"ဘာလာလုပ်တာလဲ မင်းက"




"အဲ့ကလေးက"



"မြန်မာစကားတတ်လား"





"ဟုတ်ကဲ့"




"ဘာဖြစ်တာလဲ ငထိုက်!"


"ဘာကိုလဲ"



"အဲ့တော့"

"မင်းကလေးမွေးလေး"



"ထားလိုက်တော့"

"အနာထိတော့စပ်တာလား"








"ဘယ်တုန်းကလဲ"

"မွေးကတည်းက"

"ခွေးကောင်ေ-ာက်ခွက်ဘဲပြောင်နေ ငါ-ိုးမသား"


"အချစ်"

"ပင်ပန်းနေပြီလား"








"မောင် လက်က!"



"မောင် ငါပင်ပန်းနေတယ်"





အာ့!






"သက်သာပါတယ် မောင်"

"အိပ်နေနော် အချစ်"

"ဒါပေမယ့် မောင် ငါ ငါ"


"ဟုတ်မောင်"



Tracy///

Continue Reading

You'll Also Like

2.2M 129K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.3M 31.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
11.2K 381 9
်ရိုင်းစိုင်းသောစကားလုံးများပါဝင်သည်။ credit by original artist ရိုင်းစိုင်းသောစကားလုံးများပါဝင်သည်။
2.6K 130 18
ကျိန်စာသင့်နေတဲ့ အမွှာညီအစ်ကို၃ယောက်ဟာခန္ဓာကိုယ်တစ်ခုထဲကိုမျှဝေသုံးဆွဲနေတယ်ဆိုတာ........... ေအးချမ်းပြီး ပိုက်ဆံသုံးနှမျောတတ်တဲ့လူအလတ်တန်းစား ကောင်လေ...