ကြူး(KYUU)

Av Han_Me7012

194K 18.1K 2.8K

အိပ်မရတဲ့ ရက်များစွာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ​ဖြစ်ကြောင်း... အိပ္မရတဲ့ ရက္မ်ား... Mer

About Story
Part 1(Unicode)
Part 1(Zawgyi)
Part 2(Unicode)
Part 2(Zawgyi)
Part 3(Unicode)
Part 3(Zawgyi)
Part 4(Unicode)
Part 4(Zawgyi)
Part 5(Unicode)
Part 5(Zawgyi)
Part 6(Unicode)
Part 6(Zawgyi)
Part 7(Unicode)
Part 7(Zawgyi)
Part 8(Unicode)
Part 8(Zawgyi)
Part 9(Unicode)
Part 9(Zawgyi)
Part 10(Unicode)
Part 10(Zawgyi)
Part 11(Unicode)
Part 11(Zawgyi)
Part 12(Unicode)
Part 12(Zawgyi)
Part 13(Unicode)
Part 13(Zawgyi)
Part 14(Unicode)
Part 14(Zawgyi)
Part 15(Unicode)
Part 15(Zawgyi)
Part 16(Unicode)
Part 16(Zawgyi)
Part 17(Unicode)
Part 17(Zawgyi)
Part 18(Unicode)
Part 18(Zawgyi)
Part 19(Unicode)
Part 19(Zawgyi)
Part 20(Unicode)
Part 20(Zawgyi)
Part 21(Unicode)
Part 21(Zawgyi)
Part 22(Unicode)
Part 22(Zawgyi)
Part 23(Unicode)
Part 23(Zawgyi)
Part 24(Unicode)
Part 24(Zawgyi)
Part 25(Unicode)
Part 25(Zawgyi)
Part 26(Unicode)
Part 26(Zawgyi)
Part 27(Unicode)
Part 27(Zawgyi)
Part 28(Unicode)
Part 28(Zawgyi)
Part 29(Unicode)
Part 29(Zawgyi)
Part 30(Zawgyi)
Part 31(Unicode)
Part 31(Zawgyi)
Part 32(Unicode)
Part 32(Zawgyi)
Part 33(Unicode)
Part 33(Zawgyi)
Part 34(Unicode)
Part 34(Zawgyi)
Part 35(Unicode)
Part 35(Zawgyi)
Part 36(Unicode)
Part 36(Zawgyi)
Part 37(Unicode)
Part 37(Zawgyi)
Part 38(Unicode)
Part 38(Zawgyi)
Part 39(Unicode)
Part 39(Zawgyi)
Part 40(Unicode)
Part 40(Zawgyi)
Part 41(Unicode)
Part 41(Zawgyi)
Part 42(Unicode)
Part 42(Zawgyi)
Part 43(Unicode)
Part 43(Zawgyi)
Part 44(Unicode)
Part 44(Zawgyi)
Part 45(Unicode)
Part 45(Zawgyi)
Part 46(Unicode)
Part 46(Zawgyi)
Part 47(Unicode)
Part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Part 49(Unicode)
Part 49(Zawgyi)
Part 50(Unicode)
Part 50(Zawgyi)
Part 51(Unicode)
Part 51(Zawgyi)
Part 52(Unicode)
Part 52(Zawgyi)
Part 53(Unicode)
Part 53(Zawgyi)
Part 54(Unicode)
Part 54(Zawgyi)
Part 55(Unicode)
Part 55(Zawgyi)
Final(Unicode)
Final(Zawgyi)
Han_Me' Letter
"အချစ်နှင်းမှုန်ရီ"
"အချစ်နှင်းမှုန်ရီ"
Feelings About KYUU
KYUU (1) Unicode
KYUU (1) Zawgyi
KYUU (2) Unicode
KYUU (2) Zawgyi
KYUU (3) Unicode
KYUU (3) Zawgyi
KYUU (4) Unicode
KYUU (4) Zawgyi
KYUU (5) Unicode
KYUU (5) Zawgyi
KYUU (6) Unicode
KYUU (6) Zawgyi
KYUU (7) Unicode
KYUU (7) Zawgyi
Choco Wine (Unicode)
Choco Wine (Zawgyi)
KYUU (8) Unicode
KYUU (8) Zawgyi
"နူးညံ့စှာသကျဝငျ"
"နူးညံ့စွာသက်ဝင်"
Thingyan Extra(U/Z)
Adorable Artwork by JH's ArtDiary

Part 30(Unicode)

1.9K 216 33
Av Han_Me7012

"ကိုငယ်ရေ.....ငါဒီမှာ ငါဒီမှာ"

လက်နှစ်ဖက်ကို မိုးပေါ်မြှောက်ပြီး အစွမ်းကုန်
ဝေ့ယမ်းပြလိုက်သည်။ ဘေးပတ်ပတ်ပတ်လည်မှာ ရှိနေသော ကျောင်းသားများက ပြုံးစိစိဖြင့် ကွက်ကြည့်ကွက်ကြည့် လုပ်သွားသော်လည်း ကိုငယ် ကျွန်တော့်ကိုမြင်ဖို့အရေးသာ ပိုအရေးကြီးနေသည်။ ပထမတော့ ကိုငယ်က မကြားတာလား... သူ့နာမည်ကို ကြတ်တွေခေါ်နေတယ်ထင်ပြီး ဂရုမစိုက်တာလားမသိ။ လက်ယမ်းပြလိုက်တော့မှ ကျွန်တော့်ကိုကြည့်နေတာ မျက်လုံးကြီးပြူး၊ ပါးစပ်ကြီးဟပြီး အလွန်အမင်း အံ့ဩဟန်နှင့် အကဲပိုပို တုံ့ပြန်သည်။

သူ့ပုံစံကို အမြင်ကတ်လို့ အနားရောက်ရောက်ချင်း သူ့လည်ပင်းကို လက်မောင်းအောက် ဖိညှပ်ထားလိုက်တော့ ကိုငယ်ပြောလာတာက...
"အား...တတ ဖြည်းဖြည်း ဖြည်းဖြည်း ။ အနောက်မှာ ငါ့ကောင်မလေးပါလာလို့ လူကြားထဲတော့ အရှက်မခွဲနဲ့ကွာ။"တဲ့။

ကြားသားမိုးကြိုး.... ငါ့ကောင်မလေးဆိုတဲ့
အသုံးအနှုန်းကိုကြားပြီး ကျွန်တော် ကိုငယ့်ကို နည်းနည်းလေးတော့ အထင်ကြီးသွားမိသည်။ "ဘယ်ကောင်မလေးလဲ ပြ"ဆိုတော့မှ အနောက်မှာပါလာတဲ့ ကောင်မလေးအကုန်ဆိုပြီး လျှာထုတ်ပြောင်ပြ၏။ ရယ်သံတွေစဲသွားတော့ ကိုငယ်က ကျွန်တော့်ပခုံးကို သူ့ပခုံးနှင့်တွန်းတိုက်ကာ ကျွန်တော်သူ့ကိုလာကြိုလို့ ပျော်တယ်ဆိုတဲ့အကြောင်းကို ကလေးတစ်ယောက်ကဲ့သို့ ရွှင်မြူးတက်ကြွစွာ ပြောဆိုနေခဲ့သေးသည်။

"အရူးရှေ့ကနေ ဖြတ်လာဖို့မကြောက်တော့ဘူးပေါ့။"

"ငါ စက်ဘီးနဲ့လာတာလေ။ အရူးကို အသာလေးကျော်တက်ခဲ့တာ။"

"စက်ဘီးက ဘယ်မှာလဲ။"

"လဘ္ဘက်ရည်ဆိုင်ရှေ့မှာ အပ်ထားတယ်။
မုန့်တီသောက်ချင်လို့ မင်း ကျောင်းအဆင်းကိုစောင့်နေတာ။"

"ကြူးကရော..."

"မသိဘူးလေ သူ့အိမ်မှာရှိမှာပေါ့။"

"မင်းတို့နှစ်ယောက် ရန်ဖြစ်ထားတာလား။"

ကိုငယ့်အထင်က တစ်ဝက်မှန်သလို၊
တစ်ဝက်လည်းမှားနေသည်။ မုန့်စျေးတန်းမှ ပြန်လာပြီးနောက်ပိုင်းကတည်းက ခပ်တန်းတန်း ဖြစ်သွားခဲ့သော အခြေတစ်နေတစ်ခုကို ကျွန်တော်လည်း ဘယ်လိုသတ်မှတ်ရမှန်း မသိခဲ့၍ဖြစ်သည်။ ထို့ကြောင့် ခေါင်းခါပြလိုက်တော့ စကားလမ်းကြောင်းက တခြားအကြောင်းအရာသို့ ​လျင်လျင်မြန်မြန် ကူးပြောင်းသွားသည်။

"ကိုထွန်းတို့လည်း ဆယ်တန်းအောင်စာရင်း
ထွက်တော့မယ်နော်။ ဂုဏ်ထူးပါမလား၊ ရိုးရိုးပဲ အောင်မလားမသိဘူး။"

"မကျရင်တောင် ကံကောင်းပါ တတရယ်။
သူ့ကိုတော့ ဂုဏ်ထူးသွားမမျှော်နဲ့...။"

စက်ဘီးနင်းနေရင်းမို့ ကိုငယ့်မျက်နှာကို
မမြင်ရသော်လည်း ဇက်တောက်၊ဇက်တောက်
လေသံကိုကြားပြီး ကျွန်တော်ရယ်မိသည်။ ကိုထွန်းကလည်း ကိုထွန်းပဲလေ။ ကျူရှင်လည်းမတက်၊ စာလည်း သေချာမကျက်ဘဲ အ​လေလိုက်နေမှတော့ ကိုငယ်ပြောသလို "မကျရင် ကံကောင်း"လို့ သတ်မှတ်ရမယ့် အခြေအနေကို ရောက်သွားတော့တာပေါ့။

"ကျတော့မကျပါဘူးကွာ။ ကိုထွန်းက
သူ့ဟာနဲ့သူတော့ တော်ပါတယ်။ အဲ့နေ့ကျရင် ငါလည်းလိုက်ခဲ့မယ်။ အောင်ရင်တော့ မင်းတို့ညီအစ်ကိုတွေ ငါ့ကိုမုန့်ဝယ်ကျွေးရမှာနော်။"

"ငါနဲ့ဘာဆိုင်လို့လဲ။ သူ့ကိုပဲ ဝယ်ကျွေးခိုင်းပေါ့။"

"မင်းအစ်ကိုလေ ကိုငယ်ရဲ့ မင်းနဲ့လည်းဆိုင်တာပေါ့။"

"ဖွီး....တော်ကြာနေ ကျသွားမှ ငါပါ မကောင်းဖြစ်နေဦးမယ်။"

"အေး... အဲ့မှာ ပါးစပ်ပုတ်ကြီးနဲ့ပြောနေလိုက် သိလား။"

ကိုငယ်က ရယ်တာကိုမရပ်တော့...။
အစ်ကိုဖြစ်သူကို သူကိုယ်တိုင် အဆင့်ချပြီး
ပြောဆိုနေခဲ့သည့်တိုင်အောင် ထိုလေသံတွေထဲမှာ အထင်အမြင်သေးမှု၏ ဆန့်ကျင်ဘက်ဖြစ်သော အများနည်းတူ အောင်မြင်စေချင်သည့် အားမလို၊အားမရဖြစ်မှုများလည်း အနည်းနှင့် အများတော့ ပါဝင်နေခဲ့သည်ပင်။ ထိုထင်မြင်ချက်အား ရယ်သံများအလွန်မှာမှ ထပ်ကြားလိုက်ရသော သက်ပြင်းရှိုက်သံက သက်သေထူခဲ့သော်လည်း ကိုငယ်ကတော့ ရယ်ရတာ မောလွန်း၍ဟူသော ဆင်ခြေကိုသာ ပေးခဲ့၏။

ဆယ်တန်းအောင်စာရင်းထွက်မယ့်နေ့မတိုင်ခင်
ညနေခင်းမှာ ကျွန်တော်တို့ညီအစ်ကိုသုံးယောက်စလုံး မုန့်တီဆိုင်ကို တစ်ခေါက်လာဖြစ်ကြသည်။ ပထမအစီအစဥ်အတိုင်းဆိုလျှင် အောင်စာရင်းသွားကြည့်ပြီး အဖြေသိရတော့မှ ကိုထွန်းက ကျောင်းနားက လဘ္ဘက်ရည်ဆိုင်မှာ မုန့်ဝယ်ကျွေးရမှာ ဖြစ်သော်လည်း ဖေဖေအိမ်မှာရှိနေမှာမို့ သူတို့နှင့်အတူလိုက်ခွင့်မရသော ကျွန်တော့်အတွက် ကြိုဒကာခံခဲ့ခြင်းပင်။ ဖေဖေ့ကို ခွင့်မတောင်းကြည့်ရသေးသော်လည်း အခုလို ညနေဘက် အပြင်ထွက်တာကိုတောင် ဖေဖေက ကြိုက်တာမဟုတ်တော့ ကျွန်တော်လည်း ကိုယ့်ဘာသာပဲ မလိုက်တော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်သည်။

အကယ်၍ တိတ်ဆိတ်မယ်လို့ ထင်ထားခဲ့တဲ့ သန်းခေါင်ကျော်အချိန်က အောင်စာရင်းသွားကြည့်ကြတဲ့ လူတွေရဲ့ ရယ်သံ၊စကားပြောသံများဖြင့် ဆူညံလှုပ်ရှားနေတတ်ကြောင်း ကြိုတင်သိရှိခဲ့မည်ဆိုလျှင်တော့ ကျွန်တော်လည်း ကိုထွန်းတို့နှင့်အတူ မရမကလိုက်သွားမိမည်ထင်သည်။ ထို့အပြင် ယခင်နှစ်တွေတုန်းက ဒီလိုအချိန်မှာ ကျွန်တော် ကောင်းကောင်းကြီး အိပ်ပျော်နေခဲ့သော်လည်း ယခုကျတော့ အိမ်ရှေ့မှ ဖြတ်သွားသူများ၏ အသံဗလံများကို နားစွင့်မိရင်း အိပ်မပျော်နိုင်ဖြစ်နေရသည်။

ကျွန်တော့်အိမ်မှ အိမ်သားများနှင့် ခေါင်းရင်းအိမ်မှ မိသားစုများကတော့ ဆယ့်တစ်နာရီအကျော်ကတည်းက တိတ်ဆိတ်သွားခဲ့ကြပြီ။ နှစ်အိမ်စလုံးမှာ ကျွန်တော်ရယ်၊ ကိုထွန်း၊ကိုငယ်ညီအစ်ကိုနှစ်ယောက်ရယ်သာ နိုးကြားတက်ကြွနေပြီး ကိုထွန်းတို့က ဆယ့်နှစ်နာရီလောက်မှာ ကျွန်တော့်အခန်း ခေါင်းရင်းပြတင်းပေါက်နှင့်ကပ်လျက် အုတ်တံတိုင်းပေါ်မှတဆင့် သူတို့သွားတော့မည့်အကြောင်းကို ပြောသွားခဲ့ကြသည်။

ညီအစ်ကိုနှစ်ယောက် ထွက်သွားတော့
ပက်လက်လှန်မိသည့် မျက်နှာမူရာတည့်တည့်က မျက်နှာကျက်သည်သာ ကျွန်တော့်အဖော်ဖြစ်လာသည်။ ပြတင်းပေါက်ဖွင့်ထားသော်လည်း လေမတိုး...၊ လမ်းပေါ်မှ အသံများကတော့ ဖွင့်ထားသော ပြတင်းပေါက်မှတဆင့် ကျွန်တော့်နားထဲသို့ တစ်ချက်တစ်ချက် တိုးဝင်လာ၏။ စိတ်ထဲမှာ အထီးကျန်လွန်းသည်ဟု ခံစားရသည်နှင့်တစ်ပြိုင်တည်း ကြူးရဲ့မျက်နှာက ကျွန်တော့်အာရုံမှာ ထင်ဟပ်လာသည်။

မမကျော့နှင့် ပြန်တွေ့ရသော အဲ့ဒီနေ့မှာကတည်းက ကျွန်တော်တို့နှစ်ယောက် အကြောင်းပြချက်မရှိဘဲ အေးစက်သွားခဲ့ကြတာ...။ ဖြေရှင်းဖို့ ကြိုးစားချင်သော်လည်း ဘာကို ဖြေရှင်းလို့ ဖြေရှင်းရမှန်းလည်းမသိတဲ့ အခြေအနေကြီးက တချို့၊
တချို့​သော သူငယ်ချင်းတွေမှာရော ရှိနေတတ်သလား။ အတွေးများက အိပ်မွေ့ချလိုက်သလို... မျက်နှာကျက်ကို ငေးနေရင်း ​ဝေဝါးသွားသော မရေရာခြင်းထဲ ကြူးရဲ့ပုံရိပ်လေးပါ မှေးမှိန်ပျောက်ကွယ်သွားရတဲ့... အဲ့ဒီနောက်ပိုင်း ကျွန်တော် ဘာမှ မသိတော့...။ ဘာဆို ဘာမှမသိတော့....။

ထို့နောက် ချွတ်ခနဲအသံကိုကြားမှ အသိစိတ်က ဖျတ်ခနဲပြန်ရောက်လာကာ မျက်လုံးဖွင့်ဖွင့်ချင်း
မျက်နှာကျက်ကို အရင်မြင်သည်။ ပြီးတော့မှ အုတ်တံတိုင်းပေါ်က ကိုငယ့်အရိပ်မှိန်မှိန်လေးကို မော့ကြည့်မိသည်။ "တတ အိပ်ပြီလား"ဆိုတဲ့ အသံဖျော့ဖျော့လေးကို မအိပ်သေးကြောင်း ငုတ်တုတ်ထထိုင်ပြတော့ ကိုငယ်က ရယ်သည်။ အသွားတုန်းက ပျော်ပျော်ရွှင်ရွှင် ထွက်သွားတဲ့ ကိုထွန်းကိုတော့ အရိပ်အယောင်ပင် မတွေ့ရ။ ကျွန်တော်စိတ်ထင့်သွားခဲ့သော်လည်း ကိုငယ့်ဘက်က စကားတစ်ခွန်းမှ ထွက်မလာမချင်း မျှော်လင့်ချက်တစ်ခုဖြင့် စောင့်ဆိုင်းနေခဲ့မိသည်။

"ငါမပြောဘူးလား တတရဲ့။ မကျရင် ကံကောင်းပါဆိုမှ..."

"အင်း...အင်း...အဲ့တော့ အောင်တာလား။ ကျတာလား"

"ကိုထွန်းက ကံမကောင်းဘူး တတရာ..."

မျှော်လင့်ချက်....။ တချို့နေရာတွေမှာ
မျှော်လင့်ချက်ဆိုတာမျိုးက မိုးပေါက်လေးတွေ ကျလာတာကို ခံစားသိရက်နဲ့ မိုးမရွာပါစေနဲ့လို့ ဆုတောင်းမိသလို...ထီးမပါလာတဲ့ နေ့တစ်နေ့ရဲ့ မပြည့်စုံခြင်းအတွက် ကိုယ့်စိတ်ကိုယ် လှည့်စားချင်တဲ့ စိတ်ရူးပေါက်မှုတစ်ခုပဲ...။

သူ့ကိုယ်သူ အောင်မယ်လို့ မျှော်လင့်ထားတဲ့
ကိုထွန်းအတွက်ရော၊ မအောင်လောက်ဘူးလို့ ထင်နေပေမယ့် အောင်စေချင်နေတဲ့ ကိုငယ်အတွက်ရော၊ ပြီးတော့ ဝမ်းကွဲတွေကို သံယောဇဥ်ကြီးတဲ့ ကျွန်တော့်အတွက်ရော...မျှော်လင့်ချက်တွေ ပျက်သုဥ်းသွားတဲ့ ဒီမတော်တဆမှုတစ်ခုက ဥပမာထဲက မိုးရေစက်တွေထက် ပိုပြီးတော့ ထိချက်ပြင်းခဲ့၏...။

နောက်တစ်နေ့မနက်မှာ ဆယ်တန်းအောင်စာရင်းနဲ့ ပတ်သက်တဲ့သတင်းတွေက ရပ်ကွက်ထဲရှိ နေရာတိုင်းသို့ တစ်ဆင့်စကား၊တစ်ဆင့်နားနှင့် တောမီးသဖွယ် ပျံ့နှံ့နေခဲ့ပြီးဖြစ်သည်။ ဘယ့်သူ့သားသမီးက ဂုဏ်ထူး ဘယ်နှစ်ခုပါတယ်၊ ဘယ်သူ့သားသမီးကတော့ ကျတယ်ဆိုတဲ့ အကြောင်းတွေက တစ်ရပ်ကွက်လုံးမှာ ချာလည်ရိုက်နေကာ အောင်မြင်သူနှင့် ရှုံးနိမ့်သူတို့ကြားက ကွာခြားချက်သည်လည်း ချဲ့ကားပြောသော စကားတွေကြောင့်ပင် မြင့်သူဟာ ပို၍မြင့်သွားပြီး နိမ့်သူဟာ ပို၍နိမ့်သွားရသည်။

သူတို့အပြောအရ ဆယ်တန်းအောင်သွားတဲ့သူတွေက
ရှေ့ဆက်ရမယ့် ဘဝတစ်ခုလုံးအတွက် အရာရာ အောင်နိုင်တော့မယ့်သူတွေလိုလို...၊ ကျသွားတဲ့သူတွေကတော့ ဆက်ကြိုးစားဖို့ မဖြစ်နိုင်တော့တဲ့ အရှုံးသမားတွေလိုလို...။

ထိုကဲ့သို့ အရပ်ပြောစကားများကြောင့်လည်း ကိုထွန်းရဲ့
ကျရှုံးခြင်းက သူ့မိဘတွေအတွက် ပိုအပြစ်တင်စရာ ဖြစ်ရတော့သည်။ အိမ်ချင်းနီးနီးလေးမို့ ဒေါ်လေးကျင်လတ်ရဲ့ ဆဲဆိုသံတွေကို သူထုတ်လွှတ်လိုက်တဲ့ အသံကြိမ်နှုန်းအတိုင်း အတိုင်းသားကြားနေရ၏။

"စောက်သုံးမကျချက်က မိဘက မရှိရှိတဲ့ကြားက
ကုပ်ကတ်ပြီး ကျောင်းထားပေးတာကို စောက်ဖြစ်ရှိအောင် မကြိုးစားဘူး။ ဟိုဘက်လမ်းက ငါးစိမ်းသည် မစိန်ပုသားလေးတောင် သူ့အမေ မုဆိုးမကြီးကိုငဲ့ပြီး ကြိုးစားရှာတာ ဂုဏ်ထူးနှစ်ဘာသာ ပါတယ်တဲ့။ နင့်ကို အဲ့ကောင်လေးချီး ကျွေးရမှာသိလား ငထွန်း...။ ဟဲ့...ငါပြောတာကြားလား။"

"ကြားတယ် အမေရေ...ကြားပါတယ်။ သားလည်း လုပ်နိုင်သလောက် လုပ်ခဲ့တာပဲလေ။ သူများတွေ ကျူရှင်တွေ၊ဂိုက်တွေယူပြီး ကျတဲ့သူတောင်ရှိသေးတာ... သားက ကျူရှင်လည်း မယူဘူး။ အမေပြောတဲ့ ဒေါ်စိန်ပုသားက ကျူရှင်တက်ရတယ်လေ။ သူ့အမေက ငါးစိမ်းသည်ဆိုပေမယ့် ထားပေးနိုင်တယ်လေ။"

"ကြည့်စမ်း...နင်က ငါ့ကိုပြန်အပြစ်တင်ချင်နေတာလား။ နင်စာမေးပွဲကျတာ ငါကျူရှင်မထားပေးလို့ပေါ့ ဟုတ်လား။ နင်စောက်အလေလိုက်ပြီး စာမကြိုးစားလို့ကျတာလေ
အကောင်ရဲ့။ ငါက နင်တို့ကို လူများတန်းတူ စာတတ်စေချင်လို့ ခြစ်ကုတ်စုပြီး ကျောင်းထားပေးတာကိုမှ ကျေးဇူးမတင်... ။ ဒီလိုမှန်းသိ အစကတည်းက စျေးပဲ ရောင်းစားခိုင်းတယ်။ နောက်ဆုံးတော့ စောက်ဆံကုန်တာပဲ အဖက်တင်တယ်။ နောက်နှစ်လည်း ပြန်ဖြေမနေနဲ့တော့။ ငါ နင့်ကို ကျူရှင်လည်း မထားနိုင်ဘူး။ မကြိုးစားချင်တဲ့အကောင်အတွက် ငါငွေကုန်ခံတော့လည်း ပလိုင်းပေါက်နဲ့ ဖားကောက်နေရသလိုပဲ ဖြစ်နေမှာ....။"

"သားက မကြိုးစားချင်တာမဟုတ်ပါဘူး...။ အမေ့ကို အပြစ်တင်နေတာလည်း မဟုတ်ဘူး။ သားဘက်ကိုလည်း နားလည်စေချင်လို့ မိဘက ထောက်ပံ့နိုင်တဲ့သူတွေတောင် ကျတတ်တယ်လို့ ပြောပြရုံလေးပဲ။ တော်ပါပြီဗျာ... နောက်နှစ် ပြန်ဖြေဖို့စိတ်ကူးလည်း မရှိတော့ဘူး။ ရှိချင်ရင်တောင် မရှိသလိုဘဲ နေလိုက်တော့မယ်။"

"ပြောလိုက်ရင် ဆင်ခြေကအပြည့်နဲ့ မအေတစ်ခွန်းပြောတစ်ခွန်း ပြန်ပြန်ပက်တယ်။
အေးပါ...ငါပဲ လွန်တာပါအေ။ နင့်ဘာသာနင် နင့်အဖေလို ဆိုက်ကားသမားပဲဖြစ်ဖြစ်၊ အရက်သမားပဲဖြစ်ဖြစ်.. ဖြစ်ချင်တာဖြစ် နောက်ဆို ဘာမှမပြောတော့ဘူး သိလား...။ ငါက ကျွန်မကြီးလေ။ နင်တို့မြိုစို့ဖို့ ပိုက်ဆံကုန်းရုန်းရှာပြီး သိတတ်မှုတောင် ပြန်မရတဲ့ ကျွန်မကြီး..."

ဒေါ်လေးကျင်လတ်ကသာ ဒေါသတကြီး
ဆက်ပြောနေသည်။ ခဏကြာတော့ စက်ဘီးဒေါက်ဖြုတ်သံ မျှင်းမျှင်းလေး ကြားလိုက်ရပြီး ကိုထွန်းလည်း အိမ်မှာမရှိတော့...။ မြှားဦးက ကိုငယ့်ဘက်လှည့်တော့မှာပဲလို့ ထင်မိရုံရှိသေး...ခေါင်းရင်းအိမ်ကနေ ဆဲဆိုသံ ထပ်ကြားရပြီး ထိုဆဲဆိုသံထဲမှာ ကိုငယ့်နာမည်လည်း တစ်ခုအပါအဝင် ဖြစ်လာတော့၏။

>>>>>>>>>>>>>>>>>>>>>>>

"တစ်နေ...မင်း ကျောင်းသားကတ်ရော"

"ပါတယ် ပါတယ် ကျောပိုးအိတ်ထဲမှာ"

အရှေ့ဘက်အိတ်ထဲ လက်နှိုက်လိုက်သည် မတွေ့...။ ပိုက်ဆံအကြွေတွေကိုသာ စမ်းမိပြီး ကျောင်းသားကတ်နှင့် တူတာဆိုလို့ ဘာဆို ဘာမှမတွေ့။ အိတ်မှားထည့်လိုက်သည် အထင်နှင့် စာအုပ်ထည့်တဲ့အိတ်ထဲကိုလည်း စမ်းလိုက်သေးသည်။ ချောင်ကြိုချောင်ကြားမှန်သမျှ လိုက်စမ်းပြီး ရှာမတွေ့သည့် အဆုံးမှာတော့ ကျောင်းသားကတ်က အိမ်မှာကျန်ခဲ့ကြောင်း ကျွန်တော်လက်ခံရတော့၏။ အခုချိန်ကျမှ အိမ်မှာပြန်ယူမယ် ဆိုလျှင်လည်း မှီတော့မည်မဟုတ်။ ကျောင်းတက်ဖို့က ဆယ်မိနစ်သာ လိုတော့ပြီး အသွားအပြန်ကြာချိန်ကတော့ စက်ဘီးအမြန် နင်းလျှင်တောင်မှ ဆယ့်ငါးမိနစ်ခန့် ရှိလိမ့်မည်။

ဂိတ်ဝသို့ လှမ်းကြည့်တော့ ဂိတ်စောင့်ဆရာမတွေက ကျောင်းတံဆိပ်မပါလာသူတွေရော၊ ကျောင်းသားကတ် မပါလာသူတွေရောကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ဖမ်းနေသည်ကို တွေ့ရ၏။ ကျွန်တော် အကြီးအကျယ် စိတ်ညစ်သွားပြီး handleကိုင်ထားသည့် လက်နှစ်ဖက်မှာပါ ချွေးတွေစို့လာသည်။ ကြူးကို လှည့်ကြည့်တော့ သူလည်း ဂိတ်ဝကို လှမ်းကြည့်နေပြီး တစ်ခုခုစဥ်းစားနေပုံရသည်။ ကျောင်းသားကတ် မပါလာခြင်းရဲ့ အပြစ်ဒဏ်က ကျောင်းရှေ့မှာ လက်မြှောက်ထားရရုံဖြစ်သော်လည်း ရှက်စိတ်က ကျွန်တော့်ကို ကျောင်းပြေးဖြစ်စေဖို့အတွက်သာ စဥ်းစားစေသည်။

တကယ်လို့ ကျောင်းပြေးလိုက်ပြီဆိုပါတော့...
ဘယ်နေရာမှာ သွားနေရမလဲ။ ကျောင်းမရောက်ခင်
လမ်းချိုးတစ်ခုက လဘ္ဘက်ရည်ဆိုင်မှာပဲ ကျောင်းလွှတ်ချိန်ကို ထိုင်စောင့်နေရမလား။ အိမ်ပြန်လို့မဖြစ်တာတော့ သေချာသည်။ မေမေနဲ့ မမခိုင်တို့က ဘာမှမပြောဘူးဆိုရင်တောင် မေကြီးကတော့ လက်မြှောက်ရမှာလေးနဲ့ ​ကျောင်းပြေးရလားဆိုပြီး ဆူနေဦးမှာ....။

ကြူးကရော ဘာတွေစဥ်းစားနေတာလဲ။
သူတစ်ယောက်တည်း အရင်ဝင်သွားမယ်လို့ ပြောသင့်၊ မပြောသင့်တွေးနေတာများလား...။ အဲ့လိုပြောလိုက်ရင် သူ့ကို သူငယ်ချင်းကောင်းမပီသဘူးလို့ ကျွန်တော်က စွပ်စွဲမှာကို ကြောက်နေလို့များလား...။

နောက်ဆုံးတော့လည်း ကျွန်တော့်မှာ ကြူးကို
ဘယ်လိုထင်ထင်၊ သူကတော့ ကျွန်တော့်အထင်အမြင်နှင့် ဆန့်ကျင်ဘက်ကိုသာ လုပ်ပြခဲ့သည်။ သူ့လည်ပင်းက ကျောင်းသားကတ်ကို ဆွဲဖြုတ်လိုက်တော့ ကျွန်တော်တွေးလိုက်တာက ဘာလဲဟဆိုတဲ့ အတွေးတစ်ခုတည်းပဲ။ တကယ်တမ်းကျတော့ ဘယ်သူထင်ခဲ့မလဲ...ကြူးက သူ့ကျောင်းသားကတ်ကို ကျွန်တော့်လည်ပင်းမှာ ဆွဲပေးလိုက်မယ်လို့လေ....။

ဒီတော့ သူအကြာကြီးတွေးနေခဲ့တာက
ဆရာမတွေက ကျောင်းသားကတ်ဆွဲထားတာမြင်ရင်ပြီးရော သေချာစစ်တာလည်းမဟုတ်ဘူး။ သူ့လည်ဆွဲကို ကျွန်တော့်ကို ပေးလိုက်ပြီး သူက​တော့ တစ်ယောက်တည်း အပြစ်ပေးခံလိုက်မယ်လို့ တွေးနေခဲ့တာပေါ့...။

ဘယ်လိုတောင် တစ်ဖက်သားကို လူဆိုးဖြစ်အောင်
လုပ်တာလဲလို့ တွေးမိမိချင်း ကျွန်တော် သူ့ရင်ဘတ်ကိုတွန်းပြီး "မင်းကျောင်းသားကတ် မင်းပြန်ယူ"လို့ အသံမာမာနှင့် အော်လိုက်မိတော့၏။ သို့သော်လည်း ကြူးက ကျွန်တော့်စိတ်ကို နားလည်ပုံမရ...။ သူ့လက်ထဲပြန်ရောက်သွားတဲ့ကျောင်းသားကတ်ကို ကျွန်တော့်လည်ပင်းမှာ ထပ်ဆွဲပေးပြန်သည်။ လမ်းမှာဖြတ်သွားတဲ့ ကျောင်းသားတွေ လှည့်ကြည့်သွားကြသည်ကိုလည်း ဂရုမစိုက်မိတော့...။ကျွန်တော် သူ့ကိုထပ်အော်လိုက်တော့ ကြူးက ပြောလာ၏။

"မင်းလက်မမြှောက်ချင်ဘူးမလား။"

"အဲ့ဒါနဲ့ပဲ မင်းဟာကို ပေးစရာလား။"

"ငါက ရလို့လေ...။ လက်မြှောက်ရလည်း ဘာမှမဖြစ်ဘူး။"

"မင်း ငါ့ကိုရွဲ့နေတာလား။"

"မရွဲ့ပါဘူး။ ဒါဆိုရင် မင်းပြောကြည့်။ ကျောင်းထဲလည်း မဝင်ရဲဘူး။ အိမ်လည်း ပြန်ရဲမှာမဟုတ်ဘူး။ မင်းဝေခွဲရခက်နေတာကို ငါက ဖြေရှင်းပေးလိုက်ရုံပဲ။"

"အဲ့တော့ မင်းက သူတော်ကောင်းကြီးဖြစ်သွားတာပေါ့ ကြူး။"

"တစ်နေ...မင်းကမှ ငါ့ကိုရွဲ့နေတာသိလား။"

ကြူးက မျက်မှောင်ကြုတ်သည်။ ကျွန်တော်သည်လည်း သူ့ကို ပြန်စိုက်ကြည့်မိ၏။ ခဏနေတော့ ကြူးကပဲ အရင်လက်လျှော့ခဲ့ပြီး သူ့ကျောင်းသားကတ်ကို ကျောပိုးအိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။ သူလုပ်နေပုံကို စောင့်ကြည့်ရင်း ကျွန်တော်စိတ်တိုလာလို့ ထပ်အော်မယ်လုပ်တော့ ကြူးက အရင်ဦးသွားသည်။

"ရွေးစရာနှစ်ခုပဲရှိတော့တယ်။ ကျောင်းပြေးဖို့ရယ်၊ အပြစ်ပေးခံဖို့ရယ်။ ဒါပေမယ့် အဲ့ဒီနှစ်ခုစလုံးကို မင်းတစ်ယောက်တည်းတော့ မလုပ်ရဘူး တစ်နေ... ။"တဲ့။

"ဘာဖြစ်လို့ မင်းစိတ်ကြိုက်ပဲ လုပ်နေရတာလဲ။"လို့ ကျွန်တော်မေးတော့ နှင်းဆီသွေးနီရောင်နှုတ်ခမ်းတွေက အမြင်ကတ်စရာ အပြုံးတစ်ခုကို လှလှပပလေး ဖန်တီးယူခဲ့သော်လည်း ဘာမှ ထုတ်ပြောခြင်းတော့မရှိ။ စက်ဘီးနှစ်စီးကို ယှဥ်ရပ်ထားပြီး မျက်နှာချင်းဆိုင် ရပ်ငေးနေကြသော ကျွန်တော်တို့နှစ်ယောက်က တခြားသူတွေ အမြင်မှာ ထူးဆန်းကောင်းထူးဆန်းနေနိုင်၏။ သို့သော်လည်း မာနကိုယ်စီကို မျက်ဝန်းများပေါ် တင်ဆောင်ရင်း တစ်ယောက်ယောက်က အရှုံးပေးမည်ကို စောင့်ဆိုင်းနေကြသော ကျွန်တော်တို့နှစ်ယောက်ကတော့ ကိုယ်ပေါ်ကျလာသော မိုးရေစက်များကိုပင် လျစ်လျူရှူထားနိုင်စွမ်းရှိနေသည်။

တက်သစ်ကြူးခေါင်းမာတာကို ကျွန်တော်
မမှီနိုင်မှန်းသိသော်လည်း လွယ်လွယ်နဲ့အရှုံးမပေးချင်...။ မည်သို့ပင်ဆိုစေ...ဆုံးဖြတ်ချက်တစ်ခုခုနှင့် ကြုံဆုံလာရတိုင်း ထိုဆုံးဖြတ်ချက်ကို ချမှတ်သူက တက်သစ်ကြူးဖြစ်နေသည့်အတွက် ကျွန်တော်သာလျှင် အမြဲတမ်းရှုံးနေရတော့၏။

ကျောင်းပြေးမလား...။ အပြစ်ပေးခံမလား...။
နှစ်ခုထဲက တစ်ခုကို ရွေးချယ်ရတာက ဘယ်လောက်ခက်ခဲသလဲဆိုတာကို ကြူးကတော့ သိမည်မဟုတ်ခဲ့ပေ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

See you!!!

Love you all💗
Han_Me
(28.5.2022)


Fortsett å les

You'll Also Like

5.4K 553 14
ကျွန်တော်တို့တွေက ချစ်ခြင်းမေတ္တာကို ပုံစံမျိုးစုံနဲ့ ပုံဖော်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပုံပြင်တွေနဲ့ပေါ့။ ကျွန်တော့်မှာလည်း ကိုယ်ပိုင်နာမည်...
1.3M 44.7K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
41.7K 5.3K 40
ရင်ခုန်သူထံ တိမ်းညွှတ်ခြင်း
79.9K 6.4K 77
ပျော်ရွှင်မှု၊အလှတရားတွေနဲ့ အရာအားလုံး အသစ်တစ်ဖန် စတင်တဲ့အချိန်ကို နွေဦးလို့သတ်မှတ်ကြပါတယ်။ နွေဦးဆိုတာ ပြောင်းလဲခြင်းလေပြည် တွေ တိုက်ခတ်လို့ မျှော်...