မေတ္တာကြိုးနှင့်ချည်သော တိုင်...

By YitDaungNyo_15

125K 5.5K 207

ယောင်္ကျားလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း ချစ်ခြင်းပါပဲ ယောင်္ကျားလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း ချစ... More

--အမှာစာ--
အပိုင်း(၁)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၄)
တိုင်ပင်ခြင်း
အပိုင်း(၂၅)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၈)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
bl

အပိုင်း(၁၃)

766 13 0
By YitDaungNyo_15

ညနေစောင်းတော့ မာန်ဟုမ်တို့ပြန်ရောက်လာသည်။ ရွာဦးကျောင်းအတွက် လိုအပ်တာမှန်သမျှပါလာပြီး မငွေခင်အိမ်အတွက် စဥ့်အိုးကြီးလည်းပါလာသည်။ အရွယ်တူကာ ပိုကောင်းသော စဥ့်အိုးကြီးကြောင့် မငွေခင်မျက်နှာမှာ တပြုံးပြုံး။

မငွေခင်အိမ်မှာ စဥ့်အိုးကြီးချပေးပြီးသည်နှင့် ရွာဦးကျောင်းကို ပစ္စည်းသွားပို့သည်။ ပြီးမှ အိမ်အတွက် ပစ္စည်းတချို့နှင့် ထော်လာဂျီကို ကိုယ်တိုင်မောင်းကာ ပြန်လာခဲ့သည်။

စကားနားထောင်ပုံရသည့် သုံးယောက်မှာ တစ်ယောက်ပါထပ်တိုးပြီး အိမ်ရှေ့ကွပ်ပျစ်၌ ပိုးလို့ပလက် အတုံးအရုံးပင်။ ချက်ထားတဲ့ ဟင်းတွေမရှိတော့၍ ထမင်းတော့ စားထားပုံရသည်။ ယခုနေ သူတို့ကိုဆင်တက်နင်းတောင် နိုးမည်မဟုတ်ချေ။ မာန်ဟုမ် ခြေသံကိုဖွနင်းကာ ဝယ်လာတဲ့ဟာတွေချပြီး ရေမိုးချိုးကာ ဝက်သားလုံးထားတာတွေကို ပြန်ချက်ပြီး ချဉ်ပေါင်ရွက်
ဟင်းချိုပါချက်လိုက်သည်။

" ဟေ့ကောင်လေးတွေ ထတော့။ နေစောင်းနေပြီ ဖျားတာ နာတာဖြစ်မယ် "

တစ်ယောက်ချင်းစီလိုက်နှိုး၍ အင်း၊အဲဖြစ်ကာ ခေါင်းစုတ်ဖွားဖြင့် ထလာကြသည်။

" ဝှားး ဦးအိမ် ဘယ်တုန်းကပြန်ရောက် ဝှားး "

လက်နှစ်ဖက်ကိုအကြောဆန့်ကာ တဝှားဝှားသမ်းနေသည့်ပုံက အိပ်ရေးမဝသေးပုံ။

" အွင်းး ဆရာပြန်ရောက်ပြီလား "

" အာဟီးး ဦးမာန်ပြန်ရောက်တာစောလိုက်တာ"

" အင်းး သားက ဆရာမနက်မှ ပြန်ရောက်မယ်ထင်နေတာ "

စသည့် အိပ်ချင်မူးတူးသမားများ၏ စကားသံတွေဟာ ပျင်းပျင်းရိရိထွက်ပေါ်လာသည်။ မာန်ဟုမ်ကတော့ ကွပ်‌ပျစ်ဘေးမှာ ခပ်ပြုံးပြုံးကြည့်နေသည်။

" လေးယောက်လုံးထတော့ ရေမိုးချိုးကြ ညနေစောင်းနေပြီ။ ဂွတို မင်းအမ(အမေ)လိုက်ရှာနေတယ် "

" ဟာ သွားပြီ။ နွားစာကျွေးဖို့ကိုမေ့နေတာ ကျောကွဲတော့မှာပဲ။ သွားပြီ ဆရာ..သွားပြီနော် ကိုကြီးတို့ "

အသံနှင့်အလင်းတွင် အလင်းကပိုမြန်သလို ဂွတို၏ပြေးနှုန်းကလည်း အသံထက်ပိုမြန်သည်။ ဖိနပ်တောင် မစီးနိုင်ပဲ ပြေးသည့် ဂွတိုသည် သူ့အမေကိုတော့ အတော်ကြောက်ပုံပင်။

အကုန်လုံး နေရာကနေထပြီး အသီးသီး ရေမိုးချိုးနေကြသည်။ အိပ်ချင်ပြေသွားပုံရပြီး ‌အုတ်ကန်မှာ သုံးယောက်သား တဟီးဟီး တဟားဟားနှင့် အတော်ပျော်ရွှင်နေပုံ။

" ရေမြန်မြန်ချိုးကြ အပူရှပ်မယ်။ ငါသူကြီးအိမ် ခဏသွားလိုက်အုံးမယ်"

မာန်ဟုမ်အော်ပြောကာ ရွာလည်ရှိ သူကြီး‌အိမ်ကို ခြေလျင်လျှောက်လာတော့သည်။ ဒီနေ့မြို့အတက်မှာ ကျောင်းဆောက်ဖို့ လိုအပ်တဲ့ဈေးနှုန်းတွေကိုသိခဲ့ရပြီး သူကြီးနှင့် စာရင်းဇယားတွက်ကာ အရပ်ထဲကလူတွေကိုအလှူခံကောက်ဖို့၊ မ,တည်အလှူငွေလှူဖို့ သူကြီးအိမ်သို့လာခဲ့သည်။

" ဗျို့သူကြီးရေ "

" လာကွ ကျုပ်ရှိတယ် မောင်ရင် "

ကွပ်ပျစ်ပေါ်မှာထိုင်ကာ ကွမ်းတမြုံ့မြုံ့လုပ်နေသည့် သူကြီး။ အသားညိုညိုရှိကာ ဖြောင့်မတ်တဲ့လူကောင်းဟူ၍ပဲပြောရမယ်။

" ထိုင်ကွာ။ ဒီနေ့ မြို့တက်တဲ့အခြေအနေဘယ်လိုရှိသေးလဲ"

" ကုန်ဈေးနှုန်းတွေကတော့ ဒီရေအလားပါပဲ သူကြီးရယ်။ အုတ်ကျောင်းလေး ခိုင်ခိုင်မာမာဖြစ်ဖို့ ငါးဆယ်လောက်ကုန်မယ်ထင်ပ"

" ဟေ..သိန်းငါးဆယ်လား။ ဘယ်လိုများဖြစ်ရတာတုန်း "

" ဒီမှာပါ။ စုံစမ်းရသမျှ အုတ်၊သဲ၊ကျောက်၊သစ်၊သွပ်၊သံ စာရင်းတွေ။ လက်သမားခနဲ့ဘာနဲ့ဆိုရင် ငါးဆယ်တောင်ကျော်မယ် "

" ဟေ..။ ဈေးတက်ချက်ကတော့ အံ့မခန်းလိလိပါပဲ။ အခုခေတ်မှ ကျတာဆိုလို့ ဒို့လူတွေရဲ့ စိတ်ဓာတ်ပဲရှိတော့မယ် ထင်ပ"

သူကြီးက စာမတတ်ပေမယ့် ဈေးတွက် တွက်တတ်သည်မို့ မာန်ဟုမ် စုံစမ်းလာတဲ့ ကုန်ဈေးနှုန်းတွေတစ်ခုချင်းရွတ်ပြပြီး အားလုံးပေါင်းကို မာန်ဟုမ်နဲ့သူကြီး မှန်မမှန်တိုက်ကြည့်ပါသေးသည်။ တစ်ခါတလေ calculatorတွေကတောင် မှားချင်မှားပါသေးသည်။ ရှေးလူကြီးတွေ၏ ဈေးတွက်ကတော့ အမှားနည်းသည်။

" စကားကောင်းနေတာနဲ့ ကျွန်တော်ပြန်လိုက်ပါအုံးမယ် သူကြီး။ အိမ်မှာ ကလေးတွေပဲထားခဲ့ရတာမို့ "

" အေးကွယ်။ အဲ့တာဆို ‌မနက်ခင်းကျ ရွာထဲကလူတွေခေါ်ပြီး ကျန်တဲ့အလှူငွေကောက်လိုက်မယ် "

" ဟုတ်ကဲ့ သူကြီး။ ကျွန်တော် သွားလိုက်ပါအုံးမယ် "

မာန်ဟုမ် အိမ်ကိုခြေလှမ်းကျဲတွေဖြင့် သုတ်ခြေတင်လျှောက်လာခဲ့သည်။ ပတ်ဝန်းကျင်မှောင်သွား‌‌ပေမယ့် မာန်ဟုမ်ထွန်းပေးထားသည့် မီးအလင်းကြောင့် ကောင်းကောင်းကြီးမြင်ရပါသေးသည်။

လယ်ထဲကပြန်လာသူတွေကြောင့် ရွာရဲ့လမ်းမကြီးက လူမပျက်ချေ။ အိမ်တိုင်းမှာလဲ ဒီအချိန်က လူအစုံဆုံးပင်။ 

မာန်ဟုမ် ဝိုင်းထဲကိုခြေချလိုက်သည်နှင့် ဝါးလုံးခေါင်းကွဲရယ်သံကြီးကို အရင်ကြားရလေသည်။ ဘယ့်နယ့်များ ဒီကောင်လေးတွေ ဒီလိုရယ်နေကြပါသနည်း။

မာန်ဟုမ် အိမ်ပေါက်ဝက‌နေ မသိမသာလှမ်းကြည့်တော့ ပြန်ရောက်လာတဲ့ ဂွတိုရယ်၊ ရန်ကုန်သားနှစ်ယောက်ရယ်ပေါင်းကာ သက်နိုင်ရဲ့ ခြေဖဝါးကို ကြက်မွှေးဖြင့် ကလိထိုးနေသည်။ သက်နိုင်တစ်ယောက် အလည်ခေါင်မှာလူးလိမ့်ကာ  မျက်ရည်ထွက်သည်အထိ အော်ရယ်နေသည်။

သနားစရာကောင်းလိုက်တဲ့ ငါ့တပည့်ရယ်။ ဒီငမွှေထိုး သုံးကောင်လက်ထဲမှာငါ့တပည့်လေး လုံးပါးပါးရတော့မယ်။

" ဟေ့ရောင်တွေ ဘာလုပ်နေကြတာတုန်း "

မာန်ဟုမ် အသံပြုလိုက်တော့မှာ အနောက်ကိုလှည့်ကြည့်ပြီး လုပ်နေတာများရပ်တန့်သွားသည်။

" ဟီး ဦးအိမ်ပြန်လာပြီလား ကျွန်တော်တို့က ထမင်းမစားခင် လေ့ကျင့်ခန်းလုပ်နေတာ ဟီး "

" ဪ "

အေးပါကွာ။ အကျိုးနည်း လေ့ကျင့်ခန်းကြီး..!!

မာန်ဟုမ်နောက်ဖေးသွားကာ ဒီနေ့ဝယ်လာသမျှကို သူ့နေရာနှင့်သူထားနေလိုက်သည်။ အရှေ့မှာတော့ ရယ်သံတွေစုံနေပြန်တာပဲ။

" တိုင်ရေ ကောင်လေး‌ရေ လာအုံး "

မာန်ဟုမ် ရယ်သံတွေကိုလွှမ်းအောင် အသံပြုလိုက်သည်။

ရောက်ချလာပါသည်။ ရထားတွဲလိုက်ကြီး..။

" ဦးအိမ် ကျွန်တော့်ကိုခေါ်တာလား "

" ဟုတ်တယ် တိုင်။ မင်းကိုခေါ်တာ..တစ်ယောက်ထဲကိုခေါ်တာ "

" ဆရာနော် ကိုကြီးဇွဲကိုပဲ မုန့်ခိုးကျွေးလို့မရပါဘူး "

နှုတ်ခမ်းထော်ထော်ကိုဆူကာ မမျှတသည့်အရေးကို ကြိုတားနေသည့် ဂွတို။

" မုန့်ဆိုမှတော့ အိမ်မှာရှိတဲ့လူတိုင်းစားရမှာပေါ့ကွ။ ဒါနဲ့ နေပါအုံး မင်းက ဘယ်လိုပြန်ရောက်လာတာတုန်း "

" ဒါကဒီလိုဆရာရဲ့။ အမ(အမေ)က ဟိုဘက်ရွာကအလှူသွားလို့ သားကို ဦးကြီးသန်းအောင်ဆီသွားအိပ်ခိုင်းတာ သားက ဒီမှာအိပ်မယ်ပြောပြီး ဒီရောက်လာတာ "

" ဪ ဪ။ အဲ့ဆိုလဲ ပြီးပါရော "

" ဦးအိမ် ကျွန်တော့်ကို ဘာလို့ခေါ်တာလဲလို့ "

စောင့်ရတာမကြိုက်သည့် ပင်တိုင်သည် ချက်ချင်းလက်ငင်းမသိရသည့်အတွက် စိတ်နောက်နေပုံ စူပုတ်ပုတ်။

မာန်ဟုမ် ပင်တိုင့်ရှေ့ကို ဝယ်လာသည့်ဟာချပေးလိုက်သည်။

" ဝါး အများကြီးပဲ "

spicyအမည်းရောင်ကြီးပဲ ဆယ်ထုတ်ပါပြီး ကျန်သည့် ခေါက်ဆွဲထုတ်တွေလည်း ပါသေးသည်။ ပြီးနောက် အထုတ်သေးသေးလေးနှင့်…

" ဦးအိမ် ချိစ်တွေပါဝယ်လာတာလား "

တကယ်ပင်။ ချိစ် ဆယ်ပြားပါ အထုတ်လေးထုတ်ပါသေးသည်။ ‌ပင်တိုင်၏မျက်လုံးတွေသည် ဘလင်းဘလင်းနှင့်။ အခုမှ အလိုလိုက်ခံထားရသည့် ကလေးလိုပင်။

" အင်း။ ဆိုင်ကကောင်မလေးက အဲ့တာတွေက ချိစ်နဲ့စားတာကောင်းတယ်ဆိုလို့ "

" သူများကောင်းတယ်ပြောတိုင်း ယူလာတာပဲလား "

ကိုင်ထားသည့် ချိစ်ထုတ်တွေကို ပြန်ချကာ စူပုတ်ပုတ်ဖြင့် တခြားအရာကို အာရုံပြောင်းနေသော ပင်တိုင့်ကြောင့် ကျန်လေးယောက်မှာကြောင်အန်းအန်း။

ဒီကောင် ပျော်နေတာမဟုတ်ဘူးလား..?

တိမ်ထူသည့်နေ့မှ တမဟုန်ချင်း အုံ့မှိုင်းမှောင်ရီနေသည့် မိုးရွာသောနေ့တစ်နေ့သို့ ကူးပြောင်းသွားသည့် မိမိစိတ်ကိုလဲ ပင်တိုင်နားမလည်ချေ။

ဘာကြောင့်များ ဒီလိုဖြစ်သွားရတာလဲ..?

" အဲ့တာကလေ..ကိုယ်မှ တိုင်တို့စားတဲ့ဟာတွေ မစားဘဲ။ အဲ့တာကြောင့် မေးကြည့်ရတာလေ။ မေးပြီးတော့ မဝယ်ရင် ကိုယ့်ကို လိုက်ရိုက်မှာပေါ့ ကောင်လေးရဲ့ "

တကယ်..တကယ်။ ဦးအိမ်က တရားဟောစားဖို့ ကောင်းသည်။
ဒီလိုလေပြေအေးနဲ့ပြောမှတော့ ဘယ်သူက ခံနိုင်မှာလဲလို့။

အား..ဒီလူကြီး မကောင်းလိုက်တာ။

" ဟုတ်ပါပြီ။ ကျွန်တော်ပဲမှားတာ ဟွန့် "

ပင်တိုင် ခေါက်ဆွဲထုတ်တွေကို ထပ်ပြီး ကြောင်အိမ်ထဲကို ထည့်လိုက်သည်။ ပြီးနောက် ဟို‌သုံးယောက် ထိုင်နေတဲ့နား ဝင်ထိုင်လိုက်သည်။

မာန်ဟုမ်လည်း ရာသီဥတုမတည်ငြိမ်မှုကြောင့် ရင်တလပ်လပ်ဖြစ်ကာ ဂုတ်ပိုးကိုသာ ဖိပွတ်နေမိသည်။

ကိုယ့်ကမ္ဘာရဲ့ရာသီဥတုက မင်းမျက်နှာ‌လှလှနဲ့ အများကြီး သက်ဆိုင်လွန်းပါတယ်။ မင်းမျက်နှာလေး ညှိုးနေရင် ကိုယ့်ကမ္ဘာမှာ လေပြင်းတိုက်ခတ်နေပြီး မင်းနှုတ်ခမ်းလေးဆူနေရင် ကိုယ့်ကမ္ဘာမှာ တိမ်မည်းလိတ်တို့ဝေနေရပါတယ်။ မင်းငိုနေရင်တော့ ကိုယ့်ကမ္ဘာမှာ မုန်တိုင်းထန်နေလေတယ်။ မင်းနှုတ်ခမ်းလေးကော့ညွတ်နေရင် ကိုယ့်ကမ္ဘာလည်း သာယာနေပါတယ် ကောင်လေးရေ။

" ဆရာရေ သားဗိုက်ဆာနေပြီ "

" အင်း..ထမင်းစားကြတာပေါ့ "

ထမင်းဝိုင်းခူးပြီး ဝက်သားဟင်းနှင့် ချဉ်ပေါင်းဟင်းချိုသောက်ကာ လက်နှင့်အပီအပြင်လွေးကြပါတော့သည်။ ရွာရောက်သည့် ရက်အနည်းငယ်မှာ ရန်ကုန်သားနှစ်ယောက်သည် လက်နှင့်သာ စားတတ်လာပါတော့သည်။

မာန်ဟုမ်ချက်ပေးသမျှကို ဘယ်တော့မှ ဂျီးမများကာ မနက်စောစောထပြီး အိပ်ရာစောစောဝင်တတ်သည့် အကျင့်ကောင်းကိုပါရလာသည်။
ငမွှေထိုးနှင့် ပေါင်းပြီး နည်းနည်းမွှေတာကလွဲလို့ပေါ့။

စားပြီးသောက်ပြီးတော့ လေးယောက်သား ပန်းကန်ဆေးတာကနည်းနည်း ရေဆော့တာကများများ အုတ်ကန်နားမှာပွက်လောရိုက်နေသည်။ ပြီးနောက် အိမ်ရှေ့ကွပ်ပျစ်မှာ တစ်ယောက်ပေါ်တစ်ယောက်ထပ်ပြီး မာန်ဟုမ်ဝယ်လာသည့် မုန့်ကြွပ်တွေစားကာ လူ့ဘဝ၏စည်းစိမ်ကိုအပြည့်အဝခံစားနေကြသည်။

သခင်လေးတို့က လူ့ဘဝစည်းစိမ်ခံစားနေပြီး မာန်ဟုမ်မှာမူ ဂွတိုပါရှိသောကြောင့် လေးယောက်အတူအိပ်မည့်ဆိုလာသည့် သခင်လေးတို့ကြောင့် ဘုရားခန်းရှေ့မှာ ဖျာတွေခင်းကာ အိပ်ရာခင်းပေးနေသည်။

" ကောင်လေးတွေ ခြင်ကိုက်မယ် တက်တော့ "

ဒီနေ့မှ ဘောင်းဘီတိုဝတ်ထားတဲ့ တိုင့်ရဲ့ခြေထောက်တွေက ဖြူဖြူအုအုရယ် ခြင်ဆိုတဲ့ သတ္တဝါက အဖုအပိန့်ရှင်းတဲ့ အသားကိုမှ ကိုက်တဲ့အမျိုး။ သူလည်းကိုက်သေး ငရဲလည်းပေးသေးမို့ စိတ်မြန်တဲ့ကောင်လေးက ငရဲယူမှာ အသေအချာပင်။

တဟီးဟီးနဲ့‌ လေးယောက်သား အိမ်ပေါ်တက်လာပြီး ခြေ၊လက်ဆေးကာ အိပ်ရာထဲဝင်သွားသည်။ ထို့နောက် မာန်ဟုမ်လည်း အခန်းထဲ ဝင်လာခဲ့သည်။

ခြင်ထောင်ထဲ၌ ပင်တိုင်တို့အိပ်မပျော်သေးချေ။ ပင်တိုင့်၏ ဖုန်းကို ဂွတိုကိုပေးထားပြီး Gallery (ဓာတ်ပုံပြခန်း)ထဲဝင်ကာ ပင်တိုင်ဓာတ်ပုံရိုက်ထားသည့် နေရာတွေကို ဂွတိုမေးသမျှ ပင်တိုင်ဒိုင်ခံဖြေနေပြီး ထိုနေရာမှလုပ်ခဲ့သည့် ပြဿနာတွေကိုပါပြောပြကာ စခွီထနေခြင်းဖြစ်သည်။

" အဲ့တာလေ လျှမ်းအဲ့နေ့က အသည်းကွဲပြီး ကန်ထဲခုန်ချမယ်လုပ်တဲ့နေ့တုန်းက ဗီဒီယို"

" ဟုတ်လား သားဖွင့်လိုက်မယ် "

ပင်တိုင် မျက်စိတစ်ဖက်မှိတ်ပြကာ ခွင့်ပေးလိုက်သည်။

အဲ့နေ့က အင်ယားကန်ဘောင်မှာ ဟုတ်တာရော မ‌ဟုတ်တာရောပြောပြီး‌ အော်ငိုတဲ့နေ့ဖြစ်သည်။

ဗီဒီယိုထဲ၌..
( မ ကငါ့ကိုလုပ်ရက်တယ်ကွာ။ ငါဒီလောက်ချစ်ပေးတာကိုတောင် ထားသွားတယ်။ သူ့ကြောင့် ငါစာကြိုးစားပြီး သူဖြစ်စေချင်တဲ့ဆရာဝန်ဖြစ်အောင်လုပ်မလို့ကိုကွာ။ အခုတော့..အခုတော့ အီးဟီးး မ က ငါ့ကိုထားသွားတယ်။ ငါ့ကို မ မချစ်မှတော့ အသက်ရှင်နေလဲ အလကားပဲ ငါခုန်ချတော့မယ်။

ခွီ..ဟင်း ဟင်း..

သားကြီး လွန်မယ်နော်။ မင်းစိတ်ကြိုက်အော်ငိုလိုက်။ ဆဲပြစ်လိုက် ရတယ်ကွာ။ ခုန်တော့မချနဲ့ ငါ့အမှုပတ်မယ် ဖာခေါင်းရဲ့။

ငါ့ကို ‌ချစ်ပေးလို့ကျေးဇူးပါကွာ။ အီးဟီးး)

volumeအကုန်ထိမြှင့်ထားတာကြောင့် လျှမ်း၏ အော်ငိုသံဟာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။

ဆရာဝန်ဖြစ်အောင်ကြိုးစားမယ်ဆိုတာ စကားအဖြစ်သာပြောတာ မ,ရှိရင်လည်း လျှမ်းတစ်ယောက် ဆရာဝန်မဖြစ်ချေ။ ပင်တိုင်ရော လျှမ်းက အပျော်အပါးမက်ကာ စာအရမ်းလုပ်သူများမဟုတ်ကြ။

" ခွီ ကိုကြီးလျှမ်းက တကယ်ကြီး အော်ငိုနေတာပဲ။ ပြီးတော့ ကိုကြီးတို့နှစ်ယောက် ငယ်သေးတယ်နော် "

" ဟုတ်တယ်။ ဆယ်တန်းပဲရှိသေးတာ "

ဗီဒီယိုသည် ဂွတို၏လက်နဲ့ထိမိကာ အစပြန်ရောက်သွားတော့ သက်နိုင်နှင့်နားကြတ်တစ်ခုထဲသုံးကာ ရုပ်ရှင်ကြည့်နေသည့် လျှမ်းလှည့်ကြည့်လာသည်။ လျှမ်း၏ပုံသည် ကင်းမုံသီးမှည့်လို မျက်နှာကြီး နီရဲနေလေသည်။

"ဇွဲပင်တိုင် မင်းအခုထိမဖျက်ရသေးဘူးလား.!"

" ဟီး သားကြီးကလဲ ငယ်ဘဝအမှတ်တရလေးတွေက မဖျက်ကောင်းဘူးလေ ဟဲ..ဟဲ "

ဂွတိုကိုကျော်ကာ လျှမ်း၏ခြေထောက်သည် ပင်တိုင့်ဘက်ရောက်လာပြီး ပင်တိုင့်ကို လာကန်နေသည်။

" သားကြီး လွန်မယ်နော်။ လွန်မယ်။ အာ့.."

ပင်တိုင့်ရဲ့မျက်နှာ ရှုံ့မဲ့သွားသည်။

" သားကြီး ငါဖြေးဖြေးလေးကန်တာပါကွာ။ အတော်နာသွားလား "

ဗိုက်ကိုဖိကာ ရှုံ့မဲ့နေသည့် ပင်တိုင့်ကြောင့် ခြင်ထောင်ထဲထိလူကုန် ငုတ်တုတ်လေးဖြစ်သွားသည်။

" ငါ့ဗိုက်..အာ့ ဗိုက်နာတယ်။ အိမ်သာသွားဖို့ လိုက်ခဲ့ကြ "

" ချီးး..အီးပါချင်တာများ လန့်သွားတာပဲ "

ဖင်လိမ်ကာ အရှေ့မှ တဒုန်းဒုန်းပြေးသွားသည်မှာ အိမ်သာအရောက်ပင်။

ဒီအခြေအနေမှာ သရဲလည်း ပင်တိုင်မကြောက်ပါ။

နှစ်ခါ..သုံးခါ..လေးခါ..ငါးခါ..ခြောက်ခါ

ခြောက်ကြိမ်မြောက် ဝမ်းသွားပြီးနောက် ပင်တိုင် မြော့မြော့သာကျန်တော့သည်။ အိမ်ရှေ့ခန်းကိုတောင် ဟိုကောင်တွေတွဲပို့ရပြီး ခြင်ထောင်တွေဖြုတ်ကာ အိပ်ရာမှာလှဲစေသည်။ သက်နိုင်နှိုးထားပုံရသည့် မာန်ဟုမ်က စိုးရိမ်တကြီးဖြင့် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့် လှမ်းလျှောက်နေလေသည်။

" ဝမ်းသွားတာဘယ်နှစ်ကြိမ်ရှိပြီလဲ တိုင် "

ပင်တိုင် ပြန်မဖြေနိုင်တော့သည်အထိ မြော့သွားသည်။

" ခြောက်ခါရှိပြီ ဦးမာန် "

" သက်နိုင် ဆေးမှူးလေးကို သွားပင့်ချီ "

" ဟုတ်ကဲ့ဆရာ "

သက်နိုင် ဆိုင်ကယ်ဖြင့် ရွာ၏မြောက်ပိုင်းအစွန်ရှိ ဆေးမှူးအိမ်ကို အမြန်မောင်းရသည်။ ရန်ကုန်သားက နဂိုထဲကမှ ဖြူတဲ့အသားအရေက အခုဆို သွေးပင်မရှိ‌တော့၍ သက်နိုင်စိတ်ပူမိပါသည်။

" ဘာတွေများသွားစားလို့လဲကွာ "

မာန်ဟုမ် မချိတင်ကဲရေရွတ်မိသည်။ ဒီလောက် ဂရုစိုက်နေတဲ့ကြားက မရှိတဲ့တစ်ရက်မှ ဒီအထိဖြစ်တာ လက်မခံနိုင်စရာပါပဲ။

မာန်ဟုမ် ပင်တိုင့်အနားမှာ တစ်ဖဝါးမှမကွာအောင်ထိုင်နေသည်။

" မနက်က နွားနို့၊ နေ့ခင်းက နွားအချင်းသုတ်၊ မန်းကျည်းသီးစိမ်း၊ ကြက်သားဟင်း၊ အခုက အဲ..ဝက်သားဟင်းနဲ့ ချဉ်ပေါင်ဟင်းချို..သေပါရော။ ဒီမသာမှ မသေရင် ဘယ်သူသေမလဲ "

လျှမ်း၏ အသံကြောင့် ပင်တိုင်ပါ မှေးနေတဲ့ကြားက ကျောချမ်းလာသည်။ ဘယ့်နယ့် ဒီကောင် နေမကောင်းပါဘူးဆို လူကို သေစေချင်နေတယ်။ မင်း..နေပြန်ကောင်းမှတွေ့တာပေါ့..!

" ဖွက် လွဲပါစေကွာ။ ဘယ့်နယ့်သေရမတုန်း "

ပင်တိုင်နှင့်လျှမါးက အတူတူစားတာမှန်ပေမယ့် လျှမ်းက သက်နိုင်မလာတဲ့ ရက်ဆို နွားနို့မသောက်ပါချေ။ ထို့ကြောင့် ဝမ်းမသွားခြင်းဖြစ်သည်။ ကောင်းလှသော ကိုယ့်ရဲ့ကံကိုပဲ ကျေးဇူးတင်မိပြန်သည်။

______________

" ဝမ်းပိတ်ဆေးထိုးပေးခဲ့တယ်။ ဓာတ်ဆားရေကို ဝင်အောင်တိုက်ပြီး အခုတိုက်ရမယ့်ဆေးကို ဝင်အောင်တိုက်ပေးပါ အကိုမာန်ဟုမ်ရေ။ ရေပြောင်းမြေပြောင်းဆိုတော့ ဒီလိုပဲဖြစ်တတ်ပါတယ်ဗျာ "

မာန်ဟုမ်၏ စိတ်ပူနေသည့်ပုံကြောင့် ဆေးမှူးလေးက စိတ်မပူစေရန်ပြောပေမယ့် ‌ဝမ်းသွားခြင်း နောက်ကွယ်က အကြောင်းကို သိတဲ့မာန်ဟုမ်က ရတက်မအေးနိုင်ပါ။

'ရေပြောင်းမြေပြောင်းမဟုတ်ဘဲ အစားသောင်းကျန်းလို့ဆရာရေ'လို့သာ အော်ပြောချင်မိသည်။

______________________________________________________________________________________
#26.5.22
အလွမ်းကိုကိုပန်းကိုကို ကိုဂုဏ်ပြုပါတယ်နော် ဟီးဟီး။
ဆိုနေကြအတိုင်းပဲ အဆင်မပြေရင်လာပြောပါနော်။ကျွန်တော် 60MBပဲရှိလို့ လိုင်းပေါ်မှာဈေးဗန်းမခင်းရသေးဘူးရယ် ပြီးခါနီးပြီမို့ ဘေလ်ရှိတဲ့အသဲလေးတို့က ဈေးဗန်းခင်းကူညီကြပါအုံးနော်🥺

ဒါနဲ့ သဝန်တိုနေတဲ့ တစ်ယောက်ယောက်ကြိများ မြင်မိကြသေးလား🤐

Continue Reading

You'll Also Like

629K 5.3K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
257K 24.2K 52
"ရှေ့နေကြီးခင်ဗျ....။ ကျွန်တော့်နှလုံးသားထဲနယ်ကျွံလာတဲ့လူတစ်ယောက်ကို ဘယ်ပုဒ်မနံပါတ်တပ်ပြီး အရေးယူလို့ရနိုင်မလဲသိချင်လို့ပါ။ မဟုတ်မှလွဲ... ပုဒ်မ 1500လ...
16.6K 437 12
ဒီFicလေးဟာဒုတိယမြောက်ရေးသားထားတာမို့အားပေးကြပါအုံး။စာအရေးအသားအရမ်းကြီးမကောင်းပေမယ့်သည်းခံဖတ်ပေးစေချင်ပါတယ်။ တောင်ကြီးမြို့ကိုအခြေခံပြီးရေးထားတာမို့ တ...