မောင့်ခြေဖျားကအထက်တန်းစားဝိုင...

Autorstwa Amera_Khoon

426K 27.2K 572

Gong - ထက်ဦးခန့် ,စက္ကမင်းမြတ် Shou - နေခမင်းမြတ်, ဟန်လင်းညို Gong - ထက္ဦးခန္႔ ,စကၠမင္းျမတ္ Shou - ေနခမင္းျမတ... Więcej

Part-1
Part-2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Final
Book Cover & Characters' arts

Part - 25

9.7K 649 9
Autorstwa Amera_Khoon

(Unicode)

နောက်တစ်နေ့မနက်ရောက်တော့ ဒေါ်မေခသည် စက္ကကို ထပ်တွေ့ရန် ဦးမင်းမြတ်တို့အိမ်သို့ သွားလိုက်သည်။ ဦးမင်းမြတ်က သူ့ကိုတွေ့တော့ ပြုံးပြပြီး စက္ကကို လှမ်းခေါ်ပေးလေသည်။

" မေ သားနဲ့ စကားပြောပြီးပြီလား"

" အင်း"

" အဆင်ပြေမှာပါ၊ သားက မေ့ကို မမုန်းပါဘူး"

ဦးမင်းမြတ်က ထိုသို့ ပြောပေမဲ့ စက္ကက သူ့ကိုလည်း တွေ့ရော ရှောင်ထွက်သွားဖို့ ကြိုးစားလေသည်။

" သား"

" အမေ သည်ကို ဘာလာလုပ်တာလဲ၊ သည်အိမ်က အမေလာသင့်တဲ့နေရာမဟုတ်ဘူး၊ အမေ့ဂုဏ်၊ အမေ့အဆင့်အတန်းနဲ့ဆိုရင် ကျွန်တော်တို့နေရာက နိမ့်ကျလွန်းတယ်"

" သား အမေ့ကို အမေတစ်ယောက်လို လက်မခံနိုင်ဘူးဆိုတာ အမေ သိပါတယ်၊ အမေလုပ်ခဲ့သမျှတွေကို သား အမေ့ကို ကြိုက်သလောက် အပြစ်ပေးနိုင်တယ်၊ ဒါပေမဲ့ အမေ့ကိုတော့ ဥပေက္ခာမပြုလိုက်ပါနဲ့"

" မဟုတ်ဘူး၊ အမေ မှားနေပြီ။ အခုကကျွန်တော် အမေ့ဂုဏ်သိက္ခာအတွက် ပြောနေတာ၊ အမေ့ကို မုန်းလို့လည်းမဟုတ်သလို စိတ်နာလို့လည်းမဟုတ်ဘူး"

သူတို့ သားအမိနှစ်ယောက်၏စကားဝိုင်းကို ဦးမင်းမြတ်ကတော့ ပြုံးလျက်သာ နားထောင်နေပြီး ဘာစကားတစ်ခွန်းမှ ဝင်မပြောပေ။ သည်လို အခြေအနေကို တစ်ချိန်ကြုံတွေ့လာမှာပဲဆိုတာ ဦးမင်းမြတ် သိသည်။ စက္ကနှင့်အတူ နေလာတာမဟုတ်သည့်မေကတော့ စက္က၏စိတ်ရင်းကို နားလည်မည်မဟုတ်ချေ။ အမြဲတမ်း သူထင်ရာတွေးပြီး သူ လုပ်တာမှန်တယ်ဆိုသည့်မေက ယခုတော့ သားနှင့်မှ အခက်ကြုံလေပြီ။

" အမေတောင်းပန်ရမှာ ကျွန်တော့်ကို မဟုတ်ဘူး၊ အဖေ့ကိုပါ၊ အဖေ့ကို အများကြီးအားနာသင့်တယ်၊ ကျွန်တော် အလုပ်သွားတော့မယ်"

" ဘာအလုပ်လဲ၊ သား အဲ့အလုပ်တွေ ဆက်လုပ်မနေနဲ့တော့၊ အမေ မကြိုက်ဘူး၊ သည်အလုပ်တွေက ဘယ်လောက်တောင်..."

" အမေပြောတဲ့ အဲ့သည့်အောက်တန်းကျတဲ့အလုပ်ကပဲ ကျွန်တော့်ကို ထမင်းကျွေးခဲ့တာပါ၊ တကယ်တော့ အမေကျွန်တော့်ကိုရော၊ ကျွန်တော့်ရှင်သန်ရပ်တည်မှုကိုရော လက်မခံနိုင်သေးပါဘူး၊ ကျွန်တော် သွားတော့မယ်"

" မဟုတ်ဘူး သား၊ အဲ့လို မဟုတ်ဘူး"

သားဖြစ်သူစက္ကကတော့ ထိုမျှသာ ပြောပြီး ထွက်သွားလေသည်။ ထို့ကြောင့် ဒေါ်မေခဟာ စိတ်ဓာတ်ကျလျက်သာ ကျန်ခဲ့သည်။ ထိုအခါ မှိုင်တွေလျက် မတ်တတ်ရပ်နေလေသော ဒေါ်မေခ၏အနားသို့ လျှောက်လှမ်းသွားသောဦးမင်းမြတ်မှ စကားသံထွက်လာသည်။

" မေ့သားငယ်က မြင့်မြတ်တဲ့နေရာမှာ လူအများကြီးရဲ့အချစ်ခံရချိန် မေ့သားကြီးကတော့ ပိုက်ဆံရဖို့ ဖြည့်ဆည်းပေးရတဲ့ ဆိုးရွားလွန်တဲ့ဘဝနဲ့ ရှင်သန်ခဲ့ရတာကို မေ တွေ့ပြီလား၊ မေ့မာနကြောင့် ပျက်ဆီးခဲ့ရတဲ့ သားရဲ့ဘဝကို မေ တွေ့ပြီလား၊ ရင်မနာနဲ့ မေ၊ ဒါ မေ တွန်းပို့ခဲ့တဲ့ သားရဲ့ဘဝပဲ၊ မေ့ရွေးချယ်မှုပဲ၊ မေက သိက္ခာတရားကို သိပ်ကိုးကွယ်တဲ့ မိန်းမမလား၊ မိန်းမတစ်ယောက်အနေနဲ့တော့ မေက သိပ်သိက္ခာရှိတယ်၊ သိပ်တော်လွန်းတယ်၊ ဒါပေမဲ့ မိခင်တစ်ယောက်အနေနဲ့တော့ မေဟာ သိပ်အရှက်မဲ့လွန်းတယ်၊ လူမဆန်တဲ့မိခင်တစ်ယောက်ရဲ့ဆုံးရှုံးမှုပဲ၊ မေ လှလှပပကြီးသာ ခံစားလိုက်ပါ"

ဦးမင်းမြတ်၏စကားသံကြောင့် ဒေါ်မေခဟာ မျက်ရည်များကြားမှ ဦးမင်းမြတ်ကို မော့ကြည့်မိလေသည်။ ကံတရားက သူတို့၏ဘဝကို သိပ်ရက်စက်လွန်းခဲ့သည်။ အားတုံ့အားနာဖြင့် တစ်စက်ကလေးမျှပင် မငဲ့ညှာခဲ့ပေ။

/~/

စက္ကအတွက် ယခုလိုဝမ်းနည်းနေသည့်အချိန်တွင် ပထမဦးဆုံးတွေ့ချင်မိသည့်လူက ဟန်လင်းညိုပင်။ အရင်နေ့တွေဆိုလျှင် မနက်မိုးလင်းတာနှင့် ဟန်လင်းညိုက သူ့ဆီ ဖုန်းခေါ်နေကျပါ။ သည်နေ့ စက္ကက မက်ဆေ့ပို့တာတောင် ပြန်မပို့ခဲ့ပါ။ မနေ့က ကိစ္စကို ဟန်လင်းညိုက ရုတ်တရက်မို့ လက်မခံနိုင်ဘူးဆိုတာ သူ သိပါသည်။ သို့ရာတွင် သူ့ဘက်ကလည်း ဟန်လင်းညိုအပေါ် ပျောက်ကွယ်သွားမည်စိုး၍ အမိအရဆွဲထားလိုက်ချင်သောဆန္ဒကလည်း လောနေခဲ့သည်။

ထို့ကြောင့် ဟန်လင်းညို၏ဆေးခန်းကို လိုက်သွားဖို့ရာ သူ ဆုံးဖြတ်လိုက်သည်။ ထိုနေရာရောက်တော့ ဟန်လင်းညိုဟာ အလုပ်ရှုပ်နေသကဲ့သို့ သူ ရောက်နေကြောင်း သွားပြတာတောင် တစ်ချက်လေးပဲ လှမ်းကြည့်ပြီး သူ့အလုပ်သူ ဆက်လုပ်နေသည်။ စက္ကလည်း အပြင်မှာစောင့်နေတာ တစ်နာရီလောက်ကြာတော့ မနေနိုင်တော့ဘဲ ဟန်လင်းညို ဆေးကုနေသည့်ဘေး၌သာ သွားထိုင်နေလိုက်သည်။ နေ့ခင်းလောက်ရောက်မှ ဆေးခန့်က လူနာများ ရှင်းသွားတော့သည်။

" အစ်ကို ဘာလို့မနက်က ကျွန်တော့်ကို ဖုန်းမခေါ်တာလဲ၊ ကျွန်တော့်မက်ဆေ့တွေလည်း အစ်ကို ပြန်မပို့ဘူး"

" လိုလို့လား"

" ဗျာ..."

" ငါတို့ကြားမှာ မဖြစ်မနေ ဆက်သွယ်ဖို့ အကြောင်းအရင်းတွေမှ မရှိတာ၊ နောက်ပြီး ငါ ညက သေချာစဥ်းစားပြီးပြီ၊ ငါ့ဘက်က ညီတစ်ယောက်လို ဂရုစိုက်မှုပေးခဲ့တာကိုလည်း မင်းဘက်က တစ်မျိုးထင်ခဲ့ပုံပဲ"

" အစ်ကို ဘာလို့ညာနေတာလဲ"

" ဘာကိုလဲ၊ မင်းရဲ့ပတ်ဝန်းကျင်မှာ သည်လိုအရာတွေမြင်နေရတော့ မင်း ငါ့ကို တစ်မျိုးထင်တာ၊ မင်းအတွက် ဂရုစိုက်မှုတွေ လိုအပ်နေတဲ့အချိန် ငါ့ဘက်က နွေးထွေးမှုပြန်ပေးခဲ့တာ၊ ဒါကို မင်း အဓိပ္ပာယ်ကောက်မလွဲနဲ့"

" အစ်ကို ညာနေတယ်၊ ကျွန်တော်တို့ကြားမှာ အဲ့သည့်ထက် ပိုပါတယ်၊ အစ်ကို အခုလက်မခံနိုင်သေးရင်လည်း ရပါတယ်၊ တဖြည်းဖြည်း..."

" တော်တော့ စက္က၊ ငါ မင်းနဲ့ နီးနီးကပ်ကပ်နေခဲ့မိတာ မှားတာပဲ၊ မင်း ငါ့ဂုဏ်သိက္ခာကို စော်ကားတာလား"

" မဟုတ်ဘူး၊ ကျွန်တော့်ဘက်က အစ်ကို့အပေါ် အစ်ကိုတစ်ယောက်ထက် ပိုတယ်"

ထိုစကားကို စက္ကဟာ ဟန်လင်းညို၏ပခုံးနှစ်ဖက်အား ဆုပ်ကိုင်ရင်း ပြောခဲ့သည်။ ဆေးခန်းထဲမှာဆိုတော့ အပြင်လူတွေလည်း သူတို့၏အခြေအနေကို မမြင်ကြပါ။

" အရူးမထစမ်းနဲ့၊ နောက်လထဲမှာ ငါ ငါ့ကောင်မလေးနဲ့ လက်ထပ်ရမယ်"

" ဗျာ...အစ်ကိုရူးနေတာလား၊ အစ်ကို သူ့ကို မချစ်ဘူးလေ၊ ကျွန်တော်ကရော...အစ်ကိုမရှိဘဲ ကျွန်တော် ဘယ်လို ရှင်သန်ရမှာလဲ"

" မင်း ငါ့ကို ဆက်ခင်မင်နိုင်တာပဲ"

" ကျွန်တော် လိုချင်တာ အဲ့သည့်လို မဟုတ်ဘူး၊ အစ်ကို့ကို ကျွန်တော် တစ်ယောက်တည်းပိုင်ဆိုင်ချင်တာ"

" အရူးမထစမ်းနဲ့ စက္က"

ဟန်လင်းညိုသည် သူ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားသည့် စက္က၏လက်များအား ဖယ်ချလိုက်ပြီး ကျောခိုင်းလိုက်သည်။ ဤအပြုအမူကြောင့် စက္ကမှာ ထိုနေရာ၌တင် သွေးပျက်သွားမိသည်။ ဟန်လင်းညိုက သူ့အပေါ် ဘယ်တုန်းကမှ မချစ်ခဲ့ဘူးတဲ့လား။ ဒါဆို ဘာကြောင့် ဂရုစိုက်မှုတွေ ပေးခဲ့သေးလဲ။ အခုတော့ သူ ခဏတာပိုင်ဆိုင်ခဲ့ရသည့်အရာတွေဟာ အတုအယောင်တွေတဲ့လား။

စက္ကသည် ခြေလှမ်းတွေ ဒယိမ်းဒယိုင်ဖြင့် သူ့အနားက ထွက်သွားတော့မှ ဟန်လင်းညိုလည်း ပြန်လှည့်ကြည့်လိုက်သည်။ သည်လိုအခြေအနေမှာ သူ့ဘက်က စိတ်ပျော့လိုက်လျှင် သည်ကောင်လေး လမ်းမှားရောက်သွားနိုင်သည်။ သူက လူကြီးတစ်ယောက်၊ အစစအရာရာ သူ့ဘက်က ထိန်းသိမ်းပေးခါမှ တော်ရာကျမည်။ မနေ့က ပဲခူးမှာ မေမေတို့က သူ့ကို နောက်လအတွင်း နွယ်နှင့် လက်ထပ်ပေးဖို့ တိုင်ပင်နေကြတာကို ဟန်လင်းညို ကြားခဲ့သည်။ ရုတ်တရက်ကြီး စီစဥ်လိုက်တော့ ဟန်လင်းညိုလည်း တားချိန်မရခဲ့။ မိုးသားနွယ်ဘက်ကိုလည်း ကြည့်ရသေးသည်။ စက္ကကိုလည်း သူ့ညီလေးတစ်ယောက်အနေနှင့် သူ့အနားမှာ အမြဲရှိစေချင်သည်။ စက္ကအမေကလည်း ယောကျ်ားလေးတစ်ယောက်နှင့် ဘယ်နည်းနဲ့မှ သူ့သားကို လက်ခံနိုင်မည် မဟုတ်ပေ။

/~/

Media ပေါင်းစုံက သတင်းအမျိုးမျိုးရေးရန် ကြံနေကြသော်လည်း သည်ရက်ပိုင်းရှိသမျှ အင်တာဗျူးများကို ငြင်းပယ်ထားလိုက်သည်။ သားကိုလည်း အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်ထားပြီး နှစ်သိမ့်ထားရသည်။ သည်ကြားထဲ သူငယ်ချင်းတွေက ဖုန်းဆက်​ပြီး အဆင်ပြေရဲ့လားထက် နှိမ့်ချသောစကားများကိုသာ ဆိုကြ၍ ဒေါ်မေခမည်သူ့ကိုမှ စကားလက်ခံမပြောခဲ့။

" မား"

" ဟင်...သား လာထိုင်"

သားမျက်နှာက ငိုမဲ့နေပြီး ကူကယ်ရာမဲ့သလို ဖြစ်နေသည်။ နေခမင်းမြတ်သည် ထိုကောင်လေးကို ဘယ်အချိန်က ဤမျှလောက် ချစ်သွားသနည်းဟု ဒေါ်မေခ တွေးဆမရ။

" သား မောင့်ကို လွမ်းတယ်၊ မောင်နဲ့တွေ့ချင်တယ်"

" သားရယ်၊ မား သားကို အပြစ်မပြောတော့ပါဘူး၊ အခုအခြေအနေကို သား သိတယ်မလား၊ သား အနောက်ကို media တွေ လိုက်နေကြတာ"

" သား သူ့ကို သွားတွေ့လို့ မရဘူးပေါ့"

" ခဏလောက်ပဲ သည်းခံလိုက်ပါ သားရယ်"

" မောင်က သားကိုတွေ့ရင် ထပ်မောင်းထုတ်မှာလား မား"

" ဟင်...သူက သားကို မောင်းထုတ်တယ်"

ဒေါ်မေခ ကြည့်နေရင်း သား၏ပါးပြင်ပေါ်သို့ မျက်ရည်စတွေ စီးဆင်းသွားတာ တွေ့ရပြီး နှုတ်ခမ်းကိုက်၍ နေလေသည်။

" မောင်က သားကို မချစ်ဘူး၊ အဲ့တာကြောင့် အခုလို အခြေအနေမှာ သားကို ထားခဲ့တာ၊ ဟင့်...သားက ဘာအမှားမှ မရှိဘဲနဲ့"

ဝမ်းပန်းတနည်းဖြစ်နေရှာသောသားကို ဒေါ်မေခ ဘယ်လိုချော့ရမှန်းမသိ။ နောက်ဆုံးတော့ သားကို အာရုံလွှဲဖို့ တခြားနည်းဖြင့် ဒေါ်မေခ ကြိုးစားလိုက်သည်။ သား ဘေးနားကို သွားထိုင်လိုက်ပြီး သားကို ရင်ခွင်ထဲထည့်၍။

" သား ဖေဖေ့ကို တွေ့ချင်လား"

"ဟင် ဖေဖေ...သားဖေဖေလား"

" အင်း"

" မတွေ့ချင်ဘူး၊ မား ပေါက်ကရမပြောနဲ့၊ မောင့်ကိုပဲ တွေ့ချင်တယ်"

" ဟင် သားကတော့၊ မား တကယ်ပြောတာပါ ကလေးရဲ့၊ သားရဲ့ဖေဖေအရင်း"

ထိုအခါ သား၏မျက်ဝန်းတွေ ဝိုင်းစက်သွားပြီး သူ့ကို မော့ကြည့်လာတော့ သူ သားကို ပြုံးပြ၍ ခေါင်းညိတ်လိုက်သည်။

" မားပြောတော့ ဖေဖေက ဆုံးသွားပြီဆို"

" မား သားကို တောင်းပန်ပါတယ်၊ မား အားလုံးကို လိမ်ခဲ့တာ၊ သားဖေဖေက မဆုံးဘူး၊ ရှိတယ်"

" တကယ်လား၊ အဲ့တာဆို အခုဖေဖေ့ဆီ သွားမယ်၊ သားဖေဖေ့ကို တွေ့ချင်တယ်"

" သားရယ် မလောပါနဲ့၊ မနက်ဖြန်မှနော်၊ မနက်ဖြန် သားကို သားဖေဖေဆီ လိုက်ပို့ပေးမယ်။ "

" တကယ်ပြောတာနော်၊ ကတိပေး၊ မားကို မယုံဘူး၊ မားက အမြဲလိမ်တာ"

" အင်းပါ"

သားကို ကတိပေးလိုက်တော့ သား၏စိတ်တွေ ငြိမ်သွားသည်။ ဦးမင်းမြတ်နှင့်တွေ့လျှင်တော့ သား၏စိတ်တွေ ပုံမှန်လို ပြန်အေးချမ်းသွားမှာပါ။

_____________

(Zawgyi)



ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ေဒၚေမခသည္ စကၠကို ထပ္ေတြ႕ရန္ ဦးမင္းျမတ္တို႔အိမ္သို႔ သြားလိုက္သည္။ ဦးမင္းျမတ္က သူ႔ကိုေတြ႕ေတာ့ ၿပဳံးျပၿပီး စကၠကို လွမ္းေခၚေပးေလသည္။

" ေမ သားနဲ႔ စကားေျပာၿပီးၿပီလား"

" အင္း"

" အဆင္ေျပမွာပါ၊ သားက ေမ့ကို မမုန္းပါဘူး"

ဦးမင္းျမတ္က ထိုသို႔ ေျပာေပမဲ့ စကၠက သူ႔ကိုလည္း ေတြ႕ေရာ ေရွာင္ထြက္သြားဖို႔ ႀကိဳးစားေလသည္။

" သား"

" အေမ သည္ကို ဘာလာလုပ္တာလဲ၊ သည္အိမ္က အေမလာသင့္တဲ့ေနရာမဟုတ္ဘူး၊ အေမ့ဂုဏ္၊ အေမ့အဆင့္အတန္းနဲ႔ဆိုရင္ ကြၽန္ေတာ္တို႔ေနရာက နိမ့္က်လြန္းတယ္"

" သား အေမ့ကို အေမတစ္ေယာက္လို လက္မခံႏိုင္ဘူးဆိုတာ အေမ သိပါတယ္၊ အေမလုပ္ခဲ့သမွ်ေတြကို သား အေမ့ကို ႀကိဳက္သေလာက္ အျပစ္ေပးႏိုင္တယ္၊ ဒါေပမဲ့ အေမ့ကိုေတာ့ ဥေပကၡာမျပဳလိုက္ပါနဲ႔"

" မဟုတ္ဘူး၊ အေမ မွားေနၿပီ။ အခုကကြၽန္ေတာ္ အေမ့ဂုဏ္သိကၡာအတြက္ ေျပာေနတာ၊ အေမ့ကို မုန္းလို႔လည္းမဟုတ္သလို စိတ္နာလို႔လည္းမဟုတ္ဘူး"

သူတို႔ သားအမိႏွစ္ေယာက္၏စကားဝိုင္းကို ဦးမင္းျမတ္ကေတာ့ ၿပဳံးလ်က္သာ နားေထာင္ေနၿပီး ဘာစကားတစ္ခြန္းမွ ဝင္မေျပာေပ။ သည္လို အေျခအေနကို တစ္ခ်ိန္ႀကဳံေတြ႕လာမွာပဲဆိုတာ ဦးမင္းျမတ္ သိသည္။ စကၠႏွင့္အတူ ေနလာတာမဟုတ္သည့္ေမကေတာ့ စကၠ၏စိတ္ရင္းကို နားလည္မည္မဟုတ္ေခ်။ အၿမဲတမ္း သူထင္ရာေတြးၿပီး သူ လုပ္တာမွန္တယ္ဆိုသည့္ေမက ယခုေတာ့ သားႏွင့္မွ အခက္ႀကဳံေလၿပီ။

" အေမေတာင္းပန္ရမွာ ကြၽန္ေတာ့္ကို မဟုတ္ဘူး၊ အေဖ့ကိုပါ၊ အေဖ့ကို အမ်ားႀကီးအားနာသင့္တယ္၊ ကြၽန္ေတာ္ အလုပ္သြားေတာ့မယ္"

" ဘာအလုပ္လဲ၊ သား အဲ့အလုပ္ေတြ ဆက္လုပ္မေနနဲ႔ေတာ့၊ အေမ မႀကိဳက္ဘူး၊ သည္အလုပ္ေတြက ဘယ္ေလာက္ေတာင္..."

" အေမေျပာတဲ့ အဲ့သည့္ေအာက္တန္းက်တဲ့အလုပ္ကပဲ ကြၽန္ေတာ့္ကို ထမင္းေကြၽးခဲ့တာပါ၊ တကယ္ေတာ့ အေမကြၽန္ေတာ့္ကိုေရာ၊ ကြၽန္ေတာ့္ရွင္သန္ရပ္တည္မႈကိုေရာ လက္မခံႏိုင္ေသးပါဘူး၊ ကြၽန္ေတာ္ သြားေတာ့မယ္"

" မဟုတ္ဘူး သား၊ အဲ့လို မဟုတ္ဘူး"

သားျဖစ္သူစကၠကေတာ့ ထိုမွ်သာ ေျပာၿပီး ထြက္သြားေလသည္။ ထို႔ေၾကာင့္ ေဒၚေမခဟာ စိတ္ဓာတ္က်လ်က္သာ က်န္ခဲ့သည္။ ထိုအခါ မႈိင္ေတြလ်က္ မတ္တတ္ရပ္ေနေလေသာ ေဒၚေမခ၏အနားသို႔ ေလွ်ာက္လွမ္းသြားေသာဦးမင္းျမတ္မွ စကားသံထြက္လာသည္။

" ေမ့သားငယ္က ျမင့္ျမတ္တဲ့ေနရာမွာ လူအမ်ားႀကီးရဲ႕အခ်စ္ခံရခ်ိန္ ေမ့သားႀကီးကေတာ့ ပိုက္ဆံရဖို႔ ျဖည့္ဆည္းေပးရတဲ့ ဆိုး႐ြားလြန္တဲ့ဘဝနဲ႔ ရွင္သန္ခဲ့ရတာကို ေမ ေတြ႕ၿပီလား၊ ေမ့မာနေၾကာင့္ ပ်က္ဆီးခဲ့ရတဲ့ သားရဲ႕ဘဝကို ေမ ေတြ႕ၿပီလား၊ ရင္မနာနဲ႔ ေမ၊ ဒါ ေမ တြန္းပို႔ခဲ့တဲ့ သားရဲ႕ဘဝပဲ၊ ေမ့ေ႐ြးခ်ယ္မႈပဲ၊ ေမက သိကၡာတရားကို သိပ္ကိုးကြယ္တဲ့ မိန္းမမလား၊ မိန္းမတစ္ေယာက္အေနနဲ႔ေတာ့ ေမက သိပ္သိကၡာရွိတယ္၊ သိပ္ေတာ္လြန္းတယ္၊ ဒါေပမဲ့ မိခင္တစ္ေယာက္အေနနဲ႔ေတာ့ ေမဟာ သိပ္အရွက္မဲ့လြန္းတယ္၊ လူမဆန္တဲ့မိခင္တစ္ေယာက္ရဲ႕ဆုံးရႈံးမႈပဲ၊ ေမ လွလွပပႀကီးသာ ခံစားလိုက္ပါ"

ဦးမင္းျမတ္၏စကားသံေၾကာင့္ ေဒၚေမခဟာ မ်က္ရည္မ်ားၾကားမွ ဦးမင္းျမတ္ကို ေမာ့ၾကည့္မိေလသည္။ ကံတရားက သူတို႔၏ဘဝကို သိပ္ရက္စက္လြန္းခဲ့သည္။ အားတုံ႔အားနာျဖင့္ တစ္စက္ကေလးမွ်ပင္ မငဲ့ညႇာခဲ့ေပ။

/~/

စကၠအတြက္ ယခုလိုဝမ္းနည္းေနသည့္အခ်ိန္တြင္ ပထမဦးဆုံးေတြ႕ခ်င္မိသည့္လူက ဟန္လင္းညိဳပင္။ အရင္ေန႔ေတြဆိုလွ်င္ မနက္မိုးလင္းတာႏွင့္ ဟန္လင္းညိဳက သူ႔ဆီ ဖုန္းေခၚေနက်ပါ။ သည္ေန႔ စကၠက မက္ေဆ့ပို႔တာေတာင္ ျပန္မပို႔ခဲ့ပါ။ မေန႔က ကိစၥကို ဟန္လင္းညိဳက ႐ုတ္တရက္မို႔ လက္မခံႏိုင္ဘူးဆိုတာ သူ သိပါသည္။ သို႔ရာတြင္ သူ႔ဘက္ကလည္း ဟန္လင္းညိဳအေပၚ ေပ်ာက္ကြယ္သြားမည္စိုး၍ အမိအရဆြဲထားလိုက္ခ်င္ေသာဆႏၵကလည္း ေလာေနခဲ့သည္။

ထို႔ေၾကာင့္ ဟန္လင္းညိဳ၏ေဆးခန္းကို လိုက္သြားဖို႔ရာ သူ ဆုံးျဖတ္လိုက္သည္။ ထိုေနရာေရာက္ေတာ့ ဟန္လင္းညိဳဟာ အလုပ္ရႈပ္ေနသကဲ့သို႔ သူ ေရာက္ေနေၾကာင္း သြားျပတာေတာင္ တစ္ခ်က္ေလးပဲ လွမ္းၾကည့္ၿပီး သူ႔အလုပ္သူ ဆက္လုပ္ေနသည္။ စကၠလည္း အျပင္မွာေစာင့္ေနတာ တစ္နာရီေလာက္ၾကာေတာ့ မေနႏိုင္ေတာ့ဘဲ ဟန္လင္းညိဳ ေဆးကုေနသည့္ေဘး၌သာ သြားထိုင္ေနလိုက္သည္။ ေန႔ခင္းေလာက္ေရာက္မွ ေဆးခန္႔က လူနာမ်ား ရွင္းသြားေတာ့သည္။

" အစ္ကို ဘာလို႔မနက္က ကြၽန္ေတာ့္ကို ဖုန္းမေခၚတာလဲ၊ ကြၽန္ေတာ့္မက္ေဆ့ေတြလည္း အစ္ကို ျပန္မပို႔ဘူး"

" လိုလို႔လား"

" ဗ်ာ..."

" ငါတို႔ၾကားမွာ မျဖစ္မေန ဆက္သြယ္ဖို႔ အေၾကာင္းအရင္းေတြမွ မရွိတာ၊ ေနာက္ၿပီး ငါ ညက ေသခ်ာစဥ္းစားၿပီးၿပီ၊ ငါ့ဘက္က ညီတစ္ေယာက္လို ဂ႐ုစိုက္မႈေပးခဲ့တာကိုလည္း မင္းဘက္က တစ္မ်ိဳးထင္ခဲ့ပုံပဲ"

" အစ္ကို ဘာလို႔ညာေနတာလဲ"

" ဘာကိုလဲ၊ မင္းရဲ႕ပတ္ဝန္းက်င္မွာ သည္လိုအရာေတြျမင္ေနရေတာ့ မင္း ငါ့ကို တစ္မ်ိဳးထင္တာ၊ မင္းအတြက္ ဂ႐ုစိုက္မႈေတြ လိုအပ္ေနတဲ့အခ်ိန္ ငါ့ဘက္က ေႏြးေထြးမႈျပန္ေပးခဲ့တာ၊ ဒါကို မင္း အဓိပၸာယ္ေကာက္မလြဲနဲ႔"

" အစ္ကို ညာေနတယ္၊ ကြၽန္ေတာ္တို႔ၾကားမွာ အဲ့သည့္ထက္ ပိုပါတယ္၊ အစ္ကို အခုလက္မခံႏိုင္ေသးရင္လည္း ရပါတယ္၊ တျဖည္းျဖည္း..."

" ေတာ္ေတာ့ စကၠ၊ ငါ မင္းနဲ႔ နီးနီးကပ္ကပ္ေနခဲ့မိတာ မွားတာပဲ၊ မင္း ငါ့ဂုဏ္သိကၡာကို ေစာ္ကားတာလား"

" မဟုတ္ဘူး၊ ကြၽန္ေတာ့္ဘက္က အစ္ကို႔အေပၚ အစ္ကိုတစ္ေယာက္ထက္ ပိုတယ္"

ထိုစကားကို စကၠဟာ ဟန္လင္းညိဳ၏ပခုံးႏွစ္ဖက္အား ဆုပ္ကိုင္ရင္း ေျပာခဲ့သည္။ ေဆးခန္းထဲမွာဆိုေတာ့ အျပင္လူေတြလည္း သူတို႔၏အေျခအေနကို မျမင္ၾကပါ။

" အ႐ူးမထစမ္းနဲ႔၊ ေနာက္လထဲမွာ ငါ ငါ့ေကာင္မေလးနဲ႔ လက္ထပ္ရမယ္"

" ဗ်ာ...အစ္ကို႐ူးေနတာလား၊ အစ္ကို သူ႔ကို မခ်စ္ဘူးေလ၊ ကြၽန္ေတာ္ကေရာ...အစ္ကိုမရွိဘဲ ကြၽန္ေတာ္ ဘယ္လို ရွင္သန္ရမွာလဲ"

" မင္း ငါ့ကို ဆက္ခင္မင္ႏိုင္တာပဲ"

" ကြၽန္ေတာ္ လိုခ်င္တာ အဲ့သည့္လို မဟုတ္ဘူး၊ အစ္ကို႔ကို ကြၽန္ေတာ္ တစ္ေယာက္တည္းပိုင္ဆိုင္ခ်င္တာ"

" အ႐ူးမထစမ္းနဲ႔ စကၠ"

ဟန္လင္းညိဳသည္ သူ႔ပခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ထားသည့္ စကၠ၏လက္မ်ားအား ဖယ္ခ်လိုက္ၿပီး ေက်ာခိုင္းလိုက္သည္။ ဤအျပဳအမူေၾကာင့္ စကၠမွာ ထိုေနရာ၌တင္ ေသြးပ်က္သြားမိသည္။ ဟန္လင္းညိဳက သူ႔အေပၚ ဘယ္တုန္းကမွ မခ်စ္ခဲ့ဘူးတဲ့လား။ ဒါဆို ဘာေၾကာင့္ ဂ႐ုစိုက္မႈေတြ ေပးခဲ့ေသးလဲ။ အခုေတာ့ သူ ခဏတာပိုင္ဆိုင္ခဲ့ရသည့္အရာေတြဟာ အတုအေယာင္ေတြတဲ့လား။

စကၠသည္ ေျခလွမ္းေတြ ဒယိမ္းဒယိုင္ျဖင့္ သူ႔အနားက ထြက္သြားေတာ့မွ ဟန္လင္းညိဳလည္း ျပန္လွည့္ၾကည့္လိုက္သည္။ သည္လိုအေျခအေနမွာ သူ႔ဘက္က စိတ္ေပ်ာ့လိုက္လွ်င္ သည္ေကာင္ေလး လမ္းမွားေရာက္သြားႏိုင္သည္။ သူက လူႀကီးတစ္ေယာက္၊ အစစအရာရာ သူ႔ဘက္က ထိန္းသိမ္းေပးခါမွ ေတာ္ရာက်မည္။ မေန႔က ပဲခူးမွာ ေမေမတို႔က သူ႔ကို ေနာက္လအတြင္း ႏြယ္ႏွင့္ လက္ထပ္ေပးဖို႔ တိုင္ပင္ေနၾကတာကို ဟန္လင္းညိဳ ၾကားခဲ့သည္။ ႐ုတ္တရက္ႀကီး စီစဥ္လိုက္ေတာ့ ဟန္လင္းညိဳလည္း တားခ်ိန္မရခဲ့။ မိုးသားႏြယ္ဘက္ကိုလည္း ၾကည့္ရေသးသည္။ စကၠကိုလည္း သူ႔ညီေလးတစ္ေယာက္အေနႏွင့္ သူ႔အနားမွာ အၿမဲရွိေစခ်င္သည္။ စကၠအေမကလည္း ေယာက်္ားေလးတစ္ေယာက္ႏွင့္ ဘယ္နည္းနဲ႔မွ သူ႔သားကို လက္ခံႏိုင္မည္ မဟုတ္ေပ။

/~/

Media ေပါင္းစုံက သတင္းအမ်ိဳးမ်ိဳးေရးရန္ ႀကံေနၾကေသာ္လည္း သည္ရက္ပိုင္းရွိသမွ် အင္တာဗ်ဴးမ်ားကို ျငင္းပယ္ထားလိုက္သည္။ သားကိုလည္း အတတ္ႏိုင္ဆုံး စိတ္ခ်မ္းသာေအာင္ထားၿပီး ႏွစ္သိမ့္ထားရသည္။ သည္ၾကားထဲ သူငယ္ခ်င္းေတြက ဖုန္းဆက္​ၿပီး အဆင္ေျပရဲ႕လားထက္ ႏွိမ့္ခ်ေသာစကားမ်ားကိုသာ ဆိုၾက၍ ေဒၚေမခမည္သူ႔ကိုမွ စကားလက္ခံမေျပာခဲ့။

" မား"

" ဟင္...သား လာထိုင္"

သားမ်က္ႏွာက ငိုမဲ့ေနၿပီး ကူကယ္ရာမဲ့သလို ျဖစ္ေနသည္။ ေနခမင္းျမတ္သည္ ထိုေကာင္ေလးကို ဘယ္အခ်ိန္က ဤမွ်ေလာက္ ခ်စ္သြားသနည္းဟု ေဒၚေမခ ေတြးဆမရ။

" သား ေမာင့္ကို လြမ္းတယ္၊ ေမာင္နဲ႔ေတြ႕ခ်င္တယ္"

" သားရယ္၊ မား သားကို အျပစ္မေျပာေတာ့ပါဘူး၊ အခုအေျခအေနကို သား သိတယ္မလား၊ သား အေနာက္ကို media ေတြ လိုက္ေနၾကတာ"

" သား သူ႔ကို သြားေတြ႕လို႔ မရဘူးေပါ့"

" ခဏေလာက္ပဲ သည္းခံလိုက္ပါ သားရယ္"

" ေမာင္က သားကိုေတြ႕ရင္ ထပ္ေမာင္းထုတ္မွာလား မား"

" ဟင္...သူက သားကို ေမာင္းထုတ္တယ္"

ေဒၚေမခ ၾကည့္ေနရင္း သား၏ပါးျပင္ေပၚသို႔ မ်က္ရည္စေတြ စီးဆင္းသြားတာ ေတြ႕ရၿပီး ႏႈတ္ခမ္းကိုက္၍ ေနေလသည္။

" ေမာင္က သားကို မခ်စ္ဘူး၊ အဲ့တာေၾကာင့္ အခုလို အေျခအေနမွာ သားကို ထားခဲ့တာ၊ ဟင့္...သားက ဘာအမွားမွ မရွိဘဲနဲ႔"

ဝမ္းပန္းတနည္းျဖစ္ေနရွာေသာသားကို ေဒၚေမခ ဘယ္လိုေခ်ာ့ရမွန္းမသိ။ ေနာက္ဆုံးေတာ့ သားကို အာ႐ုံလႊဲဖို႔ တျခားနည္းျဖင့္ ေဒၚေမခ ႀကိဳးစားလိုက္သည္။ သား ေဘးနားကို သြားထိုင္လိုက္ၿပီး သားကို ရင္ခြင္ထဲထည့္၍။

" သား ေဖေဖ့ကို ေတြ႕ခ်င္လား"

"ဟင္ ေဖေဖ...သားေဖေဖလား"

" အင္း"

" မေတြ႕ခ်င္ဘူး၊ မား ေပါက္ကရမေျပာနဲ႔၊ ေမာင့္ကိုပဲ ေတြ႕ခ်င္တယ္"

" ဟင္ သားကေတာ့၊ မား တကယ္ေျပာတာပါ ကေလးရဲ႕၊ သားရဲ႕ေဖေဖအရင္း"

ထိုအခါ သား၏မ်က္ဝန္းေတြ ဝိုင္းစက္သြားၿပီး သူ႔ကို ေမာ့ၾကည့္လာေတာ့ သူ သားကို ၿပဳံးျပ၍ ေခါင္းညိတ္လိုက္သည္။

" မားေျပာေတာ့ ေဖေဖက ဆုံးသြားၿပီဆို"

" မား သားကို ေတာင္းပန္ပါတယ္၊ မား အားလုံးကို လိမ္ခဲ့တာ၊ သားေဖေဖက မဆုံးဘူး၊ ရွိတယ္"

" တကယ္လား၊ အဲ့တာဆို အခုေဖေဖ့ဆီ သြားမယ္၊ သားေဖေဖ့ကို ေတြ႕ခ်င္တယ္"

" သားရယ္ မေလာပါနဲ႔၊ မနက္ျဖန္မွေနာ္၊ မနက္ျဖန္ သားကို သားေဖေဖဆီ လိုက္ပို႔ေပးမယ္။ "

" တကယ္ေျပာတာေနာ္၊ ကတိေပး၊ မားကို မယုံဘူး၊ မားက အၿမဲလိမ္တာ"

" အင္းပါ"

သားကို ကတိေပးလိုက္ေတာ့ သား၏စိတ္ေတြ ၿငိမ္သြားသည္။ ဦးမင္းျမတ္ႏွင့္ေတြ႕လွ်င္ေတာ့ သား၏စိတ္ေတြ ပုံမွန္လို ျပန္ေအးခ်မ္းသြားမွာပါ။

_____________

Czytaj Dalej

To Też Polubisz

671K 41.5K 46
ေကာင္ေလးႏွစ္ေယာက္ၾကားမွာ ငယ္ငယ္ေလးကတည္းက အႏိုင္ယူလာမႈေတြက တစ္ေန႔ သဝန္တိုျခင္းေတြနဲ႔အတူ အခ်စ္အျဖစ္သို႔ေျပာင္းလဲသြားေသာအခါ သုတေက်ာ္ဆိုတဲ့ ခပ္ဆိုးဆိုးေက...
153K 8K 51
LGBT တွေ ကြုံတွေ့ခံစားနေရတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က ရှုံချတိုက်ခိုက်မှုတွေနဲ့ ဖိအားတွေရဲ့အကြောင်းကို လှစ်ဟသီကျူးမယ့် Reality Fiction လေး တစ်ပုဒ်ပါ။
1.4M 47.1K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
267K 6.5K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်