မေတ္တာကြိုးနှင့်ချည်သော တိုင်...
Bởi YitDaungNyo_15
108K 4.9K 198
ယောင်္ကျားလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း ချစ်ခြင်းပါပဲ ယောင်္ကျားလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း ချစ... Xem Thêm
--အမှာစာ--
အပိုင်း(၁)
အပိုင္း(၁)
အပိုင်း(၂)
အပိုင္း(၂)
အပိုင်း(၃)
အပိုင္း(၃)
အပိုင်း(၄)
အပိုင္း(၄)
အပိုင်း(၅)
အပိုင္း(၅)
အပိုင်း(၆)
အပိုင္း(၆)
အပိုင်း(၇)
အပိုင္း(၇)
အပိုင်း(၈)
အပိုင္း(၈)
အပိုင်း(၉)
အပိုင္း(၉)
အပိုင်း(၁၀)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုငျး(၁၂)
အပိုင်း(၁၂)
အပိုငျး(၁၃)
အပိုင်း(၁၃)
အပိုငျး(၁၄)
အပိုင်း(၁၄)
အပိုငျး(၁၅)
အပိုင်း(၁၅)
အပိုငျး(၁၆)
အပိုင်း(၁၆)
အပိုငျး(၁၇)
အပိုင်း(၁၇)
အပိုငျး(၁၈)
အပိုင်း(၁၈)
အပိုငျး(၁၉)
အပိုင်း(၁၉)
အပိုငျး(၂၀)
အပိုင်း(၂၀)
အပိုငျး(၂၁)
အပိုင်း(၂၁)
အပိုငျး(၂၂)
အပိုင်း(၂၂)
အပိုငျး(၂၃)
အပိုင်း(၂၃)
အပိုငျး(၂၄)
အပိုင်း(၂၄)
တိုင်ပင်ခြင်း
အပိုင်း(၂၅)
အပိုင္း(၂၅)
အပိုင်း(၂၆)
အပိုင္း(၂၆)
အပိုင်း(၂၇)
အပိုင္း(၂၇)
အပိုင်း(၂၈)
အပိုင္း(၂၈)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
bl
အပိုင်း(၁၁)
2.1K 147 5
Bởi YitDaungNyo_15
လင်းကြက်တွန်သည်နှင့် ထနေကျဖြစ်ရာ ယခုတွင်လည်း ဆက်အိပ်နိုင်စွမ်းမရှိပါပဲ အိပ်ရာသိမ်းကာ မာန်ဟုမ်ထလိုက်သည်။ မိုးလင်းသည်နှင့် စက်ရုပ်တစ်ရုပ်လို နေ့စဉ်လုပ်နေကျအမှုကို အစီအစဉ်တကျ သွက်လက်ပေါ့ပါးစွာ ပြုလုပ်လိုက်သည်။ နေ့စဉ်နှင့် ကွဲလွဲသည်က ညကလုပ်ထားသည့် မုန့်များကို အနားပြိုင်စတုဂံ ပုံသဏ္ဍာန်ငယ်များအတိုင်း လှီးဖြတ်ပြီး ငါးဆင့်ချိုင့်၏ အထပ်ငါးဆင့်လုံးတွင် ဖြည့်လိုက်သည်။ ပြီးနောက် ခြစ်ထားသော အုန်းသီးဖြူဖြူလေးတွေကို ဆားအနည်းငယ်နှင့်နယ်ကာ ရွှေထမင်းတွေအပေါ် ဖြူးလိုက်သည်။ ချိုင့်တွေကို အဆင့်ဆင့်ပြန်ဆင့်ပြီးနောက် အရေးကြီးတာဝန်တစ်ခုကို သတိရသွားတော့သည်။
တိုင့်ကို သွားနှိုးရအုံးမှာပဲ.!!
မာန်ဟုမ် ဘုရားဆွမ်းတော်ပန်းကန်တွေကိုပါယူပြီး အိမ်ရှေ့တစ်ခါထဲထွက်လာခဲ့သည်။ ပြီးနောက် နံရံမှာချိတ်ထားသည့် တိုင်ကပ်နာရီကိုမော့ကြည့်လိုက်သည်။ (၅)နာရီထိုးတော့မည်ဖြစ်ရာ ဘုရားကို အတိုချုန်းရှိခိုးလိုက်ရတော့သည်။ ယခုမှပဲ မာန်ဟုမ်လည်း ဘုရားကို မြန်မြန်ရှိခိုးမိတော့သည်။
ပင်တိုင်ရောက်လာထဲက မာန်ဟုမ်သည် ဤသို့ကမောက်ကမ ဖြစ်လာရပါတော့သည်။
လော့ခ်မချထားစည့် တံခါးကို အသာတွန်းဖွင့်လိုက်ပြီး အခန်းထဲကိုဝင်လာခဲ့သည်။ အခန်းထဲ၌ လေသာပေါက်ဖွင့်ထားပုံရ၍ လိုက်ကာအပြာရောင်လွင်လွင်လေးဟာ လေအဝှေ့မှာ ယိမ်းသမသဖွယ် ယိမ်းနွဲ့နေသည်။ သူရိန်နေမင်း၏ရောင်ဖြာ ထပ်မှိန်သော်ငြား စန္ဒာလမင်း၏ ရောင်ဖြာလည်း မဟုတ်တန်သော ဖျော့တော့သော မြူနှင်းရောင်ဖြာသည် ယိမ်းနွဲ့နေသော လိုက်ကာစလေးအကြားမှ ထိုးဖောက်ကာ အခန်းငယ်အတွင်း အိပ်မောကျနေသူ၏ နှစ်လိုဖွယ်မျက်နှာပေါ်သို့ တိုက်ရိုက်ကျနေလေသည်။
နဂိုကြည်လင်သောအသားအရေ‌သည် မြူနှင်းရောင်ဖြာ၏မီးမောင်းထိုးပြမှုကြောင့် ပိုမိုပေါ်လွင်သယောင်။ ခေါင်းအုံးအိအိနှင့် ဖိကပ်ထား၍ နဂိုစုထော်နေသော နှုတ်ခမ်းနီတာရဲလေးဟာ ပိုစူထော်နေလေသည်။ မှိတ်ချထား၍သိသာနေသော ကော့ညွတ်ညွတ်ဆံချည်မျှင်တမျှ မျက်တောင်တို့က ရေတံခွန်တစ်ခုအလား။ နှာခေါင်း၏ထိပ်သည် လောက်စလုံးသဖွယ် ပြောင်ပြောင်လုံးလုံးလေးဖြစ်လေသည်။ မျက်ခုံးနှစ်သွယ်ဟာလည်း စင်ရော်တောင်သဖွယ် သွယ်တန်းနေသော်လည်း ဖျော့တော့သောအဆင်းမဟုတ်တန်ရာ မီးသွေးခဲနှင့်ခြစ်ထားသဖွယ် မည်းနက်နေလေသည်။
ဘုရားရှင်က ဒီလူသားကိုဖန်ဆင်းဖို့အရာ အချိန်ဘယ်လောက်ယူခဲ့ရပါသနည်း။ မာန်ဟုမ်မသိသော်ငြားလည်း မာန်ဟုမ်ယခုအပေါက်ဝ၌ ရပ်ကာ ခြင်ထောင်ထဲရှိ အပူအပင်ကင်းကင်းအိပ်နေသည့် ကောင်ငယ်လေးကို ငေးမောနေမိသည်မှာ အချိန်အတော်အတန်ကြာလင့်နေပြီ။
ဪ..မာန်ဟုမ်သည်လည်း အလှကိုခံစားနိုင်သေးသည့် ပုထုစဉ်လူသားတစ်ယောက် ဖြစ်သေးသည်ကား။
မာန်ဟုမ် အရှက်သည်းစွာ လည်ဂုတ်ကို လက်ဖဝါးကြီးကြီးဖြင့်ပွတ်ကာ အညိုရောင်ဇာခြင်ထောင်ကို အပေါ်သို့တင်ပြီး
ရှားစောင်းရနံ့အမြဲရတတ်သည့် ဆံ‌နွယ်အိအိလေးကို နှဖူးပေါ်ကနေ သပ်တင်ပေးပြီး ခပ်အိအိပါးကို အသည်းယားစွာ ဖျစ်ညှစ်လိုက်မိလေသည်။
အို..စိတ်နဲ့ကိုယ်နဲ့မကပ်ပါတော့လား။
တကယ်အိပ်ပုတ်တဲ့ဟာလေး။ အင့်..အဲဖြင့် တစ်ဖက်ကိုပြန်လှည့်သွားသည်။
" တိုင်..တိုင် ထတော့လေ။ ဘဘုန်းကျောင်းလိုက်မယ်ဆို "
" အွင်းး ငါးမိနစ်ပဲ ငါးမိနစ်ပဲ "
ပါးကိုဖျစ်ထားသည့် မာန်ဟုမ်၏လက်ကို အပေါ်မှထပ်ကိုင်ကာ ပါးအိအိပေါ်ထပ်တင်ပြီး ခွေးပေါက်လေးများ သခင်ထံ ချော့မြူပွတ်သပ်ရန်တောင်းဆိုသည့် ပုံစံဖြင့် တိုးဝှေ့ပွတ်သပ်နေပြန်သည်။ မျက်လုံးတော့ တစ်ခဏလေးတောင် မဖွင့်ချေ။
" ဟွင်း..ငါးမိနစ်ပဲနော် ဒီ့ထက်ပိုမရတော့ဘူး ကလေးပေါက်လေးရဲ့ "
ဟုတ်တယ်ကလေးပေါက်လေး။ ဒီလို အိစက်နေသည့်အသားအရေနှင့် နီတာရဲလေးကိုမှ ကလေးပေါက်လေးမခေါ်ရင် မည်သူ့ကိုခေါ်မည်နည်း။
(A/N-အူဝဲများ: ပေပီတို့ကလူဂျီးတွေပါಥ‿ಥ)
မာန်ဟုမ်လက်ကို အသာလေးဆွဲထုတ်လာကာ ဒီကလေးပေါက်လေး အဆာပြေစားဖို့ရာ ပြင်ဆင်ရသေးသည်။ ဘဘုန်းကျောင်းရောက်ရင်က ဝေယာဝိစ္စလုပ်ရာမှာဖြစ်၍ ဂရုတစိုက်မကျွေးအားချေမို့ အိမ်ကတစ်ခါထဲကျွေးသွားမည် ဖြစ်သည်။
မနက်စောစော အဆာပြေစားတတ်သည်လား။ မစားတတ်သည်လားတော့ မာန်ဟုမ်မသိချေ။ မသိလည်းအရေးမဟုတ် ခဏနေကျ မှတ်ထားလိမ့်မည်။
မာန်ဟုမ်သည် ထိုအမျိုးသားလေး၏ ကိစ္စအဝဝကို အလွတ်ရပြီးသားဖြစ်သည့် ပဠာန်းဒေသနာတော်တွေလို သတိနှင့်အသိမကပ်သောအခါတွေမှာပါ မှတ်မိနေစေချင်သည်။ ထိုအမျိုးသားလေး၏ နေ့စဉ်ပြုသမျှအမူအကျင့်တိုင်းကို စိတ်၏စေရာအတိုင်း လိုက်မှတ်သားတတ်သည်မှာလည်း ရက်ပိုင်းအတွင်း မာန်ဟုမ်ရလိုက်သော အလေ့ကျင့်ပင်ဖြစ်လေသည်။
မာန်ဟုမ် ထမင်းပူပူလေးကို ပဲဆီစမ်းကာနယ်လိုက်ပြီး ကြောင်အိမ်ထဲမှ ဆတ်သားခြောက်ဘူးကို အဆင်သင့် အဖုံးဖွင့်ထားလိုက်သည်။ ပြီးနောက် ဖန်ခွက်ဖြင့် ရေထည့်ထားပြီး ရေနွေးဗန်းပါ တစ်ပါထဲပြင်ထားသည်။ မာန်ဟုမ့်အလိုဆို ရေနွေးနှင့်စားမှာဖြစ်‌ပေမယ့် ဇွဲပင်တိုင်က မာန်ဟုမ်မှမဟုတ်တာ။
မာန်ဟုမ် အားလုံးပြင်ဆင်ပြီးသည့်နောက် တိုင့်ကိုနှိုးရန် နောက်တစ်ခေါက်ထွက်လာခဲ့သည်။ ဒီတစ်ခါတော့ ထိုအမျိုးသားငယ်လေးကို ငေးမောမနေတော့ချေ။ ထပ်ငေးရင် နောက်ကျဖို့ရာ အသေအချာပင်။
" တိုင် ထတော့။ ခုနှစ်မိ‌နစ်တောင်ရှိပြီ အခုမထရင် ထားခဲ့မှာနော် "
ကလေးတွေနှင့်ရင်းနှီးမှုရှိ၍ပဲလားမသိ ဒီကလေးပေါက်လေးကို ကလေးလို့ပဲမြင်ပြီး ကလေးတစ်ယောက်လိုပဲ ချော့တစ်လှည့်၊ခြောက်တစ်လှည့်
လုပ်နေမိသည်။
မာန်ဟုမ့်ထက် (၁၄)နှစ်တောင်ငယ်တာကို တကယ်လည်း ကလေးပေါက်လေးပါပဲ။
" အွင်း..ထပါပြီ ဦးအိမ်ရယ်။ ထားခဲ့တိုင်း နေခဲ့ရအောင် ကျွန်တော်က ကလေးလား "
ဆံပင်စုတ်ဖွားဖြင့် တဝှားဝှားသမ်းကာ မာန်ဟုမ့်ကိုရန်ထောင်နေပြန်ပါသည်။
" ဟုတ်ပါပြီ။ မြန်မြန်ရေမိုးချိုးတော့ အချိန်အတော်လင့်နေပြီ "
" ဟုတ်..။ ဟိုဘက်ခန်းကကောင်ကို ဖနောင့်နဲ့သွားပေါက်လိုက်အုံးမယ် ဟီး "
ကုတင်ပေါ်က လွှားခနဲဆင်းကာ ဟိုဘက်အခန်းကို တဒုန်းဒုန်းသွားလေသည်။ တကယ်မလွယ်တဲ့ ကလေးပဲ။
မာန်ဟုမ် ခေါင်းကိုရမ်းကာ တိုင့်၏ အိပ်ရာကို စနစ်တကျသိမ်းပေးပြီး အပြင်ပြန်ထွက်ခဲ့သည်။ စည်းစနစ်ကျသူဖြစ်သည့်အလျောက် အိပ်ရာသိမ်းတာ မည်မျှပင်ကြာသွားမှန်းမသိ တိုင်ရော လျှမ်းပါ ရေချိုးပြီးလို့ တဘတ်အကြီးတွေကိုပတ်ကာ သုတ်သုတ် သုတ်သုတ်နှင့် ပြန်လာကြချေသည်။
" ပုဆိုးတွေပါလား။ ဘုန်းကြီးကျောင်းဆိုတော့လေ "
" ဘုန်းကြီးကျောင်းသွားမိမယ်မထင်လို့ မယူလာမိဘူး ဟီး "
သွားသုံးဆယ့်ခုနစ်ချောင်းလုံးပေါ်အောင်ရယ်ပြနေသည့် လျှမ်းသည် မျက်စိပါပျောက်နေချေသည်။
" အဲ့ဆို ဒီမှာခဏစောင့် "
မာန်ဟုမ့်မှာ ပုဆိုးအသစ်တွေရှိ၍သာတော်ရော့သည်။ ဒီကောင်လေးတွေ ဒီအိမ်ရောက်ထဲက မာန်ဟုမ့်ပုဆိုးတွေ တစ်ထည်ပြီး တစ်ထည်ပေးနေရတာကို။
" အဆင်ပြေတဲ့ အင်္ကျီနဲ့သာတွဲဝတ်။ ကိုယ့်အင်္ကျီနဲ့ဆို တော်မှာမဟုတ်ဘူး "
" ဟုတ် ကျေးဇူး ဦးမာန် "
" ဟုတ် ဦးအိမ် "
ပင်တိုင်၏အကြိုက်ကိုအလိုက်သိစွာ ပုဆိုးအညိုကွက်စိပ်လေးပေးလိုက်ပြီး လျှမ်းကိုကျ အစိမ်းကွက်စိပ်လေး ပေးလိုက်မိသည်။
တစ်ခဏအကြာ shirtလက်ရှည်ကိုယ်စီဖြင့် အရောင်လိုက်စွာ တွဲဝတ်လာကြသည်။ ပင်တိုင်က ခပ်အုပ်အုပ်ဆံပင်တွေကို ခပ်အုပ်အုပ်ပဲကျစေပြီး လျှမ်းက သေချာဖြီးသင်ထားသည်။
ထမင်းစားခန်းထဲ၌ သုံးယောက်သား ဖိုဖနှောင့်ဆိုင်ထိုင်ပြီး ထမင်းကိုခပ်ဆိတ်ဆိတ်သာ စားနေကြသည်။ ပင်တိုင်က တို့ခနဲ ဆိတ်ခနဲလုပ်နေပေမယ့် လျှမ်းကတော့ အပီအပြင်ကိုဆွဲနေသည်။
ဆတ်သားခြောက်က အတော့်အတော်ကို စားကောင်းနေသည်လေ။
________________
" ဟဲ့ မိပုံ လူပျိုကြီးနဲ့ပါလာတဲ့ ရန်ကုန်သားလေးတွေက ဖြူဖြူသွယ်သွယ်လေးတွေဟယ် ချစ်စရာလေးတွေ "
" ဟုတ်ပါ့ ဒီလိုကောင်လေးတွေ လင်တော်ရလို့ကတော့ ကျုပ်ဖြင့်ရှာကျွေးရလဲ ကိစ္စမရှိပါဘူး တော်ရယ် "
" အိုအေ ကျုပ်ကတော့ ရှာမကျွေးနိုင်ပါဘူး။ လင်ယူမှတော့ ရှာကျွေးမယ့်သူပဲ ယူမှာပေါ့"
" အပျိုကြီး ညည်းနော် ညည်း"
ဝေယာဝိစ္စလုပ်နေသည့် အမျိုးသမီးသုံးယောက်သည် ဝိုင်းဖွဲ့ကာ ရန်ကုန်သားတွေအကြောင်းပြောနေရာ ထိုသုံးယောက်ထဲမှ အပျိုကြီးဖြစ်သည့် နှင်းမြိုင်၏ အပြောကြောင့် ကျန်နှစ်ယောက်မှာ ဝိုင်း စ ကြတော့သည်။ နှင်းမြိုင်သည် မာန်ဟုမ့်ကိုနှစ်သက်နေသည်မှာ တစ်ရွာလုံးအသိပင်။ ဒါကြောင့် ထိုစကားသည် မည်သူ့ကိုရည်ညွှန်းမှန်း ကလေးကအစ ခွေးအဆုံးသိ‌သည်။
အမျိုးသမီးတွေက ကျောင်းထဲမှနေ၍ ရန်ကုန်သားနှစ်ယောက်ကို လှမ်းစပ်စုနေပေမယ့် ရန်ကုန်သားနှစ်ယောက်သည် ကျောင်းဝန်းထဲရှိ သစ်ပင်ရိပ်အောက်မှာထိုင်ပြီး ဖုန်းတစ်ယောက် တစ်လုံးစီဖြင့် အလုပ်များနေလေသည်။
" မေမေ့ကို သားကလွမ်းနေတာ "
အလွမ်းတွေကိုသီကျူးပြီး ဖြစ်ပျက်ခဲ့သမျှကို အတိုးချပြောချင်ပါသော်လည်း တကယ်တမ်း မိခင်၏အသံချိုချိုနှင့်ရင်ဆိုင်ရသည့်အခါ နင့်နင့်နဲနဲ အလွမ်းတွေသာပိုလာပြီး အိမ်ပြန်ချင်စိတ်ကသာ ပိုတိုးလာသည်။ အတွေးတွေဟာလည်း ကမောက်ကမ။
မွေးကထဲက ဒီလိုတစ်ခါမှ မခွဲဖူး၍လည်း ဖြစ်ပါလိမ့်မည်။
" မေမေ ဘယ်တော့ ဆေးရုံသွားရမှာလဲ "
" ‌ကျွန်တော့်မေမေက သန်မာပြီးသားမို့ ကျွန်တော် စိတ်မပူပါဘူးနော်"
တစ်ဖက်က မေမေက အသံကြားရသည်ဆိုရုံလောက် ရယ်ပါသည်။
ရယ်သံဖွဖွလေးကြားရတိုင်း မေမေ့ရင်ခွင်ထဲကို အပြေးသွားပြီး ဖက်ထားချင်စိတ်တို့က အစိုးမရ။
ဘယ်လောက်ပဲတော်တဲ့ဆရာဝန်တွေနှင့် ဖြစ်စေကာမူ အသက်ကို ယုံကြည်မှုနှင့်လောင်းကြေးထပ်ရသော ဤအခြေအနေတွင် စိုးရိမ်ပူပန်လွန်းလှပါသည်။
ယခင်ကရော ယခုရော ပြည်ပမှာခွဲစိတ်ခန်းဝင်တိုင်း ပင်တိုင်လိုက်မသွားခဲ့ချေ။ အနည်းဆုံးတော့ အမိမြေမှာ ရင်နှင့်အမျှချစ်ရသော သားဖြစ်သူရှိသေးသည်ဆိုတဲ့စိတ်နှင့် မေမေ့ကို သေမင်းနှင့်စစ်ခင်းစေချင်သည်။ ပင်ပန်းမှာ အမှန်ပေမယ့် ပင်တိုင်က ဒီလိုပဲအတ္တကြီးကြီးဖြစ်စေချင်သည်။
မိခင်ကိုစိုးရိမ်စိတ်တွေထွက်ပေါ်လာသည့်အခါ ဖုန်းကိုင်လျက်သားပဲ မျက်ဝန်းညိုတွေဆီ၌ မျက်ရည်အခိုးအငွေ့တွေ ရစ်သိုင်းလာပါသည်။ နှာခေါင်းထိပ်လေးတွေဟာလည်း ခပ်ရဲရဲဖြစ်လာသည်။
" အဲ့ဆို ဒါပဲနော်။ ချစ်တယ် မေမေ။ ဖေဖေ့ကိုလည်း ချစ်တယ်လို့ပြောပေးပါအုံး။ ဖေဖေကလည်း သားကိုလွမ်းနေတယ်မလား "
ခပ်ရွှင်ရွှင်ပြောသည့် ပင်တိုင့်ကြောင့် မေမေကပါ သဘောတကျလိုက်ရယ်ရှာသည်။
ပင်တိုင်ဖုန်းဆက်တာ မနက်ခင်းမို့ ညဉ့်နက်သည်အထိ အလုပ်တွေမအားတဲ့ဖေဖေသည် နိုးသေးအုံးမှာမဟုတ်ချေ။ ယခင်ကဆိုးချင်တိုင်းဆိုးခဲ့သမျှသည် အိမ်နှင့်ဝေးတော့မှ နောင်တရသယောင်။
" တိုင် အိမ်ပြန်ချင်လို့လား "
ခပ်မှိုင်မှိုင်ဖြစ်နေကာ ကျောင်းဝန်းထဲရှိ ခရေပင်ကို ငေးနေ‌သော ပင်တိုင့်ကြောင့် မာန်ဟုမ်၏ စိတ်ပူမှုတွေဟာအစိုးမရတော့ချေ။
ခေါ်သံကြောင့် ပြန်ငဲ့ကြည့်လာသည့် မျက်ဝန်းညိုတစ်စုံမှာ စိတ်အထင်ကြောင့်ပဲလားမသိ ငွေမှင်ရောင်ငွေ့ရည်တွေရစ်သိုင်းလို့။
ကော့ညွတ်ညွတ်မျက်တောင်တွေကို အပေါ်အောက် ကူးလူးလိုက်တဲ့အခါ ထိုမျက်ဝန်းညိုတွေသည် ပြန်ကြည်လင်သွားခဲ့ပါသည်။
" ဟင့်အင်း ဦးအိမ်။ ပြီးပြီလား ပြန်ကြရအောင်လေ "
" အင်း။ ဘဘုန်းကို နှုတ်ဆက်ပြီးရင် ပြန်မယ်လေ။ ကျောင်းပေါ်လိုက်မယ်မလား"
" ဟုတ် "
ပင်တိုင်၏ လမ်းလျှောက်ပုံဟာ မိန်းကလေးတွေလို ကနွဲ့ကလျမဟုတ်သော်ငြားလည်း ယောင်္ကျားတစ်ယောက်လိုလည်း မဟုတ်။ သူ့ပုံစံနှင့်သူ ကြည့်ပျော်ရှုပျော်ရှိလေသည်။
______________________
" အိမ်း ရေစက်တွေက ထူးဆန်းသကွဲ့။ ရှေးဘဝက ကုသိုလ်တွေကလည်း ဒီဘဝမှာအရောင်ဟပ်သလို အကုသိုလ်တွေကလည်း အရောင်ပြန်ဟပ်မှာဖြစ်တယ်ကွဲ့။ ရှေးဘဝက အကုသိုလ်တွေ ယုတ်လျော့သွားအောင် ဒီဘဝမှာ ကုသိုလ်များများလုပ်ပါ ဒကာလေး"
" ဟုတ်..အဲ တင်ပါ့ဘုရား "
ဘဘုန်းကို ထိခြင်းငါးပါးဖြင့် ဦးသုံးကြိမ်ချပြီးနောက် ဘဘုန်း၏ မိန့်ဆိုမှုများကိုလည်း မှတ်သားပြီး အိမ်သို့ လမ်းလျှောက်ပြန်ခဲ့ပါသည်။
အတူလာသည့် လျှမ်းသည်တော့ သက်နိုင်နှင့် ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့သည်။
ဘုန်းကြီးကျောင်းက လယ်တွေဘက်မှာဖြစ်၍ ပျိုးကျဲထားစဲ လယ်ကွက်တွေနှင့် စာကြောက်ရုပ်တွေသည် ကျေးရွာတစ်ခု၏ အလှအလား။ လူသွားလမ်းနဘေး အလေ့ကျပေါက်သည့် မြက်ရိုင်းတွေနှင့် တောရိုင်းပန်းကလေးတွေသည် အလှပေါ် အယဉ်ဆင့်စေသည်။
နှစ်ယောက်လုံး စကားတစ်ခွန်းမှမပြောဖြစ်ပဲ လမ်းသွယ်မှာ ဘေးချင်းယှဉ်လျက်လျှောက်နေမိသည်။
" ဘာစားချင်လဲ တိုင်။ ကိုယ်ဈေးခဏဝင်အုံးမယ် "
ပင်တိုင် ခေါင်းကိုအသာမော့ကာ နဘေးကလူ၏ ကောင်းခြင်းအဖျာဖျာကို ငေးမောနေမိသည်။ သတိထားမိသည့်နောက် မျက်တောင်ကော့ညွတ်ညွတ်တွေကို အပေါ်အောက် ကူးလူးပြီး အကြည့်လွှဲလိုက်သည်။
" ကျွန်တော်က စားလို့မရတဲ့ဟာတွေကလွဲရင် အကုန်စားတယ်။ မုန်လာဥနီကတော့ ခြွင်းချက်ပေါ့ "
" အင်း အဲ့တာဆို ကိုယ်အဆင်ပြေတာ ဝယ်လိုက်မယ် "
ဈေးသည်တွေ၏ အလကားပေးသလို ဈေးခေါ်နေသည့် ညောင်ပင်တန်းရွာ၏ မနက်ခင်းက စိတ်ရွှင်လန်းဖွယ်အတိ။ ရေခဲရိုက်ငါးမဟုတ်ဘဲ ချောင်းကတက်သည့် ငါလတ်လတ်ဆက်ဆက်‌တွေရယ်၊
ဆက်တူပေါ်ကာ ရောင်းချသည့် အမဲသား၊ဝက်သား စတာတွေ‌ရယ်၊ ဗမာကြက်စစ်စစ်တွေရယ်၊ ယာခင်းထဲက လတ်လတ်ဆက်ဆက်ခူးထားသည့် ဟင်းသီးဟင်းရွက်တွေရယ်ဟာ ဒီရွာအတွက်ကောင်းမွန်သော ကျန်းမာရေးကို ရည်ညွှန်းနေပါသည်။
ဈေးဝယ်တတ်သည့် အမျိုးသားရယ် အပြုံးချိုချိုဖြင့်ဈေးသည်တွေရယ်သည် ပင်တိုင်၏ မျက်ဝန်းညိုညိုမှာ ထင်ဟပ်လာတော့ ကော့ညွတ်ညွတ်မျက်တောင်တွေကိုတောင် မခပ်ရက်သည်အထိ ငေးမောနေမိပြန်သည်။
____________________________________________________________________
#24.5.22
ခန့်မှန်းချေ အပိုင်း(၂၀)ထိပဲရှိလောက်မယ်။
အဆင်မပြေတာရှိရင်လာပြောကြပါအုံးနော်။ အချက်အလက်မမှန်ကန်တာရှိရင်ရော ထောက်ပြကြပါအုံး။
Đọc tiếp
Bạn Cũng Sẽ Thích
1.2M 65K 51
341K 31.5K 62
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) အမှန်တော့ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်သလို စွန့်လွှတ်အနစ်နာခံခြင်းလည်း မဟုတ်ခဲ့ပါဘူး...ဒါဆို အချစ်ဆိုတာက ဘာလဲ!? အ...
35.5K 2.3K 41
[ Zawgyi ] ---------------- ချစ်ခြင်းမေတ္တာကို ရိုးရိုးလေးလို့ထင်ထားခဲ့တာ အခုတော့ သီအိုရီရှာမတွေ့တဲ့ပုစ္ဆာတစ်ပုဒ်လိုပဲ သူ့ရဲ့အဖြေဟာ ဗလာနတ္ထိ [ Unicode ]...