သက်ရှိရွှေစင်ရုပ်ထုသဖွယ် နေခြည်မှာဝင်းပနေသည့် ရေစက်တို့တွဲလဲခိုရာ ပင်တိုင်၏ ပြစ်မျိုးမထင်သည့် အလှတရားကို နွားနို့ကျိုနေသည့် မာန်ဟုမ် အငေးကြီးငေးနေမိသည်။ သတိကိုအမြဲကပ်ထားသည့် မာန်ဟုမ်သည် ဇွဲပင်တိုင်နှင့်ကျမှ သတိအမြဲလွတ်ရသည်။
အဟမ်း.! သတိကပ်စမ်း။
မာန်ဟုမ် ကိုယ့်ကိုကိုယ်သတိပြန်ကပ်ကာ နွားနို့အိုးကြီးကို မေ့ပြီး အိမ်ထဲဝင်လာခဲ့သည်။ အိမ်ရှေ့ ဘုရားခန်းနားက လေသာပေါက်မှာ ကုလားထိုင်ကိုချပြီး စာအုပ်တစ်အုပ်ထိုင်ဖတ်နေသည်။
" ဦးအိမ်ရေ ဦးအိမ် အိုးထဲကဆပ်ပြာမြှုပ်တွေထွက်နေတယ် ဦးအိမ်ရေ "
အနောက်ဖေးက ပင်တိုင့်အော်သံကြောင့် မာန်ဟုမ် စာအုပ်ကြီးပြစ်ချကာ အိမ်နောက်ဖေးကိုပြေးရသည်။ ပြေးဝင်မိတော့မှ မှားလေသည်။ ရေချိုးထားပုံရသည့် ပင်တိုင်၏အပေါ်ပိုင်းသည် မာန်ဟုမ်ကို တံတွေးမြိုချမိအောင်အထိ ဆွဲဆောင်နေလေသည်။
ကျော့ရှင်းနေသည့် လည်တိုင်ကျော့ကျော့လေး။ နီနီရဲရဲဖြစ်နေသည့် အသာပိုလေးတစ်စုံနှင့် ဗိုက်သားချပ်ချပ်လေးတို့သည် ကြည်လင်းသောအသားအရေ၌ နေရာတကျရှိနေလေသည်။ ထိုအသားအရေပေါ်၌ ကပ်ငြိနေသော ရေအစက်အပေါက်တို့သည် မီးကိုလောင်စာထည့်ပေးသည့်နယ်။
" ဦးအိမ် အောက်မှာဆပ်ပြာမြှုပ်တွေထွက်နေပြီလို့.!!! "
ပင်တိုင်၏အသံကြောင့် အပီအပြင်ငေးနေသည့် မာန်ဟုမ် အသိပြန်ဝင်ကာ ဝေကျနေသည့် နွားနို့အိုးအဖုံးကို လက်ဗလာဖြင့် ဖွင့်လိုက်မိသည်။
ဂလွမ်..ဂလွမ်
" အားလားလား ပူလိုက်တာ "
နွားနို့အိုးစလောင်းဖုံးသည် မြေခရလေသည်။ မာန်ဟုမ် ပူနေသည့် ညာလက်ကို နားတွင်အုပ်ကိုင်စေပြီး သက်သာစေသည်။ ပြီးနောက် ဝေနေသည့် နွားနို့အမြှုပ်တွေကို ပါးစပ်ဖြင့် တဟူးဟူးမှုတ်လေသည်။
" ဦးအိမ် ဦးအိမ် ပူသွားတယ်မလား "
ပင်တိုင်က မာန်ဟုမ့်အနားပြေးလာကာ နားကပ်ထားတဲ့ လက်ကိုဆွဲယူပြီး စူးရှရှအညိုရောင်မျက်ဝန်းလေးဖြင့် စိုက်ကြည့်နေသည်။ ပြီးနောက် အနားမှာရှိသော သွားတိုက်ဆေးတွေကို ကွမ်းသီးလုပ်လောက်ညှစ်ချပြီး အပူလောင်သည့် နေရာကို သုတ်ပေးလေသည်။ အပူလောင်တာက နှမ်းစေ့လောက်ဖြစ်ပြီး ဆေးလူးထားတာက ကွမ်းသီးလောက်ဖြစ်နေလေသည်။
" အာ..များသွားတာပဲ။ ဒါပေမဲ့ များတော့လည်း မြန်မြန်သက်သာတာပေါ့ မဟုတ်ဘူးလား "
တစ်ယောက်ထဲရေရွတ်ပြီး မာန်ဟုမ်ကိုမော့ကြည့်လိုက်သည်။ ကြည်လင်နေသည့် အညိုရောင်မျက်ဝန်းလေးနှင့် ဆုံသည့်အခိုက်တွင်တော့ ပူပြင်းနေသည့် နွေအခါတွင် ဆောင်းနှင်းများတဖွဲဖွဲကျလာသလို..၊ အပူဒေသတောရွာလေးမှာ ချယ်ရီပင်တွေပွင့်လန်းလာသလို..၊ ရင်ထဲမယ်ကြည်ကြည်နူးနူး ဆောင်းရာသီတွင် အအေးပိုင်းဒေသကို အလည်သွားရသလိုပင်။
" အမ်..အင်း "
နှစ်ယောက်သား တစ်ပေမျှသာဝေးသည့်အနေအထားမှ အမြန်ဖယ်ခွာလိုက်ကြသည်။ ပင်တိုင်၏မျက်နှာသည် မီးကျီခဲလို နီရဲနေကာ မာန်ဟုမ်သည်တော့ အသားအရေညိုမှုကြောင့် ဖိန်းတိန်းရှိန်းတိန်းဖြစ်ရုံမှတစ်ပါး ထင်သာမြင်သာမပေါ်ချေ။
" အဟမ်း..အဲ့တာဆို ကိုယ်..အင်း မနက်စာပြင်ထားတယ်။ အဝတ်ဝတ်ပြီးရင် လာစားချီ"
ဂုတ်ပိုးကို ပွတ်သပ်ကာ နေရခက်စွာ ပင်တိုင့်ကိုမကြည့်ပဲ မနက်စာစားဖို့မှာပြီး နွးနို့အိုးအပူကြီးကို လက်နှီးစုတ်ဖြင့်ကိုင်ကာ အိမ်ထဲဝင်လာခဲ့သည်။
ပင်တိုင်လည်း အခန်းထဲဝင်ကာ အဝတ်အစားလဲလိုက်သည်။ ပြီးနောက် နိုးနေပြီဖြစ်သည့် လျှမ်းနှင့်အတူ ထမင်းစားဝိုင်းဆီသို့။
_____________
ထမင်းစားဝိုင်းတွင် မလိုင်ပျစ်ခဲနေသည့် နွားနို့နှစ်ခွက်၊ ဖြူဖြူဖွေးဖွေး ကောက်ညှင်းပေါင်းပန်းကန်က အုန်းသီးနှင့် နှမ်းတောင်နိုင်းချင်းဖြင့် အငွေ့တထောင်းထောင်း၊ အဝါရောင်ပြေပြေလေးဖြင့် ဆန်ဆနွင်းမကင်းတွေဟာလည်း အုန်းဆီလေးတဝေ့ဝေ့ဖြင့် သွားရေကျဖွယ်။
သူတို့နှစ်ယောက် သူတို့ရဲ့နေရာတွေမှာထိုင်လိုက်သည်။ ပင်တိုင်ကတော့ ဗမာမုန့်ကြိုက်သူဖြစ်သည့်အလျှောက် ပြုံးပျော်နေပေမယ့် လျှမ်းတစ်ယောက်တော့ မျက်နှာပျက်နေသည်။ လျှမ်းက ဗမာမုန့်မကြိုက်တာမဟုတ်ဘဲ နေ့တိုင်းသောက်ခဲ့ရသည့် နွားနို့ကိုမုန်းတာဖြစ်သည်။
" လျှမ်း နွားနို့ကြီး အဆင်ပြေရဲ့လား "
" အင်..ပြေလောက်မှာပေါ့ "
လျှမ်း ဆနွင်းမကင်းလေးကို ဇွန်းဖြင့် ဖဲ့စားလိုက်သည်။ အုန်းဆီအရသာနှင့် ဆနွင်းမကင်းအိအိလေးက လိုက်ဖက်ဖွယ်ပင်။
" ဦးအိမ် လျှမ်းက နွားနို့မကြိုက်ဘူး "
" အာ..ရတယ်ဆို ပင်တိုင်ကလည်း ဦးမာန်ကို အားနာစရာ "
ပင်တိုင်က လျှမ်းကို 'အခုမှလူမှုရေးသိတတ်ရန်ကော'ဆိုသည့်သဘောဖြင့် မျက်စောင်းထိုးလိုက်သည်။
" ဟုတ်လား။ ကော်ဖီသောက်မလား လျှမ်း။ ကိုယ်မသိလိုက်လို့ "
" အဲ့လိုရလား "
ဦးမာန်က ချက်ချင်းပဲ ပရင်းမီးရားအနက်ရောင် ကော်ဖီထုတ်ကို ရေနွေးအသင့်အတင့်နဲ့ဖျော်ပေးပြီး လျှမ်းအရှေ့သို့ချပေးခဲ့သည်။
" ကျေးဇူးပါ ဦးမာန် "
အလိုလိုက်လွန်းသည့် သဘောမို့ သဘာဝအတိုင်းကော်ဖီစေ့ကို ချက်ချင်းကြိတ်ထားသည့် ကော်ဖီမဟုတ်ပေမယ့် သောက်ဖူးသမျှမှာ အကောင်းဆုံးဖြစ်ပေသည်။
" ဦးအိမ် အဲ့လိုစားတာ ကောင်းလို့လား "
" အင်း "
ထမင်းပူပူကို ဆီနှင့်နယ်ပြီး ဘိန်းမုန့်အနီနှင့် စားနေလေသည်။ အစာပြေမုန့်နဲ့ ထမင်း တကယ်တွဲစားတော့ ကောင်းပါသလား။
" ဘယ်လိုအရသာလဲဟင် "
ပင်တိုင် တကယ်စိတ်ဝင်စားသည်။ တစ်သက်နဲ့ တစ်ကိုယ် မေမေဖုတ်ကျွေးတဲ့ ဘိန်းမုန့်ကိုအစာပြေသဘောမျိုးသာ စားဖူးသည်။ ဒီလိုတစ်ခါမှ မစားဖူးပေ။
" စားကြည့်မလား "
" အင်း ကျွန်တော်ကို ခွံ "
" ခဏ ကိုယ်ဇွန်းသွားယူအုံးမယ် "
" ရတယ် ကျွန်တော့်ကို ဒီဇွန်းနဲ့ပဲ ခွံ့"
ပင်တိုင်လည်း ဇွန်းထယူမည့်သူကြောင့် အားနာကာ ပြောလိုက်သည်။
မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် စားချင်ဟန်ပြနေလေသည်။ ထို့ကြောင့် မာန်ဟုမ်လည်း စားပွဲတစ်ဖက်ခြမ်းရှိ ပင်တိုင်ကို ဘိန်းမုန့်နှင့်ထမင်းဆီစမ်းပေါင်းကာ ဇွန်းနှင့်ထည့်ပြီး လှမ်းခွံ့လိုက်လေသည်။
" အင်း "
မျက်လုံးမှိတ်ကာ အရသာခံနေသည့် ပင်တိုင်ကို မာန်ဟုမ် သဘောတကျ ကြည့်နေသည်။
သူစားထားသည့် ဇွန်းနှင့်မရွံမရှာဘဲ စားနေဟန်ပြသည်မို့ တကယ်ကို ကျေကျေနပ်နပ်ကြီး ပြုံးနေမိသည်။
ဘိန်းမုန့်ရဲ့ အရသာချိုချိုရယ် ထမင်းဆီစမ်းရဲ့အရသာ စိမ့်စိမ့်ရဲ့ ပေါင်းမိတဲ့အခါမှာ တကယ်ကိုကောင်းသည်။ အစထဲက ဘာလို့ ဒီလိုမစားမိခဲ့တာလည်း ကိုပါတွေးမိသွားသည်။
ပင်တိုင် မျက်လုံးကိုဖွင့်ကာ ဦးအိမ်ကို လက်မထောင်ပြလိုက်ပြီး ပြုံးပြလိုက်သည်။
" အမေးဇင်း..ဒီလိုအရသာမှန်းသိရင် အစထဲက တွဲစားခဲ့ပါတယ် "
" တကယ်ကောင်းလို့လား "
" အင်း တကယ်ကောင်းတယ်။ မင်းရောစားကြည့်မလား "
" ဟင့်အင်း။ ချိုစိမ့်နေတာတွေက အဆီတက်စေတယ်။ မကြိုက်ဘူး "
" နေပေါ့ ငါတော့ကြိုက်တယ် "
လျှမ်းဆိုတဲ့ကောင်က တကယ်ကို ဂျီးများတဲ့ကောင်ဖြစ်သည်။ သူ့ကြည့်တော့ ပိစိကွေးကို ဟိုဟာမစား ဒီဟာမစားနဲ့။
" စားအုံးမလား "
" ဟင့်အင်း တော်ပြီ "
အစာပိတ်အနေနှင့် နွားနို့ကိုမော့သောက်လိုက်သည်။ ပင်တိုင် ကောက်ညှင်းပေါင်းနှစ်ဇွန်းနှင့် ခုနက ဦးအိမ်ခွံတဲ့ဟာရယ် နွားနို့ရယ်ပဲ သောက်ထားတာဖြစ်သည်။
သူများသာပြောတာ ပင်တိုင်သည်လည်း တကယ်ကို အစားနည်းတဲ့လူဖြစ်သည်။
" အကို ခင်ဗျား ကျွန်တော့် အိမ်က နွားနို့ကို မသောက်ဘူးလား "
ဆိုင်ကယ်သံ ဖွတ်ညှက် ဖွတ်ညှက်ကြားလိုက်ရပြီးနောက် သက်နိုင်၏ အသံပြဲပြဲကိုကြားလိုက်ရသည်။ သက်နိုင်ထမင်းစားခန်းထဲဝင်လာပြီး နွားနို့ခွက်ဘေးထားပြီး ဖုန်းကြည့်ရင်း ကော်ဖီသောက်နေသည့် လျှမ်းကို အလိုမကျစွာ ပြောလိုက်သည်။
" အို.. ဘယ်လိုဖြစ်နေတာလဲ သက်နိုင်ရယ်။ လျှမ်းလည်း ကြိုက်သလိုစားပါစေ "
" ဆရာကလည်း။ ကန်တော့ပါရဲ့ အဲ့အကိုက စောက်ဂျီးကိုများနေတာ။ ခြံထွက်နွားနို့ ဘယ်လောက်ကောင်းလည်း ရေတောင်မရောဘူး "
သက်နိုင်၏စကားကြောင့် ကော်ဖီသောက်နေသည့် လျှမ်းနင်သွားသလို ဖုန်းငုံ့ဆော့နေသည် ပင်တိုင်လည်းမော့ကြည့်လာသည်။ မာန်ဟုမ်သည်တော့ ပြောမနေပါနှင့်တော့။ သူ့တပည့်၏ ယဉ်ကျေးမှုကြီးကြောင့် ခေါင်းတခါခါနှင့် စားပြီးသား ပန်းကန်တွေကို ရေစည်ဆီ သိမ်းကြုံး ယူသွားလေသည်။
" လျှမ်းက နွားနို့မကြိုက်ဘူး သက်နိုင်ရဲ့"
" ဒါပေမဲ့ အကိုပင်တိုင်ရယ်။ ဒါကရန်ကုန်ကလို ရေတစ်ပိဿာနွားနို့တစ်ဆယ်သား ရောထားတာမှမဟုတ်တာ။ ခြံထွက် ကိုယ်တိုင်ညှစ်ထားတာကို သောက်သင့်တဲ့ဟာ။ နေပေါ့ မသောက်လဲ။ အကောင်းနဲ့မတန်ဘူး။ စေတနာနဲ့ မတန်တဲ့လူ "
" သောက်ပါ့မယ် အချစ်ရာ။ နွားနို့လေးမသောက်တာကို လူယုတ်မာဖြစ်အောင်မလုပ်ပါနဲ့။ အချစ်ကိုယ်တိုင် ညှစ်လာတာမလား ကိုယ်ကသောက်ပေးရမှာပေါ့ "
လျှမ်း ပြုံးစိစိဖြင့် နွားနို့တွေကို ရေခရားထဲက ရေထွက်သလို မြိုချလိုက်သည်။
" ဘယ်လိုခေါ်လိုက်တယ်.! ခင်ဗျား.!! ခင်ဗျား.!! "
နဂိုထဲက အသားညိုသည့် ငမဲလုံးလေးသည် ရှက်စိတ်ကြောင့် ပြာလာပါတော့သည်။ လျှမ်းကိုလည်း လက်ညှိုးတထိုးထိုးဖြင့် ကျေနပ်ဟန်မရှိချေ။
" ခွီ..ဟား..ဟား "
ပင်တိုင်တော့ ဖုန်းမကြည့်နိုင်ပဲ သူတို့နှစ်ဦးကိုကြည့်ကာ ခွက်ထိုး ခွက်လန်ရယ်ချတော့သည်။
" အချစ်ကလည်း အချစ်လို့ခေါ်တာ အသားပဲ့ပါသွားတာမှ မဟုတ်တာ "
ကိုယ်ပြောသည့် စကားဖြင့် ကိုယ် ပြန်ချေပခံလိုက်ရ၍ သက်နိုင် စိတ်မကြည်တော့ချေ။
ဘယ်လိုလူလည်းမသိဘူး ပြောင်စပ်စပ်နဲ့ ကြောင်**ရုပ်။
(A/N ကာရံလိုက်အောင် ထည့်တတ်ကြတယ်ဟုတ်👀)
သက်နိုင်လည်း ဆရာ့အနားသွားကာ ပန်းကန်ကူဆေးပေးနေလိုက်သည်။
" ဆရာ လယ်ထဲသွားမှာလား "
" ဧည့်သည်တွေရှိတော့ မသွားတော့ပဲ နေမလားလို့ "
" ဒီနေ့ နွေစပါးပျိုးကျဲမှာမလား။ စိတ်ချ လက်ချသာသွားပါ။ ဧည့်သည်တွေကို ကျွန်တော် အဖော်ပြုနေပေးမယ် "
" အဲ့ဆိုလည်း စိတ်ချမယ် "
" စိတ်ချပါ ဆရာ"
ပန်းကန်တွေအထပ်လိုက်ကိုင်ပြီး မာန်ဟုမ်နှင့်သက်နိုင်ထွက်လာခဲ့သည်။ ပြီးနောက် အိမ်ရှေ့ ကွပ်ပျစ်မှာထိုင်နေသည့် နှစ်ယောက်ကို နှုတ်ဆက်သည်။
" ကိုယ် လယ်ထဲခဏသွားမှာမို့ လိုအပ်တာရှိရင် သက်နိုင်ကိုပြောနော် "
" ဟုတ် "
အေးပေါ့လေ။ သူလည်း သားကျွေးမှု၊မယားကျွေးမှုပြုဖို့အတွက် အလုပ်လုပ်ရအုံးမှာပဲ။ အချိန်တိုင်း ဧည့်ဝတ်ကျေစရာမှ မလိုတာ။
နှုတ်ခမ်းအိအိလေးသည်တော့ အတွေးနှင့်ဆန့်ကျင်ဘက်ဖြစ်ကာ အနည်းငယ်စူထော်နေသည်။
မာန်ဟုမ် ဝါးခမောက်ကိုစောင်းကာ ပိုက်ဆံအိတ်ကိုင်ပြီး လယ်ထဲကိုထွက်လာခဲ့သည်။
အနောက်မှ လူတစ်စုကိုစိတ်ချစွာပေါ့။
________________________
တစ်မနက်လုံးအိမ်မှာနေရ၍ ပင်တိုင်အနည်းငယ်ပျင်းလာကာ ငိုချင်စိတ်ပေါက်လာသည်။ တစ်မနက်လုံး ဒီခြံထဲမှာပဲ ဖြစ်ပြီး ကွမ်းတောင်ကိုင်လေးတွေကို တွေ့ဖို့နေနေသာ ကတော် ကတော် ပိကျိ ပိကျိ အော်နေသည့် ကြက်သားမိတွေကိုသာတွေ့ရသည်။
လိုင်းကလည်း မမိ၍ အိမ်အရိပ်ထဲမှာနေလည်း သေလောက်အောင်ပျင်းရသည်။ ပင်တိုင်တို့ သုံးယောက် ကွပ်ပျစ်မှာ ထိုင်နေကြခြင်းဖြစ်ရာ ပင်တိုင်သည် တွဲလဲကျနေသော ခြေထောက်ကို ပွတ်နေသည်။ ဒါကိုမြင်သည့် လျှမ်းကတော့ လှမ်းစလေသည်။
" ပင်တိုင်မင်းပုံက အလုဘာဖြစ်နေတုန်းသိလား"
" ဘယ်သိမှာတုန်း "
မျက်ခုံးလေးတွေက တွန့်ချိုးနေပြီး နှုတ်ခမ်းစူကာ ပက်ကနဲ ပြန်ပြောလိုက်လေသည်။
" ကာတွန်းဘောင်းဘီ ကြောင်တောင်ကြားတားနဲ့ တီရှပ်အပွကြီးကို ကလေးမသာလိုဝတ်ထားပြီး နှုတ်ခမ်းစူလိုက်၊ ခြေထောက်ပွတ်လိုက်နဲ့ ဒီကြားထဲ ခြံအဝကိုကြည့်နေသေး။ မင်းပုံကလေ ဈေးသွားခါနီး မုန့်ဝယ်လာမယ်ပြောသွားတဲ့ အမေ နောက်ကျလို့ စိတ်ဆိုးဆိုးနဲ့ မျှော်နေသလိုပဲ ဟား..ဟား "
" ဒီခွေးကောင်ကတော့..။ ဘယ်ကကလေးမသာကမှာလဲ။ ဒီဖက်ရှင်က ငါစွဲစွဲမြဲမြဲဝတ်တဲ့ ဖက်ရှင်ပဲ။ Gucciထက် ဂျေဂျေကို အိမ်နေရင်းဝတ်ကတာ ပိုကြိုက်တယ် "
" ငါပြောရဲတယ်။ မင်းကိုကြိုက်တဲ့ ကောင်မလေးတွေက မင်းရဲ့ ဒီပုံစံကိုမမြင်သေးလို့ အချေကိုယ်တော်လို့ထင်ကြတာ။ ဒီလို ပုံစံသာ မြင်သွားရင်..."
" ဒီလိုပုံစံသာ မြင်သွားရင် ဘာဖြစ်တုန်း..ပြော..ပြော "
ဆောင့်အောင့်ကာ မေးသည့်ပုံကြောင့် လျှမ်းစိတ်ထဲက ကြိတ်ရယ်လိုက်သည်။
" သိပါတယ်။ ငါ့ကိုပိုကြိုက်သွားကြမှာမလား။ အဲ့တာကို မင်းက မနာလိုနေတာလား "
" ဪ ကွန်ဖီးဒန့်လယ်ဗယ် စိုးဟိုက်ပါတယ် သားရယ် "
" ဟိုက်နိုင်တဲ့သူမို့ ဟိုက်တာလေ မကျေနပ်လည်း လဲသေ "
" နားငြီးတယ် အကိုတို့ရယ်။ ပျင်းနေကြတာမလား။ ဟိုဘက်ဝိုင်း တစ်ဝိုင်းကျော်မှာ ကလေးတွေ သားရေပင်းပြစ်နေကြတယ် သွားဆော့ကြမလား "
" ဆော့ရအောင် ကလေးလား "
လျှမ်းက ဘောက်ဆင်ဆက်ပြန်ပြောလေသည်။
" ကန်တော့ပါရဲ့။ သေမလို့ စောက်ဂျီးများနေတာလ အကိုရယ်။ ခင်ဗျားတို့မြို့မှာလို
တီဗွီဂိမ်းတွေ၊ဖုန်းတွေ ဒီရွာမှာမရှိဘူး။ ဒိုးပြစ်၊သားရေပင်းပျစ်၊ငှက်ပြစ်၊ရေကူး..သဘာဝကစားနည်း အစုံပဲရှိတယ်။ အပျင်းပြေလည်း ဒါတွေပဲ ဆော့စရာရှိတယ်။ ဂျီးမများနဲ့ "
လျှမ်း နင် သွားရသည်။ ဒီကောင်လေး ကန်တော့ပါရဲ့ ကန်တော့ပါရဲ့နဲ့ ဘယ်လိုများဖြစ်။
" အိမ်ကရော ဘယ်လိုလုပ်မလဲ။ ဦးအိမ်ပြန်လာလို့ ငါတို့မရှိရင် "
" မပူနဲ့ အကိုပင်တိုင်။ နွေစပါးကျဲတာမို့ ဆရာနောက်ကျမှာ "
" ဪ အေး။ သွားကြတာပေါ့ Let's go "
သုံးယောက်သား အိမ်ပိတ်ပြီး ကလေးများရှိရာ တစ်ခြံကျော်ဆီသို့ ကစားရန် ချီတက်သွားကြလေသည်။
_________________________________________
#17.5.22
ကလေးဗိုလ်တော့ သွားလုပ်ကြပြီ ဘာတွေဖြစ်ကြမလဲဆိုတာ မနက်ဖြန်တင်ပေးပါ့မယ်။ အခုထိစောင့်ဖတ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဆင်မပြေတာရှိရင် ကျွန်တော့်ကို လာပြောကြပါအုံးနော်။