မေတ္တာကြိုးနှင့်ချည်သော တိုင်...

By YitDaungNyo_15

108K 4.9K 198

ယောင်္ကျားလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း ချစ်ခြင်းပါပဲ ယောင်္ကျားလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း ချစ... More

--အမှာစာ--
အပိုင်း(၁)
အပိုင္း(၁)
အပိုင်း(၂)
အပိုင္း(၂)
အပိုင်း(၃)
အပိုင္း(၃)
အပိုင်း(၄)
အပိုင္း(၄)
အပိုင်း(၅)
အပိုင္း(၅)
အပိုင်း(၆)
အပိုင်း(၆)
အပိုင်း(၇)
အပိုငျး(၈)
အပိုင်း(၈)
အပိုငျး(၉)
အပိုင်း(၉)
အပိုငျး(၁၀)
အပိုင်း(၁၀)
အပိုငျး(၁၁)
အပိုင်း(၁၁)
အပိုငျး(၁၂)
အပိုင်း(၁၂)
အပိုငျး(၁၃)
အပိုင်း(၁၃)
အပိုငျး(၁၄)
အပိုင်း(၁၄)
အပိုငျး(၁၅)
အပိုင်း(၁၅)
အပိုငျး(၁၆)
အပိုင်း(၁၆)
အပိုငျး(၁၇)
အပိုင်း(၁၇)
အပိုငျး(၁၈)
အပိုင်း(၁၈)
အပိုငျး(၁၉)
အပိုင်း(၁၉)
အပိုငျး(၂၀)
အပိုင်း(၂၀)
အပိုငျး(၂၁)
အပိုင်း(၂၁)
အပိုငျး(၂၂)
အပိုင်း(၂၂)
အပိုငျး(၂၃)
အပိုင်း(၂၃)
အပိုငျး(၂၄)
အပိုင်း(၂၄)
တိုင်ပင်ခြင်း
အပိုင်း(၂၅)
အပိုင္း(၂၅)
အပိုင်း(၂၆)
အပိုင္း(၂၆)
အပိုင်း(၂၇)
အပိုင္း(၂၇)
အပိုင်း(၂၈)
အပိုင္း(၂၈)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
bl

အပိုင်း(၇)

2.5K 166 5
By YitDaungNyo_15

နွေရာသီဖြစ်၍ ညနေ(၆)နာရီဟူသော အချိန်တွင် နေ၏အလင်းရောင်ထည်ထည်ဝါဝါရှိနေသေးသည်။ ညောင်ပင်တန်းကိုသွားသည့် ခုန်ဆွ ခုန်ဆွထော်လာဂျီ၏နောက်စွန်းဖျား၌ ယိမ်းထိုးကာ လိုက်လာကြသည်။ ပစ္စည်းတွေက သစ်သီးတွေဖြစ်တာကြောင့် အခုန်နည်းသည့် ထော်လာဂျီ၏အရှေ့ဘက်မှာတင်ထားရလေသည်။ နေပူပူ၌ မြှီးညှောင်ရိုးအောင့်သည်အထိ ထော်လာဂျီ စီးရသည့်ကိစ္စ မည်သူကပျော်မည်နည်း။ ထို့နည်းတူစွာ ပင်တိုင်လည်းပျော်မနေခဲ့ချေ။

နေကာမျက်မှန်အောက်က ပင်တိုင်၏ မျက်ဝန်းညိုညိုတွေတွင် စိတ်ဖိစီးမှုအပြည့်ကို တွေ့ရပေမည်။ shirtအညို‌ရောင်လက်ရှည်သည် အပါးဖြစ်၍ ပင်တိုင်၏ချွေးစများ ကပ်ငြိကာ ကပ်နေသည်။

လမ်းတစ်လျှောက်လုံး အရိပ်ရသည့်အပင်မရှိ၍ ပူပြင်းလှသည့်နေရောင်သည် အားမနာစွာ ထိန်ထိန်သာနေကာ ကန္တာရအလား။ လေပြည်ညင်းတို့က တစ်ချက်တစ်ချက်ဝေ့ပေမယ့် ၎င်းတို့လည်းပူပြင်းမှုကိုလျှော့ချပေးနိုင်ဟန်မရှိချေ။

ဂလုတ်! ဂလုတ်!

လမ်း၏အလည်၌ မုန့်လင်ပြားဒယ်အိုးလိုမျိုး အတော့်ကိုကြီးသည့် ချိုင့်ခွက်တွေရှိလေသည်။ ပုခက်လိုမျိုး အိပဲ့ အိပဲ့ပေမယ့် မြှီးညှောင်ရိုးတော့ အတော့်ကိုအောင့်စေသည်။ လက်လွှတ်ကာ စီးနေသည့် ပင်တိုင်သည် အလန့်တကြား ထော်လာဂျီ၏ ဝါးတန်းရံထားသည့် လက်ရမ်းကို ကိုင်လိုက်သည်။ ဘယ်သူထင်မှာလဲ ရင်ထဲမှာ နွေခေါင်ခေါင်မိုးကြိုးပြစ်သလို တဂျိန်းဂျိန်း တဒိုင်းဒိုင်းခံစားသွားရမယ်လို့။

လမ်းတစ်လျှောက်လုံးစိတ်ပျက်လာခဲ့သမျှ အခုမှာမူ အသက်ရှူပင်မမှန်ချင်တော့ချေ။ ပင်တိုင်ကိုင်လိုက်သော လက်ရမ်းသည် ပင်တိုင်၏အရှေ့ဖြစ်ရာ ထိုလက်ရမ်းပေါ်၌ ချွေးစတို့ခပ်စိုစိုဖြစ်နေသော လက်ပခုံနွေးနွေးကြီးဖြင့် ဂဟေဆက်မိလေသည်။ ပင်တိုင်အလန့်တကြား အနောက်သို့ ပြန်လှည့်ကြည့်မိလေတော့ နေရောင်အောက်မှာ တည်တည်ကြည်ကြည်ခန့်ညားနေသော ဦးအိမ်နှင့် အကြည့်ချင်းစုံမိလေသည်။

အို..နွေလည်ခေါင် ကောင်းကင်ယံမှာလျှပ်စီးတဖျပ်ဖျပ်၊မိုးကြိုးသံ တဒိန်းဒိန်းဖြစ်နေသလိုပါပဲ။

ပင်တိုင် ပူရှိန်းသဖွယ် ဖိန်းတိန်း၊ရှိန်းတိန်းဖြစ်နေသော မျက်နှာကို ဦးအိမ်မရှိသည့် ရုပ်ဆိုးဆိုးလမ်းမဘက်ကို လှည့်လိုက်သည်။ လက်သွယ်သွယ်ကိုလည်း ဂဟေဆက်ရာမှ ခပ်ဖြေးဖြေး ခွာ၍ စိစိထိုင်ထားသော ပေါင်ပေါ်၌  လက်နှစ်ဖက်ကို တစ်ဖက်ပေါ် တစ်ဖက်ထပ်ပြီး မသိလိုက်ဖာသာ ထိုင်နေလိုက်သည်။

ဦးအိမ်၏ လက်က ကျောကုန်းနောက်မှာဆိုသည့်အတွေးက ရင်ဘတ်ထဲဝယ် လှုင်းပြင်းပြင်းငလျင်လှုပ်သွားသည့်နယ်။ မျက်နှာအစုံသည်လည်း မီးခဲသဖွယ်ပူကျစ်လာလေသည်။

" ပင်တိုင် နေအရမ်းပူလို့လား ဟျောင့် မျက်နှာကြီးရဲနေသလိုပဲ။ Sun creamမလိမ်းထားဘူးလား "

အလိုက်မသိသောနေရာတွင် လျှမ်းဆိုတဲ့ကောင်သည် ထိပ်ဆုံးကပင်။ ညာလက်ဖြင့် ပါးနှစ်ဖက်ကို တစ်လှည့်စီ ထိကပ်လိုက်သည်။

" မဟုတ်..မဟုတ်ပါဘူး လိမ်းထားတယ်။
မေမေ့..! "

ဂလုတ်!

ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသော ပင်တိုင်သည် ချိုင့်ဝှမ်း၏ကောင်းမှုကြောင့် အရှေ့သို့ ယိုင်ကျသွားသည်။ ကြမ်းပြင်ကိုထိကပ်သွားရန် ခန့်မှန်းထားသည့်ပင်တိုင်သည် ခါးကျင်ကျင်မှ လှမ်းဆွဲဖမ်းသောလက်နွေးနွေးကြောင့် အနောက်ကိုပြန်ပါသွားရသည်။

ဘုရားရေ..! အခု ဦးအိမ်ရဲ့ပေါင်ပေါ်မှာရောက်နေတာလား။

ဦးအိမ်၏ပေါင်ပေါ်သို့ ဘေးတစောင်းထိုင်မိနေသလိုဖြစ်နေ၍ ဦးအိမ်၏အသက်ရှူသံခပ်နွေးနွေးက ပင်တိုင်၏ လည်တိုင်ကျော့ကျော့ကို ရိုက်ခတ်နေလေသည်။ ဒီတစ်ကြိမ်တော့ နွေခေါင်ခေါင်မိုးသက်လေပြင်းကျပြီး ရေကြီးရေလျှံဖြစ်တာပါပဲ။ ရင်ဘတ်ထဲကို စိမ့်ကနဲ စိမ့်ကနဲနဲ့ကို လှိုက်ဖိုနေတာပါပဲ။

မျက်မှန်နက်နက်အောက်က မျက်ဝန်းညိုညိုတွေက ဝိုင်းဝိုင်းစက်စက်။ အသက်ရှူဖို့ မေ့လျှော့နေသည်အထိ နှလုံးသားထဲမှာ မိုးသက်လေပြင်းကျနေတော့တာပါပဲ။

"ဟို..ဦးအိမ်..ကျွန်တော်..အာ ကျေး..ကျေးဇူး"

ပင်တိုင်၏ ခါးကျင်ကျင်ကို ဖက်တွယ်ထားသည့် ဦးအိမ်၏လက်နွေးနွေးကို အသာဖယ်ချကာ ဦးအိမ်၏ ဘေးကပ်လျှက်သား ဆင်းထိုင်နေလိုက်သည်။ ဦးအိမ်က ပုံမှန်အတိုင်းဆိုပေမယ့် ရင်ဘတ်ထဲဝယ် ဥတုနှစ်ပါး ‌စီးချင်းထိုးနေသော ပင်တိုင်မှာမူ မရိုးမသားဖြင့် မျက်နှာရှေ့၌ ညာဘက်လက်ကို ယက်ခတ်နေပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်နေမိသည်။

" ပင်တိုင် သားကြီး အဆင်ပြေရဲ့လား။ နီရဲနေတာပဲကွာ ခီး.."

ပြောပါရောလား။ အလိုက်ကန်းဆိုးမသိတာ ဒီကောင်ပါဆိုနေ။ ပြုံးစိစိ စပ်ပြဲပြဲနဲ့ အရှေ့ကနေ လှောင်ပြောင်နေလိုက်ပုံများ ထထိုးချင်စရာ။

" ချီးတဲ့မှ "

ပင်တိုင် အရှက်ကိုဖို့ကာ ဆဲလိုက်လေသည်။

နေဝန်းနီနီသည် မိုးဂုတ်စက်ဝိုင်းအတွင်းသို့ တဖြေးဖြေး တိုးလျှို သွားလေသည်။ တွင်းအောင်းသတ္တဝါသေးသေးတွေ၏ တကျီကျီအော်မြည်သံနှင့် မှောင်မည်းနေသော အမှောင်ထု၏ပုံရိပ်က အလင်းမရှိတဲ့အခါ ပို၍ပေါ်လွင်လာရလေသည်။ ကန္တာရသဖွယ်ခြောက်ကပ်ကပ်ကွင်းပြင်၌ မီးအလင်းဆိုလို့ ထော်လာဂျီမီးမှ အပမရှိချေ။ လေပြည်ညင်းက ခပ်သော့သော့တိုက်ခတ်လာသည်မို့ ကျော်ထဲစိမ့်ကနဲ။

အမှောင်ထုက ကြောင်စိတ်ကို ကြီးစိုးသည်မို့ ပင်တိုင် တဖြေးဖြေး ဦးအိမ်၏ဘက်သို့ ကပ်သွားရသည်။ မည်မျှပင် ကပ်သွားမိမှန်းမသိ ဦးအိမ်၏ ခပ်သင်းသင်း ကိုယ်သင်းနံ့ကိုပင် ရနေပြီဖြစ်သည်။

မာန်ဟုမ် ရင်ခွင်ထဲကို တဖြေးဖြေးတိုးလာသည့် ပင်တိုင်၏ ခပ်သင်းသင်းရှာစောင်းရနံ့သည် နှာဖျားကိုကျီစယ်လာသည်နှင့်အမျှ လှိုက်ဖိုလာသောရင်ခုန်နှုန်းကြောင့် ဝင်လေ၊ထွက်လေရှုရလေသည်။

ပင်တိုင် နေကာမျက်မှန်ကိုတောင်မချွ‌တ်သေးပါပဲ မျက်စိကိုစုံမှိတ်ကာ ရသမျှဘုရားစာများကို စိတ်ထဲ၌ အကြိမ်ကြိမ်ရေရွတ်နေမိသည်။ တကယ်ကို မီးမရှိတဲ့ဒီလမ်းကြီးကို ဖြစ်နိုင်သမျှမြန်မြန်ဆုံးအောင် သွားလိုက်ချင်ပါသည်။

မြင်လွှာထဲကို အလင်းပေါက်သည့်အချိန်၌ ကျယ်ကျယ်လောင်လောင် ခွေးအူသံသည်လည်း တွဲလျက်ပါလာသည်။ ထော်လာဂျီ၏ အသံကြောင့် ရွာထဲရှိခွေးများ အူကြတာဖြစ်မည်ကိုအရင်မစဉ်းစားမိပါပဲ သရဲလာ၍ခွေးအူသည်ကို အရင်စဉ်းစားမိ၍ ပင်တိုင်ကျောချမ်းလာရသည်။ ထော်လာဂျီသည် လမ်းချိုးတစ်ခုကို ကွေ့သည့်နယ် ပင်တိုင်ယိုင်သွားရသည်။ များမကြာမီ ထော်လာဂျီ၏စက်သံသည် စဲသွားလေပြီး ရွေ့လျားခြင်းအမှုတို့ရပ်တန့်သွားလေသည်။

ပင်တိုင်လည်း ပြည့်ပြည့်ဝဝရရှိသော အလင်းရောင်တို့ကြောင့် မျက်စိကိုဖွင့်ကြည့်လိုက်သည်။ အားပါးပါး တစ်ရွာလုံးနီးပါး ထိန်လင်းနေလေသည်။ မီးမရသေးသည့် ဒေသမို့ မည်သည်ကြောင့် ထိန်လင်းနေရသည်ကိုပင်တိုင် ခပ်တွေတွေလေးစဉ်းစားခန်းဖွင့်မိသည်။

ထော်လာဂျီပေါ်၌ ဦးအိမ်မှစ၍ လျှမ်းအဆုံးလူအကုန်ဆင်းသွားကြ၍ ပင်တိုင်တစ်ယောက်သာကျန်ခဲ့သည်။

" ပင်တိုင် မဆင်းသေးဘူးလား "

" ဆင်းမှာ "

လမ်းမှာအခဲမကျေလာသမျှကို အခုမှခြေမှုန်းရသည့်ဟန် ပင်တိုင်၏အသံသည် မာရေကြောရေရှိလှသည်။

ပင်တိုင် ကုန်းပြောင်ပြောင်ပေါ် ခုန်ဆင်းလိုက်သည်။ ဧည့်ဝတ်ကျေလှသည့် ဦးအိမ်ကိုရှာမတွေ့၍ ပင်တိုင့်၏စိတ်ကလေးနောက်ကျိသွားရသည်။

အလကား.! ရေပေါ်ဆီကြီး။

ဖေဖေတို့နဲ့ ဟင်္သာတမှာတုန်းကကျ ခြံရှေ့ထိထွက်ကြိုတယ်။ အခုကျ အတူလာတာတောင့် စောင့်ခေါ်ဖော်မရဘူး။

" စိတ်ထဲကနေ ကျိန်ဆဲမနေနဲ့ ငါ့ကောင်။
ဦးမာန်က တော်ကြာနေမြိုဖို့၊အိပ်ဖို့ကို ငမဲလုံးလေးနဲ့ သွားစီစဉ်နေလို့ ငါ့ကို မင်းစောင့်ခေါ်ခိုင်းထားတာ။ တကယ်ထဲ ရောက်တာကြာနေပြီ ထော်လာဂျီပေါ်မှာထိုင်နေရတဲ့လို့။ ဖင်အောင့်တဲ့ အရသာသိပ်ကြိုက်နေတာလား သားကြီး "

" ဘောကိုကြိုက်။ ရွာက မီးမရသေးပဲ လင်းနေတာ ငါများနတ်ရွာစံသွားလားလို့ တွေးနေတာဟ "

" ဘယ့်နယ့် ဒီခြံရဲ့ ဟိုဘက်က ဆယ်ပေလောက်ကျယ်တဲ့ခြံမှာ အရည်အသွေးကောင်း မီးစက်ကြီးလေးလုံးလောက်ရှိတယ်ဟ.! အဲ့တာကြောင့် မီးလင်းနေတာထင်တာပဲ"

" ဪ အဲ့လိုလား "

ပင်တိုင်တို့ စကားတ‌ပြေညပြောဖြင့် ရေနံဝနေသော ပျဉ်ထောင်အိမ်ကြီး၏ရှေ့၌ရှိသော ကွပ်ပျစ်ပေါ်မှာ ထိုင်နေလိုက်ကြသည်။ ခြံထဲမယ် ထော်လာဂျီပေါ်က ပစ္စည်းတွေကိုချနေသည့် ယောင်္ကျားလေးအနည်းငယ်သာရှိသည်။ တစ်ခြံလုံး ခြံဝ၌ထွန်းထားသော မီးသီးခပ်ကြီးကြီးကြောင့် လင်းကျင်းနေသည်။
ဝါးကပ်ခြံစည်းရိုးကြီးဘေး၌ မန်းကျည်းပင်တစ်ပင်နှင့် မရမ်းပင်သုံးပင်ရှိသော်လည်း ရွက်ဝါတို့မှာမူမရှိဘဲ ကုန်းပြောင်နေလေသည်။

ရေနံဝနေသောကြောင့် မည်းနက်နေသော ပျဉ်ထောင်အိမ်ကြီးတွင် သွပ်မိုးထား၍ အရှေ့အဖီ၌ ဓနိကိုခပ်အုပ်အုပ်မိုးထားသည်။ ကျေးလက်အိမ်တစ်လုံးဖြစ်သည့်အလျောက် အိမ်၏ကြမ်းခင်းနှင့် မြေကြီးကုန်းအကွာအဝေးသည် လူတစ်ယောက်ကုန်း၍ တံမြက်လည်းနိုင်လောက်သည်အထိ အိမ်ကမြင့်ပါသည်။ ကွပ်ပျစ်တွင် ဝါးကပ်များခင်းထား၍ ညဘက်၌ အေးအေးလူလူဖြစ်စေသည်။

လေပြည်ညင်းအေးအေးက နူးနူးညံ့ညံ့ကြိုဆို ကျီစယ်သည့်နောက်တွင်တော့ ပင်တိုင်၏ခရီးပန်းမှုကပေါ်လွင်လာကာ မျက်ကြောစင်းလာသည်။ ပင်တိုင် ဒီနေရာလေးမှာပဲ ခွေပြီးအိပ်ချင်မိသည်။ ဝါးလုံးတိုင်ကို မှီပြီး ပင်တိုင်တဖြေးဖြေးငိုက်လာသည်။

" သက်နိုင် မင်းအမကိုချက်ခိုင်းထားတာတွေကို နောက်တစ်ယောက်လောက်ခေါ်ပြီးသွားယူပေးပါအုံးကွာ "

" ဟုတ်ကဲ့ဆရာ။ ကျွန်တော်အခုပဲအိမ်ပြန်လိုက်မယ်"

ဒီဒေသ၌ အမေကို အမဟူ၍သုံးနှုန်းကြလေသည်။ သက်နိုင်တို့အိမ်တွင် သက်နိုင်ကလွဲ၍ မိန်းမသားနှစ်ယောက်ပဲရှိလေသည်။ သက်နိုင်၏အမေသည် မာန်ဟုမ့်အပေါ် ကျေးဇူးရှင်ဟုခံယူထားသည့်အလျောက် ထမင်းဝိုင်းလာခူးပေးချင်ဟန်ရှိပေမယ့် ယောင်္ကျားသားတွေပဲရှိတဲ့ အိမ်ကို ညအချိန်အခါ မိန်းမသားတွေလာတာ မသင့်တော်ဘူးမလား။

သက်နိုင်ထွက်သွားသည်နှင့် မာန်ဟုမ် ပင်တိုင်တို့နှစ်ယောက်ရှိရာကိုလာခဲ့သည်။

" နှစ်ယောက်လုံးခရီးပန်းနေမှာပေါ့။ ရေအရင်ချိုးပြီးမှ ထမင်းစားကြမလား "

အိပ်ငိုက်နေသည့် ပင်တိုင်နှင့် ဖုန်းအသည်းအသန်ကလိနေသည့် လျှမ်းသည် မာန်ဟုမ်ကိုမော့ကြည့်ကြလေသည်။ လျှမ်းက သူသိချင်တာကို အရင်မေးသည်။

" ဦးမာန် ဒီမှာလိုင်းမမိဘူးလား "

" အင်း မမိဘူး။ ရွာဦးကျောင်းမှာပဲ မိတာ"

" ဪ ဒုက္ခတော့ရောက်ရော "

လိုင်းမသုံးရမနေနိုင်သည့် လျှမ်းနှင့် ပင်တိုင်တို့နှစ်ဦးစလုံး စိတ်ပျက်လက်ပျက်ဖြစ်ကုန်သည်။

" ဘုန်းကြီးကျောင်းက ဝေးလား ဦးအိမ်။ ကျွန်တော် မေမေတို့ဆီဖုန်းဆက်ချင်လို့ "

" ဝေးတယ်။ လယ်တွေဘက်မှာ အခုချိန် မင်းသွားရဲမှာမဟုတ်ဘူး "

" အာ.."

" ကဲ ထားပါ။ မနက်စောစောမှ ကိုယ်သွားရင်း ဖုန်းဆက်လိုက်မယ်။ အခု မင်းတို့ ရေချိုးဖို့လုပ်ကြ "

မာန်ဟုမ်၏အိမ်သည် ပျဉ်ထောင်အိမ်ဖြစ်သည့်အလျောက် အရှေ့အိမ်မကြီးသာ အမြင့်ဖြစ်ပြီး အနောက်အဆောင်သည် လူတစ်ထိုင်လောက်သာ မြင့်သည်။ အိမ်ပေါ်တက်တက်ချင်း ပန်း၊ရေချမ်း ဝေဝေဆာဆာဖြင့် ဘုရားရုပ်ပွားတော်ကိုပူဇော်ထားသည့် ဘုရားကျောင်းတော်ကို ကြည်ညိုဖွယ်တွေ့ရသည်။ ပြီးနောက် မျက်နှာချင်းဆိုင် အိပ်ခန်းနှစ်ခန်းရှိသည်။

" အခန်းထဲမှာ ကုတင်နှစ်လုံးထည့်ပေးထားတယ်။ ရေလဲပုဆိုးလေးထည်ထည့်ပေးထားတယ်။ မြို့မှာလို ရေချိုးခန်းမထားထားလို့ ရေလဲပုဆိုးဝတ်ပြီးရင် ထွက်ခဲ့ကြ"

" ရေကချိုးရအုံးမှာလား။ အိပ်တော့မယ်လေ"

ကွန်ပလိန်းတက်သူက ပင်တိုင်ပဲဖြစ်သည်။ လျှမ်းသည်တော့ အခန်းထဲကို တစ်ချိုးထဲဝင်သွားသည်။

" ရေမချိုးရင် မနက်ကျဖျားနေလိမ့်မယ် တိုင်ရဲ့။ ရေချိုး၊ထမင်းစားပြီးမှအိပ်လေ "

" အင်း အင်း "

အကြောင်းမဲ့ပါပဲ။ ဒီလူကြီး၏ လေသံအေးအေးဖြင့် ‌ဖျောင်းဖျမှုကြားရင် အလိုလိုနာခံချင်တာ အကြောင်းမဲ့ပဲ။ ဒီလူကြီးကိုက နာခံချင်စရာကောင်းအောင် ပြောတတ်တာဖြစ်‌လိမ့်မည်။

ပင်တိုင် အသစ်တွေဖြစ်သည့် ရေလဲပုဆိုးကိုလဲပြီး ဆပ်ပြာနှစ်မျိုးကိုယူကာ အခန်းပြင်ထွက်လာခဲ့သည်။ တဘတ်ကို ကိုယ်လုံးပေါ်ချုံထားပါသေးသည်။

ပင်တိုင်ထွက်လာသည်အထိ ဦးအိမ်က အခန်းဝမှာစောင့်နေသည်။

" အနောက်ကလိုက်ခဲ့ "

မာန်ဟုမ် ပင်တိုင့်ကိုကြည့်ပြီး မြန်မြန်အကြည့်လွှဲလိုက်သည်။

ပင်တိုင် ဦးအိမ်အနောက်ကလိုက်လာရင်း ရေချိုးရမယ့်နေရာအရောက် ရေချိုးချင်စိတ်မရှိတော့ချေ။

မီးရောင်ဝါကျင်ကျင်ရှိသည့် ပင်တိုင့်ရင်ညွန့်‌လောက်ရှိသည့် အုတ်ကန်ကြီးမှာ ရေအပြည့်ဖြစ်သည်။ ထိုအုတ်ကန်ကြီးရဲ့ မလှမ်းမကမ်းမှာ အိမ်သာရှိပြီး အိမ်သာ၏အနောက်တွင် ဝါးရုံပင်ရှိသည်။ အနောက်ဘက်က ကွင်းပြင်ဖြစ်ပုံရပြီး လေအေးတို့က တဖြူးဖြူးပင်။ လေအဝှေ့၌ ဝါးရွက်တို့က ထုံးစံမပျက် တရှဲရှဲနှင့်။

ပင်တိုင် တဘတ်ကိုဖယ်ပြီး ကြက်သီးဖုတို့ကို လက်နှစ်ဖက်ယှက်လိမ်ပြီး ပွတ်လိုက်သည်။

အေးတယ်။ အတော့်ကို ‌စိမ့်ကနဲအေးတယ်။

ပင်တိုင် အုတ်ကန်ထဲက ရေတွေကို လက်ဖြင့်စမ်းလိုက်သည်။ တော်သေးတာပေါ့ ရေတွေက ခပ်နွေးနွေးမို့။ ကန်ရေမဟုတ်ဘဲ တူးထားသည့်ရေကို အခုမှ မောင်းတင်ထားပုံရသည်။

ပင်တိုင် စိမ်ပြေနပြေ ဆပ်ပြာတိုက်၊ရေမချိုးတော့ပဲ လေး၊ငါးခွက် မြန်မြန်လောင်းပြီး ရေလဲကိုကောက်ဝတ်ကာ အပေါ်ပြန်တက်သည်။ ပင်တိုင် ရေစချိုးထဲက ဦးအိမ်သည် မရှိတော့ချေ။

" လျှမ်း မြန်မြန်လုပ်ဟ..။ နေရာသစ်မှာ ရေအပြောင်းအလဲနဲ့ ဖျားတတ်တယ် "

" ဟုတ်ကဲ့ပါ ဘိုးတော်ရယ် "

လျှမ်းနှင့်ပင်တိုင် မတူသည့်အကျင့်သည် လျှမ်းက အအေးကြိုက်သည်။ ပင်တိုင်က ကြောက်တာမဟုတ်ပေမယ့် လျှမ်းလောက်‌တော့ အအေးမကြိုက်ချေ။

နှစ်ယောက်စလုံးအခန်းထဲဝင်ပြီး အဝတ်အစားလဲကြသည်။ ပင်တိုင်က ညဝတ်အင်္ကျီအညိုလေးဖြင့် ကော့ကျော့နေပြီး လျှမ်းက အစိမ်းနုရောင်လေးဖြင့် ကော့ကျော့နေသည်။ ပင်တိုင် မအိပ်ချင်တော့ချေ။ အိပ်ရမည့်အစား ဗိုက်ဆာလာသည်။

" ပြီးရင် ထမင်းစားမယ် အကိုတို့ "

ဒီတစ်ခါ သက်နိုင်က အခန်းရှေ့အထိလာခေါ်တာဖြစ်သည်။ ပင်တိုင်လည်း ဝမ်းသာစွာ အခန်းထဲကထွက်သွားသည်။ စောနက အေးလို့ မြန်နြန်တက်လာခဲ့တာဖြစ်၍ ထမင်းစားခန်းမှာ ထမင်းခူးနေတာကိုတောင် သတိမ‌ထားမိချေ။

မီးဖိုချောင်မှာ ထမင်းစားခုံပုဝိုင်းလေးဖြင့် ဟင်း၊ထမင်း မျိုးစုံခူးခပ်ထားလေသည်။ ဦးအိမ်က ခေါင်းရင်းမှာထိုင်နေပြီး ဦးအိမ်၏ဘေးတွင်ပင်တိုင်နှင့် လျှမ်းဝင်ထိုင်ပြီး ဦးအိမ်၏မျက်နှာချင်းဆိုင်တွင် သက်နိုင်ကဝင်ထိုင်သည်။

ထမင်းဝိုင်းကတိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ဟင်းတွေအကုန်လုံးသည် အချိုချက်တွေပဲဖြစ်သည်။ ဥပမာ-ဝက်သားအချိုချက်၊ကြက်သားအချိုချက်ဖြစ်သည်။

အစပ်ပါမှ ထမင်းစားဝင်သည့် ပင်တိုင်သည်လည်း အချိုချက်ဟင်းတွေကို အားပါးတရစားနေပါသည်။

_______________________________
#13.5.22
updateကပုံမှန်မရှိသေးဘူး။ သိတယ်မလား ဒီရက်ပိုင်းမိုးတွေရွာတော့ အစွေးတွေပဲရေးမိနေတာရယ်။ မြန်မြန်လေးရေးပြီး တင်ပေးပါ့မယ်နော်။



Continue Reading

You'll Also Like

35.5K 2.3K 41
[ Zawgyi ] ---------------- ချစ်ခြင်းမေတ္တာကို ရိုးရိုးလေးလို့ထင်ထားခဲ့တာ အခုတော့ သီအိုရီရှာမတွေ့တဲ့ပုစ္ဆာတစ်ပုဒ်လိုပဲ သူ့ရဲ့အဖြေဟာ ဗလာနတ္ထိ [ Unicode ]...
172K 12.9K 36
Start date:17Jan,2022 End date :24March,2022
20.6K 1.1K 20
1930ကျော်ပတ်ဝန်းကျင်လောက်ကိုယူပြီးရေးထားပေမဲ့ အဲ့ဘက်ခေတ်နဲ့သိပ်နေသားမကျသေးတော့လိုအပ်ချက်လေးတွေတော့ရှိတယ်။ အပြင်မှာမရှိနိုင်တဲ့နေရာတွေလည်းပါနိုင်တာမို...
83.5K 11.1K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...