မေတ္တာကြိုးနှင့်ချည်သော တိုင်...

By YitDaungNyo_15

105K 4.8K 198

ယောင်္ကျားလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း ချစ်ခြင်းပါပဲ ယောင်္ကျားလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း ချစ... More

--အမှာစာ--
အပိုင်း(၁)
အပိုင္း(၁)
အပိုင်း(၂)
အပိုင္း(၂)
အပိုင်း(၃)
အပိုင္း(၃)
အပိုင်း(၄)
အပိုင်း(၄)
အပိုင်း(၅)
အပိုငျး(၆)
အပိုင်း(၆)
အပိုငျး(၇)
အပိုင်း(၇)
အပိုငျး(၈)
အပိုင်း(၈)
အပိုငျး(၉)
အပိုင်း(၉)
အပိုငျး(၁၀)
အပိုင်း(၁၀)
အပိုငျး(၁၁)
အပိုင်း(၁၁)
အပိုငျး(၁၂)
အပိုင်း(၁၂)
အပိုငျး(၁၃)
အပိုင်း(၁၃)
အပိုငျး(၁၄)
အပိုင်း(၁၄)
အပိုငျး(၁၅)
အပိုင်း(၁၅)
အပိုငျး(၁၆)
အပိုင်း(၁၆)
အပိုငျး(၁၇)
အပိုင်း(၁၇)
အပိုငျး(၁၈)
အပိုင်း(၁၈)
အပိုငျး(၁၉)
အပိုင်း(၁၉)
အပိုငျး(၂၀)
အပိုင်း(၂၀)
အပိုငျး(၂၁)
အပိုင်း(၂၁)
အပိုငျး(၂၂)
အပိုင်း(၂၂)
အပိုငျး(၂၃)
အပိုင်း(၂၃)
အပိုငျး(၂၄)
အပိုင်း(၂၄)
တိုင်ပင်ခြင်း
အပိုင်း(၂၅)
အပိုင္း(၂၅)
အပိုင်း(၂၆)
အပိုင္း(၂၆)
အပိုင်း(၂၇)
အပိုင္း(၂၇)
အပိုင်း(၂၈)
အပိုင္း(၂၈)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
bl

အပိုင်း(၅)

2.6K 170 2
By YitDaungNyo_15

ဖေဖေနှင့်မေမေပြန်သွားပြီးထဲက ပင်တိုင်တို့အလုပ်ရှုတ်နေခဲ့သည်။ ပင်တိုင်နှင့်လျှမ်းက luggageအဆင်သင့်ပေမို့ အများအပြားမပြင်ဆင်လိုက်ရချေ။ luggageများကို အိမ်အပေါက်ဝ၌ချပြီး ခုံနှင့်ထိုင်ကာ အလုပ်ရှုတ်နေသည့် လူများကိုကြည့်နေခြင်းဖြစ်သည်။

" ပိန္နဲသီးတွေကို မပိစေနဲ့ "

" ဟုတ်ကဲ့ဆရာ "

ဦးအိမ်၏အသံကြောင့် ပင်တိုင် ဖုန်းသုံးနေ ရာမှမော့ကြည့်လိုက်သည်။ ဦးအိမ်က မနက်ကအဝတ်အစားနှင့်မဟုတ်၍ ရေချိုးလာဟန်ရသည်။ ပုဆိုးကွက်စိပ်နက်ပြာရောင်နှင့် ထုံးစံအတိုင်း မြင်းခေါင်းလက်တိုစွပ်ကျယ်ကိုဝတ်ကာ သားရေစိမ်းဖိနပ်ကိုစီးထားလေသည်။

ဦးအိမ်က ခန့်ညားတည်ကြည်သည်။ ဒီလိုရိုးရိုးရှင်းရှင်းဝတ်ထားလည်း သူဌေးသူကြွယ်ရုပ်ပေါက်သည်။

ဦးအိမ်က သူ၏တပည့်ကတုံးနှင့်ကောင်လေး လေးယောက်ကို ပိန္နဲသီးတွေကိုဂရုစိုက်ရန်လှမ်းပြောနေသည်မို့ ပင်တိုင်တို့ဘက်ကိုကြည့်မလာချေ။ ထိုလေးယောက် သယ်လာသော ဝဝဖိုင်း
ဖိုင်းပိန္နဲသီးလေးလုံးသည် မှည့်ပါကာ မွှေးအီနေမည်‌ဖြစ်ကြောင်း တွေးကြည့်စရာပင်မလိုချေ။

" အကိုတို့ ကျွန်တော် အိတ်တွေယူသွားပြီး ကားပေါ်တင်လိုက်မယ်နော် "

" အင်း "

သက်နိုင်က မနိုင်မနင်းနဲ့ အိတ်လေးလုံးကိုဆွဲနေသည်မို့ မကြည့်ရက်သည့် မာန်ဟုမ်ကပဲ ကူညီပေးရပါတော့သည်။ ဟိုငတိနှစ်ယောက်ကတော့ ချိတ်ထားသည့်ခြေထောက်ပင်မဖြုတ်ဘဲ ဖုန်းကြည့်မြဲ။

တကယ် အားနာရကောင်းမှန်းမသိ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေရသည့် သူဌေးသားတွေမှန်းသိသာသည်။ ဝိုင်းကူခြင်းမရှိသည့်အပြင် ယဉ်ကျေးသည့်အမူအရာတွေပါမရှိချေ။

လူကြီးတွေ မျက်စိဆံပင်မွှေးစူးချင်စရာ!

ကိုယ့်တပည့်တွေမို့  မျက်နှာပျက်ခြင်းမရှိဘဲ ကူညီပေးတာထားပါတော့ သူများဆို
တကယ့်ရိုက်ပေါက်တွေ!

" ပေးသက်နိုင် "

" ရပါတယ် ဆရာရဲ့ ကျွန်တော်နိုင်ပါတယ် "

" မင့်မလည်းလေ လေတအားရှည်တာပဲ "

မာန်ဟုမ် သက်နိုင်၏လက်ထဲက အိတ်နှစ်လုံးကိုယူပြီး Ford truckပေါ်အရင်တင်သည်။ ပြီးမှ ဝါးပိုးမျှစ်၊ပိန္နဲသီး၊မရမ်းသီးဆားရည်စိမ်ထားသည့် မြေအိုးအလတ်တစ်လုံးကို အဖုံးလုံအောင်ပိတ်ပြီးတင်သည်။ ခြံထဲမယ် မရမ်းသီးပင်တွေများပေမယ့် အသီးပင်လုံးကျွတ်ဈေးဖြင့်ရောင်းလိုက်၍ ဒီနှစ်တော့မြေအိုးအလတ်တစ်လုံးသာရသည်။ ရှောက်ပန်းသီးအလုံးနှစ်ဆယ်လောက်ကို ဂုန်နီအိတ်ဖြင့်စုထည့်ထားသည်။ ခြံထွက်သီးနှံ့များနှင့် luggageလေးလုံးကြောင့် Ford truck၏အနောက်ကန့်သည် ပြည့်ကြပါသွားလေသည်။

" သက်နိုင် ဒီနှစ်ဘူးကို သေချာယူခဲ့ အထဲမှာ ဆရာတော့်ဖို့ စိန်တစ်လုံးတွေပါတယ် "

" ဟုတ်ကဲ့ဆရာ "

သက်နိုင် ဖော့ဘူးနှစ်ဘူးကိုပိုက်ကာ ကားအလည်ကန့်ရှိ ဆိုဖာပေါ်မှာတင်လိုက်သည်။ Ford truckမို့ အနောက်တွင် ဟင်းလင်းပြင်တစ်ကန့်ပါပြီး အရှေ့တွင် ခေါင်းခန်းအပြင် လူထိုင်စရာတစ်ကန့်ပါသေးသည်။

" စိုးနိုင် ဒီညနေအရီးလေးကို တရားစခန်းမှာသွားကြိုချည်အုံးနော် "

" ဟုတ်ကဲ့ ဆရာ "

အရီးလေးသည် မာန်ဟုမ်၏ဆွေမျိုးမကင်းဖြစ်ပြီး စိုးနိုင်တို့လို အရီး‌လေး၏ရွာမှ တက္ကသိုလ်လာတက်သည့်လူတွေကို
မာန်ဟုမ့်အိမ်မှာ ဒိုင်ခံထမင်းချက်ကျွေးသူဖြစ်သည်။ မာန်ဟုမ်၏အိမ်တွင်တော့ ဝိုင်းလုပ်ဝိုင်းစားဖြင့် နေကြသည်မို့ သီးပင်စားပင်များဖြစ်ထွန်းခြင်းဖြစ်သည်။

" ကဲ ဒါဆို ငါတို့သွားတော့မယ်။ ဒီအချိန်လောက်ထွက်မှ ဆရာတော်မနက်အာရုဏ်ဆွမ်းဘုန်းချိန်မှီမှာ "

မာန်ဟုမ်ဆိုသည့် ဤလူပျိုကြီးနှုတ်မှထွက်သော စကားများ၏ သုံးပုံနှစ်ပုံသည် ကောင်းမှုကုသိုလ်ပြုရန်ဖြစ်ချေသည်။

" ဦးအိမ် ညောင်ပင်တန်းကဝေးလားဟင်"

" အင်း ဝေးတယ် "

ပင်တိုင် လျှမ်းဆီကနိုင်ထားသည့် Gucci Walletလေးနှင့် iphone 13proကိုင်ကာ ကားနားသို့လမ်းလျှောက်လာကာ မာန်ဟုမ်အနားကိုကပ်ပြီး စပ်စုပြန်သည်။ ပင်တိုင်က ဒူးအထက်ဘောင်းဘီအညိုနှင့် ကော်လံမပါသည့် shirtလက်ရှည် အညိုရောင်တစ်ထည်ကို တွဲဝတ်ထားသည်။ နေရောင်ခြည်နှင့် အညိုရောင်လုံးလေး အတော့်ကိုပနံရတဲ့ တွဲစပ်မှုပါပဲ။

" ဘယ်နှနာရီလောက်ကားစီးရမှာလဲဟင် "

" (၉)နာရီလောက်ပေါ့ "

" ဟင် ဘယ်မှာမို့.."

" မကွေးတိုင်းမှာ "

" အဝေးကြီးပဲ "

ပင်တိုင်ပြောရမယ်ဆို နယ်ဝေးကိုကားဆက်မစီးချင်တော့ချေ။ သို့ပေမယ့် ဖြစ်လာတော့လည်း ဘာတတ်နိုင်မှာလဲ။

" ကားပေါ်တက်တော့ တိုင် "

" အင်း "

ပင်တိုင် Ford truckရဲ့ အရှေ့ခေါင်းခန်းမှာဝင်ထိုင်လိုက်သည်။

" ငမဲလုံးလေး မင်းတစ်ယောက်ထဲလိုက်မှာလား "

(A/N ‌ငမဲလုံးပါ ဇော်မဲလုံးမဟုတ်ပါဘူးಥ‿ಥ)

" ခင်ဗျား! ကျွန်တော့်ကိုဘယ်လိုခေါ်လိုက်တာလဲ.! ကျွန်တော့်အသားအရေက မည်းတာမဟုတ်ဘူး ညိုတာဗျ..ညိုတာ "

" ဪ ဪ ဟုတ်ပါပြီ။ ဒါနဲ့ ငါတို့က အခုဘယ်သွားမှာလဲ "

" မကွေးတိုင်း‌ဒေသကြီး ညောင်ပင်တန်းရွာ"

" အဝေးကြီးပဲကွာ။ ကားကထက်စီးရအုံးမှာလား။ လေယာဉ်နဲ့သွားလို့မရဘူးလား "

" ခင်ဗျားသမ္မတဖြစ်မှ ညောင်ပင်တန်းမှာ လေယာဉ်ကွင်းဆောက်.! အခုတော့ကြွ "

သက်နိုင်နှင့် လျှမ်းသည် ဤသို့အပေါက်အလမ်းတည့်ပြီး ကား၏အလည်ခန်းမှာ နှစ်ယောက်အတူဝင်ထိုင်လိုက်ပါသည်။ သက်နိုင်က ကြည့်မရသည့်လူနှင့်အတူထိုင်ရသောကြောင့် သရက်သီးဘူးတွေကို အလည်မှာခြားကာ စူပုပ်ပုပ်နှင့်။

" တိုင် ရော့ "

ကားမောင်းခန်းထဲဝင်ထိုင်ကာ မုန့်ထုတ်အပြည့်ကို ပင်တိုင့်ဘက်အပြည့်ပေးလာသူက မာန်ဟုမ်။ မုန့်ထုတ်က အတော်ကြီးသည်။ ပင်တိုင်ကြောင်ကြည့်နေတုန်းမှာပင် ပင်တိုင်၏ ပေါင်ပေါ်ကိုမုန့်ထုတ်တင်ပေးကာ ကားစက်နှိုးနေလေသည်။ စီယာဒိုင်ကို ကျင်လည်စွာလှည့်နေသော သနပ်ခါးတုံး၏အပွေးများလို ထင်းထွက်နေသော သွေးကြောတွေနှင့် ညိုညက်ညက်လက်ဟာလည်း ရှုချင်စဖွယ်။

" ကားစီးရင် မုန့်စားတတ်တယ်မလား "

" အင်း..ဦးအိမ်ဘယ်လိုသိ.."

" အလာတုန်းက အကိုကြီးကားပေါ်မှာ မုန့်ခွံတွေတွေ့တယ်လေ "

" ဪ..ကျေးဇူးပါ "

ဒီလူကြီးကို ဘာလို့ ဖေဖေ၊လေးငယ်၊ဖိုးလေးတို့က ချီးကျူးသလဲဆိုတာ ပင်တိုင်နားလည်စပြုလာသည်။ ဒီလူကြီးက အကင်းပါးပြီး အလိုက်သိတာကို။

ပင်တိုင်မုန့်ထုတ်ထဲဖြဲကြည့်တော့ ပင်တိုင်အလာတုန်းက စားထားသည့် မုန့်တွေဖြစ်သည်မို့ အံ့ဩသွားသည်။ ပင်တိုင် တအံ့တဩ ကားမောင်းနေသည့် လူဘက်ကိုလှည့်ကြည့်တော့ ကားမောင်းနေရာမှ ခပ်ပါးပါးပြုံးပြသည့် ဦးအိမ်။

" တိုင့်အကြိုက်ကိုမသိလို့ အကိုကြီးကားရှင်းတုန်းက တွေ့တဲ့မုန့်တွေ‌ဝယ်ထားတာ "

ပင်တိုင် ဦးအိမ်ကိုကြည့်ကာ တအံ့တဩဖြစ်ရုံမှတစ်ပါး ပြောစရာမရှိချေ။ ပင်တိုင်သာ ဦးအိမ်၏ တစ်စိပ်လောက်သာ အလိုက်သိခဲ့ရင် အခုချိန် အမျိုးထဲမှာ ပင်တိုင်ဟာဘုရင်ပဲ ဟူ၍လည်း ကိုယ့်ကိုကိုယ်နှိမ့်နှိမ့်ချချတွေးမိပြန်သည်။

" ကျေးဇူး..။ ဒါပေမဲ့အလာတုန်းက အဲ့မုန့်တွေက ကျွန်တော်စားတာမဟုတ်ဘူး။ အနောက်က ခွားသွေးစားတာ "

" အဟင်း..။ ကျေးဇူးရဲ့အနောက်က စကားဆက်မပြောရင် ကိုယ်ထပ်ဝယ်ကျွေးမိမှာ။ တချို့အရာတွေက ရှင်းပြစရာမလိုဘူးလေ။ စေတနာကိုစော်ကားရာရောက်တာပေါ့"

" အာ..အဲ့လိုလား။ ကျွန်တော်က ဦးအိမ်လိုအသက်မကြီးသေးတော့ အဲ့လိုတွေနားမလည်သေးဘူးဗျ "

ဒီအဖိုးကြီး လူကိုသိပ်ဆရာလုပ်ချင်နေတာ!

ပင်တိုင် ထိုသို့ပြောကာ ‌မုန့်ထုတ်ကြီး အနောက်ကလျှမ်းဆီပို့ပြီး ဘေးတစ်ခြမ်းစောင်း၍ တရွေ့ရွေ့သွားနေသော သစ်ပင်တွေကိုကြည့်နေလိုက်သည်။

မာန်ဟုမ် သူ့ကိုအသက်ကြီးတယ် ပြောသွားတဲ့ကောင်လေးကြောင့် ခပ်ဖွဖွပြုံးမိသည်။

တယ်လဲ ကလေးဆန်တဲ့ကောင်လေး!

ကြည့်ပါလား နှုတ်ခမ်းတစ်တောင်လောက်ကရှေ့ထွက်နေတာ။

တစ်ခဏအကြာ၌ ပင်တိုင်တို့ကားလေးအတွင်းမှာ တရားသံသဲ့သဲ့လေးကြားရလေသည်။ တရားသံနှင့် အေးစိမ့်နေသည့်ကားကြောင့် ပင်တိုင်၏ မျက်လုံးများ တဖြေးဖြေး မှေးစင်းလာသည်။ နောက်တော့ လေးလံသောမျက်ခွံကို ဖွင့်ဖို့မကြိုးစားပဲ အိပ်ချလိုက်လေသည်။

မာန်ဟုမ်ဘေးနားက တရှူးရှူးအိပ်နေသည့်
တိုင့်ကိုကြည့်ကာ ခပ်ပါးပါးပြုံးမိပြန်သည်။

တကယ်တရားနဲ့ဓာတ်မတည့်တဲ့ကောင်လေးပဲ!

အနောက်ခန်းမှ နှစ်ယောက်သည်တော့ ကြောင်နှင့်ကြွက်‌လိုပင်။

" ငမဲလုံးလေး ဘာတွေကြည့်နေတာလဲ "

လမ်းတစ်လျှောက်လုံး အလည်မှာ ဖော့ဘူးနှစ်ဘူးခြားကာထိုင်လာပြီး ဖုန်းကို နားကြပ်တပ်ကာသည်းကြီးမည်းကြီးကြည့်နေသော သက်နိုင်ကို လျှမ်းက လှမ်းမေးလိုက်သည်။ ခရီးသွားတိုင်းအတူတူသွားပြီး လမ်းတစ်လျှောက်လုံးမျက်နှာပြောင်တဲ့ကောင်က အခုတော့ အရှေ့ခန်းမှာ သူမဟုတ်သလိုအိပ်နေသည်မို့ လျှမ်းပျင်းလှသည်။

" Twilight(2008) "

" ငါ့လည်းပြ "

" မပြပါဘူး။ အကို့ဘာသာ ကိုယ့်ဖုန်းကိုယ်ကြည့်ပါလား "

" ပျင်းလို့ပါကွာ။ အတူတူကြည့်ကြမယ်လေ "

လျှမ်း အပြောနှင့်အလုပ်ညီစွာ သရက်သီးဘူးတွေကို ဟိုဘက်ပို့ပြီး သက်နိုင်အနားကပ်ထိုင်ကာ နားကြပ်တစ်ဖက်ကိုလုလိုက်သေးသည်။

" စိတ်ဝင်စားဖို့ကောင်းလား "

" ဘာဖြစ်သွားပြီလဲ "

" မင်းသားက ဘယ်သူလဲ "

" အဲ့လူက ဘယ်သူလဲ "

လျှမ်း၏ မေးခွန်းပေါင်းသောင်းခြောက်ထောင်ကို ဖြေနေရ၍ သက်နိုင် စိတ်မရှည်တော့ချေ။

" အကိုကြည့်မှာဆို ပါးစပ်ပိတ်ကြည့် "

" ဟ! မသိလို့မေးတာကို လာငြိုငြင်နေတယ်။ မဖြေချင်ရင် အစကပြလေ "

" ကျွန်တော်ကြည့်တာ တစ်ဝက်လောက်ရောက်နေပြီဗျ "

" အဲ့ဆိုရှင်းရှင်းလေးပဲ။ ငါမေးတာဖြေ "

" ကန်တော့ပါရဲ့ ‌စောက်လုပ်အရမ်းရှုတ်တယ်အကိုရာ ကိုယ့်ဘာသာအေးဆေးမကြည့်ရဘူး"

သက်နိုင် မ,နိုင်‌တော့သည့်အဆုံး အစကနေပြန်ကြည့်လိုက်ရတော့သည်။ လျှမ်းကတော့ မုန့်တစ်ခုပြီးတစ်ခုဖောက်စားကာ အောင်နိုင်သူပမာ မော်ချီကာ ရုပ်ရှင်ကြည့်နေလေသည်။

_________________________________________
#3.5.22
Twilight (2008)ကnormalကားပါ။ ကြည့်လို့အရမ်းကောင်းပါတယ်။

ဖတ်လို့အဆင်ပြေကြရင် reviewလေးများပေးသနားကြပါအုံးနော်။

Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
3.3K 134 15
ပေါ့ပေါ့ပါးပါး ကျောင်းသားဘဝအချစ်ဇာတ်လမ်းပုံစံမျိုးလေးမို့ plotသိပ်ရှိမယ်လို့မထင်မိပါဘူး ။ *𝑐𝑜𝑣𝑒𝑟 𝑝ℎ𝑜𝑡𝑜 𝑓𝑟𝑜𝑚 𝑝𝑖𝑛𝑡𝑒𝑟𝑒𝑠𝑡*
168K 12.7K 36
Start date:17Jan,2022 End date :24March,2022
291K 10.5K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...