မေတ္တာကြိုးနှင့်ချည်သော တိုင်...
Von YitDaungNyo_15
108K 4.9K 198
ယောင်္ကျားလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း ချစ်ခြင်းပါပဲ ယောင်္ကျားလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း ချစ... Mehr
--အမှာစာ--
အပိုင်း(၁)
အပိုင္း(၁)
အပိုင်း(၂)
အပိုင်း(၂)
အပိုင်း(၃)
အပိုငျး(၄)
အပိုင်း(၄)
အပိုငျး(၅)
အပိုင်း(၅)
အပိုငျး(၆)
အပိုင်း(၆)
အပိုငျး(၇)
အပိုင်း(၇)
အပိုငျး(၈)
အပိုင်း(၈)
အပိုငျး(၉)
အပိုင်း(၉)
အပိုငျး(၁၀)
အပိုင်း(၁၀)
အပိုငျး(၁၁)
အပိုင်း(၁၁)
အပိုငျး(၁၂)
အပိုင်း(၁၂)
အပိုငျး(၁၃)
အပိုင်း(၁၃)
အပိုငျး(၁၄)
အပိုင်း(၁၄)
အပိုငျး(၁၅)
အပိုင်း(၁၅)
အပိုငျး(၁၆)
အပိုင်း(၁၆)
အပိုငျး(၁၇)
အပိုင်း(၁၇)
အပိုငျး(၁၈)
အပိုင်း(၁၈)
အပိုငျး(၁၉)
အပိုင်း(၁၉)
အပိုငျး(၂၀)
အပိုင်း(၂၀)
အပိုငျး(၂၁)
အပိုင်း(၂၁)
အပိုငျး(၂၂)
အပိုင်း(၂၂)
အပိုငျး(၂၃)
အပိုင်း(၂၃)
အပိုငျး(၂၄)
အပိုင်း(၂၄)
တိုင်ပင်ခြင်း
အပိုင်း(၂၅)
အပိုင္း(၂၅)
အပိုင်း(၂၆)
အပိုင္း(၂၆)
အပိုင်း(၂၇)
အပိုင္း(၂၇)
အပိုင်း(၂၈)
အပိုင္း(၂၈)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
bl
အပိုင်း(၃)
3.2K 210 8
Von YitDaungNyo_15
ညကြီးမင်းကြီးဖုန်းဆက်သူကြောင့် အိပ်နေတာမဟုတ်သည့် လျှမ်းဆဲချင်သွားသည်။ Contactကိကြည့်လိုက်တော့ ပင်တိုင် လူကစိတ်ညစ်ရတဲ့ကြားထဲ ဖုန်းလာခေါ်တဲ့ ငတိကိုဆဲချင်သွားသည်။
" ပြော "
" ဟ.! မာလှချည်လား ဘရို "
" မာမာပဲ မပြောချင်ရင်ဖုန်းချပြီ "
" အချစ်လေးကလည်း ကိုယ်ကပြောစရာရှိလို့ကို "
ဖွီ••အဟွတ်••အဟွတ်
" သဒေါင်းစားရယ် ဘယ်လိုအသံနဲ့ လူကို ဘယ်လိုလာခေါ်နေရတာလဲ "
ခပ်နွဲ့နွဲ့အသံကို ချွဲအီပြောလာတာ့ လျှမ်းသောက်လက်စ နွားနို့ပါ သီးသွားသည်။
" အချစ်လေး မသောက်ချင်တဲ့နွားနို့တွေ ထွေးထုတ်ပြီးသား ဖြစ်တာပေါ့ ဟား..ဟား"
ပင်တိုက်သိသည်။ ဒီကောင်လျှမ်း ဒီအချိန်ဆို နွားနို့သောက်ဖို့ပြေးနေပြီဖြစ်သည်။ ဒီကောင်ကနွားနို့မုန်းပေမယ့် သူ့အစ်မအပျိုကြီးက နွားနို့လာပို့တဲ့ကုလားချောချောလေးကို ကြိုက်လို့ မကုန်ကုန်အောင် အကြပ်ကိုင်ပြီးသောက်ခိုင်းတာဖြစ်သည်။ အကြပ်ကိုင်တာတော့ ရှားရှားပါးပါး လျှမ်းရဲ့ ငယ်ငယ်က ငယ်ပါတန်းလန်းနဲ့ပုံကို လိုင်းပေါ်ဖြန့်မယ် ဟူ၍ပင်။
" ပြောစရာရှိတာပြော "
" မနက်ဖြန် ငါဟိုလူကြီးဆီသွားရတော့မယ်။
အဲ့တာ မင်းလည်းလိုက်ခဲ့ "
" ဟင် အဲ့လူကြီးက ဘယ်မှာနေတာမို့တုန်း "
" ဧရာဝတီတိုင်းဘက်လို့ပြောတာပဲ ငါလည်းမသိဘူး "
" အေး လိုက်ခဲ့မယ်။ အတွေ့အကြုံအသစ် ကောင်မလေးအသစ်ရှာရင်းပေါ့ကွာ ဟား..ဟား "
" ဒါပေါ့ကွာ ဟား..ဟား "
အကြံတူ ဉာဏ်တူသူမို့ ညီအစ်ကိုအရင်းလိုပေါင်း၍ ရနေသော နှစ်ယောက်။ နှစ်ယောက်စလုံးက နှစ်ဖက်အမျိုးတွေရဲ့ ရွာစော်တွေပင်။
လျှမ်းက တရုတ်စပ်ပေမယ့် ရှောင်ကောကောတွေလို အရပ်မရှည်ဘူး။ ကင်းမုံသီးလိုပဲ ပုပုသေးသေးရယ်။ အသားကတော့ ရှယ်ဖြူတယ်။ ရယ်လိုက်ရင်မမြင်ရတဲ့မျက်လုံးတွေလည်းသူ့မှာရှိတယ်။ သွားတက်ချွန်ချွန်၊ မျက်ခုံးပါးပါးတွေရောပဲ။ ဒီလို ကင်းမုံသီးကို ကြိုက်လှချည်ရဲ့ဆိုတဲ့ ကောင်မလေးတွေဟာလည်း မနည်း။ လျှမ်းမှာ အမှည့်လွန်နေသည့် အပျိုကြီးမမရှိတယ်။
နှစ်အိမ့်တစ်အိမ်မို့ မိဘချင်းကော သားသမီးချင်းပါ ဆွေမျိုးတွေလိုနေကြသည့် ဆက်ဆံရေးဖြစ်သည်။
လျှမ်း နွားနို့ခွက်ကိုဆေးကာ အပေါ်အမြန်တက်ပြီး အဝတ်စားအသစ်တွေကို luggageအနီရောင်ထဲ ကောက်ထည့်လိုက်ပြီး ဖိနပ်နှင့်ရေမွှေးအစရှိသည်တို့ကို နောက်ထပ် အနက်ရောင်luggageတစ်လုံးဖြင့်ထည့်လိုက်သည်။ ထို့နောက် ‌Maskတစ်ထုပ်ကို ဖောက်ပြီး ကပ်ထားလိုက်သည်။
တစ်ဖက်တွင် ပင်တိုက်သည်လည်း ထိုနည်းတူပင် luggageနှစ်လုံးအပြင် အိတ်တစ်အိတ်နှင့်အပြည့် သယ်စရာရှိတာများကိုထည့်ထားလေသည်။
______________________
" ဟေ့ကောင်တွေ မင်းတို့ဟာက လပိုင်းအတွင်းသွားနေမှာကို အိမ်ပြောင်းသလိုထည့်လာတာ မလွန်ဘူးလား "
" အာ ဖေဖေကခေတ်တုန်းနေတော့ ကျွန်တော်တို့ဒီခေတ်လူတွေ အပြင်သွားရင် သယ်စရာဘယ်လောက်များလဲ သိမယ့်ပုံမပေါ်ဘူး "
" ဒီကောင်တော့ကွာ "
မနက်စောစောစီးစီး အိမ်ကိုအထုတ်တွေဆွဲကာရောက်ချလာသည့် လျှမ်းရယ် တနင့်တပိုးထည့်ထားသည့် ပင်တိုင်ရယ်ကြောင့် ဦးဇွဲကိုကိုခဗျာ့ ဒီကောင်တွေကို လေယာဉ်နဲ့ဘယ်ခရီးမှမလွှတ်တော့ဘူးဟု ဆုံးဖြတ်လိုက်လေသည်ာ နို့မို့ဆို တန်ပိုခနဲ့တင် မွဲနိုင်တယ်။
" အကိုရယ် ကလေးတွေကို ဆူမနေပါနဲ့တော့ သွားရအောင် "
" မေမေ ဖေဖေ့လက်ထဲက ဘာတွေလဲ "
" ဒါလား ရွာဦးကျောင်း ဆရာတော်ဖို့ စိန်တစ်လုံးသရက်သီးတွေလေ "
ဖော့ပုံးနှစ်ပုံးကိုဆင့်ကာ ပင်တိုင်တို့ရဲ့ အိတ်တွေကိုဟိုဘက်အတင်းတိုးပြီး ကားနောက်ခန်းထဲထည့်နေသည့် ဖေဖေ့ကြောင့် ပင်တိုင်မေးမြန်းခန်းဖွင့်လိုက်ရသည်။
အဖြေကြားတော့လည်း ပင်တိုင်စဉ်းစားရကြပ်သည်။ ဒီခေတ်ထဲမှာ ရွာဦးကျောင်းဆရာတော်က ရှိသေးတာလား။
ပင်တိုင်နှင့် လျှမ်းက အနောက်ခန်းမှာ မုန့်စားလိုက်၊ပေါက်ပေါက်ဖော်လိုက်၊အိပ်လိုက်နှင့် သာယာနေသလောက် အရှေ့က ဦးဇွဲကိုကို၏မျက်နှာကြီးသည် ညို့မှိုင်းနေသည်။ အကြောင်းက 'ခရီးဝေးမို့ အကိုပဲကားမောင်းလိုက်ပါ' ဟူသော မေမေ့စကားကြောင့်ဖြစ်ပေသည်။
နေ့မြင့်လာလေလေ ပူလာလေလေပေမယ့် air-conနှင့်မို့ ပြင်ပအပူကသိပ်မသိသာလှ။ အနောက်မှ အဆိုကျော်တွေရဲ့အသံကတော့ သိသိသာသာကြီးပင်။
" Zoom in..
Zomm out..
Zoom in..
Zoom out..."
လိုင်းပေါ်မှာ trendဖြစ်နေသည့် သီချင်းကို လျှမ်းကရသည့်စာသားနားကိုသာ အထပ်ထပ်ပြန်ဆိုနေသည်။
" ဟေ့ရောင် မင်းဟာက အရှေ့ကိုမရောက်တော့ဘူး "
" ငါလည်း ဒါပဲရတာဟ ဟီး "
" အင်္ဂလိပ်သီချင်းတွေဘာတွေဆိုနေတော့ အဟုတ်မှတ်လို့။ မင်းကိုယုံမိတာ ငါ့အမှားပဲ ဟား..ဟား "
အနောက်မှ တဟီးဟီး တဟားဟားဖြစ်နေသည့် နှစ်ကောင်ကို ဦးဇွဲကိုကို backမှန်ကနေမျက်မှောင်ကြုတ်ကာ ခဏခဏကြည့်နေမိသည်။ ပြောချင်တာ ပါးစပ်ယားနေပေမယ့် ကြင်သူက သားတို့ပျော်ပါ‌စေဆိုလို့ ငြိမ်နေရတာ။ အခုတော့ ကြင်သူက အိပ်မောကျသွားချေပြီ။ ဟင်း..ဟင်း တွေ့ကြတာပေါ့။
" ဟေ့ကောင်တွေ ငါ့မိန်းမအိပ်နေတယ် တိုးတိုးနေကြ "
" ကျွန်တော်ကျ မင်း,သား မင်း,သားနဲ့ မေမေ့ကျ ငါ့မိန်းမတဲ့ တရားလိုက်တဲ့ ဦးဇွဲကိုကို။ မင်း,အမေလို့ပြောလဲရတယ်မဟုတ်ဘူးလား"
" မင်းအပေါက်ပိတ်.! "
" ဟုတ်ကဲ့ခဗျာ့ ကျွန်တော်တို့က ကားမမောင်းရတဲ့အတွက် အေးဆေးလေးမုန့်စားပြီး အိပ်ပါပြီခဗျာ့ "
ခွီ•••
လျှမ်းတစ်ယောက်ရယ်သံတွေကို ဒီသားအဖနဲ့မှချုပ်တည်းမထားနိုင်ချေ။ မျက်လုံးတွေကို မမြင်ရအောင်ရယ်တော့ ငတိပင်တိုင်က..
" လျှမ်း မင်းမျက်လုံးတွေရော ဟာ..ဘယ်ရောက်ကုန်တာလဲ "
ဟူ၍ တိုးတိုး တိုးတိုးနဲ့ စ နေသေးသည်။
လမ်းတစ်ဝက်လောက်၌ ထိုနှစ်ယောက် ခြေကားယားလက်ကားယားဖြင့် အိပ်ပျော်သွားလေသည်။ မှန်ထဲကနေ သားဖြစ်သူကိုကြည့်ပြီး ဦးဇွဲကိုကိုရေရွတ်မိသည်က
" ခွေးကောင်လေး အိပ်နေတဲ့အချိန်ပဲ ပါးစပ်ပိတ်တယ် "
ခပ်ပြုံးပြုံးဖြင့် သားဖြစ်သူ အိပ်နေသည်ကို ‌ခဏခဏငေးနေသော ဦးဇွဲကိုကိုကို ဘေးမှ မြတ်မဒီသည်လည်း သဘောတကျကြည့်နေသည်။ သားဖြစ်သူကို မတည့်တာမဟုတ်ပေမယ့် ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်အောင်းရိုးထုံးစံမရှိတာကြောင့် အင်္ဂါအချင်းချင်းမို့ တွေ့တာနဲ့ စကားများကြလေသည်။
တိတ်ဆိတ်သွားသည့် ကားလေးတွင် သီချင်းသံဟာ ခပ်တိုးတိုးပြန့်လွင့်လာသည်။
" ရင်ခုန်သံမင်းနားကြပ်လေးနဲ့ နားထောင်ပါအုံး~~
ဆေးကျောင်းသား မောင့်ရဲ့အချစ်ရယ် မောင့်လာကုပေး~~
အမည်မဖော်နိုင်ရောဂါတစ်ခုလို ကြပ်သိပ်ပြီးမွန်းနေ~~
မင်းရဲ့အချစ်ဆေးသစ်လေးနဲ့ မောင့်လာကုပေး~~"
တစ်ချိန်က ဆရာဝန်လောင်းလျာလေးဖြစ်သည့် မြတ်မဒီကို ပိုးပမ်းတုန်းက အချိန်များကို ပြန်သတိရစေသော အဆိုတော်ခင်မောင်ထူး၏ မောင့်ဆေးကျောင်းသူဆိုသည့် သီချင်းကို ခပ်တိုးတိုးငြီးကာ ကားလေးကို ခပ်ဖြေးဖြေး ခရီးနှင်လေသည်။
(၆)နာရီနီးပါးမောင်းနှင်အပြီးမှာတော့ ဟင်္သာတမြို့ရှိ မာန်ဟုမ်၏ အိမ်သို့ရောက်လေသည်။ မြို့လယ်ရှိ ဟင်္သာရုပ်ကြီးကို အပတ်၌ အနောက်ခန်းကနှစ်ကောင်
လှုပ်လှုပ်ယွယွဖြစ်လာလေသည်။
" ဟွား..ဖေဖေ ဒါဘယ်ရောက်ပြီလဲ "
" ဟင်္သာတ "
" ဟိုလူကြီးအိမ်ကိုရောက်တော့မှာလား "
" ဟေ့ကောင် ဟိုက မင်းထက်(၁၄)နှစ်ကြီးတယ်ကွ လူကြီးကို ရိုရိုသေသေဆက်ဆံ "
" ဟိုဘဲ..ကျစ်..ဟိုလူ "
" ပင်တိုင် ဦးလို့ခေါ်ရတယ်ကွ အဲ့လောက်အသက်ကြီးမှတော့ "
" အေးဟုတ်တယ်ကွာ အဲ့ဦးလူကြီး‌အိမ်ကိုရောက်တော့မှာလား "
ခွီ•••ဟား••ဟား
လျှမ်းတစ်ယောက် ခွက်ထိုးခွက်လန်ရယ်သည်။ ပင်တိုင်ကတော့ ဘာရယ်တာတုန်းဆိုသည့် သဘောဖြင့် ဘုကြည့်ကြည့်ပေးလိုက်သည်။
ခဏလောက်အကြာမှာ သစ်ပင်အုတ်မှိုင်းနေသည့် လမ်းထဲရှိခြံတစ်ခြံထဲကို ပင်တိုင်တို့ကားလေးသည် ဝင်သွားသည်။ လူစိမ်းမြင်တာနှင့် ထိုးဟောင်သည့် ခွေးနှစ်ကောင်သည်လည်း ပင်တိုင်တို့ကားကို ရန်မူနေသည်။
" သွား..ဂုတ်ကျား..ရှူး..အောင်နက်..သွား "
ကားပေါ်မှမဆင်းခင် ခွေးမောင်းနေသည့် လူတစ်ယောက်၏ သာယာနာပျော်ဖွယ်အသံကိုကြားလိုက်ရသည်။ ခပ်ဩဩအသံကြီးမဟုတ်ပါပဲ စမ်းရေအေးလို၊ လေနုအေးလို နားထဲကို ခပ်အေးအေးဖြတ်သွားသည့် အသံချိုချိုလေးဖြစ်လေသည်။ တကယ့်နာခံစရာကောင်းတဲ့ အသံမျိုးပေါ့။ ထိုအသံပိုင်ရှင်ကို ပင်တိုင်ကားပေါ်မှ ရှာမိလေတော့ လက်ပါသည့်မြင်းခေါင်းစွပ်ကျယ်ကို ချည်ပုဆိုးအနီကွက်စိပ်လေးဖြင့် တွဲဝတ်ကာ သားရေစိမ်းဖိနပ်ကိုစီးထားသည်။
ထိုလူ၏အသားအရေသည် ညိုညက်ညက်ဖြစ်ကာ မေးရိုးကားကားကြီးတွေထင်းထွက်နေပြီး တိရိလှသည့် မျက်ခုံးတွေဟာလည်း အကြည့်စူးသည့် မျက်လုံးကိုပံ့ပိုးနေလေသည်။ နှဖူးကတော့ မဟာနှဖူးလို့ပြောရမလားပဲ။ ဆံပင်တိုတိုကပ်ကပ်တွေသည် ဘုန်းကြီးဝတ်ထားကာစ ကတုံးဆံပင်ပေါက်မှန်းသိသာလွန်းသည်။ ပင်တိုင့်ထက်အရပ်ရှည်ပုံရပြီး ခန္ဓာကိုယ်လည်းကြီးလေသည်မို့ ပင်တိုင်နှာခေါင်းရှုံ့ချင်သွားသည်။ တစ်ဆက်ထဲ သူငါ့ကိုအနိုင်ကျင့်ရင်ဘယ်လိုလုပ်မလဲဟူသည့် ကလေးအတွေးက ဝင်လာကာ ငိုမဲ့မဲ့ဖြစ်ချေသည်။
" ဟေ့ကောင် ဇွဲပင်တိုင် မဆင်းဘူးလား "
ဦးဇွဲကိုကို၏ အသံကြားမှ ပင်တိုင်တစ်ယောက်ထဲကားပေါ်မှာရှိတော့သည်ကို သတိရလေသည်။ ဟိုသစ္စာဖောက်ကောင်က သူခွေးမကြောက်ဘူးဆိုပြီး လူကိုထားသွားသည်။
" အဲ့ခွေးက ရုပ်ဆိုးဆိုးကြီးနဲ့ ကျွန်တော့်ကိုကြည့်နေတာကို "
ကားမှန်ချလိုက်ပြီး ဟိုလူ့ဘေးက နီညိုရောင်ခွဝလုံးလုံးကို လက်ညှိုးထိုးကာပြောလိုက်သည်။
" ဆင်းမှာဖြင့်ဆင်း ဟိုခွေးပိစိကွေးက မင်းကို ဘာမှမလုပ်ဘူး "
" ဖေဖေကသာ ပိစိကွေးပြောတယ်။ ဖေဖေ့ခွေးက ဂေါ်ဇီလာလောက်ရှိတယ်။ အဲ့ခွေးသာနဂါးဆိုရင် ကျွန်တော်ပြာကျနေလောက်ပြီ "
ကားအပေါ်နှင့် အောက်ရန်ဖြစ်နေသည့် သားအဖကိုကြည့်နေသည့် လူတွေဟာလည်း မနည်းလှ။ ပင်တိုင်တို့အရွယ်ထင်ရသည့် ကတုံးနှင့် ကောင်လေး‌ လေး၊ငါး၊ခြောက်ယောက်ရှိသည်။ ပြီးတော့ ဟိုလူ‌ကြီးရောပေါ့။ ဟိုလူကြီးက ကြာလာတော့ စိတ်ပျက်ဟန်တူသည် ကားနားကိုလာကာ တံခါးကိုဖွင့်ပြီး..
" လာ ကိုယ်ရှိတယ် ဆင်း.."
ဒီလူ့အသံက စောင်းသံလိုမျိုး နားထဲကို တစိမ့်စိမ့်ဝင်လာသည်မို့ ပင်တိုင်သတိမထားမိလိုက်ခင်မှာပဲ ဆင်းမိသွားသည်။
ပင်တိုင် စလာကထဲက ဒီလူ့စကားနားထောင်ချင်နေပြီလား။ မဟုတ်ဘူး..ကြောက်လို့ ခွေးကြောက်လို့။ အင်း..ဟုတ်တယ်။
တစ်ယောက်ထဲ မဟုတ်ဘူး ဟုတ်တယ်နှင့် လုံးလည်ချာလည်ရိုက်နေကာ လေပူတွေကိုမှုတ်ထုတ်သေးသည်။
" အမလေး "
ပင်တိုင်၏ကွင်းထိုးဖိနပ်စီးထားသော ခြေဖမိုးကိုလာယက်သည့် ခွေးကြောင့် ပင်တိုင်တစ်ကြောထဲတန်းနေအောင် ပြေးပြီး အိမ်ထဲဝင်သွားတော့သည်။ ပင်တိုင်၏အော်သံသည်လည်း ခြံထဲမှာညံလျက်။
" စူပါဟီးရိုးလုပ်ပြီး ကိုယ်ရှိတယ်လုပ်နေ သူ့ခွေးကဖြင့် ပါးစပ်ဂနာမငြိမ်ဘူး "
ပွစိပွစိလည်းပြောနေသေးသည်။
" ဒီလူကလည်း ဦးဇွဲကိုကိုလိုပဲ စူပါဟီးရိုးသိပ်လုပ်ချင်တာ "
" ဟေ့ကောင် မင်းဘာသာခွေးကြောက်တာ ဘာကိစ္စငါ့နာမည်ပါလာရတာလဲ "
ကျန်သည့်ကိစ္စတွေဆို ပင်တိုင် imageမပျက်အောင်ထိန်းနိုင်ပေမာ့် ခွေးနှင့်သရဲကတော့ ပင်တိုင်အကြောက်ဆုံးအရာတွေပင်။ ခွေးမြင်ရင် ရန်စောင်ကြည့်ပြီး ဝေးနိုင်သမျှ အဝေးဆုံးကနေ ပတ်သွားတတ်သည်။
" မာန်ဟုမ်ရေ သားက ငယ်ငယ်တုန်းကခွေးကိုက်ခံရတာနဲ့ပတ်သက်ပြီး ခွေးသိပ်ကြောက်သွားတာလေ "
" ဖြစ်တတ်ပါတယ် "
မာန်ဟုမ်ဆိုတာ ထိုသို့လူမျိုးပင်။ အဖြစ်အပျက်သဘောကို လက်ကိုင်ထားသည့်လူမျိုး.!
" ခြေထောက် လက်ထောက်ဆေးပြီးရင် တစ်ခါထဲထမင်းစားလိုက်မလား အချိန်ကလင့်နေပြီ "
" ကောင်းသားပဲကွ "
ဖေဖေက အာခေါင်အာရင်းသန်သန်နှင့်ပြောကာ သူ့အိမ်သူ့ယာလို ‌‌အိမ်ထဲဝင်သွားလေသည်။ လျှမ်းနှင့်ပင်တိုင်လည်း ဖေဖေ့နောက်ကလိုက်သွားခဲ့သည်။ အိမ်နှင့် ရေချိုးခန်း အိမ်သာက အတော်လှမ်းလှမ်းလေးမှာ ဆောက်ထားသည်မို့ ‌ခွေးမလာအောင် အမြန်ပြေးဆေးပြီး အမြန်ပြန်လာရသည်။ ပင်တိုင်တစ်ယောက် စရောက်ကထဲက ပြာယာခက်နေလေသည်။
ထမင်းဝိုင်း၌ ဖွယ်ရာသော ဟင်းများကိုကြည့်ကာ ပင်တိုင်၏ဗိုက် တဂွီဂွီမြည်လာသည်။
" သက်နိုင်ရေ ဇွန်း၊ခရင်းတွေဆေးထားတာ ယူခဲ့ "
ထိုလူက အနောက်ကိုအော်ကာပြောတော့ ဇကာအလတ်လေးဖြင့်လာသည့် မည်းမည်းသေးသေး ကတုံးနှင့်ကောင်လေးတစ်ယောက်။
" ရတယ်..ရတယ်။ ဇွန်း၊ခရင်းလုပ်မနေနဲ့ကွာ မာန်ဟုမ်ရာ။ လက်နဲ့အားရပါးရစားမယ် "
ဦးဇွဲကိုကိုသဖြစ်သူကို ခပ်ပြုံးပြုံးလှမ်းကြည့်ကာ မျက်စပြစ်ပြလိုက်သည်။
" ကျွန်တော်ကတော့ ဇွန်းနဲ့စားမှာ ဟိုကလေး ဒီကိုအဲ့ဇကာပေး "
ထမင်းဝိုင်းမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး တစ်ဦးနှင့်တစ်ဦးအလျှော့မပေးသည့် သားအဖကို မာန်ဟုမ်ကြည့်နေမိသည်။
ထမင်းဝိုင်းက အဝိုင်းကျွန်းစားပွဲဖြစ်သည်။ စားပွဲဝိုင်းပေါ်တွင် သွားရေယိုစရာဟင်းတို့‌က အလျှံအပယ်။ ဝက်သားဆီပြန်၊ ဗမာကြက်ဆီပြန်၊ ငါးငပိချက်ကိုမှ မျှစ်ပြုတ်၊ထီကရုံးဆူးပေါက်စသည့် အတို့အစုံ၊ ဝက်ခြေထောက်ဆီပြန်၊ဘူးညွန့်‌ကြော်တို့ပါရှိသည်။
ပင်တိုင် အနီးရှိမေမေ့ကို ကြက်သားဖက်ဦးချကာဖြင့် ဝက်ခြေထောက်ဆီပြန်ဟင်းကို ထည့်စားလိုက်သည်။ ထမင်းရှည်ပျော့ပျော့နှင့် ခရင်းနှင့်ပင်ထိုး၍ရသော ဝက်ခြေထောက်နူးနူးအိအိတို့သည် လွန်စွာပနံရလေသည်။ ဝက်ခြေထောက်ကိုတစ်ခါထိုးပြီး ဦးဇွဲကိုကို,ကို မျက်ခုံးပင့်ကာ ‌အောင်နိုင်သူတစ်ယောက်လိုပြုံးပြလိုက်သည်။
ထမင်းစားပြီးသည်နှင့် မုန့်စိမ်းပေါင်းတွေကို အုန်းသီးနိုင်နိုင်ဖြင့် တည်ခင်းသေးသည်။ ထမင်းစားချိန်မှာ မာန်ဟုမ်ဆိုသည့်လူကို အကဲခတ်မိတော့ ဘာအသားဟင်းမှမစားဘဲ ဘူးညွန့်ကြော်ဖြင့်သာပြီးသွားလေသည်မို့ ဒီလူ အသားတွေကျွေးလိုက်ရတော့ ပိုက်ဆံနှမြောပြီး သွေးတက်နေပြီဟုတွေးမိသည်။
မုန့်စိမ်းပေါင်းအချိုတည်းနေတုန်းတစ်လျှောက်လုံး ပင်တိုင်၏ဆိုးပုံအမျိုးမျိုးကို အတိုးချနေသည့် ဖေဖေ့ကို ထိုလူသည် အင်း၊အဲတောင်ပြန်မပြောဘဲ ခေါင်းတညိမ့်
ညိမ့် နားထောင်နေလေသည်။
ပင်တိုင်ကတော့ စူပုပ်ပုပ်ဖြစ်လာသည်။ အလိုက်သိသည့် မေမေကပဲ..
" သား ပျင်းနေပြီလား လျှမ်းရော "
" လျှမ်းက အပြင်မှာ ဖုန်းသွားပြောတယ် "
" သားလည်းလိုက်‌သွားလေ "
" ခြံထဲမှာ ခွေးဘီလူးနှစ်ကောင်ရှိတယ်လေ ကြောက်စရာကြီး "
အမှန်တကယ် အောင်နက်နှင့် ဂုတ်ကျားသည် ရိုးရိုးခွေးနှစ်ကောင်ဖြစ်ပြီး ဝဝတုတ်တုတ်တွေဖြစ်လေသည်။
" အကိုကြီးခဏလေး။ သက်နိုင် ဒီချာတိတ်တို့ကို ခြံထဲလိုက်ပြလိုက်ပါ။ ဟိုနှစ်ကောင်ကို မင်းသူငယ်ချင်းတွေကို ခေါ်ထားခိုင်းလိုက် "
" ဟုတ် ဟုတ် ဆရာ "
သက်နိုင်ဆိုသည့် မည်းမည်းသေးသေးလေးသည် ‌အောင်နက်နှင့်ဂုတ်ကျားကိုအရင်လမ်းရှင်းပြီးမှ ရန်ကုန်သားကို လာခေါ်လေသည်။
" အကို ခွေးတွေမရှိတော့ဘူးဗျ ခြံထဲသွားကြည့်ရအောင် "
ပင်တိုင်လည်းပျင်းပျင်းရှိတာနဲ့ ချက်ချင်း လျှမ်းကိုခေါ်ကာ လိုက်ခဲ့လေသည်။
တစ်ခြံနှင့် တစ်ခြံအကျယ်ကြီးတွေဖြစ်ကာ ခြံအကျယ်ကြီး၏ အလည်မှာမှ နှစ်ထပ်တိုက်အိမ်ကိုဆောက်ထားလေသည်။ ခြံဘေးလွတ်နေသည့်နေရာတွေတွင် ထော်လာဂျီတွေရှိပြီး
သရက်ပင်၊အုန်းပင်၊မရမ်းပင်၊ ဇီဇဝါပင်၊ သံပုရာပင်၊ ဒန်းသလွန်ပင်၊ မာလကာပင် နောက်အပင်လေးပင်ကို ပင်တိုင်မသိတော့ချေ။ ထိုလေးပင်က အတူတူပဲ။ အသီးစိမ်းစိမ်း ပုပုဝိုင်းဝိုင်း‌ကြီးကြီးတွေသီးနေသည်။
" ဒီအပင်က ဘာအပင်လဲ သက်နိုင် "
"ဒါက ရှောက်ပန်းသီးပင်..အဲ..အကိုတို့အခေါ်တော့ ကျွဲကောသီးပေါ့ "
" ဪ..ဒါနဲ့ သက်နိုင် မင်းအသက်ဘယ်လောက်တုန်း "
" ၁၉ကျော်ပြီဗျ "
" အဲ့တာဆို ငါနဲ့မတိမ်းမယိမ်းပဲ ငါက (၂၀)ပြည့်ရုံပဲရှိသေးတာ အများကြီးယဉ်ကျေးမနေပါနဲ့ ငါက ဇွဲပင်တိုင်။ သူက လျှမ်းတောက်ထိန် "
အရမ်းနုချင်သည့် ပင်တိုင်သည် အစ်ကိုဆို
သည့်နာမ်စားကိုသဘောမကျချေမို့ မိတ်ဖွဲ့လိုက်လေတော့သည်။
ခြံကြီးသည် အတော့်ကိုကျယ်သည်မို့ မိနစ်အနည်းငယ်လောက်အနေမှ ခြံနောက်ရောက်လေသည်။ခြံနောက်တွင်တော့ ဝါးပိုးဝါးတွေ၊‌ ရွှေပန်း၊ငွေပန်း၊ ဆူးပုတ်စသည်တို့ကိုစိုက်ထားကာ ရေစည်တူးထားသေးသည်။
_________________________________________
#29.4.22
ချစ်ချစ်က ဘုန်းကြီးလူထွက်ထားတာပါ ချစ်တူတို့>.<
Weiterlesen
Das wird dir gefallen
80.9K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
1.2M 64.4K 51
40.4K 2K 26
ဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎ [2024 Edition]
479 79 19
OTP serious ဖြစ်သူတွေ မဖတ်ကြပါနဲ့။ စိတ်ကူးရင် ရေးသားထားတာဖြစ်ပြီး မည်သည့် Idol ကိုမှ ထိခိုက်လိုစိတ် မရှိပါ။ Fanfic ကို Fanfic လိုသာ ဖတ်ပေးပါ။