Cigarette and poison
By Tracy-26
348K 14.5K 450
I recommend reading over 18 years old. Seme is Possessive type and Asshole type. Htike+Koon Tracy/// More
Intro
Part1[Uni+Zawgyi]
Part2[Uni+Zawgyi]
Part3[Uni+Zawgyi]
Part4[Uni+Zawgyi]
Part5[Uni+Zawgyi]
Part6[Uni+Zawgyi]
Part7[Uni+Zawgyi]
Part8[Uni+Zawgyi]
Part9[Uni+Zawgyi]
Part10[Uni+Zawgyi]
Part11[Uni+Zawgyi]
Part12[Uni+Zawgyi]
Part13[Uni+Zawgyi]
Part14[Uni+Zawgyi]
Part15[Uni+Zawgyi]
Part16[Uni+Zawgyi]
Part17[Uni+Zawgyi]
Part18[Uni+Zawgyi]
Part19[Uni+Zawgyi]
Part20[Uni+Zawgyi]
Part21[Uni+Zawgyi]
Part22[Uni+Zawgyi]
part24[Uni+Zawgyi]
Part25[Uni+Zawgyi]
Part26[Uni+Zawgyi]
Part27[Uni+Zawgyi]
Part28[Uni+Zawgyi]
Part-29[Uni+Zawgyi]
Part30[Uni+Zawgyi]
Part31[Uni+Zawgyi]
Happy birthday Htike
Note
Part 32[Uni+Zawgyi]
Part33[Uni+Zawgyi]
Part34[Uni+Zawgyi]
Part35[Uni+Zawgyi]
Part36(final)[Uni+Zawgyi]
CAP Extra-1
CAP Extra-2[Htike's BD]
CAP Extra-3
Announcement
Notice
For Physical Book
Book Cover &Book Details
For Physical Book
Extra -1 Comic Version
Part23[Uni+Zawgyi]
6K 305 2
By Tracy-26
Unicode
ထိုက် မနက်မိုးလင်းလို့ ဟိုလူကိုလိုက်ရှာတာ ဘယ်မှာမှမတွေ့။ဟိုလူအပြင် ငပေါက်ကိုလည်းမတွေ့မိပါ။ဟိုလူကို ငါမမှတ်မိတော့လို့ ငပေါက်စီများ ရောက်သွားတာလား။ကျစ် ပြောရင်လည်း ငိုဦးမည်။ ထန်လွန်းထိုက်ဆိုတဲ့ငါကလည်း သူငိုရင် မနေနိုင်။
ထိုက် ကိုယ်ဘာသာကိုယ် ကော်ဖီသာ ဖျော်သောက်ရင်း ခြံထဲက ဒန်းပေါ်မှာ ဟိုလူကိုစောင့်နေတော့သည်။ လာပါပြီ ငပေါက်ရယ် ဟိုလူရယ် ဘေးက ထိုက်တစ်ခါမှမမြင်ဖူးတဲ့ကောင်မလေးတစ်ယောက် စကားပြောရင်း လမ်းလျှောက်လာကြသည်။
သုံးယောက်သားအိမ်ထဲရောက်သည်အထိ စကားပြောလာတာ ဒန်းပေါ်တွင် ထိုင်နေတဲ့ ထိုက်ကိုမမြင်ရလောက်အောင် သူတို့ဘာတွေပြောနေတာလဲ။ တိမ်လရောင်မော်ကွန်းဆိုတဲ့လူက အဟမ်း ထိုက်ကို သဝန်တိုအောင် လာလုပ်နေတာလား sorryဘဲ ကျုပ်ဆိုတဲ့ ထန်လွန်းထိုက်က သဝန်မတိုတတ်ဘူး။
ထိုက်တွေးကာ အိမ်ထဲသို့ ဝင်လာသည်။ လှေကားပေါ်မတက်ခင် ဧည့်ခန်းထဲတွင် ဆူညံနေသောကြောင့် ဧည့်ခန်းကို ရောက်လာတော့ တိမ်လရောင်မော်ကွန်းက မိန်းကလေးတစ်ယောက်နဲ့ စကားပြောတာ ပြုံးလို့ ရွှင်လို့ပင်။
"မောင် ငါကိုပြောစရာရှိလို့လား"
"မဟုတ်ပါဘူး ဒါနဲ့ သူကဘယ်သူလဲ"
"သူက မိတုံလေ"
"ဘယ်ကမိတုံလဲ"
"မောင့်ဒယ်ဒီအိမ်မှာနေတာလေ ကြီးမြက လွန်ခဲ့တဲ့၅လလောက်က ခေါ်လာတာ အိမ်ကိုကူလုပ်ပေးဖို့အတွက်"
"အခုသူက ဘာလာလုပ်တာလဲ"
"ငပေါက်ရည်းစားလေ ငပေါက်ခေါ်လာတာ"
"နောက်ခါ ငပေါက်ကိုပြောလိုက် သွားတွေ့ချင်ရင် သူတို့အိမ်သွားတွေ့လို့ ဒီမှာက ယောကျာ်းလေးတွေနဲ့ မသင့်တော့ဘူး ဟိတ်ကလေးမ မင်း ငပေါက်ကိုပြောပြီး လိုက်ပို့ခိုင်းလိုက်တော့"
မိတုံမှာ ခေါင်းလေးငုံ့ကာ ထွက်သွားသည်။ ဒါကို ပြုံးစိစိနဲ့ ထိုက်အား ကြည့်နေသောသူ ထိုက်ပြန်ကြည့်တော့ ခေါင်းငုံ့သွားကာ ရယ်ချင်စိတ်ကို အောင့်ထိန်းထားသလိုပုံစံမျိုးနဲ့ လုပ်ပြနေသောလူ။
"ခင်ဗျားလဲ ယောကျာ်းလေးဖြစ်ပြီး တည်တည်တံ့တံ့နေ"
"သဝန်တိုတာလား မောင်က"
"ဘောကိုသဝန်တိုလေ ကျုပ်က ဘာလို့သဝန်တိုရမှာလဲ"
"မောင် ခဏထိုင်ဦး"
မောင်ကို ဆိုဖာပေါ်သို့ ထိုင်စေလိုက်ပြီး ငါက မောင်ပေါင်ပေါ်တွင် တက်ထိုင်ကာ မောင့်ခါးကိုလှမ်းဖက်လိုက်ကာ ငါအရမ်းလွမ်းနေတဲ့ မောင်ရဲ့နွေးထွေးတဲ့ရင်ခွင်ကြီးထဲ ငါဝင်လိုက်သည်။ မောင်ကိုယ်သင်းရနံ့ကို ငါရှူရှိုက်လိုက်သည်။ အစပိုင်းတုန်းက ရုန်းတော့မယ့်မောင်က ငါကိုယ်ကို ပြုတ်မကျအောင် ပြန်ဖက်ထားပေးသည်။
"မောင်သဝန်မတိုပါနဲ့ ငါက မောင်တစ်ယောက်တည်းကို ရူးရူးမူးမူးချစ်တာမလို့"
"ဘာလို့ ခင်ဗျားကို မမှတ်မိတဲ့လူကိုမှ ချစ်နေရတာလဲ တိမ်လရောင်မော်ကွန်းရယ်"
"ငါနှလုံးသားက မောင်တစ်ယောက်တည်းကိုချစ်လို့လေ မောင်သိလား 'မောင်'ကလေ 'မောင်'ကိုယ်'မောင်' 'မောင်'လို့ ပြောမယ့် အချိန်ကိုငါလွမ်းနေခဲ့တာ ငါကို အမြဲချစ်တယ်လို့ပြောမယ့်အချိန်ကိုလည်း မျှော်နေခဲ့ရတာ"
"ကျုပ်သိပါတယ် မငိုပါနဲ့"
ထွက်သွားတဲ့သူထက် နေခဲ့ရတဲ့သူက နာကျင်ရအောင်လည်း မောင်က ငါအနားကထွက်သွားတာမဟုတ်။ငါနဲ့ပတ်သတ်တဲ့မှတ်ဉာဏ်တွေသာ ပျောက်သွားတာပင်။ မောင်ငါ့အနားမှာရှိပေမယ့် ငါနာကျင်တယ်မောင်။ငါစိတ်ကို ငါရအောင်ထိန်းထားရတာ။မဟုတ်ရင် ငါရူးပြီးသေတော့မှာ။ လိမ်တာမကြိုက်တဲ့ငါကတောင် မောင်ငါကို ဘယ်လောက်လိမ်လိမ် ငါအမြဲခွင့်လွှတ်ခဲ့တာမို့ ငါကိုမမှတ်မိလည်း အရှက်မရှိစွာ တွယ်ကပ်နေမိမှာဘဲ။ငါကမောင်ကို အရမ်းချစ်တာကို။ တစ်လဆိုတဲ့အချိန်အတွင်းမှာ ငါတို့မုန်းခဲ့ကြတယ်။ချစ်ခဲ့ကြတယ်။ပျော်ခဲ့ကြတယ်။ငိုခဲ့ကြတယ်။စသဖြင့် အမှတ်တရများစွာရှိတာမို့ မောင်ငါကို ပြန်မှတ်မိမယ့်နေ့ကို လက်ချိုးရေတွက်ပြီးစောင့်နေဦးမှာ။
လူအများပြောကြတာတော့ ဆယ်ကျော်သက်အရွယ်မှာ စချစ်မိတဲ့သူက မေ့မရတဲ့အချစ်ရဆုံးသူဘဲ။ ငါအတွက်တော့ ငါ့အသက်၂၆နှစ်အရွယ်မှာ ငါ့နှလုံးသားကိုခိုးယူသွားတဲ့မောင်ကို အချစ်ရဆုံးဘဲ။ဘယ်သူတွေဘာပြောပြောပေါ့။
~~~~~~
မောင် ဆေးရုံကနေ ဆင်းတာ ၃ပတ်ပြည့်ပြီ။သို့သော မောင်ဟာ အခုထိဘာမှမမှတ်မိ။တစ်ခါတစ်လေ မောင်တမင်မေ့ချင်ယောင်ဆောင်ခဲ့တာလားလို့တွေးမိပြန်တယ်။မောင်အနားမှာရှိရင် ငါဟာပိုပျော့ညံ့လာသလိုခံစားမိပြန်တယ်။ တစ်ကြိမ်ပြတ်သားရင် တစ်ကြိမ်ဘဲနာကျင်ရမယ်ဆိုတဲ့ဆိုရိုးစကားရှိပေမယ့် ငါက မောင်ပေးတဲ့နာကျင်မှုတွေကိုခုံမင်တာကြောင့် မပြတ်သားနိုင်ခဲ့ဘူး။မောင် ကိုမာဝင်တုန်းကဆို ငါမှာ စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြပြီး စိတ်ကျဆေးတောင် သောက်ရတဲ့အထိပင်။အရင်ကရည်းစားဟောင်းတုန်းက အဲ့လောက်ထိမဆိုးပေမယ့် မောင်နဲ့ကျမှ ရူးအောင်ချစ်ရလို့ အရူးတစ်ပိုင်းလိုဖြစ်နေရပြီ။ မောင်မသိအောင် ကမ္ဘာပျက်ခဲ့ရသလို မောင်မသိအောင် ပျော်ခဲ့ရတဲ့အချိန်တွေရောရှိဖူးတယ်။ငါ့အတွက် ကမ္ဘာပျက်တဲ့အချိန်ဆို မောင်ဘေးနားမှာမရှိတဲ့အချိန်နဲ့ ငါပျော်တဲ့အချိန်က မောင်ငါအနားမှာရှိတဲ့အချိန်လိုသာ ဖြေမယ်။ ဘယ်သူကိုချစ်လဲဆိုတဲ့မေးခွန်း ဘယ်သူလာမေးမေး ငါရဲ့နှစ်ယောက်မရှိသောထန်လွန်းထိုက်လို့ ဖြေလိမ့်မည်။
အပြင်ဘက်မှာမိုးရွာနေတာကို ငါပြတင်းပေါက်ပေါ် မေးထောက်ကာ ထိုင်ရင်း ငါမောင့်အကြောင်းစဉ်းစားနေသည်။
ဖြန်း!
ငါစဉ်းစားနေတုန်းမှာဘဲ နောက်ကနေ ငါခေါင်းကို လက်ဖဝါးဖြင့်လာရိုက်သဖြင့် ငါခေါင်းရှေ့သို့ အနည်းငယ်စိုက်ကျသွားသည်။
"မောင် ဘာလို့အကြီးခေါင်းကိုလာရိုက်တာလဲ"
"ခင်ဗျားက ဘာစဉ်းစားနေတာလဲ ကျုပ်လာတာတောင်မသိရအောင်"
"ငါအမြဲတမ်းစဉ်းစားတိုင်းတွေးတိုင်း ဘယ်သူအကြောင်းလဲလို့ခေါင်းစဉ်တပ်ရရင် ငါရဲ့နှစ်ယောက်မရှိတဲ့မောင့်အကြောင်းပေါ့"
"ခင်ဗျား ကဗျာရေးပါလား ကျုပ်စာအုပ်ထုတ်ပေးမယ်လေ"
"မရေးပါဘူး ငါခံစားချက်တွေကို ငါရဲ့နှစ်ယောက်မရှိတဲ့မောင်ကိုဘဲ ပြောမှာ"
ငါ ထိုင်နေတဲ့ထိုင်ခုံဘေးက မောင်ရဲ့ဗိုက်သားနားလေးကို ခေါင်းလေးကပ်ပြီး လေတစ်ချက်မှုတ်လိုက်တော့ မောင်က သူ့လက်တစ်ဖက်ဖြင့် ငါခေါင်းကို နောက်သို့တွန်းသည်။ ဒီကောင် အကြီးခေါင်းကို။
"မောင် မင်းအကြီးခေါင်းကို!"
"ကျုပ်က အိမ်ထောင်ဦးစီး"
"ငါကလဲ မင်းမိန်းမမဟုတ်ဘူး မင်းယောကျာ်း ငါလဲ အိမ်ထောင်ဦးစီဘဲ"
ငါမတ်တပ်ရပ်ကာ မောင်ခန္ဓာကိုယ်ကို ယှဉ်ရပ်လိုက်သည်။မောင်ဟာ ငါထက် အရပ်ရော ခန္ဓာကိုယ်ရော တအားကွာတာသိသာပါသည်။ မောင်က အဓိပ္ပါယ်ဆန်ဆန်ပြုံးပြပြီး ငါ့ခါးကို သူလက်တစ်ဖက်ဖြင့်ဖတ်ကာ သူရင်ခွင်ရဲ့အနီးဆုံးမှာ ထားလိုက်တယ်။
"မင်း လွှတ်နော်"
"ခင်ဗျားကြိုက်တယ်မလား"
"မောင် မင်းဘဝင်မရူးနဲ့နော်"
"ရူးတယ်ဗျာ ဘာဖြစ်လဲ"
"ဘဝင်ရူးကောင်"
"အဲ့ဘဝင်ရူးကောင်က ခင်ဗျားလင်လေ"
"ဘယ်သူပြောလဲ ငါကိုလွှတ်"
ရုန်းနေတဲ့ငါကို မောင်ကမလွှတ်တဲ့အပြင် ပိုတိုးကာဖတ်နေတာကြောင့် သူရင်ခွင်ထဲမှာ ငါ့ခန္ဓာကိုယ်ဟာ ကျုံ့ကျုံ့လေးသာ နေရတော့သည်။
"ခင်ဗျားပြောတယ်လေ တိမ်လရောင်မော်ကွန်း"
"ငါမင်းထက်၆နှစ်ကြီးတယ်ကွ လွှတ်နော်"
"၆နှစ်ကြီးလို့မက အနှစ်၆၀ဆယ်ကြီးကြီး အဟက်!"
"မောင် လွှတ်စမ်းပါကွာ"
"တိမ်လရောင်မော်ကွန်း ကျုပ်နမ်းချင်တယ်"
"ဟင်"
ကွန်း ထိုက်စကားကြောင့်ကြောင်တောင်တောင်ဖြစ်နေတုန်း နူးညံ့စွာ ထိတွေ့လာသောထိုက်။ ကွန်းနှုတ်ခမ်းဖျားအား အပေါ်တစ်လှည့်အောက်တစ်လှည့်စုပ်ယူပြီး ကွန်းရဲ့လျှာဖျားလေးနဲ့ သူ့လျှာဖျားကို ထိတွေ့စေသည်။ အချိန်အကြာကြီးထိနမ်းရှိုက်ပြီးတော့မှ ကွန်းနှုတ်ခမ်းအားလွှတ်ပေးသောအခါ ငွေရောင်မျှင်တန်းများကပ်ပါလာသည်။
"ချိုတယ် ဒါကြောင့် အရင်က ကျုပ်‌Cigaretteအစား ဒါကို သုံးစွဲမိတာလား"
"မောင်"
"ဗျာ"
"ငါတို့ဘယ်အချိန်မှာ ပျော်ရွှင်ရမှာလဲ ဟင့် ပြီးတော့ ငါတို့ အခုလိုနီးကပ်နေရင်လည်း ငါကြောက်တယ်"
တိမ်လရောင်မော်ကွန်းရဲ့စကားနောက်မှာ ငိုသံလေးတွေကပ်ပါလာသည်။ မောင်နဲ့ငါနဲ့ အရမ်းနီးကပ်လာရင် တစ်ခုမဟုတ်တစ်ခုထပ်ဖြစ်တယ်။ ငါဖြစ်တာထက် မောင်တစ်ခုခုဖြစ်မှာပိုကြောက်ရသည်။ မောင်ကိုတစ်ခါဆုံးရှုံးရ‌တော့သလို ခံစားရသည်မို့ ငါနောက်ထပ်မဆုံးရှုံးချင်။အရင်က ရူးရုံတင်ရူးခဲ့ပေမယ့် ဒီတစ်ခါဆို ငါသေရလိမ့်မည်။
"ဘာတွေပြောနေတာလဲ"
"ငါမောင်တစ်ခုခု ထပ်ဖြစ်မှာကြောက်တယ် ဒါကြောင့် ငါတို့ ဝေးရအောင်လား"
"တိမ်လရောင်မော်ကွန်း ခင်ဗျားပြန်ပြောစမ်း ဘာလို့ ကျုပ်ကိုစွဲလမ်းအောင်လုပ်ခဲ့လဲ ကျုပ်ကိုထားခဲ့မယ်ဆို ကျုပ်ကိုမာဝင်ကတည်းက ထားသွားပါလား ဘာလို့ကျုပ်ကိုချစ်အောင်လုပ်ခဲ့လဲ ဖြေလေ ဖြေလေ"
မောင်က ငါပုခုံးကို လှုပ်ကာ မေး‌သည်။သို့သော်ငါမဖြေနိုင်ဘဲ မျက်ရည်သာ ကျနေမိသည်။ မောင်ဘာမှမဖြစ်ဖို့ဆို ငါ့နှလုံးသား သေသွားလဲဘာမှမဖြစ်ဘူးမောင်။
ငါငိုနေတုန်းမှာဘဲ မောင်က ငါကိုလှမ်းဖတ်လိုက်သည်။ ဒီလိုအခိုက်အတန့်မျိုးကို ငါလွမ်းနေခဲ့တာ။
"ကျုပ်ကို မထားခဲ့ပါနဲ့ ကျုပ်ခင်ဗျားကို ထပ်ချစ်မိနေပြီထင်တယ်"
"မောင်"
"မထားခဲ့ပါနဲ့ ကျုပ်ခင်ဗျားကို မှတ်မိအောင်ကြိုးစားပါမယ် ကျုပ်အနားက ထွက်မသွားပါနဲ့"
"မောင် ငါ....."
"ဘာမှမပြောပါနဲ့ ကျုပ်ပြောတာကိုသာ နားထောင်ပေးပါ ခင်ဗျား ကျုပ်စီကနေ ထွက်သွားတော့မယ်လို့ ပြောတော့ ကျုပ်ဘယ်လောက်သွေးပျက်ခဲ့ရလဲသိလား ကျုပ်သိခဲ့ရတယ် ကျုပ်ခင်ဗျားကို ထပ်ချစ်နေပြီ‌ဆိုတာ...."
"ခင်ဗျားသိလား လူတစ်ယောက်ကို နှစ်ခါထပ်ချစ်မိတယ်ဆိုတဲ့အဖြစ်အပျက်မျိုးက ရှားတယ်။ဒါပေမယ့်လေ ကျုပ်က ခင်ဗျားတစ်ယောက်တည်းကိုဘဲ နှစ်ခါချစ်မိပြန်တယ်။ ခင်ဗျားတစ်ယောက်တည်းကိုပါ။ ခင်ဗျားကသာ ကျုပ်ရဲ့ပထမဆုံးအချစ်နဲ့နောက်ဆုံးအချစ်ပါ။ ကျုပ်ကိုမထားခဲ့ပါနဲ့ ကျုပ်တို့နှစ်ယောက် ပြသနာတွေကိုအတူတူကျော်ဖြတ်ကြမယ်လေနော်"
"ငါတောင်းပန်ပါတယ်မောင် ငါမထားခဲ့တော့ပါဘူး"
ငါကိုဖက်ထားတဲ့မောင်ကို ငါလည်းပြန်ဖက်လိုက်တယ်။လွမ်းနေခဲ့တာ ဒီလိုအခိုက်အတန့်လေးကို။
ကျုပ်အတိတ်မမေ့ခင်ကလည်း ခင်ဗျားကိုဘဲချစ်မိတယ်။ အတိတ်မေ့နေတဲ့အချိန်လည်း ခင်ဗျားကိုဘဲ ထပ်ချစ်မိပြန်တယ်။ကျုပ်ဘယ်အချိန်ဘဲရောက်ရောက် ခင်ဗျားတစ်ယောက်တည်းကိုဘဲ ချစ်နေပါမယ်။
Please vote and your feedback
Tracy///
Zawgyi
"သူက မိတုံလေ"
"ဘယ်ကမိတုံလဲ"
"အခုသူက ဘာလာလုပ်တာလဲ"
"သဝန်တိုတာလား မောင်က"
"မောင် ခဏထိုင်ဦး"
~~~~~~
ဖြန်း!
"မင်း လွှတ်နော်"
"ရူးတယ်ဗျာ ဘာဖြစ်လဲ"
"ဘဝင်ရူးကောင်"
"မောင် လွှတ်စမ်းပါကွာ"
"ဟင်"
"မောင်"
"ဗျာ"
"ဘာတွေပြောနေတာလဲ"
"မောင်"
"မောင် ငါ....."
Tracy///
Continue Reading
You'll Also Like
770K 58.9K 36
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
3.8M 246K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
40.7M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
724K 60.2K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...