<Unicode>
"ကိုယ့်ကိုအဲလောက်တောင် လွမ်းနေတာလား..."
ကျွင်းဟောက်စကားကို ဆိုဖာပေါ်မှာ ငြိမ်သက်စွာထိုင်နေတဲ့ တျန်းရန်က ခေါင်းညိတ်ပြရင်း ကျွင်းဟောက်၏ ရင်ခွင်ထဲပို၍ပင် တိုးဝင်လာလေသည်။
ကျွင်းဟောက်ကလည်း
တျန်းရန်၏အခြေအနေကို သိရှိနားလည်သည့်အနေနဲ့ တျန်းရန်၏ နဖူးပြင်နုနုအား အနမ်းတစ်ချို့ပေးလေသည်။
တျန်းရန်က တကယ်ပင် သူ၏မျက်စိရှေ့မှ လူပျောက်ကွယ်သွားမှာကို အလွန်ပင် ကြောက်လန့်နေမိတာဖြစ်သည်။
သူဘယ်လောက်တောင် ဒီလူကိုလွမ်းဆွတ်နေခဲ့ရလဲ။
ဒီလူကိုအချိန်တိုင်း သတိရလွမ်းဆွတ်ပြီး ညတိုင်း ဒီလူကို သတိရတဲ့စိတ်နဲ့ ငိုကြွေးနေခဲ့ရတာ။
သူမှာ ဒီလူဆီပြန်မသွားနိုင်တော့တာကို အရမ်းကြောက်လန့်နေခဲ့တာ။
ဒါပေမဲ့ သူကဒီဘက်ကမ္ဘာကလူမို့ သူ၏မူလရုပ်အတိုင်း တည်ရှိနေတာဆိုပေမဲ့ ဒီလူကရော ဒီလူကရော....
"ကလေး ညနေစာ ဘာစားပြီးပြီးလဲ"
"ဟင့်အင်း "
"အင်း ဒါဆိုကလေးဘာစားချင်လဲ ကိုယ် ကလေးစားချင်တာ ချက်ပေးနိုင်တယ် ကိုယ်...."
ကျွင်းဟောက်က သူ၏စကားဆက််မပြောခင်မှာတင် ရန်က သူ၏မျက်နှာအား ထိတွေ့ရင်း.......
"ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ....ကျွန်တော်က....ကျွန်တော်က ဝိညာဉ်ကူးပြောင်းလာတာဆိုပေမဲ့ ခမ်ဗျားက....ပြီးတော့ ခမ်ဗျားမျက်နှာကရော ဘာလို့ ဝတ္ထုထဲကဇာတ်လိုက််မျက်နှာအတိုင်း ဖြစ်နေသေးရတာလဲ....."
"ကိုယ်ကလည်း ကလေးနဲ့တူတူပဲလေ.."
"ဘယ်လို..."
"ကိုယ်ကလည်း ဝိညာဉ်ကူးပြောင်းလာတဲ့သူပဲလေ....."
"ဟင်.."
"ဟုတ်တယ် ပြီးတော့ ဒါကကိုယ့်မျက်နှာအစစ်အမှန်ပဲလေ ကလေးက ကိုယ့်ကိုမသိဘူးလား.."
တျန်းရန်က တကယ် မသိပါ။သူသိတာဆိုလို့ သူချစ်ရသူ၏ မျက်နှာကို ပြန်တွေ့တာတောင် ဝတ္ထုထဲက ဇာတ်လိုက််မျက်နှာအနေနဲ့ပဲ ရင်းနှီးနေခဲ့တာဖြစ်သည်။
"ဟင့်အင်း.."
သူချစ်ရသူကောင်လေး၏ တကယ်မသိနားမလည်သည့် ပုံလေးကြောင့် ကျွင်းဟောက်က သဘောတကျနဲ့ကို ရယ်မိသည်။
ဟားဟား ရုပ်ရှင်ဧကရာဇ်ဆုကို ရထားပြီး ရုပ်ရှင်လောကထဲမှာ နှစ်တွေအကြာကြီးနေလာပြီး ပရိတ်သတ်တွေရင်းနှီးတဲ့ သူအားမသိသူဟာ သူ၏ချစ်သူကောင်လေးသာ ဖြစ်ပေလိမ့်မည်။
သူ၏ ရယ်မောနေပုံကို တျန်းရန်က ကြောင်အစွာနဲ့ပဲ...
"ဒါပေမဲ့ ရှချင်းလင်ပြောတော့ ကျွန်တော့်ဇာတ်ကောင်ပုံကလွဲရင် ကျန်တာအကုန်လုံးက သူစိတ်ကူးယဥ်ပြီး ရေးဆွဲထားတဲ့ ဇာတ်ကောင်ကာတွန်းတွေဆို..."
"ဟားဟား!! သူမက ကိုယ့်ကိုလည်း အဲလိုပြောခဲ့တာပဲ နောက်ဆုံး ကိုယ်ကခြိမ်းခြောက််မှ ကိုယ့်ကိုအမှန်တိုင်းပြောတာ.."
"ကျွန်တော် အဲ့အကြောင်းတွေမသိခဲ့ဘူး သူမက....သူမက..."
~ပြွတ်စ်~
ကျွင်းဟောက်က ငိုမဲ့မဲ့လေးဖြစ်တဲ့ တျန်းရန်အားစကားဆက်ပြောခွင့်မပြုတော့ပဲ ထိုကောင်လေး၏မျက်နှာနုနုလေးထက်က နီဆွေးတဲ့ နှုတ်ခမ်းသားလေးကို ဖိကပ်လိုက်ရင်း....
"သူမအကြောင်း မတွေးနဲ့တော့ အခု့တော့ ကလေး ဗိုက်ဆာနေမှာဆိုတော့ ကိုယ်တစ်ခုခု ချက်ပေးမယ် စားမယ်မလား.."
"ဟုတ်ကဲ့.."
တျန်းရန်က သူ၏ခေါင်းအားဆွဲဖွရင်း မီးဖိုခန်းထဲ ဝင်သွားတဲ့လူအားကြည့်ကာ အလိုမကျစွာ နှုတ်ခမ်းစူလျက်.....
"ဒါနဲ့ အခု့ကျွန်တော် ဘယ်ရောက်နေတာလဲဟင်"
ဟုတ်ပါတယ် တျန်းရန်က ဒီလူကြီးကို တွေ့တွေ့ခြင်း ပျော်ပြီးငိုကာ ကျောင်းမှဒီလူကြီးခေါ်ရာကို လိုက်ပါလာခဲ့မိတာဖြစ်သည်။
အခု့ အခြေအနေတည်ငြိမ်သွားပြီဆိုကာမှ သူပတ်ဝန်းကိုသေချာလေ့လာမိတာဖြစ်သည်။
သူအခု ဗီလာတစ်ခုမှာရောက်နေသလိုပင်။
"အခု့ ကိုယ့်ဗီလာမှာလေ.."
~ပြွတ်စ်~
စကားပြောသလိုနဲ့ နှုတ်ခမ်းအား အသံမြည်ေအာင်စုပ်နမ်းသွားတဲ့ လူကြောင့် တျန်းရန် နှုတ်ခမ်းများကို ဖိကိုက်လိုက််မိသည်။
ထို့နောက််မှာတော့ ထိုလူကြီးအား အဖတ်မလုပ်တော့ပဲ မျက်စိရှေ့ကမြင်ကွင်းကိုသာ ငေးကြည့်နေလိုက်တော့သည်။
ယခု တျန်းရန်ဟာ ဗီလာ၏အပေါ်ဆုံးထပ်က လေသာဆောင်မှာ ရပ်နေတာဖြစ်သည်။
ထိုဗီလာကနေလှမ်းကြည့်ရင် Fမြို့တော်၏ ကားလမ်းမကြီး၌ ဖြတ်သန်းသွားလာနေသော ကားရောင်စုံမီးများကိုပင် မြင်တွေ့နေရသည်။
ဗီလာကနေ ကြည့်ရတဲ့မြင်ကွင်းမှာ တျန်းရန်အတော်ကြာ နစ်မျောနေမိရင်းမှ အချိန်အားဖြင့် ညနေစောင်းနေပြီဆိုတာကို တျန်းရန် သတိရမိသည်။
သူကျောင်းကနေ ဒီတိုင်းထွက်လာတာ အိမ်ကကားကို ဘာမှလည်းမပြောလိုက်ရဘူး။
ဦးလေးတော့ သူ့ကိုစိတ်ပူနေတော့မှာပဲ။
"ကျွန်တော် ဖုန်းဆက်.....အွန်း..."
တျန်းရန်က သူစကားပြောလို့မဆုံးခင်မှာတင် သူ၏အရှေ့ကလူထံမှ တင်းကြပ်စွာထွေးပွေ့ခြင်းနှင့်အတူ နက်နက်ရှိုင်းရှိုင်း အနမ်းတို့ကို ခံယူလိုက်ရသည်။
အစောတုန်းက အသံမြည်အောင်နမ်းယုံလေးမဟုတ်တော့ပဲ တစ်ဖက်လူက သူ့အားတင်းကြပ်ပြီး အနမ်းတွေထံမှလည်းတပ်မက််ခြင်းရမ္မက်၏ အရိပ်အယောင်အချို့အား သူခံစားသိရှိနေမိသည်။
သို့သော် တျန်းရန် ယင်းအနမ်းများအား ငြင်းဆန်ရန် ခွန်အားမရှိပါ။
ထိုပြင် ငြင်းဆန်ရန်လည်း စိတ်ကူးမရှိခဲ့ပါ။
တစ်ဖက်လူက သူထံမှ ငြင်းဆန်လိုဟန်မရှိသည်ကို ခံစားမိပုံရကာ နှစ်ယောက်သား မတ်တပ်ရပ်ပြီး နမ်းနေရာမှ သူ့အားပွေ့ချီကာ ဧည့်ခန်းအလည်က ဆိုဖာထက််မှာဖိကပ်လိုက်လေသည်။
တျန်းရန်က ရုတ်တရတ်ပွေ့ချီခံလိုက်ရခြင်းအား ထိတ်လန့်သွားတာကြောင့် တစ်ဖက်လူ၏ လည်တိုင်အား တင်းကြပ်စွာ တွယ်ကပ်ထားလိုက်လေသည်။
ထိုပြင် သူဟာအစောပိုင်းက နက်ရှိုင်းသည့်အနမ်းများကြောင့် အသက်ကိုပြင်းပြင်းရှုရှိုက်နေရပြီး သူ၏ရင်ဘတ်သေးသေးလေးဟာလည်း နိမ့်ချည်မြင့်ချည်ဖြစ်နေလေသည်။
မျက််နှာပြင်တစ်ခု့လုံး သူ့အနမ်းများကြောင့် ပန်းရောင်သန်းနေပြီး မက််မွန်စေ့သဏ္ဌာန် မျက်ဝန်းလေးတွေက အကြိမ်အနည်းငယ်မျှ ပုတ်ခတ်ပြု၍ သူ့အားမျက်တောင်မခတ်တမ်း ငေးကြည့်နေပြီး တစ်ဖက်လူကဘာလုပ်လုပ် အရာရာကိုလက်ခံနားလည်ပေးမည့်အသွင်ကို ဆောင်နေသည်။
ကျွင်းဟောက်က သူ၏စိတ်တွင်း၌ ဖြစ်ပေါ်နေသော အနက်ရှိုင်းဆုံး စိတ်ကူးရမ္မက််များအား ဖြေဖျောက်ကာ သူ၏လည်တိုင်အားဖက်တွယ်ထားသည့် တျန်းရန်၏သေးသွယ်သော လက်ဖဝါးေလးများအား ဆွဲယူရင်း နှုတ်ခမ်းဖြင့်ဖိကပ်လေသည်။
သူဟာ လက်ဖဝါးများမှတစ်ဆင့် ကျော့ရှင်းကာ သန့်ရှင်းစင်ကြယ်သော ကျောက်စိမ်းလေးလို လည်တိုင်မှအစပြုလို နောက်ဆုံး ရှည်လျားကာ ကော့ညွှတ်သော မျက်တောင်စိတ်များအထိ ချစ်ရိပ်သန်းသော အကြည့်များနှင့် နူးညံ့သောအနမ်းများကိုသာ ပုံဖော်လေသည်။
ရမ္မက်အရှိန်အဝါအပြည့်နဲ့ အစပြုခဲ့သောအခြေအနေဟာ နူးညံ့သိမ်မွေ့သော မြတ်နိုးခြင်းအနမ်းများဖြင့် အဆုံးသတ်သွားသော်လည်း သူတို့ဟာ တစ်ဦးကိုတစ်ဦး မျက်တောင်မခတ်တမ်း ငေးကြည့်နေကြစမြဲပင်။
~Ring......Ring~
ထိုချိန် ကျွင်းဟောက်က သူ၏မျက်စိရှေ့မှ မြတ်နိုးဖွယ်ရာလေးအား ရွန်းလဲ့သောအကြည့်များဖြင့် ကြည့်ရင်း နူးညံ့သည့်နှုတ်ခမ်းသားလေးများအား ထပ်မံနမ်းရှိုက်မည်အပြုမှာ ဝင်ရောက်လာသော ဖုန်းသံကြောင့် မျက််မှောင်ကြုတ်လိုက်လေတော့သည်။
ထို့နောက်သူဟာ ထိုအသံလာရာကို လှမ်းကြည့်တော့ သူ၏မန်နေဂျာနဲ့driverက
ဗီလာတံခါးဝနားမှာ ပါးစပ်အဟောင်းသားနဲ့ မတ်တပ်ရပ်နေဆဲပင်။
တျန်းရန်က ဖုန်းသံကြားရာကို လှမ်းကြည့်ရင်း မရင်းနှီးသည့် လူနှစ်ယောက်အား တွေ့လိုက်တာကြောင့် လန့်ကာ သူ၏အရှေ့မှ လူအားတွန်းထုတ်မိလိုက်သည်။
"သူတို့က..."
"မကြောက်နဲ့ ကိုယ်ရှိတယ်"
ကျွင်းဟောက်က သူ့အားတျန်းရန်တွန်းထုတ်တာကိုပင် စိတ်ထဲမထားပဲ အနည်းငယ် လျော့ရဲနေသည့် တျန်းရန်၏ အဝတ်အစားများအား သပ်ရပ်အောင် သေချာပြန်လည်ပြင်ဆင်ပေးရင်း တျန်းရန်၏ နဖူးအားအမြတ်တနိုးနမ်းလိုက်လေသည်။
တျန်းရန်က သူစိမ်းများရှေ့၌ အနမ်းခံလိုက်ရတာကြောင့် အလွန်ပင်ရှက်ရွံ့သွားလေတော့သည်။
ိထိုချိန်မှာပဲ တိုက်ဆိုင်စွာ သူ့၏ဦးလေးထံမှ ဖုန်းဝင်လာသည်မို့......
"ကျွန်တော်ဖုန်းပြောလိုက်အုံးမယ်"
ဟု ဖုန်းအားပြကာ မျက်နှာစိမ်းလူနှစ်ယောက်အား နှုတ်ဆက်ရင်း လေသာဆောင်ဘက်သို့ ထွက်ခွာသွားလေသည်။
ကျွင်းဟောက်က ဖုန်း contact nameကိုကြည့်ပြီး တျန်းရန်အား ခေါင်းညိတ်ပြလိုက်လေသည်။
သူဟာ တျန်းရန်ထွက်သွားတာနဲ့ မျက်နှာကချက်ချင်း အမူအရာကင်းမဲ့နေသည်ဟန်သို့ ပြောင်းလဲသွားပြီး ဗီလာတံခါးဝမှာ ရပ်နေသူနှစ်ယောက်ထံ တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
ထိုပြင် သူထံမှလည်း အရှေ့ကလူတွေအား အနှောက်အယှက်ပေးတယ်ဟူသော အရိပ်အယောင် တစ်ချို့ကို ထုတ်လွှတ်နေလေသည်။
မင်ရှန်းက တဒီဒီမြည်နေသော သူ၏ဖုန်းကို ပိတ်ကာ သူအားခြိမ်းခြောက်နေသည့် ကျွင်းဟောက်အား ရယ်ပြလိုက်လေသည်။
မန်နေဂျာတစ်ယောက်ဖြစ်သောသူထံတွင် သူ၏မင်းသားဖြစ်သူ ကျွင်းဟောက်၏
ဗီလာသော့ရှိနေသည်မှာ အဆန်းတော့မဟုတ်ပေ။
နေ့လည်က ကျွင်းဟောက်က CEOနဲ့စကားပြောပြီးပြီးခြင်း သူတို့အားထားကာ ကားနဲ့ဒီတိုင်းထွက်သွားတာကြောင့် သူတို့ဟာကြောင်အလျက်သား ကျန်ရစ်နေရသည်။
သို့သော် ကျွင်းဟောက် ဘယ်သွားလည်းဆိုတာ သေချာမသိတာကြောင့် ယခု့လို ကျွင်းဟောက်၏ ဗီလာကိုလိုက်လာရတာဖြစ်သည်။
ပြီးတော့ CEOကိုယ်တိုင်က ကျွင်းဟောက်က ကလေးမဟုတ်ဘူး အဲတာ
ကျွင်းဟောက်ရဲ့
ကိုယ်ရေးကိုယ်တာ ငါတို့companyဘက်က ဝင်စွက်ဖက််မှာ မဟုတ်ဘူးဆိုပြီး ပြောလာရအောင် ကျွင်းဟောက် CEOကို ဘယ်လိုများ ပြောလိုက်လဲလို သူသိချင်တာကြောင့်လည်း ဗီလာကို လိုက်လာတာပင်။
သို့သော် သူမထင်ထားတာက ဗီလာမှာ
ကျွင်းဟောက်တစ်ယောက်ထဲ မဟုတ်တာပေ။
အစောပိုင်းက သူတို့ဟာ ကျွင်းဟောက်အား အော်ခေါ်မည်ဟု ဆုံးဖြတ်ထားပေမဲ့ ဘယ်သူကထင်မှာလဲ သူတို့ဗီလာထဲရောက်ရောက်ခြင်း သူတို့ရဲ့ အေးစက်တဲ့ ရေခဲတုန်းမင်းသားက ကောင်လေးတစ်ယောက်ကို သဲသဲမဲမဲကို နမ်းနေတယ်လေ။
အဲပြင် သူက ထိုကောင်လေးကို ဆိုဖာပေါ်တင်ပြီး သူ့အောက််မှာဖိထားတာလေ။
ဒီတော့ အဲမြင်ကွင်းကြီးကိုမြင်ပြီး သူတို့က ဘာပြောရတော့မှာလဲ။
"အဲမှာပဲ ရပ်နေတော့မှာလား.."
Driverတစ်ဖြစ်လည်း လက်ထောက်ဖြစ်တဲ့ ဝေ့ယီက ကျွင်းကော ပြောတာတောင် အခု့ထိ သူ့ဘေးမှာ မလှုပ်မယှက် ကျောက်ရုပ်ကြီးလို ဖြစ်နေတဲ့ မင်ကောအား....
"မင်ကော ကျွင်းကောခေါ်နေတယ်.."
ဟု ပခုံးပုတ်ကာ သတိပေးရသည်။
ထိုအခါမှ မင်ကောက သတိပြန်ဝင်လာပြီး..
"ဟမ် အေး..."
ကျွင်းဟောက်က ထိုလူနှစ်ယောက် သူ၏မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပြီဆိုတာနဲ့....
"CEOက ဘာပြောလို့လဲ.."
"CEOက ဘာမှမပြောပါဘူး သူက မင်းရဲ့ကိုယ်ရေးကိုယ်တာထဲ ဝင်ရှုပ်မှာမဟုတ်ဘူးတဲ့.."
ကျွင်းဟောက် ထိုစကားကြောင့် မျက််မှောင်ကိုပိုကုတ်ချလိုက်ပြီး....
"ဒါဆို ဘာလို့ ဒီကိုလာတာလဲ"ဟု မေးလေသည်။
မင်ရှန်းက ကျွင်းဟောက် စကားကြောင့် ထမင်းစားခါနီးနင်သွားသလို ဘာစကားမှမပြောနိုင်တော့ချေ။
သူဟာ ကျွင်းဟောက်ကို တစ်စုံတစ်ရာပြန်ပြောရန် ပြင်လိုက်စဥ်မှာတင် ငွေဖြူရောင်ဆံနွယ်တွေနဲ့ ကောင်လေးက အခန်းထဲဝင်ရောက်လာလေသည်။
ထို့ကောင်လေးဟာ သူတို့အား တစ်ချက်ပြုံးပြရင်း ကျွင်းဟောက်နံဘေးဝင်ထိုင်ကာ....
"ဦးလေးက ကျွန်တော့်ကို အိမ်ပြန်လာခိုင်းနေပြီ"
တျန်းရန်က ထိုစကားကို ကလေးတစ်ယောက်လို နှုတ်ခမ်းစူရင်း ရေရွတ်လေသည်။
ထိုအပြုအမှုလေးကပဲ ကျွင်းဟောက်၏ စိတ်ထဲ အသည်းတယားယားဖြစ်စေကာ မင်ရှန်းတို့၏ အမြင်၌လည်း ချစ်စရာကောင်းလွန်း၍ ဒီတိုင်းငေးကြည့်မိသွားလေသည်။
ကျွင်းဟောက်က ချစ်စရာကောင်းလွန်းသော သူချစ်သူလေး၏ ပါးပြင်အား မနာအောင်ဖျစ်ညစ်ရင်း အစောက မင်ရှန်းတို့အားပြောသည့် မာထန်ထန်အသံနှင့် အလွန်ကွဲပြားစွာ.....
"အင်း ကလေး ပြန်ချင်ပြီလား.."
ဟု ချိုသာစွာမေးလေသည်။
တျန်းရန်က ခဏတော့ စဥ်းစားဟန်ပြုပြီး..
"ဒါဆို ခမ်ဗျားချက်ထားတဲ့ ဟင်းတွေကရော.."ဟု ကျွင်းဟောက်အား ခေါင်းလေးစောင်းကာ မေးလေသည်။
"ကိစ္စမရှိပါဘူး ကလေး အိမ်ပြန်ချင်နေပြီမလား"
"ဟုတ်ကဲ့.."
ထိုနှစ်ယောက်က ဘာမဟုတ်လို့ ပြောနေနိုင်သော်လည်း အရှေ့ကကြည့်ေနတဲ့နှစ်ယောက်ကတော့ တကယ့်ကို အံြသလွန်းလို့ ပါးစပ်ဟောင်းလောင်းနဲ့ပင်။
အခု့ ကျွင်းဟောက်က ဟင်းချက်တယ်လို့ ပြောလိုက်တာလား။
တကယ်ကြီးကိုလေ။
စားဖိုမှူးအဖြစ် ဇာတ်ကားရိုက်ကထဲက ဘယ်သူကိုမှ ချက််မကျွေးတဲ့လူကလေ။
"ကျွင်းဟောက် မင်း ဟင်းချက်ထားတာလား."
"အင်း."
ကျွင်းဟောက်က သူ့မန်နေဂျာအား အင်းတစ်လုံးသာ ပြောပြီး ခပ်လှမ်းလှမ်းက တျန်းရန်၏ ကုတ်အင်္ကျီအား ယူကာ တျန်းရန်၏ခန္တာကိုယ်ပေါ်မှာဝတ်ဆင်စေပြီး သူဟာ မီးဖိုခန်းထဲထွက်သွားလေသည်။
အချိန်ခဏအကြာမှာတော့ သူ၏လက်ထဲ၌ လေးထောင့်အရွယ်ဗူးလေး ကိုင်ဆောင်လာကာ....
"ကိုယ် ကလေးကိုအိမ်ပြန်လိုက်ပို့မယ်
ပြီးတော့ ကိုယ်
လိုရမည်ရ ဆန်းဒဝစ်လုပ်လာတယ် လမ်းမှာကလေးဗိုက်ဆာနေရင် စားလို့ရအောင်"
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်"
တျန်းရန်၏ စကားကိုကြားတာနဲ့ ကျွင်းဟောက်က သူတို့အားငေးကြည့်နေသောလူနှစ်ယောက်ကို အဖတ်မလုပ်ပဲ သူ၏ကုတ်အင်္ကျီကိုဝတ်ဆင်ကာ ကားသော့ နှင့်သူ၏walletတို့ကို ကိုင်ေဆာင်ကာ
ဗီလာထဲမှ ထွက်လာခဲ့လေသည်။
သို့သော် ဒီတိုင်းထွက်လာတဲ့ ကျွင်းဟောက်နဲ့မတူစွာ တျန်းရန်ကတော့ ထိုလူနှစ်ယောက်ကို နှုတ်ဆက်ခဲ့လေသည်။
"သွားလိုက်ပါအုံးမယ်"
အိမ်ကိုပြန်လာသည့် လမ်းတစ်လျှောက််မှာ တျန်းရန်က ကျွင်းဟောက်၏လက်ဖဝါးအား တင်းကြပ်စွာဆုပ်ကိုင်ထားသလို
ကျွင်းဟောက်ကိုယ်တိုင်လည်း လက်တစ်ဖက်အား
ကားမောင်းနေရင်း ကျန်တစ်ဖက်က တျန်းရန်၏ လက်ဖဝါးလေးအား ဆုပ်ကိုင်ထားလေသည်။
တျန်းရန်လိုက်ပါလာတဲ့ကားက အိမ်အရှေ့သို့ရောက်လာတာတောင် တျန်းရန်ဟာ
ကျွင်းဟောက်နှင့် မခွဲခွာချင်ပေ။
သူတို့နှစ်ယောက်က အချိန်တွေ လတွေအရမ်းကြာမှ ပြန်တွေ့ကြရတာ ဒါ့ကြောင့် သူဒီလူကို ဒီတိုင်းပြန်မလွှတ်ချင်ဘူး။
ပေကပ်ကပ်လေးလုပ်နေသည့် တျန်းရန်၏ အခြေအနေကို ကျွင်းဟောက်က နားလည်သောကြောင့် သူဟာ ပြုံးရယ်ရင်း တျန်းရန်၏ နှုတ်ခမ်းပါးလေးအား နမ်းရှိုက်လိုက်လေသည်။
"ကိုယ် မနက်ဖြန် ကလေးကို လာခေါ်မယ်"
ကျွင်းဟောက်၏ စကားကြောင့် လေးလံနေသည့် တျန်းရန်၏စိတ်တွေက ပေါ့ပါးသွားကာ သူဟာ ကျွင်းဟောက်၏ပါးအား အနမ်းတစ်ပွင့်ပေးရင်း အိမ်ထဲဝင်သွားလေတော့သည်။
ကျွင်းဟောက်က သူချစ်ရတဲ့ကောင်လေး၏ ကျောပြင်လေးက သူမြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားပြီး အတန်ကြာမှ သူဟာလည်း ထိုနေရာမှ ထွက်ခွာလာခဲ့တော့သည်။
----------------------------
Love you all
shwe ye
ဒါနဲ့ပြောစရာရှိသေးတယ် သိတယ်မလား ရွှေရည်အကျင့်က ရေးနေတာလေးတွေ ပြီးခါနီးဆို နောက်တစ်ခုရေးချင်လို့။
ဟိုလေ candyနဲ့ ဒီဦးရီးတော်လေးပြီးရင် Thi(သီ)နဲ့လေ နောက်ထပ်တရုတ် ပုံစံလေးတစ်ခုရေးရင် ကောင်းမလားလို့။
သိပါတယ် မပြီးသေးပဲနဲ့ ဖင်မနိုင်ပဲကြီးဟင်းစားသလိုဖြစ်နေတယ်ဆိုတာ။
spoiler ကြိုပြောရမယ်ဆိုရင်တော့
နတ်ဘုရားလောက ပုံစံမျိုးပါ အဲတာအဆင်ပြေမယ်လို့ ထင်လားဟင်။
မရတော့ဘူး ဒီကလူက နာမည်တွေစဥ်းစားနေပြီ😫
ရွှေရည် လိမ္မာတယ်မလား။အဟီး ချစ်တယ်နော် ကျန်းမာရေးဂရုစိုက်ကြပါ သဲငယ်တို့ရေ🖤🙆♀️
<Zawgyi>
"ကိုယ့္ကိုအဲေလာက္ေတာင္ လြမ္းေနတာလား..."
ကြၽင္းေဟာက္စကားကို ဆိုဖာေပၚမွာ ၿငိမ္သက္စြာထိုင္ေနတဲ့ တ်န္းရန္က ေခါင္းညိတ္ျပရင္း ကြၽင္းေဟာက္၏ ရင္ခြင္ထဲပို၍ပင္ တိုးဝင္လာေလသည္။
ကြၽင္းေဟာက္ကလည္း
တ်န္းရန္၏အေျခအေနကို သိရွိနားလည္သည့္အေနနဲ႔ တ်န္းရန္၏ နဖူးျပင္ႏုႏုအား အနမ္းတစ္ခ်ိဳ႕ေပးေလသည္။
တ်န္းရန္က တကယ္ပင္ သူ၏မ်က္စိေရွ႕မွ လူေပ်ာက္ကြယ္သြားမွာကို အလြန္ပင္ ေၾကာက္လန္႔ေနမိတာျဖစ္သည္။
သူဘယ္ေလာက္ေတာင္ ဒီလူကိုလြမ္းဆြတ္ေနခဲ့ရလဲ။
ဒီလူကိုအခ်ိန္တိုင္း သတိရလြမ္းဆြတ္ၿပီး ညတိုင္း ဒီလူကို သတိရတဲ့စိတ္နဲ႔ ငိုေႂကြးေနခဲ့ရတာ။
သူမွာ ဒီလူဆီျပန္မသြားႏိုင္ေတာ့တာကို အရမ္းေၾကာက္လန္႔ေနခဲ့တာ။
ဒါေပမဲ့ သူကဒီဘက္ကမၻာကလူမို႔ သူ၏မူလ႐ုပ္အတိုင္း တည္ရွိေနတာဆိုေပမဲ့ ဒီလူကေရာ ဒီလူကေရာ....
"ကေလး ညေနစာ ဘာစားၿပီးၿပီးလဲ"
"ဟင့္အင္း "
"အင္း ဒါဆိုကေလးဘာစားခ်င္လဲ ကိုယ္ ကေလးစားခ်င္တာ ခ်က္ေပးႏိုင္တယ္ ကိုယ္...."
ကြၽင္းေဟာက္က သူ၏စကားဆက္္မေျပာခင္မွာတင္ ရန္က သူ၏မ်က္ႏွာအား ထိေတြ႕ရင္း.......
"ဒီကို ဘယ္လိုလုပ္ေရာက္လာတာလဲ....ကြၽန္ေတာ္က....ကြၽန္ေတာ္က ဝိညာဉ္ကူးေျပာင္းလာတာဆိုေပမဲ့ ခမ္ဗ်ားက....ၿပီးေတာ့ ခမ္ဗ်ားမ်က္ႏွာကေရာ ဘာလို႔ ဝတၳဳထဲကဇာတ္လိုက္္မ်က္ႏွာအတိုင္း ျဖစ္ေနေသးရတာလဲ....."
"ကိုယ္ကလည္း ကေလးနဲ႔တူတူပဲေလ.."
"ဘယ္လို..."
"ကိုယ္ကလည္း ဝိညာဉ္ကူးေျပာင္းလာတဲ့သူပဲေလ....."
"ဟင္.."
"ဟုတ္တယ္ ၿပီးေတာ့ ဒါကကိုယ့္မ်က္ႏွာအစစ္အမွန္ပဲေလ ကေလးက ကိုယ့္ကိုမသိဘူးလား.."
တ်န္းရန္က တကယ္ မသိပါ။သူသိတာဆိုလို႔ သူခ်စ္ရသူ၏ မ်က္ႏွာကို ျပန္ေတြ႕တာေတာင္ ဝတၳဳထဲက ဇာတ္လိုက္္မ်က္ႏွာအေနနဲ႔ပဲ ရင္းႏွီးေနခဲ့တာျဖစ္သည္။
"ဟင့္အင္း.."
သူခ်စ္ရသူေကာင္ေလး၏ တကယ္မသိနားမလည္သည့္ ပုံေလးေၾကာင့္ ကြၽင္းေဟာက္က သေဘာတက်နဲ႔ကို ရယ္မိသည္။
ဟားဟား ႐ုပ္ရွင္ဧကရာဇ္ဆုကို ရထားၿပီး ႐ုပ္ရွင္ေလာကထဲမွာ ႏွစ္ေတြအၾကာႀကီးေနလာၿပီး ပရိတ္သတ္ေတြရင္းႏွီးတဲ့ သူအားမသိသူဟာ သူ၏ခ်စ္သူေကာင္ေလးသာ ျဖစ္ေပလိမ့္မည္။
သူ၏ ရယ္ေမာေနပုံကို တ်န္းရန္က ေၾကာင္အစြာနဲ႔ပဲ...
"ဒါေပမဲ့ ရွခ်င္းလင္ေျပာေတာ့ ကြၽန္ေတာ့္ဇာတ္ေကာင္ပုံကလြဲရင္ က်န္တာအကုန္လုံးက သူစိတ္ကူးယဥ္ၿပီး ေရးဆြဲထားတဲ့ ဇာတ္ေကာင္ကာတြန္းေတြဆို..."
"ဟားဟား!! သူမက ကိုယ့္ကိုလည္း အဲလိုေျပာခဲ့တာပဲ ေနာက္ဆုံး ကိုယ္ကၿခိမ္းေျခာက္္မွ ကိုယ့္ကိုအမွန္တိုင္းေျပာတာ.."
"ကြၽန္ေတာ္ အဲ့အေၾကာင္းေတြမသိခဲ့ဘူး သူမက....သူမက..."
~ႁပြတ္စ္~
ကြၽင္းေဟာက္က ငိုမဲ့မဲ့ေလးျဖစ္တဲ့ တ်န္းရန္အားစကားဆက္ေျပာခြင့္မျပဳေတာ့ပဲ ထိုေကာင္ေလး၏မ်က္ႏွာႏုႏုေလးထက္က နီေဆြးတဲ့ ႏႈတ္ခမ္းသားေလးကို ဖိကပ္လိုက္ရင္း....
"သူမအေၾကာင္း မေတြးနဲ႔ေတာ့ အခု႔ေတာ့ ကေလး ဗိုက္ဆာေနမွာဆိုေတာ့ ကိုယ္တစ္ခုခု ခ်က္ေပးမယ္ စားမယ္မလား.."
"ဟုတ္ကဲ့.."
တ်န္းရန္က သူ၏ေခါင္းအားဆြဲဖြရင္း မီးဖိုခန္းထဲ ဝင္သြားတဲ့လူအားၾကည့္ကာ အလိုမက်စြာ ႏႈတ္ခမ္းစူလ်က္.....
"ဒါနဲ႔ အခု႔ကြၽန္ေတာ္ ဘယ္ေရာက္ေနတာလဲဟင္"
ဟုတ္ပါတယ္ တ်န္းရန္က ဒီလူႀကီးကို ေတြ႕ေတြ႕ျခင္း ေပ်ာ္ၿပီးငိုကာ ေက်ာင္းမွဒီလူႀကီးေခၚရာကို လိုက္ပါလာခဲ့မိတာျဖစ္သည္။
အခု႔ အေျခအေနတည္ၿငိမ္သြားၿပီဆိုကာမွ သူပတ္ဝန္းကိုေသခ်ာေလ့လာမိတာျဖစ္သည္။
သူအခု ဗီလာတစ္ခုမွာေရာက္ေနသလိုပင္။
"အခု႔ ကိုယ့္ဗီလာမွာေလ.."
~ႁပြတ္စ္~
စကားေျပာသလိုနဲ႔ ႏႈတ္ခမ္းအား အသံေျမည္အာင္စုပ္နမ္းသြားတဲ့ လူေၾကာင့္ တ်န္းရန္ ႏႈတ္ခမ္းမ်ားကို ဖိကိုက္လိုက္္မိသည္။
ထို႔ေနာက္္မွာေတာ့ ထိုလူႀကီးအား အဖတ္မလုပ္ေတာ့ပဲ မ်က္စိေရွ႕ကျမင္ကြင္းကိုသာ ေငးၾကည့္ေနလိုက္ေတာ့သည္။
ယခု တ်န္းရန္ဟာ ဗီလာ၏အေပၚဆုံးထပ္က ေလသာေဆာင္မွာ ရပ္ေနတာျဖစ္သည္။
ထိုဗီလာကေနလွမ္းၾကည့္ရင္ Fၿမိဳ႕ေတာ္၏ ကားလမ္းမႀကီး၌ ျဖတ္သန္းသြားလာေနေသာ ကားေရာင္စုံမီးမ်ားကိုပင္ ျမင္ေတြ႕ေနရသည္။
ဗီလာကေန ၾကည့္ရတဲ့ျမင္ကြင္းမွာ တ်န္းရန္အေတာ္ၾကာ နစ္ေမ်ာေနမိရင္းမွ အခ်ိန္အားျဖင့္ ညေနေစာင္းေနၿပီဆိုတာကို တ်န္းရန္ သတိရမိသည္။
သူေက်ာင္းကေန ဒီတိုင္းထြက္လာတာ အိမ္ကကားကို ဘာမွလည္းမေျပာလိုက္ရဘူး။
ဦးေလးေတာ့ သူ့ကိုစိတ္ပူေနေတာ့မွာပဲ။
"ကြၽန္ေတာ္ ဖုန္းဆက္.....အြန္း..."
တ်န္းရန္က သူစကားေျပာလို႔မဆုံးခင္မွာတင္ သူ၏အေရွ႕ကလူထံမွ တင္းၾကပ္စြာေထြးေပြ႕ျခင္းႏွင့္အတူ နက္နက္ရႈိင္းရႈိင္း အနမ္းတို႔ကို ခံယူလိုက္ရသည္။
အေစာတုန္းက အသံျမည္ေအာင္နမ္းယုံေလးမဟုတ္ေတာ့ပဲ တစ္ဖက္လူက သူ့အားတင္းၾကပ္ၿပီး အနမ္းေတြထံမွလည္းတပ္မက္္ျခင္းရမၼက္၏ အရိပ္အေယာင္အခ်ိဳ႕အား သူခံစားသိရွိေနမိသည္။
သို႔ေသာ္ တ်န္းရန္ ယင္းအနမ္းမ်ားအား ျငင္းဆန္ရန္ ခြန္အားမရွိပါ။
ထိုျပင္ ျငင္းဆန္ရန္လည္း စိတ္ကူးမရွိခဲ့ပါ။
တစ္ဖက္လူက သူထံမွ ျငင္းဆန္လိုဟန္မရွိသည္ကို ခံစားမိပုံရကာ ႏွစ္ေယာက္သား မတ္တပ္ရပ္ၿပီး နမ္းေနရာမွ သူ့အားေပြ႕ခ်ီကာ ဧည့္ခန္းအလည္က ဆိုဖာထက္္မွာဖိကပ္လိုက္ေလသည္။
တ်န္းရန္က ႐ုတ္တရတ္ေပြ႕ခ်ီခံလိုက္ရျခင္းအား ထိတ္လန္႔သြားတာေၾကာင့္ တစ္ဖက္လူ၏ လည္တိုင္အား တင္းၾကပ္စြာ တြယ္ကပ္ထားလိုက္ေလသည္။
ထိုျပင္ သူဟာအေစာပိုင္းက နက္ရႈိင္းသည့္အနမ္းမ်ားေၾကာင့္ အသက္ကိုျပင္းျပင္းရႈရႈိက္ေနရၿပီး သူ၏ရင္ဘတ္ေသးေသးေလးဟာလည္း နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနေလသည္။
မ်က္္ႏွာျပင္တစ္ခု႔လုံး သူ့အနမ္းမ်ားေၾကာင့္ ပန္းေရာင္သန္းေနၿပီး မက္္မြန္ေစ့သဏၭာန္ မ်က္ဝန္းေလးေတြက အႀကိမ္အနည္းငယ္မွ် ပုတ္ခတ္ျပဳ၍ သူ့အားမ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနၿပီး တစ္ဖက္လူကဘာလုပ္လုပ္ အရာရာကိုလက္ခံနားလည္ေပးမည့္အသြင္ကို ေဆာင္ေနသည္။
ကြၽင္းေဟာက္က သူ၏စိတ္တြင္း၌ ျဖစ္ေပၚေနေသာ အနက္ရႈိင္းဆုံး စိတ္ကူးရမၼက္္မ်ားအား ေျဖေဖ်ာက္ကာ သူ၏လည္တိုင္အားဖက္တြယ္ထားသည့္ တ်န္းရန္၏ေသးသြယ္ေသာ လက္ဖဝါးေလးမ်ားအား ဆြဲယူရင္း ႏႈတ္ခမ္းျဖင့္ဖိကပ္ေလသည္။
သူဟာ လက္ဖဝါးမ်ားမွတစ္ဆင့္ ေက်ာ့ရွင္းကာ သန္႔ရွင္းစင္ၾကယ္ေသာ ေက်ာက္စိမ္းေလးလို လည္တိုင္မွအစျပဳလို ေနာက္ဆုံး ရွည္လ်ားကာ ေကာ့ၫႊတ္ေသာ မ်က္ေတာင္စိတ္မ်ားအထိ ခ်စ္ရိပ္သန္းေသာ အၾကည့္မ်ားႏွင့္ ႏူးညံ့ေသာအနမ္းမ်ားကိုသာ ပုံေဖာ္ေလသည္။
ရမၼက္အရွိန္အဝါအျပည့္နဲ႔ အစျပဳခဲ့ေသာအေျခအေနဟာ ႏူးညံ့သိမ္ေမြ႕ေသာ ျမတ္ႏိုးျခင္းအနမ္းမ်ားျဖင့္ အဆုံးသတ္သြားေသာ္လည္း သူတို႔ဟာ တစ္ဦးကိုတစ္ဦး မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနၾကစၿမဲပင္။
~Ring......Ring~
ထိုခ်ိန္ ကြၽင္းေဟာက္က သူ၏မ်က္စိေရွ႕မွ ျမတ္ႏိုးဖြယ္ရာေလးအား ရြန္းလဲ့ေသာအၾကည့္မ်ားျဖင့္ ၾကည့္ရင္း ႏူးညံ့သည့္ႏႈတ္ခမ္းသားေလးမ်ားအား ထပ္မံနမ္းရႈိက္မည္အျပဳမွာ ဝင္ေရာက္လာေသာ ဖုန္းသံေၾကာင့္ မ်က္္ေမွာင္ၾကဳတ္လိုက္ေလေတာ့သည္။
ထို႔ေနာက္သူဟာ ထိုအသံလာရာကို လွမ္းၾကည့္ေတာ့ သူ၏မန္ေနဂ်ာနဲ႔driverက
ဗီလာတံခါးဝနားမွာ ပါးစပ္အေဟာင္းသားနဲ႔ မတ္တပ္ရပ္ေနဆဲပင္။
တ်န္းရန္က ဖုန္းသံၾကားရာကို လွမ္းၾကည့္ရင္း မရင္းႏွီးသည့္ လူႏွစ္ေယာက္အား ေတြ႕လိုက္တာေၾကာင့္ လန္႔ကာ သူ၏အေရွ႕မွ လူအားတြန္းထုတ္မိလိုက္သည္။
"သူတို႔က..."
"မေၾကာက္နဲ႔ ကိုယ္ရွိတယ္"
ကြၽင္းေဟာက္က သူ့အားတ်န္းရန္တြန္းထုတ္တာကိုပင္ စိတ္ထဲမထားပဲ အနည္းငယ္ ေလ်ာ့ရဲေနသည့္ တ်န္းရန္၏ အဝတ္အစားမ်ားအား သပ္ရပ္ေအာင္ ေသခ်ာျပန္လည္ျပင္ဆင္ေပးရင္း တ်န္းရန္၏ နဖူးအားအျမတ္တႏိုးနမ္းလိုက္ေလသည္။
တ်န္းရန္က သူစိမ္းမ်ားေရွ႕၌ အနမ္းခံလိုက္ရတာေၾကာင့္ အလြန္ပင္ရွက္ရြံ႕သြားေလေတာ့သည္။
ိထိုခ်ိန္မွာပဲ တိုက္ဆိုင္စြာ သူ့၏ဦးေလးထံမွ ဖုန္းဝင္လာသည္မို႔......
"ကြၽန္ေတာ္ဖုန္းေျပာလိုက္အုံးမယ္"
ဟု ဖုန္းအားျပကာ မ်က္ႏွာစိမ္းလူႏွစ္ေယာက္အား ႏႈတ္ဆက္ရင္း ေလသာေဆာင္ဘက္သို႔ ထြက္ခြာသြားေလသည္။
ကြၽင္းေဟာက္က ဖုန္း contact nameကိုၾကည့္ၿပီး တ်န္းရန္အား ေခါင္းညိတ္ျပလိုက္ေလသည္။
သူဟာ တ်န္းရန္ထြက္သြားတာနဲ႔ မ်က္ႏွာကခ်က္ခ်င္း အမူအရာကင္းမဲ့ေနသည္ဟန္သို႔ ေျပာင္းလဲသြားၿပီး ဗီလာတံခါးဝမွာ ရပ္ေနသူႏွစ္ေယာက္ထံ တည္ၿငိမ္စြာ စိုက္ၾကည့္လိုက္သည္။
ထိုျပင္ သူထံမွလည္း အေရွ႕ကလူေတြအား အေႏွာက္အယွက္ေပးတယ္ဟူေသာ အရိပ္အေယာင္ တစ္ခ်ိဳ႕ကို ထုတ္လႊတ္ေနေလသည္။
မင္ရွန္းက တဒီဒီျမည္ေနေသာ သူ၏ဖုန္းကို ပိတ္ကာ သူအားၿခိမ္းေျခာက္ေနသည့္ ကြၽင္းေဟာက္အား ရယ္ျပလိုက္ေလသည္။
မန္ေနဂ်ာတစ္ေယာက္ျဖစ္ေသာသူထံတြင္ သူ၏မင္းသားျဖစ္သူ ကြၽင္းေဟာက္၏
ဗီလာေသာ့ရွိေနသည္မွာ အဆန္းေတာ့မဟုတ္ေပ။
ေန႔လည္က ကြၽင္းေဟာက္က CEOနဲ႔စကားေျပာၿပီးၿပီးျခင္း သူတို႔အားထားကာ ကားနဲ႔ဒီတိုင္းထြက္သြားတာေၾကာင့္ သူတို႔ဟာေၾကာင္အလ်က္သား က်န္ရစ္ေနရသည္။
သို႔ေသာ္ ကြၽင္းေဟာက္ ဘယ္သြားလည္းဆိုတာ ေသခ်ာမသိတာေၾကာင့္ ယခု႔လို ကြၽင္းေဟာက္၏ ဗီလာကိုလိုက္လာရတာျဖစ္သည္။
ၿပီးေတာ့ CEOကိုယ္တိုင္က ကြၽင္းေဟာက္က ကေလးမဟုတ္ဘူး အဲတာ
ကြၽင္းေဟာက္ရဲ႕
ကိုယ္ေရးကိုယ္တာ ငါတို႔companyဘက္က ဝင္စြက္ဖက္္မွာ မဟုတ္ဘူးဆိုၿပီး ေျပာလာရေအာင္ ကြၽင္းေဟာက္ CEOကို ဘယ္လိုမ်ား ေျပာလိုက္လဲလို သူသိခ်င္တာေၾကာင့္လည္း ဗီလာကို လိုက္လာတာပင္။
သို႔ေသာ္ သူမထင္ထားတာက ဗီလာမွာ
ကြၽင္းေဟာက္တစ္ေယာက္ထဲ မဟုတ္တာေပ။
အေစာပိုင္းက သူတို႔ဟာ ကြၽင္းေဟာက္အား ေအာ္ေခၚမည္ဟု ဆုံးျဖတ္ထားေပမဲ့ ဘယ္သူကထင္မွာလဲ သူတို႔ဗီလာထဲေရာက္ေရာက္ျခင္း သူတို႔ရဲ႕ ေအးစက္တဲ့ ေရခဲတုန္းမင္းသားက ေကာင္ေလးတစ္ေယာက္ကို သဲသဲမဲမဲကို နမ္းေနတယ္ေလ။
အဲျပင္ သူက ထိုေကာင္ေလးကို ဆိုဖာေပၚတင္ၿပီး သူ့ေအာက္္မွာဖိထားတာေလ။
ဒီေတာ့ အဲျမင္ကြင္းႀကီးကိုျမင္ၿပီး သူတို႔က ဘာေျပာရေတာ့မွာလဲ။
"အဲမွာပဲ ရပ္ေနေတာ့မွာလား.."
Driverတစ္ျဖစ္လည္း လက္ေထာက္ျဖစ္တဲ့ ေဝ့ယီက ကြၽင္းေကာ ေျပာတာေတာင္ အခု႔ထိ သူ့ေဘးမွာ မလႈပ္မယွက္ ေက်ာက္႐ုပ္ႀကီးလို ျဖစ္ေနတဲ့ မင္ေကာအား....
"မင္ေကာ ကြၽင္းေကာေခၚေနတယ္.."
ဟု ပခုံးပုတ္ကာ သတိေပးရသည္။
ထိုအခါမွ မင္ေကာက သတိျပန္ဝင္လာၿပီး..
"ဟမ္ ေအး..."
ကြၽင္းေဟာက္က ထိုလူႏွစ္ေယာက္ သူ၏မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္လိုက္ၿပီဆိုတာနဲ႔....
"CEOက ဘာေျပာလို႔လဲ.."
"CEOက ဘာမွမေျပာပါဘူး သူက မင္းရဲ႕ကိုယ္ေရးကိုယ္တာထဲ ဝင္ရႈပ္မွာမဟုတ္ဘူးတဲ့.."
ကြၽင္းေဟာက္ ထိုစကားေၾကာင့္ မ်က္္ေမွာင္ကိုပိုကုတ္ခ်လိုက္ၿပီး....
"ဒါဆို ဘာလို႔ ဒီကိုလာတာလဲ"ဟု ေမးေလသည္။
မင္ရွန္းက ကြၽင္းေဟာက္ စကားေၾကာင့္ ထမင္းစားခါနီးနင္သြားသလို ဘာစကားမွမေျပာႏိုင္ေတာ့ေခ်။
သူဟာ ကြၽင္းေဟာက္ကို တစ္စုံတစ္ရာျပန္ေျပာရန္ ျပင္လိုက္စဥ္မွာတင္ ေငြျဖဴေရာင္ဆံႏြယ္ေတြနဲ႔ ေကာင္ေလးက အခန္းထဲဝင္ေရာက္လာေလသည္။
ထို႔ေကာင္ေလးဟာ သူတို႔အား တစ္ခ်က္ၿပဳံးျပရင္း ကြၽင္းေဟာက္နံေဘးဝင္ထိုင္ကာ....
"ဦးေလးက ကြၽန္ေတာ့္ကို အိမ္ျပန္လာခိုင္းေနၿပီ"
တ်န္းရန္က ထိုစကားကို ကေလးတစ္ေယာက္လို ႏႈတ္ခမ္းစူရင္း ေရရြတ္ေလသည္။
ထိုအျပဳအမႈေလးကပဲ ကြၽင္းေဟာက္၏ စိတ္ထဲ အသည္းတယားယားျဖစ္ေစကာ မင္ရွန္းတို႔၏ အျမင္၌လည္း ခ်စ္စရာေကာင္းလြန္း၍ ဒီတိုင္းေငးၾကည့္မိသြားေလသည္။
ကြၽင္းေဟာက္က ခ်စ္စရာေကာင္းလြန္းေသာ သူခ်စ္သူေလး၏ ပါးျပင္အား မနာေအာင္ဖ်စ္ညစ္ရင္း အေစာက မင္ရွန္းတို႔အားေျပာသည့္ မာထန္ထန္အသံႏွင့္ အလြန္ကြဲျပားစြာ.....
"အင္း ကေလး ျပန္ခ်င္ၿပီလား.."
ဟု ခ်ိဳသာစြာေမးေလသည္။
တ်န္းရန္က ခဏေတာ့ စဥ္းစားဟန္ျပဳၿပီး..
"ဒါဆို ခမ္ဗ်ားခ်က္ထားတဲ့ ဟင္းေတြကေရာ.."ဟု ကြၽင္းေဟာက္အား ေခါင္းေလးေစာင္းကာ ေမးေလသည္။
"ကိစၥမရွိပါဘူး ကေလး အိမ္ျပန္ခ်င္ေနၿပီမလား"
"ဟုတ္ကဲ့.."
ထိုႏွစ္ေယာက္က ဘာမဟုတ္လို႔ ေျပာေနႏိုင္ေသာ္လည္း အေရွ႕ကၾကည့္ေနတဲ့ႏွစ္ေယာက္ကေတာ့ တကယ့္ကို အံြသလြန္းလို႔ ပါးစပ္ေဟာင္းေလာင္းနဲ႔ပင္။
အခု႔ ကြၽင္းေဟာက္က ဟင္းခ်က္တယ္လို႔ ေျပာလိုက္တာလား။
တကယ္ႀကီးကိုေလ။
စားဖိုမွဴးအျဖစ္ ဇာတ္ကား႐ိုက္ကထဲက ဘယ္သူကိုမွ ခ်က္္မေကြၽးတဲ့လူကေလ။
"ကြၽင္းေဟာက္ မင္း ဟင္းခ်က္ထားတာလား."
"အင္း."
ကြၽင္းေဟာက္က သူ့မန္ေနဂ်ာအား အင္းတစ္လုံးသာ ေျပာၿပီး ခပ္လွမ္းလွမ္းက တ်န္းရန္၏ ကုတ္အကႌ်အား ယူကာ တ်န္းရန္၏ခႏၲာကိုယ္ေပၚမွာဝတ္ဆင္ေစၿပီး သူဟာ မီးဖိုခန္းထဲထြက္သြားေလသည္။
အခ်ိန္ခဏအၾကာမွာေတာ့ သူ၏လက္ထဲ၌ ေလးေထာင့္အရြယ္ဗူးေလး ကိုင္ေဆာင္လာကာ....
"ကိုယ္ ကေလးကိုအိမ္ျပန္လိုက္ပို႔မယ္
ၿပီးေတာ့ ကိုယ္
လိုရမည္ရ ဆန္းဒဝစ္လုပ္လာတယ္ လမ္းမွာကေလးဗိုက္ဆာေနရင္ စားလို႔ရေအာင္"
"ဟုတ္ကဲ့..ေက်းဇူးတင္ပါတယ္"
တ်န္းရန္၏ စကားကိုၾကားတာနဲ႔ ကြၽင္းေဟာက္က သူတို႔အားေငးၾကည့္ေနေသာလူႏွစ္ေယာက္ကို အဖတ္မလုပ္ပဲ သူ၏ကုတ္အကႌ်ကိုဝတ္ဆင္ကာ ကားေသာ့ ႏွင့္သူ၏walletတို႔ကို ေကိုင္ဆာင္ကာ
ဗီလာထဲမွ ထြက္လာခဲ့ေလသည္။
သို႔ေသာ္ ဒီတိုင္းထြက္လာတဲ့ ကြၽင္းေဟာက္နဲ႔မတူစြာ တ်န္းရန္ကေတာ့ ထိုလူႏွစ္ေယာက္ကို ႏႈတ္ဆက္ခဲ့ေလသည္။
"သြားလိုက္ပါအုံးမယ္"
အိမ္ကိုျပန္လာသည့္ လမ္းတစ္ေလွ်ာက္္မွာ တ်န္းရန္က ကြၽင္းေဟာက္၏လက္ဖဝါးအား တင္းၾကပ္စြာဆုပ္ကိုင္ထားသလို
ကြၽင္းေဟာက္ကိုယ္တိုင္လည္း လက္တစ္ဖက္အား
ကားေမာင္းေနရင္း က်န္တစ္ဖက္က တ်န္းရန္၏ လက္ဖဝါးေလးအား ဆုပ္ကိုင္ထားေလသည္။
တ်န္းရန္လိုက္ပါလာတဲ့ကားက အိမ္အေရွ႕သို႔ေရာက္လာတာေတာင္ တ်န္းရန္ဟာ
ကြၽင္းေဟာက္ႏွင့္ မခြဲခြာခ်င္ေပ။
သူတို႔ႏွစ္ေယာက္က အခ်ိန္ေတြ လေတြအရမ္းၾကာမွ ျပန္ေတြ႕ၾကရတာ ဒါ႔ေၾကာင့္ သူဒီလူကို ဒီတိုင္းျပန္မလႊတ္ခ်င္ဘူး။
ေပကပ္ကပ္ေလးလုပ္ေနသည့္ တ်န္းရန္၏ အေျခအေနကို ကြၽင္းေဟာက္က နားလည္ေသာေၾကာင့္ သူဟာ ၿပဳံးရယ္ရင္း တ်န္းရန္၏ ႏႈတ္ခမ္းပါးေလးအား နမ္းရႈိက္လိုက္ေလသည္။
"ကိုယ္ မနက္ျဖန္ ကေလးကို လာေခၚမယ္"
ကြၽင္းေဟာက္၏ စကားေၾကာင့္ ေလးလံေနသည့္ တ်န္းရန္၏စိတ္ေတြက ေပါ႔ပါးသြားကာ သူဟာ ကြၽင္းေဟာက္၏ပါးအား အနမ္းတစ္ပြင့္ေပးရင္း အိမ္ထဲဝင္သြားေလေတာ့သည္။
ကြၽင္းေဟာက္က သူခ်စ္ရတဲ့ေကာင္ေလး၏ ေက်ာျပင္ေလးက သူျမင္ကြင္းေရွ႕မွ ေပ်ာက္ကြယ္သြားၿပီး အတန္ၾကာမွ သူဟာလည္း ထိုေနရာမွ ထြက္ခြာလာခဲ့ေတာ့သည္။
----------------------------
Love you all
shwe ye
ဒါနဲ႔ေျပာစရာရွိေသးတယ္ သိတယ္မလား ေရႊရည္အက်င့္က ေရးေနတာေလးေတြ ၿပီးခါနီးဆို ေနာက္တစ္ခုေရးခ်င္လို႔။
ဟိုေလ candyနဲ႔ ဒီဦးရီးေတာ္ေလးၿပီးရင္ Thi(သီ)နဲ႔ေလ ေနာက္ထပ္တ႐ုတ္ ပုံစံေလးတစ္ခုေရးရင္ ေကာင္းမလားလို႔။
သိပါတယ္ မၿပီးေသးပဲနဲ႔ ဖင္မႏိုင္ပဲႀကီးဟင္းစားသလိုျဖစ္ေနတယ္ဆိုတာ။
spoiler ႀကိဳေျပာရမယ္ဆိုရင္ေတာ့
နတ္ဘုရားေလာက ပုံစံမ်ိဳးပါ အဲတာအဆင္ေျပမယ္လို႔ ထင္လားဟင္။
မရေတာ့ဘူး ဒီကလူက နာမည္ေတြစဥ္းစားေနၿပီ😫
ေရႊရည္ လိမၼာတယ္မလား။အဟီး ခ်စ္တယ္ေနာ္ က်န္းမာေရးဂ႐ုစိုက္ၾကပါ သဲငယ္တို႔ေရ🖤🙆♀️