ZAWGYI
ငါ ေ႐ွးဦးသူနာျပဳနည္းနဲ႔ သူ႕ဗိုက္ကိုဖိ ကိုင္ထားရင္း သူ႕ေခါင္းေပၚက ဒဏ္ရာကို ကုသေပးခဲ့တယ္။
ေစာေစာက သူ ၾကမ္းျပင္ေပၚကို လဲက်ၿပီး ေခါင္းက စားပြဲရဲ႕ ေျခေထာက္နဲ႔ ထိသြားခဲ့တာေလ။
ငါ, သူ႕ဒဏ္ရာကို ပတ္တီးစည္းေပးရင္း အညိဳေရာင္သၾကားနဲ႔ ဂ်င္း ျပဳတ္ေရကို တိုက္လိုက္တယ္။ ေနာက္ဆုံးေတာ့ သူ ေအးေအးေဆးေဆး အိပ္ေပ်ာ္သြားတဲ့အခါ သူလုပ္ထားတဲ့ အ႐ႈပ္အေထြးေတြကို ငါ ႐ွင္းပစ္လိုက္ရတာပါပဲ။ သန္႔႐ွင္းေရး လုပ္ၿပီးတဲ့အခါ ငါ နာရီကို ေမာ့ၾကည့္လိုက္ေတာ့ မနက္ ၃ နာရီ ေတာင္ထိုးေနၿပီ။ ငါလည္း မတ္တပ္ရပ္ၿပီးထကာ ဆန္ျပဳတ္ခ်က္ဖို႔ မီးဖိုခန္းထဲ သြားလိုက္တယ္။
မည္သို႔ပင္ဆိုေစကာမူ ငါက အနားယူဖို႔ မလိုအပ္ဘူးေလ..
ဒါက သူ႕အတြက္ မနက္စာပါပဲ။ တကယ္လို႔ သူက ဘာအစားမွမစားပဲေနဦးမယ္ဆို ဗိုက္က ျပန္ေအာင့္ေနဦးမွာ။
ငါ ခ်က္ျပဳတ္ၿပီးတာနဲ႔ ဧည့္ခန္းကို ျပန္သြားၿပီး ေလာင္ယြီခ်န္ရဲ႕ေစာင္ကို ေသခ်ာျခဳံေပးလိုက္တယ္။ ၿပီးေတာ့ ငါ သူ႕ေဘးမွာထိုင္ၿပီး အိပ္ေပ်ာ္ေနတဲ့ သူ႕မ်က္ႏွာကို ၾကည့္ေနမိတယ္။
သူႏႈတ္ခမ္းေတြက ျဖဴေလ်ာ့ေလ်ာ့ျဖစ္မေနေတာ့ပဲ ေသြးေရာင္ျပန္ေျပာင္းလာၿပီျဖစ္တယ္။ငါ, လက္ကို ဆန္႔ထုတ္လိုက္ၿပီး သူ႕မ်က္ႏွာေပၚက ဆံပင္မွ်င္ ေလးေတြကို သပ္တင္ေပးလိုက္တယ္။ ဒါေပမယ့္ ဆံမွ်င္ေတြက နာခံမႈမ႐ွိစြာပဲ ျပန္က်လာပါေရာ။
ငါ သေဘာက်လို႔ သူတို႔ကို ျပန္သပ္တင္ဖို႔ ႀကိဳးစားတယ္။
ဒါေပမယ့္ ငါ မတတ္ႏိုင္ေတာ့ဘူး။
ငါ့မ်က္ႏွာေပၚက အျပဳံးက ပ်က္ျပယ္သြားၿပီျဖစ္တယ္။ငါ သူ႕
ကိုယ္ကိုထိဖို႔ႀကိဳးစားေပမယ့္ မရ ေတာ့ဘူး။ ၿပီးေတာ့ ဆိုဖာကိုလည္း ထိဖို႔ႀကိဳးစားခဲ့တယ္။ဒါေပမယ့္ ႏွစ္ခုစလုံးကို မထိႏိုင္ခဲ့ပါဘူး။
ေစာေစာက ထူးထူးျခားျခား လုပ္ႏိုင္ထိႏိုင္ ေနခဲ့တဲ့ အရာကို အခုက် လုံး၀ မထိႏိုင္ေတာ့ဘူး! ဟမ္?
ငါေသေနၿပီဆိုတာ ငါေကာင္းေကာင္းသိေနေတာ့လည္း ငါက ဒီလိုေတြမလုပ္ႏိုင္ဘူးဆိုတဲ့အခ်က္ကို ျမန္ျမန္လက္ခံလိုက္မိတယ္။ သို႔ေပမယ့္ ေလာင္ယြီခ်န္ ကို ထိႏိုင္ကိုင္ႏိုင္ခဲ့တဲ့ အခ်ိန္ကမ႓ာကို ယခုမွ သေဘာေပါက္လာခဲ့ေတာ့တယ္။တကယ္လို႔
ေလာင္ယြီခ်န္ အိမ္ကထြက္သြားခဲ့တဲ့ေန႔ကို အခ်ိန္မီျပန္သြားႏိုင္မယ္ဆိုရင္ ငါ အဲ့ဒီေန႔က လက္ေကာက္ဝတ္ကို ျဖတ္မိမွာမဟုတ္ေတာ့တာ ေသခ်ာပါတယ္။
ဘဝမွာ ဘယ္ေလာက္ပဲ ျပသနာက ႀကီးမားေနပါေစ မေသခ်ာမေရရာဘဲ လြယ္လြယ္နဲ႔ ႐ုန္းထြက္ဖို႔ မသင့္ ေတာ္ပါဘူး။
တကယ္လို႔သာ ငါက ျပန္ေမြးဖြားႏိုင္လို႔ရင္ သူ႕ရဲ႕ အေဝးက ပရိသတ္တစ္ေယာက္ပဲ ျဖစ္ခ်င္မိ ေတာ့တယ္။ သူ႕အယ္လ္ဘမ္ ေတြကို ေန႔တိုင္းနားေထာင္မယ္, သူ႕ပိုစတာေတြကို အခန္းအျပည့္ကပ္မယ္။ၿပီးရင္ သူ႕ေဖ်ာ္ေျဖပြဲေတြကို သြားမယ္။ ဒီလိုမွမဟုတ္ရင္ ငါ့ဘဝက ဒီလိုျဖစ္ဦးမယ္ ဆိုလည္း သူ႕လက္မွတ္ ဒါမွမဟုတ္ လက္ဆြဲႏႈတ္ဆက္တဲ့အခါ သူ႕ကိုထိဖို႔ အခြင့္အေရး႐ွိႏိုင္ဦးမွာပဲ။
ေနာက္ဆုံးေတာ့ ငါ နားလည္သြားခဲ့ၿပီ!!
ငါက ငါ့ရဲ႕ စြဲလမ္းမႈ ေၾကာင့္ ဒီမွာ ႐ွိေနတာ ျဖစ္ႏိုင္တာပဲ?
အစကေတာ့ သူႏိုးလာတဲ့အခါ သူ႕ကို ဂ႐ုစိုက္မယ့္သူ မ႐ွိမွာကို ငါ စိုးရိမ္မိခဲ့တယ္။ ဒါေပမယ္လည္းငါ့ရဲ႕ စိုးရိမ္ပူပန္မႈေတြက လ်င္လ်င္ျမန္ျမန္ပဲ ေပ်ာက္ကြယ္သြားရပါေတာ့တယ္။
ေနမြန္းတည့္ခ်ိန္ေရာက္လာၿပီျဖစ္တယ္။ ေလာင္ယြီခ်န္က အိပ္ေပ်ာ္ေနဆဲျဖစ္ၿပီး ငါ ႐ုတ္တရတ္ တံခါးေသာ့ဖြင့္သံကို ၾကားလိုက္ရတယ္။
႐ွမင္႐ႈျပန္ေရာက္လာတာေပါ့?
အခန္းတစ္ခုလုံး က အ႐ႈပ္အေထြးေတြကို ႐ွင္းၿပီးသားမို႔ ႐ွမင္႐ႈက သာမန္ထက္ ဘာမွကို သတိမထားမိတာျဖစ္ေကာင္းျဖစ္ႏိုင္တယ္။
ေလာင္ယြီခ်န္ က အခုခ်ိန္ထိ အိပ္ေပ်ာ္ေနတယ္လို႔ ထင္ပါတာပဲ။႐ွမင္႐ႈ မီးဖိုေခ်ာင္ထဲကို တိတ္တဆိတ္ေလွ်ာက္သြားကာငါ လုပ္ထားတဲ့ ဆန္ျပဳတ္အိုးကို ေတြ႕သြားၿပီး တအံ့တၾသ နဲ႔ မ်က္ခုံးပင့္တင္လိုက္တယ္။ ေလာင္ယြီခ်န္ က အဲဒါကို ခ်က္ထားတာလို႔သူထင္သြားတာျဖစ္မယ္။
သူ႕အမူအရာက ေပ်ာ္႐ႊင္မႈတစ္ခုဆီ ေျပာင္းသြားတယ္။
ငါက ဆန္ျပဳတ္အမ်ားႀကီးလုပ္ထားတဲ့အတြက္ သူက သူ႕အတြက္ ပန္းကန္လုံးတစ္လုံးခပ္ျဖည့္တယ္။
သူ႕ကိုဆန္ျပဳတ္တစ္ပန္းကန္ေလာက္, နည္းနည္းေလး ေတာင္မွ မစား ေစခ်င္တာမို႔ ဒီျမင္ကြင္းကို ျမင္လိုက္ရေတာ့ စိတ္႐ႈပ္သြားမိတာအမွန္!
႐ွမင္႐ႈက ဧည့္ခန္းသို႔ ျပန္လာၿပီး အိမ္ေနတဲ့ ေလာင္ယြီခ်န္ေဘးမွာ ထိုင္လိုက္ေသာအခါ ေလာင္ယြီခ်န္လည္း ႏိုးလာေလရဲ႕။
သူက ႐ွမင္႐ႈကို ျမင္တဲ့အခါ သူ႕ပုံစံက သံသယေတြအျပည့္နဲ႔ ျဖစ္ေနေလရဲ႕။ ထို႔ေနာက္ သူက အသံက်ယ္က်ယ္ျဖင့္သာ ေမးလိုက္ေတာ့တယ္။
"...မင္းလား?"
"ငါကလြဲလို႔ ဘယ္သူျဖစ္ႏိုင္မွာလဲ?"
႐ွမင္႐ႈက ရယ္လိုက္ၿပီးျပန္ေျဖတယ္။
"ငါထင္တာက...အဲဒါ..."
ေလာင္ယြီခ်န္ကေဘး ပတ္ပတ္လည္ကို လွမ္းၾကည့္တယ္။ သူ႕အမူအရာ ေတြက သံသယကေနေဝဝါး မႈန္ဝါးတဲ့အျဖစ္ကို ေျပာင္းလဲသြားေလတယ္။
ဒီအျဖစ္က ပုံျပင္တစ္ပုဒ္ကို ငါ,႐ုတ္တရက္ သတိရသြားမိတယ္။ ပုံျပင္ထဲမွာ မင္းသားတစ္ပါးကို ကယ္တင္ခဲ့တဲ့ ေရသူမေလးတစ္ေယာက္႐ွိတယ္။ သို႔ေသာ္ မင္းသားႏိုးလာေသာအခါတြင္ ပထမဆုံးျမင္လိုက္ရသူမွာ အျခားတိုင္းျပည္မွ မင္းသမီးတစ္ပါးျဖစ္တာေၾကာင့္ ထိုမင္းသမီးက သူ႕ကို ကယ္တင္ခဲ့တာလို႔ သူထင္ခဲ့တယ္။ ဒါ့ေၾကာင့္မို႔ မင္းသား ေလးက ေရသူမေလးအား စြန္႔လႊတ္ကာ မင္းသမီးႏွင့္ လက္ထပ္ခဲ့ ေလတယ္။ ေရသူမေလးက ထိုအရာကိုျမင္သြားတဲ့အခါမွာေတာ့ ပူေဖာင္းမ်ားအျဖစ္သို႔ ေျပာင္းလဲသြားၿပီး ေပ်ာက္ကြယ္သြားခဲ့ပါေတာ့တယ္။
ငါ့ကိစၥမွာေတာ့ မင္းသားေလးေတာင္ မႏိုးေသးဘူး, ဒါေပမယ့္ ငါက ပူစီေဖာင္းေတြလို ျဖစ္သြားၿပီး ေပ်ာက္ကြယ္သြားၿပီးခဲ့ၿပီ။
ေကာင္းလိုက္ပါေပ့!
"မင္းေခါင္းကေရာ ဘာျဖစ္သြားတာလဲ?"
႐ွမင္႐ႈက ေလာင္ယြီခ်န္ရဲ႕ ေခါင္းေပၚ႐ွိ ပတ္တီးစကို စိုက္ၾကည့္ရင္း ေမးခြန္းထုတ္လိုက္တယ္။
ေလာင္ယြီခ်န္က သူ႕ေခါင္းကို ထိလိုက္မိတာႏွင့္ ထိတ္လန္႔သြား ေလရဲ႕။ ျဖစ္ပ်က္ခဲ့တာ ေတြကို သူ မမွတ္မိဘူးထင္တယ္။ ထို႔ေနာက္ သူထရပ္ကာ ဗိုက္ကို ကိုင္ၾကည့္တယ္။ မေန႔ကေလာက္ မေသခ်ာေပမယ့္ နာက်င္မႈကိုခံစားေနရတုန္းပါပဲ။
သူ,မွန္ဆီသို႔ ေလွ်ာက္သြားၿပီး ေခါင္းေပၚ႐ွိ အျဖဴေရာင္ ပတ္တီးကို ၾကည့္လိုက္တယ္။ သံသယ႐ွိတဲ့ အမူအရာျဖင့္ သူက စူး႐ွအက္ကြဲေနတဲ့ အသံျဖင့္ ေျပာပါတယ္။
"ငါထင္တာ... မေန႔ညကငါ အိပ္မက္မက္တယ္..."
မေန႔ညက ဗိုက္အရမ္းနာက်င္ၿပီး ကိုယ္တစ္ပိုင္းေသသြားသလိုပဲ။ သူ ဘာကိုမွ မမွတ္မိေတာ့တာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။
သူက ငါ့ နာမည္ေခၚတာကို ေမ့ေတာင္ ေမ့ေနေလာက္ၿပီ။
သူငါ့ကို ျမင္ရလို႔လား ဒါမွမဟုတ္ သူ ငါ့ ကိုပဲ ေတြးေနတာေၾကာင့္ ေခၚတာလား မသိေပမယ့္ သူ ငါ့ကို ႐ွမင္႐ႈလို႔ မွားမေခၚတာ ကို တကယ္ ဝမ္းသာမိပါတယ္။
T/N - ကိုယ္ ဒီရက္ထဲ အလုပ္႐ႈပ္ေနလို႔ တကယ္ ေနာက္က်သြားပါတယ္။
ေဆာတီးပါဗ်ာ တကယ္ေဆာတီး!
UNICODE
ငါ ရှေးဦးသူနာပြုနည်းနဲ့ သူ့ဗိုက်ကိုဖိ ကိုင်ထားရင်း သူ့ခေါင်းပေါ်က ဒဏ်ရာကို ကုသပေးခဲ့တယ်။
စောစောက သူ ကြမ်းပြင်ပေါ်ကို လဲကျပြီး ခေါင်းက စားပွဲရဲ့ ခြေထောက်နဲ့ ထိသွားခဲ့တာလေ။
ငါ, သူ့ဒဏ်ရာကို ပတ်တီးစည်းပေးရင်း အညိုရောင်သကြားနဲ့ ဂျင်း ပြုတ်ရေကို တိုက်လိုက်တယ်။ နောက်ဆုံးတော့ သူ အေးအေးဆေးဆေး အိပ်ပျော်သွားတဲ့အခါ သူလုပ်ထားတဲ့ အရှုပ်အထွေးတွေကို ငါ ရှင်းပစ်လိုက်ရတာပါပဲ။ သန့်ရှင်းရေး လုပ်ပြီးတဲ့အခါ ငါ နာရီကို မော့ကြည့်လိုက်တော့ မနက် ၃ နာရီ တောင်ထိုးနေပြီ။ ငါလည်း မတ်တပ်ရပ်ပြီးထကာ ဆန်ပြုတ်ချက်ဖို့ မီးဖိုခန်းထဲ သွားလိုက်တယ်။
မည်သို့ပင်ဆိုစေကာမူ ငါက အနားယူဖို့ မလိုအပ်ဘူးလေ..
ဒါက သူ့အတွက် မနက်စာပါပဲ။ တကယ်လို့ သူက ဘာအစားမှမစားပဲနေဦးမယ်ဆို ဗိုက်က ပြန်အောင့်နေဦးမှာ။
ငါ ချက်ပြုတ်ပြီးတာနဲ့ ဧည့်ခန်းကို ပြန်သွားပြီး လောင်ယွီချန်ရဲ့စောင်ကို သေချာခြုံပေးလိုက်တယ်။ ပြီးတော့ ငါ သူ့ဘေးမှာထိုင်ပြီး အိပ်ပျော်နေတဲ့ သူ့မျက်နှာကို ကြည့်နေမိတယ်။
သူနှုတ်ခမ်းတွေက ဖြူလျော့လျော့ဖြစ်မနေတော့ပဲ သွေးရောင်ပြန်ပြောင်းလာပြီဖြစ်တယ်။ငါ, လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့မျက်နှာပေါ်က ဆံပင်မျှင် လေးတွေကို သပ်တင်ပေးလိုက်တယ်။ ဒါပေမယ့် ဆံမျှင်တွေက နာခံမှုမရှိစွာပဲ ပြန်ကျလာပါရော။
ငါ သဘောကျလို့ သူတို့ကို ပြန်သပ်တင်ဖို့ ကြိုးစားတယ်။
ဒါပေမယ့် ငါ မတတ်နိုင်တော့ဘူး။
ငါ့မျက်နှာပေါ်က အပြုံးက ပျက်ပြယ်သွားပြီဖြစ်တယ်။ငါ သူ့
ကိုယ်ကိုထိဖို့ကြိုးစားပေမယ့် မရ တော့ဘူး။ ပြီးတော့ ဆိုဖာကိုလည်း ထိဖို့ကြိုးစားခဲ့တယ်။ဒါပေမယ့် နှစ်ခုစလုံးကို မထိနိုင်ခဲ့ပါဘူး။
စောစောက ထူးထူးခြားခြား လုပ်နိုင်ထိနိုင် နေခဲ့တဲ့ အရာကို အခုကျ လုံး၀ မထိနိုင်တော့ဘူး! ဟမ်?
ငါသေနေပြီဆိုတာ ငါကောင်းကောင်းသိနေတော့လည်း ငါက ဒီလိုတွေမလုပ်နိုင်ဘူးဆိုတဲ့အချက်ကို မြန်မြန်လက်ခံလိုက်မိတယ်။ သို့ေပမယ့် လောင်ယွီချန် ကို ထိနိုင်ကိုင်နိုင်ခဲ့တဲ့ အချိန်ကမ္ဘာကို ယခုမှ သဘောပေါက်လာခဲ့တော့တယ်။တကယ်လို့
လောင်ယွီချန် အိမ်ကထွက်သွားခဲ့တဲ့နေ့ကို အချိန်မီပြန်သွားနိုင်မယ်ဆိုရင် ငါ အဲ့ဒီနေ့က လက်ကောက်ဝတ်ကို ဖြတ်မိမှာမဟုတ်တော့တာ သေချာပါတယ်။
ဘဝမှာ ဘယ်လောက်ပဲ ပြသနာက ကြီးမားနေပါစေ မသေချာမရေရာဘဲ လွယ်လွယ်နဲ့ ရုန်းထွက်ဖို့ မသင့် တော်ပါဘူး။
တကယ်လို့သာ ငါက ပြန်မွေးဖွားနိုင်လို့ရင် သူ့ရဲ့ အဝေးက ပရိသတ်တစ်ယောက်ပဲ ဖြစ်ချင်မိ တော့တယ်။ သူ့အယ်လ်ဘမ် တွေကို နေ့တိုင်းနားထောင်မယ်, သူ့ပိုစတာတွေကို အခန်းအပြည့်ကပ်မယ်။ပြီးရင် သူ့ဖျော်ဖြေပွဲတွေကို သွားမယ်။ ဒီလိုမှမဟုတ်ရင် ငါ့ဘဝက ဒီလိုဖြစ်ဦးမယ် ဆိုလည်း သူ့လက်မှတ် ဒါမှမဟုတ် လက်ဆွဲနှုတ်ဆက်တဲ့အခါ သူ့ကိုထိဖို့ အခွင့်အရေးရှိနိုင်ဦးမှာပဲ။
နောက်ဆုံးတော့ ငါ နားလည်သွားခဲ့ပြီ!!
ငါက ငါ့ရဲ့ စွဲလမ်းမှု ကြောင့် ဒီမှာ ရှိနေတာ ဖြစ်နိုင်တာပဲ?
အစကတော့ သူနိုးလာတဲ့အခါ သူ့ကို ဂရုစိုက်မယ့်သူ မရှိမှာကို ငါ စိုးရိမ်မိခဲ့တယ်။ ဒါပေမယ်လည်းငါ့ရဲ့ စိုးရိမ်ပူပန်မှုတွေက လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားရပါတော့တယ်။
နေမွန်းတည့်ချိန်ရောက်လာပြီဖြစ်တယ်။ လောင်ယွီချန်က အိပ်ပျော်နေဆဲဖြစ်ပြီး ငါ ရုတ်တရတ် တံခါးသော့ဖွင့်သံကို ကြားလိုက်ရတယ်။
ရှမင်ရှုပြန်ရောက်လာတာပေါ့?
အခန်းတစ်ခုလုံး က အရှုပ်အထွေးတွေကို ရှင်းပြီးသားမို့ ရှမင်ရှုက သာမန်ထက် ဘာမှကို သတိမထားမိတာဖြစ်ေကာင်းဖြစ်နိုင်တယ်။
လောင်ယွီချန် က အခုချိန်ထိ အိပ်ပျော်နေတယ်လို့ ထင်ပါတာပဲ။ရှမင်ရှု မီးဖိုချောင်ထဲကို တိတ်တဆိတ်လျှောက်သွားကာငါ လုပ်ထားတဲ့ ဆန်ပြုတ်အိုးကို တွေ့သွားပြီး တအံ့တသြ နဲ့ မျက်ခုံးပင့်တင်လိုက်တယ်။ လောင်ယွီချန် က အဲဒါကို ချက်ထားတာလို့သူထင်သွားတာဖြစ်မယ်။
သူ့အမူအရာက ပျော်ရွှင်မှုတစ်ခုဆီ ပြောင်းသွားတယ်။
ငါက ဆန်ပြုတ်အများကြီးလုပ်ထားတဲ့အတွက် သူက သူ့အတွက် ပန်းကန်လုံးတစ်လုံးခပ်ဖြည့်တယ်။
သူ့ကိုဆန်ပြုတ်တစ်ပန်းကန်လောက်, နည်းနည်းလေး တောင်မှ မစား စေချင်တာမို့ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ စိတ်ရှုပ်သွားမိတာအမှန်!
ရှမင်ရှုက ဧည့်ခန်းသို့ ပြန်လာပြီး အိမ်နေတဲ့ လောင်ယွီချန်ဘေးမှာ ထိုင်လိုက်သောအခါ လောင်ယွီချန်လည်း နိုးလာေလရဲ့။
သူက ရှမင်ရှုကို မြင်တဲ့အခါ သူ့ပုံစံက သံသယတွေအပြည့်နဲ့ ဖြစ်နေလေရဲ့။ ထို့နောက် သူက အသံကျယ်ကျယ်ဖြင့်သာ မေးလိုက်တော့တယ်။
"...မင်းလား?"
"ငါကလွဲလို့ ဘယ်သူဖြစ်နိုင်မှာလဲ?"
ရှမင်ရှုက ရယ်လိုက်ပြီးပြန်ဖြေတယ်။
"ငါထင်တာက...အဲဒါ..."
လောင်ယွီချန်ကဘေး ပတ်ပတ်လည်ကို လှမ်းကြည့်တယ်။ သူ့အမူအရာ တွေက သံသယကနေဝေဝါး မှုန်ဝါးတဲ့အဖြစ်ကို ပြောင်းလဲသွားလေတယ်။
ဒီအဖြစ်က ပုံပြင်တစ်ပုဒ်ကို ငါ,ရုတ်တရက် သတိရသွားမိတယ်။ ပုံပြင်ထဲမှာ မင်းသားတစ်ပါးကို ကယ်တင်ခဲ့တဲ့ ရေသူမလေးတစ်ယောက်ရှိတယ်။ သို့သော် မင်းသားနိုးလာသောအခါတွင် ပထမဆုံးမြင်လိုက်ရသူမှာ အခြားတိုင်းပြည်မှ မင်းသမီးတစ်ပါးဖြစ်တာကြောင့် ထိုမင်းသမီးက သူ့ကို ကယ်တင်ခဲ့တာလို့ သူထင်ခဲ့တယ်။ ဒါ့ကြောင့်မို့ မင်းသား လေးက ရေသူမလေးအား စွန့်လွှတ်ကာ မင်းသမီးနှင့် လက်ထပ်ခဲ့ လေတယ်။ ရေသူမေလးက ထိုအရာကိုမြင်သွားတဲ့အခါမှာတော့ ပူဖောင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့ပါတော့တယ်။
ငါ့ကိစ္စမှာတော့ မင်းသားလေးတောင် မနိုးသေးဘူး, ဒါပေမယ့် ငါက ပူစီဖောင်းတွေလို ဖြစ်သွားပြီး ပျောက်ကွယ်သွားပြီးခဲ့ပြီ။
ကောင်းလိုက်ပါပေ့!
"မင်းခေါင်းကရော ဘာဖြစ်သွားတာလဲ?"
ရှမင်ရှုက လောင်ယွီချန်ရဲ့ ခေါင်းပေါ်ရှိ ပတ်တီးစကို စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်တယ်။
လောင်ယွီချန်က သူ့ခေါင်းကို ထိလိုက်မိတာနှင့် ထိတ်လန့်သွား လေရဲ့။ ဖြစ်ပျက်ခဲ့တာ တွေကို သူ မမှတ်မိဘူးထင်တယ်။ ထို့နောက် သူထရပ်ကာ ဗိုက်ကို ကိုင်ကြည့်တယ်။ မနေ့ကလောက် မသေချာပေမယ့် နာကျင်မှုကိုခံစားနေရတုန်းပါပဲ။
သူ,မှန်ဆီသို့ လျှောက်သွားပြီး ခေါင်းပေါ်ရှိ အဖြူရောင် ပတ်တီးကို ကြည့်လိုက်တယ်။ သံသယရှိတဲ့ အမူအရာဖြင့် သူက စူးရှအက်ကွဲနေတဲ့ အသံဖြင့် ပြောပါတယ်။
"ငါထင်တာ... မနေ့ညကငါ အိပ်မက်မက်တယ်..."
မနေ့ညက ဗိုက်အရမ်းနာကျင်ပြီး ကိုယ်တစ်ပိုင်းသေသွားသလိုပဲ။ သူ ဘာကိုမှ မမှတ်မိတော့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။
သူက ငါ့ နာမည်ခေါ်တာကို မေ့တောင် မေ့နေလောက်ပြီ။
သူငါ့ကို မြင်ရလို့လား ဒါမှမဟုတ် သူ ငါ့ ကိုပဲ တွေးနေတာကြောင့် ခေါ်တာလား မသိပေမယ့် သူ ငါ့ကို ရှမင်ရှုလို့ မှားမခေါ်တာ ကို တကယ် ဝမ်းသာမိပါတယ်။
T/N - ကိုယ် ဒီရက်ထဲ အလုပ်ရှုပ်နေလို့ တကယ် နောက်ကျသွားပါတယ်။
ဆောတီးပါဗျာ တကယ်ဆောတီး!