GL Fiction( OC ) By ( Pone )
တီခ်ယ္က ဆည်းလည်းလေး
အပိုင်း ၂၀
"ကဲ ရုပ်က ဘာဖြစ်နေရပြန်တာလဲ"
အင်းယားကန်ဘောင် အနီးက စားသောက်ဆိုင်မှာ ထိုင်နေတဲ့ ယုယကို တီခ်ယ္က ပြုံးစစမေးသည်။ စားပွဲပေါ်က ဖျော်ရည်ခွက်နှစ်ခွက်က အရည်ပျော်နေလေပြီ။
''ဘာမှမဖြစ်ပါဖူး ဒါပြီးရင် ဘယ်ကိုသွားဦးမှာလဲ"
ဆူပုတ်ပုတ်နဲ့မေးလာတဲ့ ယုယ ပါးတွေကို တီခ်ယ္က ဖျစ်ညစ်သည်။ တီချယ့် မျက်နှာကြီးကလေ အပိုမဆိုဖူး။ ဘုရားစူး ပြုံးဖြီးနေတာပါဆို။
''ဆူပုတ်မနေနဲ့ သမီးဘယ်သွားချင်လဲပြော တီချယ်လို်က်ပို့မယ်"
အရင်ကလည်း တစ်ယောက်တည်းသွားနေကျပါလို့ပြောလိုက်ချင်ပေမဲ့ ယုယ မပြောခဲ့ပါ။ ဝေးမယ်မှန်းသိနေတာကြောင့် မဝေးခင်မှာ ဒီနေ့လေးကို တန်ဖိုးထားချင်သေးသည်။
''ကျောင်းထဲက သစ်ပုတ်ပင်ဆီသွားကြမယ်"
ယုယ အပြောကို တီခ်ယ္က နူတ်ခမ်းတွေ ခပ်ဖွဖွကိုက်ထားပြန်သည်။ ကြည့် တီချယ်မြက ချစ်ဖို့ကောင်းနေတာမဟုတ်ဖူးလား။
"သစ်ပင်ပုတ်ဆီ ဘာသွားလုပ်မလို့လဲကွယ်"
"တီချယ့်ကို ချစ်ကြောင်းသစ္စာသွားဆိုမလို့"
"အိုကွယ် ယုယ ကေလး"
တီခ်ယ္က ရှက်ရမ်းသာ ရမ်းသည်။ ဒီမိန်းမ ရှက်ရင်သိပ်လှတာ။ အအေးခွက်လေးကတော့ သနားစရာပါ။
"ဒါဖြင့် ထကွယ်။ သိချင်လှတယ်။ ဘာတွေ သစ္စာဆိုမလဲဆိုတာ။"
ထူးဆန်းစွာနဲ့ပဲ ဒီနေ့မှာ မိုးဖွားဖွားများ ကျဆင်းနေခဲ့သည်။ ဆိုင်အပြင်ထွက်ခါနီးမှ ယုယ သတိတရဖြင့် လွယ်အိတ်ထဲက ထီးအား ထုတ်လိုက်သည်။ ထီးအမြဲဆောင်တက်သည့် ကိုယ့်ကိုကိုယ် ဒီတစ်ခါကျေးဇူးတင်မိသည်။
''တော်သေးတာပေါ့ သမီး ထီးပါလာလို့ မိုးကလည်း သူ့အချိန်လည်း မဟုတ်ပဲနဲ့"
မိုးမင်းကြီးအား အပြစ်တင်နေတဲ့ တီချယ့်ကိုယ်လုံးလေးကို ယုယဖက်သို့ ဆွဲသွင်းမိသည်။ ပြောစရာမလိုအောင် တီချယ့်လက်တွေက ယုယ ခါးပေါ်မှာပင်။ ဆံပင်အရှည်ကြီးများကို အပေါ်တစ်လွှာ ဖဲပြားအညိုရောင်နဲ့ စည်းနှောင်ထားတဲ့ တီချယ့်ကို ဖြတ်သွား ဖြတ်လာ လူအမ်ားက ငေးကြည့်ကြသည်။
ကျောင်းဆောင်တွေ တစ်ခုပြီး တစ်ခုကျော်ကာ သစ်ပုတ်ပင်ဆီသို့ သွားနေတဲ့ ယုယ ခြေလှမ်းတွေက တက်ကြွနေဆဲ။ သစ်ပုတ်ပင်ရှေ့ရောက်မှ ယုယ ခြေလှမ်းများအား ရပ်လိုက်မိပါသည်။ လက္တစ္ဖက္က ထီးကို ကိုင်ကာ တစ္ဖက္က တီချယ့်အား ရင်ခွင်ထဲမှာ ထည့်ကာ ဖက်ထားလိုက်သည်။ တီခ်ယ္ကေတာ့ သူ့ကို ပြုံးကြည့်နေတာပါပဲ။ ဘာစကားမှကို မဆိုပဲလေ။ မိုးဖွားဖွားတွေကတော့ ကျနေဆဲ။
''သစ်ပုတ်ပင်ကြီးကို တိုင်တည်၍ ယုယဆိုတဲ့ ကောင်မလေးသည် ဤေလာက၌ အသက်နဲ့ခန္ဓာ တည်မြဲနေသ၍ ရင်ဖက်ထဲက နှလုံးသားခုန်နေသ၍ နှာခေါင်းကတစ်ဆင့် လေများရူရိူက်၍ ရနေသရွေ့ ရင်ခွင်ထဲမှာ ရှိနေတဲ့ မြဝတ်ရည်မေဆိုတဲ့ ယုယရဲ့ တီချယ်ကိုသာ မဖောက်မပြန် ချစ်ပါမည်။ "
ရင်ခွင်ထဲက တီခ်ယ္က မျက်ရည်များဝဲနေလေသည်။ ယုယ မြင်ချင်တာ ယုခုလို မျက်ရည်တွေမဟုတ်ခဲ့ပါ။ လက်သွယ်သွယ်လေးများဖြင့် တီချယ့် ပါးပြင်ပေါ်က မျက်ရည်တွေကို ဖယ်ရှားကာ တီချယ့်ရဲ့ မျက်ဝန်းတွေကို စေ့စိုက်ကာ ကြည့်မိပါသည်။
''အကယ်၍ တစ်ယောက်နဲ့တစ်ယောက် ဝေးခဲ့သည်ရှိသော်၊ ယူဇနာများမည်မျှဝေကွာပါစေ။ ယုယသည် တီချယ်မြဝတ်ရည်မေကို မတွေ့မချင်း လိုက်ရှာ၍ သမီးလို ညီမလို တပည့်လို ချစ်မြတ်နိုးရသူတစ်ယောက်လို သေတစ်ပန် တစ္သက္ဆုံး ချစ်ခင် စောင့်ရှောက်သွားပါမည်။"
တီချယ့်မျက်လုံးတွေကို စိုက်ကြည့်ကာ ထိုသို့ဆိုမိပါသည်။ သစ်ပုတ်ပင်ပေါ်က ရေသီးလေးများသည် လေတိုက်တာကြောင့် ကြွေကျကုန်သည်။
"အဲ့လောက် တောင်ချစ်တာလား"
မ်က္လုံး ဝိုင်းဝိုင်းလေးများပေါ်က မျက်တောင်ကော့ကော့လေးများ စိုစွက်နေလေသည်။ ဒါကိုကပင် တီခ်ယ္က လှသည်။ အရမ်းကို လွတာ။
''အဲ့ထပ်ကို ပိုပါတယ်"
ရင်ခွင်ထဲ အလုအယက် တိုးဝင်လာတဲ့ တီချယ့် ကိုယ်လုံးလေးအား ယုယ ကြင်နာစွာ ပွေ့ဖက်မိပါသည်။
"ကဲ လာပါ ယုယ အိမ်သွားမယ် လိုက်ခဲ့လေ မေမေတို့ကိုလည်း ပညာသင်ဆု အကြောင်းပြောရဦးမယ် ပညာသင်ဆုရတဲ့သူတွေက အောင်စာရင်းထွက်ပြီး မြန်မာနိုင်ငံမှာ သိပ်နေရတာမှမဟုတ်ပဲ"
ယုယ ထိုသို့ဆိုပြန်တော့ တီခ်ယ္က ခေါင်းအသွင်သွင် ငြိမ့်ကာပြသည်။ နေပြန်ပူလာပြီ ဖြစ်တာကြောင့် လက်ထဲက ထီးကို ယုယ ပိတ်လျက် ရေစစ်ထားရသည်။ ထီးမွာ ရေသီးတွေခိုနေတာကိုး။
"ကားဆီသွားရအောင်"
သစ်ပုတ်ပင်ကို ငေးနေတဲ့ တီခ်ယ္က ထိုသို့ပြောပြန်သည်။ ယုယ လက်တို့ကို မွီတြယ္ကာ ကျောင်းအဝင်နားရပ်ထားသည့် ကားအနက်လေးဆီသို့ ယုယေကာ တီချယ်ကော လျှောက်လှမ်းမိပါသည်။ ယုယ မသိလိုက်သည်က တီချယ်မြဝတ်ရည်မေသည်လည်း သစ်ပုတ်ပင်ဆီမှ ဆုတစ်ခုပြန်လည်တောင်းခဲ့သည်ကိုပင်။
~~..
"မေမေ"
အိမ်ထဲသို့ ဝင်ဝင်ချင်း မေမေ့ကိုမတွေ့တာကြောင့် ယုယ ခေါ်မိခြင်းပင်။
''ပြန်လာပြီလား ယုယ ရေသောက်လိုက်ဦး ရာသီဥတုက ညီမ်ွတာမဟုတ္ဖူး"
နောက်ဖေးက မေမေ့အသံသည် စူးကနဲထွက်လာလေသည်။ သို့သော် အရမ်းမကျယ်ပါ။ တီချယ့်အား ခုံတွင်ထိုင်စေကာ အသံလာရာဆီသို့ ယုယ သွားရပါသည်။
"မေမေ"
အိမ်နောက်ဖေးမှ လုံချည်များအား အပ်ချည်ဖြင့် ချူပ်နေတဲ့ မေမေက ယုယကို အပြုံးချိူချိူတွေနဲ့ ပြုံးပြသည်။ မေမေ့အပြုံးတွေကိုလည်း မှတ်ရပေဦးမည်။
''သမီးနဲ့ အိမ်ရှေ့ခနလိုက်ပါဦး တီချယ်ရောက်နေတယ်"
"ဟုတ္လား လာသွားမယ်လေ"
ချက်ချင်းပင် သူ့လက်ထဲက အပ်နဲ့အပ်ချည်အား ခ်ကာ အိမ်ရှေ့ခန်းသို့ ထြက္သြားတဲ့ မေမေ့ကို ယုယ ပြုံးသာကြည့်မိပါသည်လေ။ အသက္သာ ကြီးသည် မေမေက သွက်လက်နေဆဲပင်။ ဒါ့ကြောင့်လည်း ဖေဖေက မေမေ့ကိုသိပ်ချစ်တာလို့ ပြောနေတုန်းပင်။
''တီချယ်မြ အားနားစရာကွယ် ရောက်နေတာကြာပြီလား သမီး"
"ခုမွ ရောက်တာပါ အန်တီတင်ရဲ့ "
မေမေ့အနား ကပ်ထိုင်နေတဲ့ ယုယကို တီခ်ယ္က သေချာကြည့်ကာ ပြုံးသည်။
'' မနက္က သမီးပြောတယ်။ သူစာမေးပွဲအောင်တယ်တဲ့ အမှတ်တွေကောင်းတယ်လို့တော့ပြောတယ်ကွယ် "
အန်တီတင်ရဲ့ စကားကြောင့် မြ တစ်ယောက် ယုယကို ကြည့်လိုက်မိသည်။ သူ့ခေါင်းကိုသာ တစ်ချက်ငြိမ့်ကာ မြကို အသနားခံနေတဲ့ မျက်လုံးများဖြင့် ကြည့်လာပြန်သည်။ ဒီကေလး မိဘတွေကို ဘာမှမပြောဖူးထင်ပါရဲ့။
"ဟုတ်တယ် အန်တီတင်ရဲ့ အန္တီ့သမီးကေလ နိုင်ငံခြားထိ ပညာသင်ရမှာလေ"
တီချယ့် စကားအဆုံး မေမေက မ်က္လုံးမ်ား ကျယ်သွားသည်ကို ယုယ တွေ့လိုက်ပါသေးသည်။
''ဟင် ဟုလား ယုယက အန်တီ့ကို ဘာမှလည်းမပြောဖူး"
မေမေက ယုယကို သေချာကြည့်ကာ ထိုသို့ပြောပြန်သည်။
"ယုယက ကျောင်းပညာသင်ဆုရတာလေ အဲ့ဒါသူ လန်ဒန်မှာ ကျောင်းသွားတက်ရမှာ သူဝါသနာပါတာကို သူသင်ရမှာလေ "
ယုယ သက်ပြင်းကိုသာ အခါခါချမိပါသည်။ စိတ်ရူပ်စွာဖြင့် အိမ်ရှေ့ကို လှမ်းကြည့်မိတော့ အမျိူးသမီးတစ်ယောက်ကို သူမတွေ့ရလေသည်။ ထိုအမျိူးသမီးကို ယုယ သိတာကြောင့် မနေနိုင်စွာ ချက်ချင်းအိမ်ပေါ်က ဆင်းသွားမိသည်။
''ယုယ ဘယ်လဲ"
မေမေ့ရဲ့ အမေးစကားကို ယုယ ခေါင်းသာငြိမ့်ပြမိသည်။ ခနေလးပါ သူ့ကိုယုံဆိုသည့်သဘော။
''အန္တီ ဝတ်လွှာ"
အိမ်ရှေ့က ဖေဖေလုပ်ထားသည့် ကွပ်ပျစ်အသေးလေးပေါ်မှာ ထိုင်နေတဲ့ အန်တီဝတ်လွှာက ယုယ အိမ်ထဲက ထြက္လာထဲက ငေးကြည့်နေခြင်းပင်။
"ဂုဏ်ယူပါတယ် ယုယ ကေလး"
လက်ထဲသို့ ကမ်းလာတဲ့ အိတ်လေး တစ်အိတ်ကို ယုယ ယူကာကြည့်မိသည်။ အထဲတွင်ဘာလဲ သိချင်တာကြောင့် ထိုအိတ်လေးထဲက ဖိတ်စာလိုလို စာချူပ်လိုလို စာရွက်တွေကို ကြည့်မိပါသည်။ အန်တီဝတ်လွှာကို ကြည့်မိတော့ ယုယကို ပြုံးကာ ခေါင်းငြိမ့်ပြလေသည်။ သေဘာက ထုတ်ကြည့်ဆိုတဲ့ ပုံစံပင်။ မနေနိုင်စွာ အိတ်ထဲမှ အရာအားထုတ်ကြည့်မိတော့ ဘုရားရေ ဒါက ကွာရှင်းစာချူပ်ကြီးပါလား။ ထိုထဲတွင်တော့ တီချယ့်ဖေဖေက လက်မှတ်ထိုးထားပြီး အန်တီဝတ်လွှာကလည်း နှစ်ဦးသဘောတူကွာရှင်းပြတ်ဆဲခြင်းမှာ လက်မှတ်ထိုးထားလေသည်။ မယုံနိုင်စွာ အန်တီဝတ်လွှာကိုကြည့်မိတော့ ယုယကိုပြုံးသာပြသည်။
"ဒါတွေက"
"ဟုတ်တယ်လေ ကွာရှင်းစာချူပ်တွေ အန္တီကမွ အဲ့ယောကျာ်းကိုမနှစ်သက်ခဲ့ပဲ"
ယုယ သပ်ပြင်းဖွဖွလေးချကာ သူမရှေ့က အန်တီဝတ်လွှာဆိုတဲ့ အမျိူးသမီးကို ကြည့်မိပါသည်၊၊ ဒီလိုလုပ်လာပုံကို နောင်တအလျင်းမရှိသလိုပင်။
''ယုယ ဒီဖက္လာ"
ဒေါသတကြီး အသံကြောင့် ယုယေကာ အန်တီဝတ်လွှာကော အသံလာရာဖက်သို့ လှည့်ကြည့်မိသည်။ ရုတ်တရက်ပင် ယုယ ဘေးနာဆီသို့ မတ်တပ်လာရပ်လျက် ယုယ လက်တို့အား ငြင်သာခြင်းမရှိ ဆွဲဆောင့်လာသည့် တီချယ်။
"ဝတ်လွှာချိူ နင်ဘာလာလုပ်ပြန်တာလဲ နင်ဖေဖေနဲ့ဘာကိစ္စ ဖြစ်လာလာ ငါနဲ့မဆိုင်သလို ယုယနဲ့လည်း မဆိုင်ဖူး နောက်ပြီးနင်သိထားဖို့က ယုယက ငါ့အပိုင်"
တီခ်ယ္က ဒီအမျိူးသမီးနဲ့တွေ့တိုင်း အမြဲရန်မူနေတက်သလို အမြဲတိုင်းလည်း ယုယကို ဆတ်ဆတ်ထိမခံပေ။
"မြ ငါတစ်ခုပဲပြောချင်တာ နင့်ဖေဖေကို ငါလက်ထပ်လိုက်လို့ နင်ငါ့ကိုမုန်းကောင်းမုန်းမယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ နင်သိထားဖို့က ယုယကို ငါကလုနေတာလား နင်ကလုနေတာလားဆိုတာကိုပဲ ငါက ငါ့သမီးကို ဟိုးအရင်ထဲက ချစ်ခဲ့ရတာ"
အန်တီဝတ်လွှာရဲ့ စကားများကြောင့် ယုယ အသက်ရူများတင်းကြပ်လာမိသည်။ ဒီလိုကြီး အိမ်အရှေ့မှာ စကားပြောနေ ရန်ဖြစ်နေရတာက လူအမြင့်မသင့်ပေ။
"ရန်မဖြစ်ကြပါနဲ့ သမီးကပဲ တောင်းဆိုတာပါ။ နောက်ပြီး လူတွေကြည့်ကြမှာကို မလိုလားလို့ပါ။"
ယုယ ပြောတော့မှ ထိုအမျိူးသမီးနှစ်ယောက်က ငြိမ်ကျသွားသည်။ တစ်အောင်နေတော့မှ ယုယ လက်တို့ကို ဆုပ်ကိုင်လာတဲ့ အန်တီဝတ်လွှာ။
"ယုယ အန္တီ သမီးကိုချစ်တာအပိုဆိုနေတာမဟုတ်ပါဖူး။ သမီးကို အန္တီ သိပ္ခ်စ္တာသိတယ္မလား"
မျက်ရည်များဖြင့် ပြောလာတော့လည်း ယုယ ခေါင်းငြိမ့်ပြရပြန်သည်။ တစ်ခါတလေကျရင်လည်း အန်တီဝတ်လွှာနဲ့ ပတ်သပ်ပြီး ယုယ ရင်ထဲမကောင်းလှပါ။
"နောက်ပြီး မြဝတ်ရည်မေ နင်ယုယကို ငါနဲ့ဝေးရာမှာ ထားချင်နေမှန်းသိပါတယ် တခါတေလ နင့်ရဲ့ အတ္တဆန်မူတွေကြောင့် ယုယ မပင်ပန်းစေနဲ့"
တီချယ့်ကို သေချာကြည့်၍ အန်တီဝတ်လွှာက ထို့သို့ပြောလေသည်။ သူ့ရဲ့ကားအဖြူလေးဆီသို့ အန်တီဝတ်လွှာက လျောက်လှမ်းသွားပါသည်။ ယုယ ပါးကိုတော့ ခပ်ဖွဖွနမ်းရိူက်သွားသေးသည်။ ဘေးနားကတီချယ့်ကိုလည်း ယုယ သတိမမူမိပါ။ ကျောခိုင်းကာ ထြက္သြားတဲ့ ဝတ်လွှာချိူဆိုတဲ့ အမျိုးသမီးကို ယုယ ဆွေးဆွေးလေးသာ ငေးကြည့်မိသည်။
"တိုးတိုး တိတ်တိတ် လွမ်းလွမ်း ဆွတ်ဆွတ်"
ထိုစကားများကိုတော့ ခပ်တိုးတိုးလေး တစ်ကိုယ်တည်းကြားရုံသာ ယုယ ပြောမိပါသည်။
Episode 21 မျှော်ရန် 💞🍂
13.1.2022 🦋🌳