Episode 27 Unicode

2.3K 232 11
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း၂၇

တိုက်ခတ်လာတဲ့ လေေအေးအေးကြားထဲမှာ ထိုင်နေတဲ့ မိမိဟာ အချိန်ဘယ်လောက်ရှိပြီလဲမသိပါ။ ခရေပင်အောက်က သစ်သားခုံအသေးလေးပေါ်မှာ ထိုင်လျက် အဝေးကိုသာငေးနေမိပါသည်။ ရှည်လျားတဲ့ဆံနွယ်နက်နက်တွေကိုတော့ ကပိုကရိုစည်းနှောင်ထားသည်။ ခပ်နွမ်းနွမ်းမြန်မာချည်ဝမ်းဆက်တစ်စုံကိုသာ ဝတ်ဆင်ထားပေမဲ့ ထိုဝမ်းဆက်သည်လည်း သူမခန္ဓာကိုယ်ပေါ်တွင် နွဲ့နှောင်ပြီးလှပစွာနေရာယူထားသည်။ ဖြောင့်စင်းနေတဲ့ နှာတံတို့သည် အအေးဓာတ်ကြောင့် အနည်းငယ် ရဲနေသည်။ မျက်စံနက်နက်တွေကိုတော့ ဘေးကနေကြည့်ရင်တောင် လွမ်းစရာလို့ပြောနိုင်လောက်တဲ့အထိပင်။ ထိုသူကတခြားသူမဟုတ် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်မေဂျာကဆရာမလေး ဒေါ်မြဝတ်ရည်မေသာ။

"ဆရာမေလး"

အသံလာရာဆီသို့ လှည့်ကြည့်မိတော့ သူမ ဘေးနားကနေ ကပ်ထိုင်လျက် ခေါ်လာတဲ့ ကျောင်းသူငယ်ငယ်လေး စံပယ်။ ဘယ်လောက်ထိများ အတွေးလွန်နေလို့ စံပယ်လာထိုင်တာတောင် မသိရတာမျိူးလဲ။

"ပြောလေ သမီးရဲ့"

မြ မေးတော့ ထိုကလေးမလေးက ရယ်နေပြန်သည်။ ထို၇တန်းကျောင်းသူကောင်မလေးသည် မြရဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်လေသည်။

"အေမက ထမင်းစားမယ်တဲ့"

''ဟုတ္သလား "

မြ ပြောသည်ကို ခေါင်းအသာငြိမ့်ပြသည့် ထိုကလေးမလေးကို အသဲယားစွာဖြင့် သူမရဲ့ပါးဖောင်းဖောင်းလေးတွေကို ဆွဲလိမ်မိလိုက်သည်။ အေတြးထဲမွာ ယုယက ပြန်ပေါ်လာပြန်သည်။ ယုယရဲ့ ပါးပြင်ကိုတော့ မြ လွမ်းမိသား။

ယုယ နိုင်ငံခြားထွက်သွားထဲက သူမကိုယ်တိုင် တက္ကသိုလ်ကနေထွက်ကာ ခုလိုတောရွာက စာသင်ကျောင်းလေးတစ်ကျောင်းတွင်သာ အေးအေးဆေးဆေး အလုပ်ဝင်ခဲ့သည်လေ။ လူကသာ ဒီတောရွာလေးမှာရှိတာပါ။ စိတ္ကေတာ့ ယုယဆီမွာသာ။

"ဆရာမ နောက်မှစားလိုက်မယ်လို့ပြောလိုက်နော် သမီးတို့ပြန်ချင်တယ်ဆိုလည်း ပြန်ကြနော် ဆရာမကိုစိတ်မပူနဲ့ဟုတ်ပြီလား"

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now